အချိန် နှစ်မိနစ်ထဲနဲ့ သွားတွေကိုဖြူဖွေးတောက်ပလာအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်း
လှပတဲ့အပြုံးတပွင့်ဟာ လူတစ်ယောက်ရဲ့ အဓိကကျတဲ့လက်နက်တစ်ခုပါပဲ။ ဒီလိုလှပတဲ့ အပြုံးတပွင့်ကို ပိုင်ဆိုင်ဖို့ဆိုတာ သွားတွေရဲ့အလှတရား မပါပဲ ဖြစ်နိုင်မှာမဟုတ်ပါဘူး။
တကယ်လို့ သင့်ရဲ့သွားတွေလှပလာစေဖို့အတွက် သွားဆေးခန်းမှာ ပိုက်ဆံတွေအများကြီး မသုံးချင်ဘူးဆိုရင် အိမ်မှာပဲသွားတွေကို ဖြူဖွေးလှပလာအောင် ပြုလုပ်လို့ရပါတယ်။
ကော်ဖီသောက်ခြင်းနဲ့ ဆေးလိပ်၊ ကွမ်း စတာတွေဟာ သွားတွေကိုဝါစေတဲ့ အဓိကပြဿနာတွေဖြစ်ပြီး သွားတွေရဲ့ကြွေလွှာကိုသာမက အတွင်းသွားရိုးရဲ့ သဘာဝအရောင်ကိုပါ ထိခိုက်စေပါတယ်။
ဒါ့ကြောင့် သွားတွေကိုဖြူဖွေးတောက်ပစေဖို့ သွားဆေးခန်းမှာဂျီးချွတ်တာတွေ သွားခြစ်တာတွေပြုလုပ်ရင်တောင်မှ ခဏတာပဲဖြူဖွေးတောက်ပစေသလို သွားကျင်ခြင်းဝေဒနာကိုလည်း ခံစားရစေနိုင်ပါတယ်။
ဒီလိုငွေကြေးကုန်ကျမှုနည်းပါးပြီး သဘာဝအတိုင်း သွားတွေကို လှပလာစေဖို့အတွက်ဆိုရင် ပါဝင်ပစ္စည်းနှစ်မျိုးတည်းပါတဲ့ အိမ်တွင်းကုထုံးတစ်ခုနဲ့ စမ်းကြည့်စေချင်ပါတယ်။
၁။ မုတ်ဖုတ်ဆိုဒါ
၂။ အုန်းဆီ
နည်းလမ်းက ရိုးရှင်းပါတယ် မုတ်ဖုတ်ဆိုဒါကို အုန်းဆီနဲ့ခပ်ပျစ်ပျစ်လေး ရောနှောလိုက်ပါ။ ပြီးလျှင်သွားတိုက်ဆေးသဖွယ် အသုံးပြုပြီး သွားပွတ်တံနဲ့ သင့်ရဲ့သွားတွေကို ဖြည်းညင်းစွာပွတ်တိုက်ပေးပါ။
သွားတိုက်ပြီးရင် ပလုတ်မကျင်းသေးပဲ တစ်မိနစ်လောက်ထားပေးပါ။ သွားတိုက်တဲ့အခါ သွားဖုံးတွေကို မထိအောင်ဂရုစိုက်ပေးပါ။
ရေအနည်းငယ်ရောနှောပြီးတော့လည်း အသုံးပြုပေးနိုင်ပါတယ်။ဒါပေမယ်ရေရောပြီးရင်တော့ သုံးမိနစ်အတွင်းအသုံးပြုပေးဖို့ လိုအပ်ပါတယ်။
မုတ်ဖုတ်ဆိုဒါ (Baking soda) ကို ချက်ပြုတ်ကြော်လှော်ရာတွင်သာမက ဆေးပညာနဲ့ အလှကုန်ပစ္စည်းထုတ်လုပ်တဲ့နေရာတွေမှာပါ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။
မုတ်ဖုတ်ဆိုဒါရဲ့ နူးညံ့တဲ့တိုက်စားမှုက သွားတွေရဲ့ကြွေလွှာတွေကို သန့်ရှင်းစေဖို့ များစွာအထောက်အကူဖြစ်စေပါတယ်။
မုတ်ဖုတ်ဆိုဒါဟာ များပြားတဲ့ အယ်ကာလီသဘာဝရှိတာကြောင့် ခံတွင်းမှာအချဉ်ဓါတ်ပပျောက်စေဖို့နဲ့ pH level ကိုပုံမှန်ဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်။
အုန်းဆီဟာ အရေပြားနဲ့ ဆံသားတွေအတွက် ကောင်းမွန်စေရုံသာမက အညစ်အကြေးတွေကိုသန့်စင်ခြင်း၊ သွားချေးနဲ့ ကျောက်တည်ခြင်းကို ပျော်ဝင်စေခြင်း၊ ပိုးမွှားတွေကိုဖယ်ရှားပေးနိုင်ခြင်း စတဲ့ အစွမ်းသတ္တိတွေ ရှိနေပါတယ်။
သွားပိုးစားခြင်းကို တာဆီးဖို့အတွက်လည်း အုန်းဆီကိုအသုံးပြုလို့ရပါသေးတယ်။ အုန်းဆီကိုအသုံးပြုဖို့အတွက် ကန့်သတ်ချက်မရှိပဲ မကြာခဏသင်လုပ်ချင်သလောက်အသုံးပြုလို့ရပါတယ်။
Zawgyi
အခ်ိန္ ႏွစ္မိနစ္ထဲနဲ႔ သြားေတြကိုျဖဴေဖြးေတာက္ပလာေအာင္ ျပဳလုပ္ႏိုင္တဲ့ နည္းလမ္း
လွပတဲ့အၿပဳံးတပြင့္ဟာ လူတစ္ေယာက္ရဲ႕ အဓိကက်တဲ့လက္နက္တစ္ခုပါပဲ။ ဒီလိုလွပတဲ့ အၿပဳံးတပြင့္ကို ပိုင္ဆိုင္ဖို႔ဆိုတာ သြားေတြရဲ႕အလွတရား မပါပဲ ျဖစ္ႏိုင္မွာမဟုတ္ပါဘူး။
တကယ္လို႔ သင့္ရဲ႕သြားေတြလွပလာေစဖို႔အတြက္ သြားေဆးခန္းမွာ ပိုက္ဆံေတြအမ်ားႀကီး မသုံးခ်င္ဘူးဆိုရင္ အိမ္မွာပဲသြားေတြကို ျဖဴေဖြးလွပလာေအာင္ ျပဳလုပ္လို႔ရပါတယ္။
ေကာ္ဖီေသာက္ျခင္းနဲ႔ ေဆးလိပ္၊ ကြမ္း စတာေတြဟာ သြားေတြကိုဝါေစတဲ့ အဓိကျပႆနာေတြျဖစ္ၿပီး သြားေတြရဲ႕ေႂကြလႊာကိုသာမက အတြင္းသြား႐ိုးရဲ႕ သဘာဝအေရာင္ကိုပါ ထိခိုက္ေစပါတယ္။
ဒါ့ေၾကာင့္ သြားေတြကိုျဖဴေဖြးေတာက္ပေစဖို႔ သြားေဆးခန္းမွာဂ်ီးခြၽတ္တာေတြ သြားျခစ္တာေတြျပဳလုပ္ရင္ေတာင္မွ ခဏတာပဲျဖဴေဖြးေတာက္ပေစသလို သြားက်င္ျခင္းေဝဒနာကိုလည္း ခံစားရေစႏိုင္ပါတယ္။
ဒီလိုေငြေၾကးကုန္က်မႈနည္းပါးၿပီး သဘာဝအတိုင္း သြားေတြကို လွပလာေစဖို႔အတြက္ဆိုရင္ ပါဝင္ပစၥည္းႏွစ္မ်ိဳးတည္းပါတဲ့ အိမ္တြင္းကုထုံးတစ္ခုနဲ႔ စမ္းၾကည့္ေစခ်င္ပါတယ္။
၁။ မုတ္ဖုတ္ဆိုဒါ
၂။ အုန္းဆီ
နည္းလမ္းက ႐ိုးရွင္းပါတယ္ မုတ္ဖုတ္ဆိုဒါကို အုန္းဆီနဲ႔ခပ္ပ်စ္ပ်စ္ေလး ေရာေႏွာလိုက္ပါ။ ၿပီးလွ်င္သြားတိုက္ေဆးသဖြယ္ အသုံးျပဳၿပီး သြားပြတ္တံနဲ႔ သင့္ရဲ႕သြားေတြကို ျဖည္းညင္းစြာပြတ္တိုက္ေပးပါ။
သြားတိုက္ၿပီးရင္ ပလုတ္မက်င္းေသးပဲ တစ္မိနစ္ေလာက္ထားေပးပါ။ သြားတိုက္တဲ့အခါ သြားဖုံးေတြကို မထိေအာင္ဂ႐ုစိုက္ေပးပါ။
ေရအနည္းငယ္ေရာေႏွာၿပီးေတာ့လည္း အသုံးျပဳေပးႏိုင္ပါတယ္။ဒါေပမယ္ေရေရာၿပီးရင္ေတာ့ သုံးမိနစ္အတြင္းအသုံးျပဳေပးဖို႔ လိုအပ္ပါတယ္။
မုတ္ဖုတ္ဆိုဒါ (Baking soda) ကို ခ်က္ျပဳတ္ေၾကာ္ေလွာ္ရာတြင္သာမက ေဆးပညာနဲ႔ အလွကုန္ပစၥည္းထုတ္လုပ္တဲ့ေနရာေတြမွာပါ တြင္တြင္က်ယ္က်ယ္အသုံးျပဳၾကပါတယ္။
မုတ္ဖုတ္ဆိုဒါရဲ႕ ႏူးညံ့တဲ့တိုက္စားမႈက သြားေတြရဲ႕ေႂကြလႊာေတြကို သန႔္ရွင္းေစဖို႔ မ်ားစြာအေထာက္အကူျဖစ္ေစပါတယ္။
မုတ္ဖုတ္ဆိုဒါဟာ မ်ားျပားတဲ့ အယ္ကာလီသဘာဝရွိတာေၾကာင့္ ခံတြင္းမွာအခ်ဥ္ဓါတ္ပေပ်ာက္ေစဖို႔နဲ႔ pH level ကိုပုံမွန္ျဖစ္ေစဖို႔ ကူညီေပးႏိုင္ပါတယ္။
အုန္းဆီဟာ အေရျပားနဲ႔ ဆံသားေတြအတြက္ ေကာင္းမြန္ေစ႐ုံသာမက အညစ္အေၾကးေတြကိုသန႔္စင္ျခင္း၊ သြားေခ်းနဲ႔ ေက်ာက္တည္ျခင္းကို ေပ်ာ္ဝင္ေစျခင္း၊ ပိုးမႊားေတြကိုဖယ္ရွားေပးႏိုင္ျခင္း စတဲ့ အစြမ္းသတၱိေတြ ရွိေနပါတယ္။
သြားပိုးစားျခင္းကို တာဆီးဖို႔အတြက္လည္း အုန္းဆီကိုအသုံးျပဳလို႔ရပါေသးတယ္။ အုန္းဆီကိုအသုံးျပဳဖို႔အတြက္ ကန႔္သတ္ခ်က္မရွိပဲ မၾကာခဏသင္လုပ္ခ်င္သေလာက္အသုံးျပဳလို႔ရပါတယ္။