အခ်စ္နွင့္ဘဝ

Single ဘဝကို ဘာေၾကာင့္ ႏွစ္သက္လာၾကတာလဲ…..?

ယနေ့ခေတ်မှာ လူတွေဟာ တစ်ကိုယ်ရေ တစ်ကာယဘဝကို ပိုပြီးနှစ်သက်လာကြပါတယ်။ ဒါဟာ ဘာကြောင့်လဲ?။ တစ်ယောက်တည်းနေချင်တာလား ဒါမှမဟုတ် ဘယ်သူနဲ့မှ မဆက်ဆံချင်တာလား စတဲ့ အကြောင်းပြချက်တွေများစွာ ရှိနေပါတယ်။ ဒါကိုမှားယွင်းတယ် လို့တော့ ယူဆလို့မရပါဘူး။ ဒါဆိုရင် လူတွေဘာလို့ တစ်ယောက်တည်းနေချင်ရတာလဲ ဆိုတဲ့ အကြောင်းပြချက်တွေကို တူတူလေ့လာကြည့်လိုက်ရအောင်။

၁ ။ သူစိမ်းတွေနဲ့ အချိန်ကုန်ရတာ ပိုပျော်ဖို့ကောင်းတယ်။

လူတွေဟာ သူတို့ရဲ့အလုပ်ကလူတွေနဲ့ အမြဲတမ်းပြောဆိုဆက်ဆံ ရပါတယ်။ ဒါ့အပြင် အခြားလူများနဲ့လည်း လူမှူရေးအရ ပြောဆိုရတာတွေလည်း ရှိပါတယ်။ ဒါတွေကို ချစ်သူရည်းစားက လိုက်ပြီး သဝန်တိုနေမယ်ဆိုရင် အဆင်မပြေနိုင်ပါဘူး။ ဒါတွေကြောင့်လည်း single ဘဝကို နှစ်သက်သူတွေ များပြားလာတာပါ။

၂ ။ အမျိူးသမီးတွေက လွတ်လပ်မှုတွေကို သဘောကျပါတယ်။

အမျိူးသမီးတွေဟာ ကိုယ်တိုင်လုပ်ပိုင်ခွင့်နဲ့ လွတ်လပ်ခြင်းဆိုတဲ့ အရာတွေကို မြတ်နိုးပါတယ်။ သူတို့ရဲ့ အလုပ်အပေါ်မှာ တန်ဖိုးထားပြီးတော့ အချစ်ကြောင့် ချုပ်ချယ်တာတွေကို မလိုလားပါဘူး။ သူတို့လိုချင်တာက လွတ်လပ်မှုပါပဲ။ ဒါကြောင့် သူတို့ဟာ အလုပ်ကိုအလွန်ကြိုးစားပြီး အောင်မြင်မှသာ လက်ထပ်ကြပါတယ်။

၃ ။ အသက်ကြီးလာတာနဲ့ တစ်ယောက်တည်း နေချင်လာကြတယ်။

အသက် ၄၀ ကနေ ၈၅ အကြားရှိ လူတွေဟာ တစ်ယောက်တည်းနေရတာ ပိုပြီးကောင်းတယ်လို့ ဆိုကြပါတယ်။ ဒါတွေဟာ ချစ်သူရည်းစားရှိသူတွေရဲ့ ခံစားချက်နဲ့ နှိုင်းယှဉ်လို့မရပါဘူးတဲ့။ တစ်ယောက်တည်းနေသူတွေက အဆင်ပြေတယ်လို့ပြောရင် လူအများစုက မယုံသင်္ကာဖြစ်ကြပါတယ်။

၄ ။ လူတွေနဲ့ ပြိုင်မငြင်းချင်တော့ဘူး။

တစ်စုံတစ်ယောက်နဲ့ ချစ်ချင်ပေမယ့်လည်း ပြိုင်မငြင်းချင်တဲ့အချက်ကြောင့် တစ်ကိုယ်တည်း နေလာကြပါတယ်။ ဒီလိုဖြစ်စဉ်မျိူးဟာ ရှားပါးပြီးတော့ လူတစ်ဦးနဲ့တစ်ဦးကို ဝေးကွာစေပါတယ်။ သင်ဟာ သင့်ချစ်သူရဲ့ အမြင်ကိုပြောင်းလဲဖို့ ပြောပေမယ့်လည်း မပြောင်းလဲရင်တော့ သင့်အတွက် အချိန်ဖြုန်းရာ ကျပါတယ်။ ဒါကြောင့် အဆင်မပြေနိုင်ဘူး ဆိုပြီးတော့ တဖြည်းဖြည်း ဝေးကွာလာရပါတယ်။

၅ ။ တစ်ပါးသူကို လွယ်လွယ်နဲ့ မယုံကြည်တော့ဘူး။

အချစ်ဇာတ်လမ်းတွေ အများကြီး ရှိနေပေမယ့်လည်း ဇာတ်လမ်းတိုင်းကတော့ အဆုံးသတ် မလှနိုင်ပါဘူး။ ဒါတွေဟာ တစ်စုံတစ်ဦးကို ယုံကြည်စေဖို့အတွက် ခက်ခဲစေပါတယ်။ တစ်ယောက်အကြောင်းတစ်ယောက် သိဖို့ကလည်း ကြာလွန်းလှပါတယ်။

၆ ။ မိမိကိုယ်မိမိ တန်ဖိုးထားခြင်း

အိပ်စက်ခြင်းကို နှစ်သက်တဲ့အခါ၊ တစ်ယောက်တည်း နေရတာကို ပျော်လာတဲ့အခါ ဘဝလက်တွဲဖော် မရှိလည်း ဖြစ်တယ်လို့ ယူဆလာကြပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် အတွေးခံစားမှုတွေ ထပ်တူထပ်မျှ မျှဝေခံစားဖို့မလွယ်ပါဘူး။ ဒါ့အပြင် လူတစ်ဦးတစ်ယောက်ရဲ့ထင်မြင်ယူဆချက်တွေနဲ့ မရှင်သန်ချင်တော့လို့လည်း တစ်ယောက်တည်း နေဖြစ်သွားကြပါတယ်။

၇ ။ တခြားသူတွေကို မမှီခိုချင်တော့ဘူး။

သင့်မှာချစ်သူရည်းစားရှိလျက် အလုပ်လုပ်တာထက် သင်တစ်ကိုယ်တည်း ဖြစ်နေတဲ့အချိန် အလုပ်လုပ်တာက သင့်အတွက် အခွင့်အလမ်းများစွာ ရှိစေပါတယ်။ သင့်ရဲ့အောင်မြင်မှုအတွက် အလုပ်လုပ်နေတဲ့အချိန်မှာ အားနည်းချက်တွေကိုလည်း ပိုသိပြီး ပိုပြုပြင်လာနိုင်ပါတယ်။ သင့်မှာအခြားလူတွေအတွက် လူမှုရေး၊ စီးပွားရေး အကြံပေးစရာ မလိုတဲ့အတွက် သင့်မှာအနားယူချိန်တွေ များစွာရှိလာပါတယ်။ ဒါ့အပြင် အားလပ်ချိန်ကို ဘယ်လိုကုန်ဆုံးရမလဲဆိုတာ သင်ကိုယ်တိုင် ရွေးချယ်လာနိုင်ပါတယ်။

Zombie (Lovemedia)

For Zawgyi

လူေတာ္ေတာ္မ်ားမ်ား single ဘဝကို ဘာေၾကာင့္ ႏွစ္သက္လာၾကတာလဲ?

ယေန႔ေခတ္မွာ လူေတြဟာ တစ္ကိုယ္ေရ တစ္ကာယဘဝကို ပိုၿပီးႏွစ္သက္လာၾကပါတယ္။ ဒါဟာ ဘာေၾကာင့္လဲ?။ တစ္ေယာက္တည္းေနခ်င္တာလား ဒါမွမဟုတ္ ဘယ္သူနဲ႔မွ မဆက္ဆံခ်င္တာလား စတဲ့ အေၾကာင္းျပခ်က္ေတြမ်ားစြာ ရွိေနပါတယ္။ ဒါကိုမွားယြင္းတယ္ လို႔ေတာ့ ယူဆလို႔မရပါဘူး။ ဒါဆိုရင္ လူေတြဘာလို႔ တစ္ေယာက္တည္းေနခ်င္ရတာလဲ ဆိုတဲ့ အေၾကာင္းျပခ်က္ေတြကို တူတူေလ့လာၾကည့္လိုက္ရေအာင္။

၁ ။ သူစိမ္းေတြနဲ႔ အခ်ိန္ကုန္ရတာ ပိုေပ်ာ္ဖို႔ေကာင္းတယ္။

လူေတြဟာ သူတို႔ရဲ႕အလုပ္ကလူေတြနဲ႔ အၿမဲတမ္းေျပာဆိုဆက္ဆံ ရပါတယ္။ ဒါ့အျပင္ အျခားလူမ်ားနဲ႔လည္း လူမႉေရးအရ ေျပာဆိုရတာေတြလည္း ရွိပါတယ္။ ဒါေတြကို ခ်စ္သူရည္းစားက လိုက္ၿပီး သဝန္တိုေနမယ္ဆိုရင္ အဆင္မေျပႏိုင္ပါဘူး။ ဒါေတြေၾကာင့္လည္း single ဘဝကို ႏွစ္သက္သူေတြ မ်ားျပားလာတာပါ။

၂ ။ အမ်ိဴးသမီးေတြက လြတ္လပ္မႈေတြကို သေဘာက်ပါတယ္။

အမ်ိဴးသမီးေတြဟာ ကိုယ္တိုင္လုပ္ပိုင္ခြင့္နဲ႔ လြတ္လပ္ျခင္းဆိုတဲ့ အရာေတြကို ျမတ္ႏိုးပါတယ္။ သူတို႔ရဲ႕ အလုပ္အေပၚမွာ တန္ဖိုးထားၿပီးေတာ့ အခ်စ္ေၾကာင့္ ခ်ဳပ္ခ်ယ္တာေတြကို မလိုလားပါဘူး။ သူတို႔လိုခ်င္တာက လြတ္လပ္မႈပါပဲ။ ဒါေၾကာင့္ သူတို႔ဟာ အလုပ္ကိုအလြန္ႀကိဳးစားၿပီး ေအာင္ျမင္မွသာ လက္ထပ္ၾကပါတယ္။

၃ ။ အသက္ႀကီးလာတာနဲ႔ တစ္ေယာက္တည္း ေနခ်င္လာၾကတယ္။

အသက္ ၄၀ ကေန ၈၅ အၾကားရွိ လူေတြဟာ တစ္ေယာက္တည္းေနရတာ ပိုၿပီးေကာင္းတယ္လို႔ ဆိုၾကပါတယ္။ ဒါေတြဟာ ခ်စ္သူရည္းစားရွိသူေတြရဲ႕ ခံစားခ်က္နဲ႔ ႏႈိင္းယွဥ္လို႔မရပါဘူးတဲ့။ တစ္ေယာက္တည္းေနသူေတြက အဆင္ေျပတယ္လို႔ေျပာရင္ လူအမ်ားစုက မယုံသကၤာျဖစ္ၾကပါတယ္။

၄ ။ လူေတြနဲ႔ ၿပိဳင္မျငင္းခ်င္ေတာ့ဘူး။

တစ္စုံတစ္ေယာက္နဲ႔ ခ်စ္ခ်င္ေပမယ့္လည္း ၿပိဳင္မျငင္းခ်င္တဲ့အခ်က္ေၾကာင့္ တစ္ကိုယ္တည္း ေနလာၾကပါတယ္။ ဒီလိုျဖစ္စဥ္မ်ိဴးဟာ ရွားပါးၿပီးေတာ့ လူတစ္ဦးနဲ႔တစ္ဦးကို ေဝးကြာေစပါတယ္။ သင္ဟာ သင့္ခ်စ္သူရဲ႕ အျမင္ကိုေျပာင္းလဲဖို႔ ေျပာေပမယ့္လည္း မေျပာင္းလဲရင္ေတာ့ သင့္အတြက္ အခ်ိန္ျဖဳန္းရာ က်ပါတယ္။ ဒါေၾကာင့္ အဆင္မေျပႏိုင္ဘူး ဆိုၿပီးေတာ့ တျဖည္းျဖည္း ေဝးကြာလာရပါတယ္။

၅ ။ တစ္ပါးသူကို လြယ္လြယ္နဲ႔ မယုံၾကည္ေတာ့ဘူး။

အခ်စ္ဇာတ္လမ္းေတြ အမ်ားႀကီး ရွိေနေပမယ့္လည္း ဇာတ္လမ္းတိုင္းကေတာ့ အဆုံးသတ္ မလွႏိုင္ပါဘူး။ ဒါေတြဟာ တစ္စုံတစ္ဦးကို ယုံၾကည္ေစဖို႔အတြက္ ခက္ခဲေစပါတယ္။ တစ္ေယာက္အေၾကာင္းတစ္ေယာက္ သိဖို႔ကလည္း ၾကာလြန္းလွပါတယ္။

၆ ။ မိမိကိုယ္မိမိ တန္ဖိုးထားျခင္း

အိပ္စက္ျခင္းကို ႏွစ္သက္တဲ့အခါ၊ တစ္ေယာက္တည္း ေနရတာကို ေပ်ာ္လာတဲ့အခါ ဘဝလက္တြဲေဖာ္ မရွိလည္း ျဖစ္တယ္လို႔ ယူဆလာၾကပါတယ္။ လူတစ္ေယာက္နဲ႔တစ္ေယာက္ အေတြးခံစားမႈေတြ ထပ္တူထပ္မွ် မွ်ေဝခံစားဖို႔မလြယ္ပါဘူး။ ဒါ့အျပင္ လူတစ္ဦးတစ္ေယာက္ရဲ႕ထင္ျမင္ယူဆခ်က္ေတြနဲ႔ မရွင္သန္ခ်င္ေတာ့လို႔လည္း တစ္ေယာက္တည္း ေနျဖစ္သြားၾကပါတယ္။

၇ ။ တျခားသူေတြကို မမွီခိုခ်င္ေတာ့ဘူး။

သင့္မွာခ်စ္သူရည္းစားရွိလ်က္ အလုပ္လုပ္တာထက္ သင္တစ္ကိုယ္တည္း ျဖစ္ေနတဲ့အခ်ိန္ အလုပ္လုပ္တာက သင့္အတြက္ အခြင့္အလမ္းမ်ားစြာ ရွိေစပါတယ္။ သင့္ရဲ႕ေအာင္ျမင္မႈအတြက္ အလုပ္လုပ္ေနတဲ့အခ်ိန္မွာ အားနည္းခ်က္ေတြကိုလည္း ပိုသိၿပီး ပိုျပဳျပင္လာႏိုင္ပါတယ္။ သင့္မွာအျခားလူေတြအတြက္ လူမႈေရး၊ စီးပြားေရး အႀကံေပးစရာ မလိုတဲ့အတြက္ သင့္မွာအနားယူခ်ိန္ေတြ မ်ားစြာရွိလာပါတယ္။ ဒါ့အျပင္ အားလပ္ခ်ိန္ကို ဘယ္လိုကုန္ဆုံးရမလဲဆိုတာ သင္ကိုယ္တိုင္ ေ႐ြးခ်ယ္လာႏိုင္ပါတယ္။

Zombie (Lovemedia)