အချစ်နှင့်ဘဝ

ဆယ်ကျော်သက်အရွယ် ညီမငယ်များကို သတိပေးပါရစေနော် …

ဆယ်ကျော်သက်အရွယ် ညီမငယ်များကို သတိပေးချင်ပါတယ်…

အသိ-သတိ ရှိပါ –

သမီးငယ်​….ညီမငယ်များ(သို့) မနမ်းထိုက်တဲ့ ပန်းတစ်ပွင့်

ကိုယ်နဲ့ လက်မထပ်ရသေးပဲနဲ့ facebook ပေါ်မှာကိုယ့်ချစ်သူ ပုံနဲ့နှစ်ယောက် တွဲတင်ခြင်းက

ဓါးသွားထက်မှာ လမ်းလျှောက်နေရတာနဲ့ အတူတူပါပဲ~ညီမငယ်….

တစ်ကယ်လို့သာ ကံကျမ္မာက လှည့်စားသွားခဲ့ရင်ပထမဦးဆုံး ထိရှခံစားရမှာက ဘယ်သူလို့ထင်လဲ…

ကိုယ့်နှလုံးသား ဟုတ်သလို မာနနဲ့ သိက္ခာတွေပါ -ညီမငယ်~

နှလုံးသားတွေ နာမကျန်းဖြစ်စေတာက တိတ်တဆိတ်လေးငိုကြွေးလို့ရတယ် ….

ဂုဏ်သိက္ခာတွေ နာမကျန်းဖြစ်ရင် ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်မှာ ပက်လက်မျောနေရမှာ ညီမငယ်မိသားစုပါပဲ …

ချစ်တာကို လက်ခံပါတယ် ….ဒါပေမယ့် နားလည်မူ့ဆိုတဲ့ အလွှာလေးတစ်ခုခြားရုံနဲ့

လမ်းခွဲသွားကြရသူတွေ ကိုယ့်မျက်စိရှေ့မှာတင် တစ်ပုံကြီးပါ …ညီမငယ်….

အထူးသဖြစ် ဆယ်ကျော်သက်အရွယ် ညီမငယ်များကိုပိုပြီး သတိပေးချင်ပါတယ် ….

ချစ်တတ်စမှာ ရှေ့နောက်မမြင်ပဲ အပျော်ရွင်ပြီး နှစ်ယောက်တွဲပုံတွေ လက်မထပ်ရသေးခင်တင်နေလေ့ရှိကြတယ် ….

ချစ်သူနှစ်ယောက် (သဟဇာတ) မကျလို့-အဆင်မပြေတဲ့အခါ မဆုံခဲ့ကျရင်ဖြစ်စေ ပထမဦးဆုံးနက်နာရမှာက ညီမငယ်တို့ …..

မိန်းကလေးသာ ဖြစ်ပြီး နောက်တစ်ယောက်နဲ့ ချစ်တဲ့ အခါ မိမိရဲ့ အိမ်ထောက်ဖက် အချစ်စစ်နဲ့ တွေ့သောအခါ ….

အဲ့ဒီအရိပ်မည်းကြီးက မိမိရဲ့ ပျော်ရွှင်နေတဲ့ မိသားစု ဘဝအိမ်ထောင်ရေးကို မိတကွဲ ဖတကွဲ မလိုလားတဲ့ ပြဿနာ တွေဖြစ်လာနိုင်ပါတယ် ….

ချစ်တာကို လက်ခံလို့ရပါတယ် ….ဒါပေမယ့် လက်မထပ်ရသေးခင် အထိ နှစ်ယောက်တွဲပုံကို

facebook လို ကျယ်ပြန့်လှတဲ့ လူမူ့ကွန်ယက်မှာ (လုံးဝ) မတင်စေလိုပါ…

လက်ထပ်ပြီး သွားတဲ့ခါ တင်ပါ ပြုံးပျော်ရွင်နေတဲ့ ဘဝလေးကို အားကျအတုယူရင်း Likeတွေ Ment တွေအားပါးတရ ရေးပေးနေပါ့မယ်…

တစ်ကယ်တော့ facebook မှာ နှစ်ယောက်တွဲ တင်ရမှ အချစ်စစ် ဖြစ်လာမှာ မဟုတ်ပါဘူး ….

အဲ့ဒါတွေက အဘိုးအဖွားလက်ထက်မှာ ဘာမှမရှိခဲ့လို့ ညီမငယ်တို့ လူဖြစ်လာတာပါ…..

စဉ်းစားတွေးခေါ်တတ်မှ ဘဝကအဓိပ္ပယ်ရှိသလို ထိန်းသိမ်းသင့်တာကို ထိန်းသိမ်းနိုင်မှ အဲ့ဒီဘဝက တန်ဖိုးရှိမှာပါ….

ချစ်သူက facebook မှာ နှစ်ယောက်တွဲတင်ရမှ ချစ်မယ်ဆိုရင် ရဲရဲကြီးသာ လမ်းခွဲလိုက်ပါတော့ သူ့အချစ်က တစ်ဖက်သပ် ရူးမိုက်နေလို့ပါပဲ….

အချစ်စစ်က နှလုံးသားမှာပဲ ရှိတာပါ …သစွာတရားက အသိညဏ်မှာ ခိုဝင်နေပါတယ် facebook ပေါ်မှာရှိနေတာမဟုတ်ပါဘူး ညီမငယ်….

လူသားတိုင်း လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိကြပါတယ် ….

ဒါပေမယ့် ကိုယ့်ဘဝအတွက် ဘယ်ဟာကအဓိက ကျသလဲဆိုတာ ဦးနှောက်နဲ့ စဉ်းစားတွေးခေါ်တတ်ပါစေ ညီမငယ် ….

facebook သုံးနေတဲ့ ညီမငယ်များ အမှန်တရားကိုမြတ်နိုးတန်ဖိုးထားပြီး အနာဂတ်မှာ အပြစ်ကင်းစွာနဲ့ကမ္ဘာကို

ကိုင်လှုပ်မယ့် ပုခတ်လွဲသော မိခင်လောင်းများ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလျှက်…..

မေတ္တာဖြင့် m’m’t / ann