မနှောင့်ယှက်ခြင်းဖြင့် မင်းကိုချစ်ပါတယ်
မီးစိမ်းနေတာတွေ့သားရဲ့သားနဲ့ စကားတွေလာမပြောဖြစ်ဘူးဆိုတာ
သူတောင်မခေါ်ပဲနေနိုင်သေးတာ ငါလဲမခေါ်ပဲ နေလိုက်မယ်ဆိုတဲ့မာနလေး ထားလိုက်တာမဟုတ်ဘူး …
အော် ငါကသာ စကားပြောချင်နေတာ သူက မပြောချင်လို့တိတ်ဆိတ်နေတာလေလို့အလိုက်သိပေးလိုက်တာပါ …
ရိုက်လက်စစာလေးကို ဖျက်လိုက်ပြီး ပြောချင်တဲ့စကားလုံးတွေကို မြိုချပစ်လိုက်ပါတယ် …
မင်းကို ဘယ်နေ့မှာမဆို ပျော်ချင်တယ်လေ …

ဒီနေ့လဲ မနှောင့်ယှက်ခြင်းတွေနဲ့မင်းကို အတတ်နိုင်ဆုံးချစ်ပေးခဲ့ပါတယ် မင်းပျော်ပါစေ …
ကိုယ်လွမ်းနေတယ်ဆိုပေမယ့် သူလွမ်းချင်မှလွမ်းမှာပါဆိုတဲ့ အတွေးခေါင်းထဲရောက်လာတဲ့အခါ ..
နှိပ်ပြီးသားဖုန်းနံပါတ်လေးကို ဖျက်ပြီး ဟာသဗီဒီယိုလေးကြည့်နေလိုက်တယ် အင်း မျက်ရည်တွေနဲ့ ပျော်ပါတယ် … မင်းလဲပျော်ပါစေပေါ့ ….
တစ်ခါတစ်လေမှာ ကိုယ်က သတိတရနဲ့ဆက်တဲ့ဖုန်းတွေဟာ မျှော်မနေတဲ့သူ့အတွက် အနှောင့်အယှက်တွေ ဖြစ်သွားတတ်တယ်
အရင်လို မနွေးထွေးတော့ဘူးဆိုရင်တောင် ဝတ်ကျေတမ်းကျေစကားလုံးတွေကြောင့် ထပ်ပြီး မနာကျင်လိုတော့ဘူးလေ …
ကိုယ်ချစ်ပေးနိုင်တာထက် ပိုပြီး ချစ်ပေးနေမှာဖြစ်သလို ဆက်ပြီးလဲချစ်နေမိဦးမှာပါ

ဒီနေ့တော့ မင်းရဲ့လှပတဲ့ရက်လေး ကိုယ့်ကြောင့် ပျက်စီးမသွားစေဖို့ မနှောင့်ယှက်ခြင်းတွေနဲ့ မင်းကို ချစ်ပါတယ် …
မူရင်းစာရေးသားသူ သျှင်ယွန်း(လေးစားစွာဖြင့်)
Unicode