အခ်စ္နဲ႔ ထိေတြ႕လိုက္တဲ့အခါ ျဖစ္ေပၚလာႏိုင္မယ့္အရာေတြ
ခ်စ္တို႔ေရ အခ်စ္နဲ႔ထိေတြ႕တဲ့အခါ ရလာမယ့္ အက်ိဳးေက်းဇူးေတြကို လက္မလႊတ္သင့္တာမလို႔ ခ်စ္ၾကလိုက္စို႔ေနာ္။
အ႐ြယ္တစ္ခုေရာက္လာရင္ေတာ့ အခ်စ္ဆိုတာ ရွာေတြ႕မွာပါ။ အခ်စ္နဲ႔ ထိေတြ႕ျဖစ္ၾကမွာ ေသခ်ာသေလာက္ပါပဲ။
အခ်စ္ဆိုတာကို လူအေတာ္မ်ားမ်ားက နာက်င္စရာလို႔ ေတြးေနတတ္တယ္ေနာ္။ တကယ္ေတာ့ ခ်စ္နည္းမမွန္လို႔ ျဖစ္ၾကတာပါ။
ခ်စ္နည္းသာမွန္မယ္ဆိုရင္ အခ်စ္နဲ႔ထိေတြ႕တဲ့အခါ ရလာႏိုင္မယ့္ အခ်က္ေတြရွိတယ္ေနာ္။
ေပ်ာ္႐ႊင္ေစတယ္
သမီးရည္းစားအခ်စ္အျပင္ ကိုယ့္ရဲ႕ မိတ္ေဆြ သူငယ္ခ်င္းေတြရဲ႕ အခ်စ္ကလည္း အခ်စ္ပါပဲ။
အခ်စ္ရွိေနရင္ ဘဝက ေနေပ်ာ္ၿပီး ေပ်ာ္႐ႊင္စရာ ေကာင္းလာမွာ အေသအခ်ာပါပဲ။
လူေတာ္ေတာ္မ်ားမ်ား ေပ်ာ္႐ႊင္ၾကာတလည္း အခ်စ္ခံရျခင္းနဲ႔ အခ်စ္ေၾကာင့္ပါပဲ ခ်စ္တို႔ေရ။
က်န္းမာေရး ေကာင္းေစတယ္
အခ်စ္ဆိုတာ စိတ္ကျဖစ္တည္တဲ့ က်န္းမာေရးအက်ိဳးျပဳ အရာတစ္ခုပါပဲ။
အခ်စ္ရွိမယ္ဆိုရင္ စိတ္ဓါတ္က်တာ၊ စိတ္ဖိစီးတာေတြ ျဖစ္တာကို ေလွ်ာ့ခ်ေပးတဲ့အျပင္ ႏွလုံးက်န္းမာေရးနဲ႔ ေသြးေပါင္ခ်ိန္ကိုပါ ထိန္းညႇိေပးပါတယ္။
ဒီေတာ့ ေသြးတိုးေရာဂါနဲ႔ ႏွလုံး႐ုတ္တရက္ ထေဖာက္တာမ်ိဳးေတြလည္း အခ်စ္ေၾကာင့္ နည္းႏိုင္သမွ် နည္းသြားမွာပါ။
စိုးရိမ္စိတ္ေတြ နည္းေစတယ္
အခ်စ္စိတ္က စိုးရိမ္စိတ္ေတြ နည္းေစတဲ့ ေကာင္းက်ိဳးေပးစြမ္းႏိုင္ပါတယ္။
အခ်စ္ခံရတဲ့သူ ဒါမွမဟုတ္ အဆင္ေျပေနတဲ့ relationship ေတြမွာ စိုးရိမ္ပူပန္တတ္တဲ့ စိတ္ေတြ နည္းေစပါတယ္။
ဒီေတာ့ အဆင္ေျပေအာင္ေတာ့ ႀကိဳးစားၾကည့္ဖို႔ေတာ့ လိုတယ္ေနာ္။
စိတ္ဖိစီးမႈကို သက္သာေစတယ္
ခ်စ္သူက အားေပးတဲ့အခါ စိတ္သက္သာရာရၿပီး အားရွိတယ္လို႔ ခံစားရေစတယ္မလား။ဒါဟာ အခ်စ္က ေပးတဲ့ ေကာင္းက်ိဳးေတြပါပဲ။
ကိုယ့္မွာ စိတ္ညစ္စရာ တစ္ခုခု ရွိလာတဲ့အခါ ကိုယ့္ခ်စ္သူကို ေျပာျပၿပီး ႏွစ္သိမ့္မႈ ရယူတာမ်ိဳးက ကိုယ့္ရဲ႕ စိတ္ဖိစီးမႈကို အမ်ားႀကီး သက္သာေစမွာပါ။
အထီးမက်န္ေစဘူး
ခ်စ္တဲ့သူ အနားမွာ ရွိေနတယ္၊ ကိုယ့္စိတ္ထဲမွာ လုံၿခဳံတယ္လို႔ ခံစားေနရတယ္ဆိုရင္ အထီးက်န္တဲ့ ခံစားခ်က္မ်ိဳးလည္း ခံစားေစရမွာ မဟုတ္ေတာ့ဘူးေလေနာ္။
ေတာ္ေတာ္မ်ားမ်ားကလည္း အထီးမက်န္ရေအာင္ ရည္းစားထားၾက၊ အိမ္ေထာင္ျပဳၾကတာပဲမလားေနာ္။ ဒီေတာ့ အခ်စ္သာ ကိုယ့္အနားရွိေနမယ္ဆိုရင္ အထီးက်န္တဲ့ ခံစားခ်က္မ်ိဳး ခံစားရမွာ မဟုတ္ပါဘူး။
Marry
==============
Unicode
အချစ်နဲ့ ထိတွေ့လိုက်တဲ့အခါ ဖြစ်ပေါ်လာနိုင်မယ့်အရာတွေ
ချစ်တို့ရေ အချစ်နဲ့ထိတွေ့တဲ့အခါ ရလာမယ့် အကျိုးကျေးဇူးတွေကို လက်မလွှတ်သင့်တာမလို့ ချစ်ကြလိုက်စို့နော်။
အရွယ်တစ်ခုရောက်လာရင်တော့ အချစ်ဆိုတာ ရှာတွေ့မှာပါ။ အချစ်နဲ့ ထိတွေ့ဖြစ်ကြမှာ သေချာသလောက်ပါပဲ။
အချစ်ဆိုတာကို လူအတော်များများက နာကျင်စရာလို့ တွေးနေတတ်တယ်နော်။ တကယ်တော့ ချစ်နည်းမမှန်လို့ ဖြစ်ကြတာပါ။
ချစ်နည်းသာမှန်မယ်ဆိုရင် အချစ်နဲ့ထိတွေ့တဲ့အခါ ရလာနိုင်မယ့် အချက်တွေရှိတယ်နော်။
ပျော်ရွှင်စေတယ်
သမီးရည်းစားအချစ်အပြင် ကိုယ့်ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ အချစ်ကလည်း အချစ်ပါပဲ။
အချစ်ရှိနေရင် ဘဝက နေပျော်ပြီး ပျော်ရွှင်စရာ ကောင်းလာမှာ အသေအချာပါပဲ။
လူတော်တော်များများ ပျော်ရွှင်ကြာတလည်း အချစ်ခံရခြင်းနဲ့ အချစ်ကြောင့်ပါပဲ ချစ်တို့ရေ။
ကျန်းမာရေး ကောင်းစေတယ်
အချစ်ဆိုတာ စိတ်ကဖြစ်တည်တဲ့ ကျန်းမာရေးအကျိုးပြု အရာတစ်ခုပါပဲ။
အချစ်ရှိမယ်ဆိုရင် စိတ်ဓါတ်ကျတာ၊ စိတ်ဖိစီးတာတွေ ဖြစ်တာကို လျှော့ချပေးတဲ့အပြင် နှလုံးကျန်းမာရေးနဲ့ သွေးပေါင်ချိန်ကိုပါ ထိန်းညှိပေးပါတယ်။
ဒီတော့ သွေးတိုးရောဂါနဲ့ နှလုံးရုတ်တရက် ထဖောက်တာမျိုးတွေလည်း အချစ်ကြောင့် နည်းနိုင်သမျှ နည်းသွားမှာပါ။
စိုးရိမ်စိတ်တွေ နည်းစေတယ်
အချစ်စိတ်က စိုးရိမ်စိတ်တွေ နည်းစေတဲ့ ကောင်းကျိုးပေးစွမ်းနိုင်ပါတယ်။
အချစ်ခံရတဲ့သူ ဒါမှမဟုတ် အဆင်ပြေနေတဲ့ relationship တွေမှာ စိုးရိမ်ပူပန်တတ်တဲ့ စိတ်တွေ နည်းစေပါတယ်။
ဒီတော့ အဆင်ပြေအောင်တော့ ကြိုးစားကြည့်ဖို့တော့ လိုတယ်နော်။
စိတ်ဖိစီးမှုကို သက်သာစေတယ်
ချစ်သူက အားပေးတဲ့အခါ စိတ်သက်သာရာရပြီး အားရှိတယ်လို့ ခံစားရစေတယ်မလား။ ဒါဟာ အချစ်က ပေးတဲ့ ကောင်းကျိုးတွေပါပဲ။
ကိုယ့်မှာ စိတ်ညစ်စရာ တစ်ခုခု ရှိလာတဲ့အခါ ကိုယ့်ချစ်သူကို ပြောပြပြီး နှစ်သိမ့်မှု ရယူတာမျိုးက ကိုယ့်ရဲ့ စိတ်ဖိစီးမှုကို အများကြီး သက်သာစေမှာပါ။
အထီးမကျန်စေဘူး
ချစ်တဲ့သူ အနားမှာ ရှိနေတယ်၊ ကိုယ့်စိတ်ထဲမှာ လုံခြုံတယ်လို့ ခံစားနေရတယ်ဆိုရင် အထီးကျန်တဲ့ ခံစားချက်မျိုးလည်း ခံစားစေရမှာ မဟုတ်တော့ဘူးလေနော်။
တော်တော်များများကလည်း အထီးမကျန်ရအောင် ရည်းစားထားကြ၊ အိမ်ထောင်ပြုကြတာပဲမလားနော်။
ဒီတော့ အချစ်သာ ကိုယ့်အနားရှိနေမယ်ဆိုရင် အထီးကျန်တဲ့ ခံစားချက်မျိုး ခံစားရမှာ မဟုတ်ပါဘူး။
Marry