အခ်စ္နွင့္ဘဝ

ခ်စ္သူေတြၾကားမွာ မသုံးသင့္တဲ့ စကားလုံးမ်ား…

ခ်စ္သူေတြၾကားမွာ မသုံးသင့္တဲ့ စကားလုံးမ်ား..

စကားလုံးေတြေၾကာင့္ ၾကည္ႏူးေပ်ာ္ရႊင္ရသလို တစ္ခါတစ္ေလမွာ စကားလုံးေတြေၾကာင့္ပဲ နာက်င္ရပါတယ္။

ကိုယ္တကယ္ခ်စ္ျမတ္နိုးရတဲ့ ခ်စ္သူေလးကို ကိုယ့္ရဲ့ စကားေလးေတြေၾကာင့္ နာက်င္သြားရမယ္ဆိုရင္ေတာ့ မေကာင္းပါဘူး။

ဒါေၾကာင့္ဒီတစ္ေခါက္မွာ ကိုယ္ခ်စ္သူအေပၚ မေျပာသင့္တဲ့ စကားေတြကိုေဖာ္ျပေပးလိုက္ပါတယ္။

(၁) စိတ္ပ်က္တယ္

စိတ္ပ်က္တယ္ဆိုတဲ့စကားရဲ့ ေနာက္ကြယ္မွာ ေျပာတဲ့သူအတြက္ေတာ့ အမ်ားႀကီးမသိသာေပမယ့္ အေျပာခံလိုက္ရသူရဲ့ ရင္ထဲမွာေတာ့ အေတြးမ်ိဳးစုံဝင္သြားနိုင္ပါတယ္။

ကိုယ္ခ်စ္သူက ကိုယ္ကိုဘာေၾကာင့္စိတ္ပ်က္တာလဲ မခ်စ္ေတာ့လို႔လား အခ်စ္သစ္ေတြ႕ေနလို႔လား ကိုယ့္ရဲ့႐ုပ္ပိုင္းဆိုင္ရာလိုအပ္ခ်က္ေတြေၾကာင့္ စိတ္ပ်က္လာတာလား လမ္းခြဲခ်င္လို႔လား စသည္ျဖင့္ ခံစားခ်က္ေပါင္းစုံနဲ႔ အေတြးမ်ားဝင္သြားနိုင္ပါတယ္။

ဒါေၾကာင့္ ကိုယ္ခ်စ္သူကိုဘယ္ေလာက္ပဲစိတ္ဆိုးပါေစ စိတ္ပ်က္တယ္ဆိုတဲ့စကားေတာ့ မေျပာသင့္ပါဘူး။

(၂) ပ်င္းလာၿပီ

ခ်စ္သူစုံတြဲေတြၾကားမွာမသုံးသင့္တဲ့ ေနာက္ထပ္စကားလုံးတစ္ခုက ငါမင္းနဲ႔တြဲရတာပ်င္းလာၿပီဆိုတဲ့စကားပါ။

ကိုယ္ခ်စ္သူကို အေပ်ာ္အပ်က္အေနနဲ႔ေတာင္ စေနာက္ၿပီး မင္းနဲ႔တြဲတာပ်င္းတယ္ဆိုတဲ့စကားကိုေတာ့ မသုံးသင့္ပါဘူး။

ခ်စ္သူတိုင္းကေတာ့ ကိုယ္ခ်စ္သူကိုေပ်ာ္ရႊင္ေအာင္ထားခ်င္ၾကပါတယ္။

အခ်စ္စစ္အခ်စ္မွန္နဲ႔ တက္နိုင္သေလာက္ေပ်ာ္ရႊင္မႈေလးေတြေပးေနေပမယ့္ ပ်င္းလာၿပီအေျပာခံရရင္ေတာ့ တကယ္ပဲဝမ္းနည္းဖို႔ေကာင္းပါတယ္။

(၃) ႀကိဳက္တာလုပ္

ခ်စ္သူႏွစ္ဦးစကားမ်ားရန္ျဖစ္ၾကတာအခါ အမ်ားစုသုံးေလ့ရွိတာက ႀကိဳက္တာလုပ္ ဂ႐ုမစိုက္ဘူးဆိုတဲ့စကားပါပဲ။

တကယ္ေတာ့ ဒီစကားဟာလည္း လုံးဝမသုံးသင့္ပါဘူး။

ႀကိဳက္တာလုပ္ဆိုတဲ့ စကားဟာ တစ္ေယာက္ကိုတစ္ေယာက္ အရြဲတိုက္ျခင္းေတြျဖစ္လာဖို႔ တြန္းအားေပးလိုက္တာနဲ႔ တူပါတယ္

ဒါေၾကာင့္ ရန္ျဖစ္စကားမ်ားၾကၿပီဆိုရင္ မင္းသေဘာပဲႀကိဳက္တာလုပ္ ဆိုတဲ့လက္လြတ္စပယ္စကားမ်ိဳးထက္ ျပႆနာကိုအတူတူအေျဖရွာၿပီး ညႇိႏွိုင္းေဆြးေႏြးမႈေတြျပဳလုပ္သင့္တာျဖစ္ပါတယ္။

(၄) ရည္းစားေဟာင္းသာဆိုရင္

ဘယ္ခ်စ္သူကမွ ကိုယ္ခ်စ္သူရဲ့ အတိတ္က ရည္စားေဟာင္းအေၾကာင္းျပန္ေျပာတာမႀကိဳက္ၾကပါဘူး။

ဒီထက္ပိုဆိုးတာတစ္ခုက ရည္စားေဟာင္းနဲ႔ ႏွိုင္းယွဥ္ၿပီး ကိုယ့္ကိုစကားနာအထိုးခံရျခင္းပါပဲ။

ရည္းစားေဟာင္းဆိုရင္ ဘယ္လိုဂ႐ုစိုက္တာ ဘယ္လို အလိုလိုက္တာ ဘယ္လိုေတြေကာင္းတာ မင္းကေတာ့ကိုယ္အေပၚသူေလာက္ေတာင္မေကာင္းဘူး

စသည္ျဖင့္ ရည္းစားေဟာင္းအေၾကာင္းအမႊန္းတင္ ဂုဏ္ဆာေနျခင္းကလည္း ခ်စ္သူႏွစ္ဦးၾကား လမ္းခြဲတဲ့အထိ သက္ေရာက္မႈျပင္းထန္နိုင္ပါတယ္။

Credit

Unicode,

ချစ်သူတွေကြားမှာ မသုံးသင့်တဲ့ စကားလုံးများ..

စကားလုံးတွေကြောင့် ကြည်နူးပျော်ရွှင်ရသလို တစ်ခါတစ်လေမှာ စကားလုံးတွေကြောင့်ပဲ နာကျင်ရပါတယ်။

ကိုယ်တကယ်ချစ်မြတ်နိုးရတဲ့ ချစ်သူလေးကို ကိုယ့်ရဲ့ စကားလေးတွေကြောင့် နာကျင်သွားရမယ်ဆိုရင်တော့ မကောင်းပါဘူး။

ဒါကြောင့်ဒီတစ်ခေါက်မှာ ကိုယ်ချစ်သူအပေါ် မပြောသင့်တဲ့ စကားတွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁) စိတ်ပျက်တယ်

စိတ်ပျက်တယ်ဆိုတဲ့စကားရဲ့ နောက်ကွယ်မှာ ပြောတဲ့သူအတွက်တော့ အများကြီးမသိသာပေမယ့် အပြောခံလိုက်ရသူရဲ့ ရင်ထဲမှာတော့ အတွေးမျိုးစုံဝင်သွားနိုင်ပါတယ်။

ကိုယ်ချစ်သူက ကိုယ်ကိုဘာကြောင့်စိတ်ပျက်တာလဲ မချစ်တော့လို့လား အချစ်သစ်တွေ့နေလို့လား ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကြောင့် စိတ်ပျက်လာတာလား လမ်းခွဲချင်လို့လား စသည်ဖြင့် ခံစားချက်ပေါင်းစုံနဲ့ အတွေးများဝင်သွားနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ချစ်သူကိုဘယ်လောက်ပဲစိတ်ဆိုးပါစေ စိတ်ပျက်တယ်ဆိုတဲ့စကားတော့ မပြောသင့်ပါဘူး။

(၂) ပျင်းလာပြီ

ချစ်သူစုံတွဲတွေကြားမှာမသုံးသင့်တဲ့ နောက်ထပ်စကားလုံးတစ်ခုက ငါမင်းနဲ့တွဲရတာပျင်းလာပြီဆိုတဲ့စကားပါ။

ကိုယ်ချစ်သူကို အပျော်အပျက်အနေနဲ့တောင် စနောက်ပြီး မင်းနဲ့တွဲတာပျင်းတယ်ဆိုတဲ့စကားကိုတော့ မသုံးသင့်ပါဘူး။

ချစ်သူတိုင်းကတော့ ကိုယ်ချစ်သူကိုပျော်ရွှင်အောင်ထားချင်ကြပါတယ်။

အချစ်စစ်အချစ်မှန်နဲ့ တက်နိုင်သလောက်ပျော်ရွှင်မှုလေးတွေပေးနေပေမယ့် ပျင်းလာပြီအပြောခံရရင်တော့ တကယ်ပဲဝမ်းနည်းဖို့ကောင်းပါတယ်။

(၃) ကြိုက်တာလုပ်

ချစ်သူနှစ်ဦးစကားများရန်ဖြစ်ကြတာအခါ အများစုသုံးလေ့ရှိတာက ကြိုက်တာလုပ် ဂရုမစိုက်ဘူးဆိုတဲ့စကားပါပဲ။

တကယ်တော့ ဒီစကားဟာလည်း လုံးဝမသုံးသင့်ပါဘူး။

ကြိုက်တာလုပ်ဆိုတဲ့ စကားဟာ တစ်ယောက်ကိုတစ်ယောက် အရွဲတိုက်ခြင်းတွေဖြစ်လာဖို့ တွန်းအားပေးလိုက်တာနဲ့ တူပါတယ်

ဒါကြောင့် ရန်ဖြစ်စကားများကြပြီဆိုရင် မင်းသဘောပဲကြိုက်တာလုပ် ဆိုတဲ့လက်လွတ်စပယ်စကားမျိုးထက် ပြဿနာကိုအတူတူအဖြေရှာပြီး ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်သင့်တာဖြစ်ပါတယ်။

(၄) ရည်းစားဟောင်းသာဆိုရင်

ဘယ်ချစ်သူကမှ ကိုယ်ချစ်သူရဲ့ အတိတ်က ရည်စားဟောင်းအကြောင်းပြန်ပြောတာမကြိုက်ကြပါဘူး။

ဒီထက်ပိုဆိုးတာတစ်ခုက ရည်စားဟောင်းနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုစကားနာအထိုးခံရခြင်းပါပဲ။

ရည်းစားဟောင်းဆိုရင် ဘယ်လိုဂရုစိုက်တာ ဘယ်လို အလိုလိုက်တာ ဘယ်လိုတွေကောင်းတာ မင်းကတော့ကိုယ်အပေါ်သူလောက်တောင်မကောင်းဘူး

စသည်ဖြင့် ရည်းစားဟောင်းအကြောင်းအမွှန်းတင် ဂုဏ်ဆာနေခြင်းကလည်း ချစ်သူနှစ်ဦးကြား လမ်းခွဲတဲ့အထိ သက်ရောက်မှုပြင်းထန်နိုင်ပါတယ်။

Credit