တချို့မိန်းကလေးတွေဟာ ကိုယ်တိုင်ကစိတ်ကောင်းရှိတဲ့သူတစ်ယောက်၊ လူကောင်းတစ်ယောက်ဖြစ်ပါရက်နဲ့ သူတို့အပေါ်မကောင်းတဲ့သူတွေနဲ့တွေ့ဆုံရပြီး အချစ်ရေးမှာကံမကောင်းတတ်ကြပါဘူး။ တကယ်တော့ ဒါဟာအကြောင်းမဲ့မဟုတ်ပါဘူး။ ခိုင်လုံတဲ့အကြောင်းရင်းလေးတွေရှိပါတယ်။ စိတ်ကောင်းရှိတဲ့မိန်းကလေးတွေ အချစ်ရေးကံမကောင်းရတဲ့အကြောင်းရင်းတွေကတော့ ဒီလိုပါ။
၁။ နားပဲထောင်တယ် မပြောဘူး

freepik by freepikစိတ်ထားကောင်းတဲ့သူလေးတွေဟာ သူများရဲ့ပြဿနာတွေ မကျေနပ်ချက်တွေကိုပဲတစ်ချိန်လုံးနားထောင်ပေးပြီး ကိုယ့်ရဲ့ခံစားချက်တွေကိုတော့ဖွင့်မပြောတတ်ပါဘူး။ ဒီလိုမျိုး တစ်ချိန်လုံးနားထောင်ပေးပြီး ကိုယ့်ဘက်ကခံစားချက်တွေကိုမပြောဘဲနေရာက ကိုယ့်ရဲ့အဆင်မပြေမှုတွေကို လုံးဝပြောခွင့်မရတဲ့အခြေအနေမျိုးဖြစ်လာတန်ပါတယ်။ ဒီကတဆင့် ကိုယ်ကချည်းနားထောင်ပေးဖေးမပေးရတဲ့ တစ်ဖက်စောင်းနင်းဆက်ဆံရေးမျိုးဖြစ်လာတတ်ပါတယ်။
၂။ ကိုယ့်အချိန်တွေကိုတခြားသူအတွက်ဖြုန်းတယ်

freepik by freepikကိုယ့်မှာအချိန်ရှိရှိမရှိရှိ သူ့အတွက်အချိန်ပေးတယ်၊ ကိုယ့်အားလပ်ချိန်တွေတင်မက အလုပ်လုပ်နေချိန်တွေကိုတောင်ဖျက်ပြီး သူ့အတွက်အချိန်ပေးတာမျိုးတွေက တဖြည်းဖြည်းနဲ့ သူဖြစ်ချင်တာမှန်သမျှကိုယ်ကပဲ လိုက်ဖြည့်ဆည်းပေးရတဲ့သူမျိုး ဖြစ်လာပါတယ်။ ကြာလာတော့ ကိုယ်ကချည်း အချိန်ပေးရသူဖြစ်လာပါလိမ့်မယ်။
၃။ ဟန်မဆောင်တတ်ဘူး

စိတ်ကောင်းရှိသူတို့ထုံးစံအတိုင်း တစ်ခုခုဆို အဆင်ပြေတယ်ဆိုတာချည်းပဲ။ ငါအဆင်မပြေဘူး၊ မရဘူး၊ အချိန်မရှိဘူး၊ မလုပ်ပေးနိုင်ဘူး ဆိုပြီး ဟန်ဆောင်ပန်ဆောင်ငြင်းတာမျိုးတောင်မရှိဘူး။ ငါ့ကြောင့်သူစိတ်ဆိုးသွားမလား၊ ငါ့ကြောင့်သူစိတ်ညစ်သွားမလားဆိုတာမျိုး အရမ်းစိုးရိမ်နေတာကို အရှိအတိုင်းထုတ်ပြလိုက်တဲ့အခါ တစ်ဖက်က အနိုင်ယူဖို့ အခွင့်အရေးပေးသလိုဖြစ်နေပါလိမ့်မယ်
၎။ ကိုယ်အဆင်ပြေဖို့ထက် သူများအဆင်ပြေဖို့ပဲဦးစားပေးတယ်

freepik by freepikကိုယ်အဆင်ပြေမပြေအရေးမကြီးဘူး၊ သူအဆင်ပြေဖို့အဓိက၊ ကိုယ့်အတွက်စဉ်းစားဖို့မလိုဘူး၊ သူ့အတွက်ပဲစဉ်းစားဖို့လိုတာဆိုတဲ့ အပြုအမူမျိုးကိုပဲ အမြဲလုပ်နေမယ်ဆိုရင် သူ့ဘက်က အခွင့်ကောင်းယူတော့တာပါပဲ။ သူများအတွက်ဦးစားပေးရင်က ကိုယ့်ရဲ့အခွင့်အရေးတွေဆုံးရှုံးမှန်းမသိ ဆုံးရှုံးလာရတာပါ။
၅။ တစ်ဖက်သားကိုအရမ်းဖေးမချင်တယ်

freepik by freepikစိတ်ကောင်းရှိတဲ့သူတွေက သူများစိတ်ညစ်နေရင်အရမ်းဖေးမချင်တယ်၊ ကူညီချင်တယ်၊ တစ်ဖက်သားကိုအဆင်ပြေစေချင်တယ်။ သူတို့ရဲ့အဲ့ဒီစိတ်ထားကိုသိတဲ့အခါ တစ်ဖက်လူက အခွင့်ကောင်းယူပြီး အနိုင်ကျင့်တန်ကြပါတယ်။ ဒီလိုအခွင့်ကောင်းယူတာကိုလည်း သူတို့က သိသိချည်းနဲ့ခွင့်လွှတ်နေတတ်ကြတာပါပဲ။ တကယ်တော့ စိတ်ကောင်းရှိတဲ့မိန်းကလေးတွေက မကောင်းတဲ့သူတွေနဲ့ဆုံရတာမဟုတ်ပါဘူး၊ သူတို့ကကောင်းလွန်းတော့ တစ်ဖက်သားအတွက် အနိုင်ယူချင်စရာဖြစ်သွားတာမျိုးပါ။
May



