အခ်စ္နွင့္ဘဝ

ကိုယ်က အရင်ခွင့်လွှတ်ပါ…

ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးစိတ်ခုမိကြတဲ့အချိန်တွေရှိပါတယ်..။

ဘယ်လောက်ချစ်ခင်သူတွေပဲဖြစ်ဖြစ်..စိတ်ဆိုးနေချိန်မှာတော့..

မျက်နှာတောင် မမြင်ရအောင် ရှောင်လွှဲနေတတ်ကြတယ် မဟုတ်လား..။

သူ့ရဲ့ဆိုးကွက်တွေ..မကောင်းကွက်တွေကို တစ်သီကြီးရှာဖွေဖော်ထုတ်ပြီး..

ကျွန်မတို့ရင်တစ်ခုလုံး မသယ်နိုင်လောက်အောင် လေးလံလှတဲ့အမုန်းအမျက်တွေ

လွယ်ပိုးထားမိတတ်ကြပါတယ်…။

စေ့စေ့တွေးမိရင် ဘယ်လောက်ပင်ပန်းလွန်းလှပါသလဲ..။

ညဘက်ဆို ပိုဆိုးသေး..ရင်တစ်ခုလုံး မီးကင်ထားသလို ဒေါသနဲ့လောင်မြိုက်ပြီး

အိပ်လို့တောင် မပျော်နိုင်တော့တဲ့ဘဝနော်…။

ကျွန်မမှာ စိတ်အခန့်မသင့်ဖြစ်ပြီးတိုင်း အရင်ဆုံးခွင့်လွှတ်တတ်တဲ့…

ချစ်သူတစ်ယောက် ရှိပါတယ်..။

ကျွန်မ မှားလည်း သူက ခွင့်လွှတ်တာပါပဲ..။

ဘာလို့လဲလို့ မေးကြည့်မိတော့..တကယ်ချစ်တဲ့သူက

ဘာဖြစ်ဖြစ်ခွင့်လွှတ်တတ်တယ်လေတဲ့..။

ပြီးတော့ ခွင့်လွှတ်လိုက်ရတာ..ရင်ထဲပေါ့ပါးမသွားဘူးလားတဲ့..။

တကယ်တော့ ခွင့်လွှတ်လိုက်တယ်ဆိုတာ..သူ့ကိုခွင့်လွှတ်လိုက်တာဆိုပေမယ့်..

ကိုယ့်ကိုယ်ကိုယ် ပြန်လွတ်မြောက်ခွင့်..စိတ်ချမ်းသာခွင့်ပေးလိုက်တာပါပဲ..။

ကိုယ်ကစပြီး ခွင့်လွှတ်ကျေအေးလိုက်လို့ ပျော်ရွှင်သွားရတဲ့အခါ..

သူရောကိုယ်ပါ ပျော်ရွှင်ရတယ်ဆိုပေမယ့်..ကိုယ်က ပိုပျော်ရတယ်ဆိုတာကို..

ခွင့်လွှတ်ဖူးမှသာ ခံစားသိခွင့်ရတာပါ..။

ဒါကြောင့် ကျွန်မတို့ ကိုယ်ကစပြီး ခွင့်လွှတ်ဖို့ ကြိုးစားကြည့်ရအောင်လေ…။

လွန်းထားထား..

၂၁-၁၁-၂၀၂၀။

Credit#

Unicode