သစ္စာမဖောက်ရုံနဲ့ ပြီးပြီလား?
သစ္စာမဖောက်ရုံနဲ့ ပြီးပြီလား?တချို့တွေက တွေးတတ်ကြတယ်။ကိုယ်သည် သစ္စာမဖောက်ဘူး။
အပျော်အပါး လွန်လွန်ကြူးကြူး လိုက်စားနေတာမရှိဘူး။အချိန်တန်ရင်ယူမယ်။ ဒီလောက်ဆိုရပြီ။
အခြေအနေတွေက ဒီတိုင်းပဲ ဆက်သွားနေပြီး သူတစ်နေ့ကျ ကိုယ့်ကို မလွဲမသွေ ယူမှာပဲ။သူနဲ့ကိုယ် ပေါင်းစည်းရမှာပဲ ထင်ကြတယ်။
တကယ်တော့သမီးရည်းစားလင်မယားဆက်ဆံရေးဆိုတာဒီ့ထက်ပို နက်နဲပါတယ်။
ဆိုးတာတွေမရှိနေရင်ပြီးရောမဟုတ်။ကောင်းတာတွေပါလုပ်ပြတတ်ရပါတယ်။
လူနှစ်ယောက် relationship တစ်ခုတည်ဆောက်တယ်ဆိုတာ အချိန်တန်ယူဖို့ လူကြိုရှာထားတာမျိုးချည်းပဲ မဟုတ်ပါဘူး။
သူဟာကိုယ့်အပေါ် ကောင်းမွန်တဲ့စိတ်ထားနဲ့ လုပ်ရပ်ရှိမရှိ။
ကိုယ့်အပေါ် ဘယ်လောက်စိတ်ထည့်ထားလဲ မထည့်ထားဘူးလား။ဘယ်လောက်တန်ဖိုးထားသလဲ။
ဘယ်လောက်ဂရုစိုက်သလဲ။တစ်ဖက်လူက တောက်လျှောက် အမှတ်ပေးအကဲဖြတ်နေတာပါ။
နောက်တစ်ယောက်နဲ့ မကြူဘူး။ဒါပေမယ့် ကိုယ့်ကိုလဲ ဂရုမစိုက်ဘူး။
အပြစ်တွေတော့ ဘာမှသိပ်မလုပ်ဘူး။ဒါပေမယ့် တနေကုန်လို့ ph တစ်ကောမဆက်ဘူး။
ကိုယ့်ဘဝသာယာနေချိန် အတူ ရယ်မောပေမယ့်အမှောင်ဖုံးနေချိန်ကျ မားမားမတ်မတ် ရပ်တည်မပေးဘူး။
ဘာအရေးကြုံကြုံ သူရှိတာပဲဆိုတဲ့ အားကိုးယုံကြည်မှုမျိုးကို မဖြစ်စေဘူး။
နေမကောင်းရင်လဲ သူနဲ့သိပ်မဆိုင်သလို ဖာသိဖာသာပဲ။ဘာsurprise ညာ surprise ဆိုလဲထိုနည်းလည်းကောင်း။
ကြာလာတော့ တစ်ဖက်လူက စိတ်ပျက်လာတတ်ပါတယ်။သူဟာ ကိုယ့်ကို တန်ဖိုးမထားဘူး။
သူ့ဘဝအတွက် ကိုယ်ဟာ အရေးမပါဘူး။ကိုယ့်ရဲ့ ဖြစ်တည်မှုဟာ သူ့အတွက်ဘာမှမဟုတ်ဘူးလို့ တိတ်တဆိတ် ယူဆပြီး နောက်လှည့်သွားတတ်ပါတယ်။
စိတ်ထဲကချစ်နေရုံနဲ့ မပြီးပါဘူးချစ်ပြဖို့ လိုကိုလိုပါတယ်ဆိုးမနေရုံနဲ့ မပြီးဘူးကောင်းပြဖို့ လိုကိုလိုပါတယ်။
Unicode