Uncategorized

ရူးခါနေအောင် အချစ်ခံချင်ရင် ကိုယ့်ထက်ငယ်တဲ့ ကောင်မလေးတွေကိုရွေးချစ်ပါ

ရူးခါနေအောင် အချစ်ခံချင်ရင် ကိုယ့်ထက်ငယ်တဲ့ ကောင်မလေးတွေကိုရွေးချစ်ပါ

ဘဝမှာ ရူးခါနေအောင်အချစ်ခံချင်တဲ့သူတွေချည်းပါပဲ။ ဒီလိုအချစ်မျိုးဟာလည်း လူတိုင်းဆီက မရနိုင်ပါဘူးနော်။ ကိုယ့်ထက်ငယ်တဲ့ကောင်မလေးတွေကို ချစ်မှပဲရနိုင်မှာပါ။ အကြောင်းရင်းလေးတွေကိုတော့ ပြောပြပေးမယ်နော် …။

(၁) အရမ်း စိတ်ပူတတ်တယ်

ဘေဘီလေးတွေဟာ ကိုကိုတွေကို အရမ်းစိတ်ပူတတ်ကြပါတယ်။ ချစ်သူကို ဘာတွေများ လုပ်နေမလဲ၊ အဆင်ရောပြေပါ့မလား၊ ဘယ်သူတွေနဲ့ ရှိမလဲဆိုပြီး အမြဲစိတ်ပူတတ်ကြပါတယ်။ ကိုကိုတွေကို လှမ်းလှမ်း Check နိုင်တာလည်း သူတို့အပြင် နှစ်ယောက်မရှိသလို၊ စိတ်ပူတတ်တဲ့ နေရာမှာလည်း နှစ်ယောက်မရှိကြပါဘူး …။

(၂) အရမ်း ကြင်နာတတ်တယ်

ကိုယ့်ထက်ငယ်လို့ သိပ်မချစ်တတ်လောက်ဘူး၊ မကြင်နာတတ်ဘူးလို့တော့ မထင်လိုက်ပါနဲ့နော်။ လူကြီးလေးတစ်ယောက်လို စိတ်ရှည်သည်းခံပြီး ကြင်နာတတ်တာလည်း သူ့အပြင်နှစ်ယောက် မရှိပါဘူး။ သူကတောင် သင့်ကို ကလေးလေးတစ်ယောက်လို ပြန်ချစ်ပေး၊ ကြင်နာပေးလိုက်လို့ တဖြုတ်ဖြုတ်ကြွေပြီးရင်း ကြွေနေရမှာပါနော် …။

(၃) ချွဲတတ်တယ်

ချစ်သူဆီက ဂရုစိုက်မှုလိုချင်ပြီဆိုရင် သင်ဘယ်လောက်ပဲ အလုပ်များများ၊ မအားမအား ငြင်းဆန်လို့ မရလောက်အောင် ချွဲတတ်တာလည်း သူတို့ပါပဲ။ ချစ်သူကို ကြွေအောင်ချွဲတတ်လွန်းလို့ သင့်ဖက်က ချစ်မဝ၊ လွမ်းမဝ၊ ဂရုစိုက်မဝ ဖြစ်သွားမှာပါနော် …။

(၄) အလိုက်သိတယ်

တစ်ခါတလေ တမင်တကာ ဆိုးရင်သာဆိုးမယ် အရေးအကြောင်းဆိုရင် အရမ်းအလိုက်သိတဲ့ သူလေးတွေပါ။ ချစ်သူ မျက်နှာပျက်နေပြီ၊ စိတ်ဆိုးနေပြီဆိုရင် မျက်နှာငယ်လေးနဲ့ ဘာလုပ်ပေးရမလဲဆိုတာ တန်းသိသလို၊ ချစ်သူကို အမြန်ဆုံးစိတ်ပြေသွားအောင်၊ အမောပြေသွားအောင် လုပ်ပေးတတ်တာလည်း သူတို့ပါပဲ …။

(၅) သစ္စာရှိတယ်

ကိုယ့်ထက်ငယ်လို့ သစ္စာသိပ်မရှိလောက်ဘူး၊ စိတ်ကလည်း ဟိုမရောက် ဒီမရောက်လို့ မထင်လိုက်ပါနဲ့။ သူတို့စိတ်ထဲမှာ ကိုကိုမှကိုကို တစ်ယောက်ဆိုတစ်ယောက်ပဲ ချစ်တတ်တဲ့သူတွေပါ။ ချစ်သူကို အမြဲတမ်းသစ္စာရှိသလို၊ ရူးခါနေအောင်ချစ်တာလည်း သူတို့ပါပဲနော် …။ ။

ခရက်ဒစ်