ကပ်လှူ ပူဇော်ပြီး
-ရတနသုတ်
-ဗောဇ္ဈင်္ဂသုတ်
-ဂုဏ်တော်ကွန်ချာ
ခရက်ဒစ်
=======
Unicode,
၇ရက်သားသမီးများအတွက်🙏🙏🙏
ယခုလာမည့် 2021 နှစ်ဆန်း(၁)ရက်နေ့၏ ထူးခြားချက်ဒီဇင်ဘာလအကုန် New Year အစ အင်္ဂလိပ်နှစ်ဆန်း ၁ ရက်နေ့ဖြစ်တဲ့ 1.1 2021 နေ့ဟာ သောကြာနေ့ကျပါသည်။
သောကြာဆိုတာ အအေးဓာတ်ကိုဆောင်ပါတယ်။
အေးချမ်း တိတ်ဆိတ်ခြင်းကို လိုလားတဲ့ အကောင်လေးပါ👍
၂၀၂၁ ရဲ့ တနှစ်တာလုံးဟာ လူသားအားလုံးအတွက် အေးချမ်း အောင်မြင်မှုတွေ ပြည့်မယ်ဆိုတဲ့ နမိတ်လဲဖြစ်ပါတယ်အဲနေ့ဟာ သောကြာနေ့ဖြစ်သလို ရက်ရာဇာလဲ ကျပါတယ်။
၂၀၂၁ တနှစ်လုံးမှာ သင့်အတွက် သင့်မိသားစု အတွက် ကံကောင်းခြင်း အေးချမ်းခြင်း ဖြစ်စေဖို့ယုံကြည်တဲ့သူတွေ အတွက်ပါ ၉ နဝင်း ယတြာလေးပါပဲ
January လ ၁ရက် သောကြာနေ့ အဲနေ့မနက် ၅နာရီမှ ၉ နာရီတိတိ အချိန်မှာ မိမိအိမ်က ဘုရားကျောင်းဆောင် သို့မဟုတ် ဂြိုလ်တိုင်တွေရှိတဲ့ ဘုရား ဘုန်းကြီးကျောင်း
သပြေ ၉ ညွှန့်ဆွမ်း တော် ၉ ပန်ကန် သောက်တော်ရေ ၉ ခွက် ဆီမီး ၉ တိုင်အမွှေးတိုင် ၉ တိုင်
သစ်သီး ၉ မျိုး( ဘုရားကိုကပ်လှူသည့်အခါ သစ်သီးများကို ခွဲခြမ်းစိပ်ဖြာပြီး စားနိုင်ယုံ အစိပ်လေးများဖြင့်သာ ပူဇော်လှူဒါန်းရပါသည်)
ကပ်လှူ ပူဇော်ပြီး
-မေတ္တာသုတ် ( သောကြာဂြိုလ်သက်အရ မေတ္တာသုတ် ၂၁ ခေါက် ပူဇော်ရွတ်ဖတ်ရပါမည်)
-ရတနသုတ်
-ဗောဇ္ဈင်္ဂသုတ်
-ဂုဏ်တော်ကွန်ချာ
-မဟာသမယသုတ်ဂါထာ ၉ခေါက် တွေ ကို မိမိနှစ်သက်သလောက် အခေါက်ရေ နဲ့ ရွတ်ဖတ်ပူဆော်ပြီး
-အရဟံ ဂုဏ်တော် ပဠာန်း ပုတီးစိပ်နည်းကို ၁၀၈ လုံး ပုတီး ၉ ပါတ်စိတ်ပါ ။
လောကဓာတ်ကြီး တခုလုံးကို မေတ္တာပို့ပါလိုရာဆုတောင်းပါ နှစ်သစ် ၁ ရက်နေ့မှစပြီးမိမိ၏ စိတ်ကို ကုသိုလ်ပြုခြင်း ဘုရားရဲ့ဟောကြားတော်မူခဲ့တဲ့တရားတော်တွေ နဲ့နှစ်သစ် စိတ်သစ်
အေးချမ်းခြင်းဆိုတဲ့တရားတော်တွေနာယူရင်း
အစပြု ကုသိုလ်ယူကြဖို့ နိဗ္ဗာန်နိုးဆော်အပ်ပါတယ်ရှင့်🙏🙏🙏
ညအချိန် 9 နာရီ မှ ၁၂ နာရီ အတွင်းပဠာန်းဒေသနာတော်မြတ်အား ရွတ်ဖတ်ပေးစေချင်ပါတယ်ရှင့် 🙏🙏🙏
သစ်သီးတွေကို မိမိအိမ်နီးနားချင်း (သို့မဟုတ်)ဆင်းရဲနိမ့်ကျသူတွေကို ပေးကမ်းပါသပြေပန်းကို ဘုရားမှာကပ်လှူထားခဲ့ပါ
2021 နှစ်သစ်ကူး ကုသိုလ်ယူခြင်းကို သင့်မိသားစုတွင် သောကြာသားသမီးရှိပါက ထိုသူနှင့်အတူ ကုသိုလ်အတူယူကြရင် ပို၍ ကောင်းမွန်ပါတယ် (ဖြစ်နိုင်လျှင် အိမ်ရှိလူကုန် နှစ်သစ်ကူး ကုသိုလ်ဖြင့် နှစ်သစ်ကိုအစပြုခြင်းဟာ သိပ်ကိုမင်္ဂလာရှိပြီး တစ်နှစ်တာလုံး ကံကောင်းခြင်းတွေ ပိုင်ဆိုင်ရပါလိမ့်မယ်)
2021 နှစ်သစ်မှ စ၍ ကံကောင်းခြင်းများ ယူဆောင်လာနိုင်မှာပါ….
ခရက်ဒစ်