ကတိေတြေပးၿပီး မတည္နိုင္တဲ့ ေယာက်္ားေတြရဲ့ကတိစကား(၇)မ်ိဳး
အခ်စ္ေရးမွာ မိန္းကေလးေတြက ေယာက်ာ္းေလးေတြဆီကေန ကတိေတြအမ်ိဳးမ်ိဳးေတာင္းတတ္ၾကၿပီး ေယာက်ာ္းေလးေတြကလည္းကတိေတြအမ်ားႀကီးေပးၾကပါတယ္။ သူတို႔ေတြ ကတိေတြဘယ္ေလာက္ေပးေပး တခ်ိဳ႕အေၾကာင္းအရာေတြနဲ႔ပတ္သက္တဲ့ကတိေတြကိုေတာ့မ်ားေသာအားျဖင့္မတည္နိုင္ၾကတာကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ သင့္ခ်စ္သူက သင့္ကိုေပးေပမယ့္ တည္နိုင္ဖို႔ခက္တဲ့ ကတိေတြကေတာ့ ဒီမွာပါ။
(၁) သဝန္မတိုပါဘူးဆိုတဲ့ ကတိ
စုံတြဲေတြမွာ အျဖစ္မာ်းတဲ့ျပႆနာက တစ္ေယာက္နဲ႔တစ္ေယာက္ သဝန္တိုၿပီးခ်ဳပ္ခ်ယ္တာေတြေၾကာင့္ပါ။ သင္ကအဲ့ဒါေတြကိုစိတ္ကုန္လို႔သင့္ခ်စ္သူကိုသဝန္မတိုဖို႔ဘယ္ေလာက္ပဲေျပာေျပာ အဲ့ဒီကတိကိုတည္ဖို႔ဆိုတာ သိပ္မျဖစ္နိုင္ပါဘူး။ ဘာလို႔ဆို ကိုယ့္ခ်စ္သူက တျခားေယာက်ာ္းေလးေတြနဲ႔ေရာေနတာကို ျမင္ရရင္ မနာလိုဝန္တိုစိတ္မျဖစ္တဲ့ေယာက်ာ္းဆိုတာ မရွိပါဘူး။ေသခ်ာေပါက္ သဝန္တိုမွာပါ။ တကယ္လို႔ သူ႔ဘက္ကဘာမွမျဖစ္ဘူးဆိုရင္အဲ့ဒါသေဘာထားႀကီးလို႔မဟုတ္ပါဘူး။ သင့္ကိုမခ်စ္လို႔ပဲျဖစ္နိုင္ပါဘူး။
(၂) တျခားမိန္းကေလးေတြကို လုံးဝစိတ္မဝင္စားပါဘူးဆိုတဲ့ ကတိ
ဒါကလည္း တည္နိုင္ဖို႔ သိပ္မျဖစ္နိုင္တဲ့ကတိပါ။ ေယာက်ာ္းေလးတစ္ေယာက္က ခ်စ္သူရွိရက္နဲ႔ျဖစ္ေစ၊ ခ်စ္သူမရွိတဲ့အခါျဖစ္ေစ၊ တျခားမိန္းကေလးေတြအေပၚမွာစိတ္ဝင္စားတတ္တဲ့စိတ္ ရွိတတ္ၾကပါတယ္။ စိတ္အလိုမလိုက္ဘဲ ခ်စ္သူအေပၚသစၥာေစာင့္သိတဲ့သူနဲ႔၊ သစၥာေဖာက္တဲ့သူပဲ ကြာသြားတာပါ။ တျခားမိန္းကေလးေတြနဲ႔မေဖာက္ျပန္ဘူး၊သစၥာေစာင့္သိမယ္ဆိုတာကေတာ့ျဖစ္နိုင္ေပမယ့္ မင္းကလြဲၿပီး တျခားမိန္းကေလးေတြကိုလုံးဝစိတ္မဝင္စားပါဘူးဆိုတာကေတာ့ ျဖစ္နိုင္ေခ်နည္းပါတယ္တဲ့။
(၃) မင္းဘာပဲျဖစ္ျဖစ္ ခ်စ္မွာပါဆိုတဲ့ကတိ
သင့္ခ်စ္သူက သင့္ကို မင္းဘယ္လိုပုံစံပဲျဖစ္ပါေစ၊ ဘယ္လိုလူပဲျဖစ္ပါေစ၊ မင္းျဖစ္ေနလို႔ကိုခ်စ္တာဆိုၿပီး ေျပာေကာင္းေျပာနိုင္ပါတယ္။
အဲ့ဒီလိုေျပာတာကိုမယုံနဲ႔လို႔မေျပာပါဘူး၊ ယုံလို႔ရပါတယ္။ ဒါေပမယ့္ အဲ့ဒီစကားကိုယုံၿပီး ကိုယ့္ကိုယ္ကိုတန္ဖိုးမထားေတာ့ဘဲ ျဖစ္သလိုေနလိုက္တာမ်ိဳး၊မျပင္မဆင္ေနတာမ်ိဳးေတြမလုပ္မိပါေစနဲ႔။ သင္မလွေတာ့တဲ့အခါ၊ သင္ကသူ႔ကိုစိတ္ပ်က္ေစတဲ့အခါ မင္းဘာပဲျဖစ္ျဖစ္ခ်စ္မွာပါဆိုတဲ့ ကတိကတည္နိုင္ဖို႔သိပ္မျဖစ္နိုင္ေတာ့ပါဘူး။
(၄) ရည္းစားေဟာင္းနဲ႔ပတ္သက္တဲ့ကတိ
သင့္ခ်စ္သူက ရည္းစားေဟာင္းနဲ႔ျပန္ဆက္ဖို႔မေျပာနဲ႔ သူ႔အေၾကာင္းကို စဥ္းေတာင္မစဥ္းစားပါဘူးလို႔ ေျပာလာရင္ ယုံမွာလား။ ဒါျဖစ္နိုင္လား ၊မျဖစ္နိုင္လားဆိုတာ သင့္မွာလည္းရည္းစားေဟာင္းရွိရင္ ပိုသိနိုင္ပါတယ္။ အေၾကာင္းတစ္ခုခုတိုက္ဆိုင္လို႔ ရည္းစားေဟာင္းအေၾကာင္းေတြးမိတဲ့အခါမ်ိဳး၊သူနဲ႔မက္ေဆ့ခ်္ပို႔တာမ်ိဳး၊ စကားေျပာတာမ်ိဳးေတာင္ လုပ္မိနိုင္ပါတယ္။ ဒါေၾကာင့္ ရည္းစားေဟာင္းနဲ႔ပတ္သက္ၿပီး ေယာင္လို႔ေတာင္မေတြးပါဘူး ဆိုတဲ့ကတိမ်ိဳးဟာ တည္ဖို႔ခက္တဲ့ကတိတစ္ခုပါ။
(၅) ပင္ကိုယ္အက်င့္စရိုက္ေတြကို ျပဳျပင္ေျပာင္းလဲပါ့မယ္ဆိုတဲ့ကတိ
သင္မႀကိဳက္တဲ့အခ်က္တစ္ခုခုေၾကာင့္ သင္တို႔ႏွစ္ေယာက္ရန္ျဖစ္ၿပီးတိုင္းမွာ ေနာက္တစ္ခါဒါမ်ိဳးမျဖစ္ေစရပါဘူး ဆိုတဲ့ကတိကို သူအျမဲေပးခဲ့ဖူးပါသလား။
ၿပီးေတာ့ အဲ့ဒီအေၾကာင္းေၾကာင့္ပဲ ေနာက္ထပ္ရန္ေတြျဖစ္ခဲ့ဖူးပါသလား။ ဒီလို ေနာက္မျဖစ္ေစရပါဘူး၊မင္းမႀကိဳက္တာမလုပ္ေတာ့ပါဘူး၊သူ႔ကိုယ္သူျပဳျပင္ေျပာင္းလဲပါ့မယ္ ဆိုတဲ့စကားေတြက သူေပးၿပီးမတည္တဲ့ကတိထဲမွာအျမဲပါေနတတ္ပါတယ္။
(၆) ဘာကိုမွကြယ္ဝွက္မထားပါဘူးဆိုတဲ့ကတိ
လူတိုင္းက ဘယ္သူ႔ကိုမွမသိေစခ်င္တဲ့ ကိစၥေတြအနည္းနဲ႔အမ်ားရွိတတ္ၾကပါတယ္။ အဲ့ဒီလိုရွိတတ္ၾကတဲ့အထဲမွာက ေယာက်ာ္းေလးေတြကကိုယ္ပိုင္ boundaries ေလးေတြနဲ႔ပိုေနခ်င္တတ္ၾကတာပါ။ အဲ့ဒါေၾကာင့္ သူတို႔ရဲ့အရာအားလုံးမခၽြင္းမခ်န္ေပးသိပါ့မယ္လို႔ေျပာတယ္ဆိုရင္အဲ့ဒီကတိကတည္နိုင္မွာမဟုတ္ပါဘူးတဲ့။
(၇) အျမဲတမ္းခ်စ္ေနမွာပါဆိုတဲ့ကတိ
လူတစ္ေယာက္ကို အျမဲတမ္းခ်စ္သြားတဲ့သူေတြ လုံးဝမရွိဘူးလို႔ မေျပာပါဘူး၊ ရွိပါတယ္။ ဒါေပမယ့္ ေယာက်ာ္းေလးေတာ္ေတာ္မ်ားမ်ားကအဲ့ဒီ အျမဲတမ္းခ်စ္သြားမွာပါ ဆိုတဲ့ကတိကို မတည္နိုင္တာမ်ားပါတယ္တဲ့။
Credit : auntymay
Unicode Version
ကတိတွေပေးပြီး မတည်နိုင်တဲ့ ယောကျ်ားတွေရဲ့ကတိစကား(၇)မျိုး
အချစ်ရေးမှာ မိန်းကလေးတွေက ယောကျာ်းလေးတွေဆီကနေ ကတိတွေအမျိုးမျိုးတောင်းတတ်ကြပြီး ယောကျာ်းလေးတွေကလည်းကတိတွေအများကြီးပေးကြပါတယ်။ သူတို့တွေ ကတိတွေဘယ်လောက်ပေးပေး တချို့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ကတိတွေကိုတော့များသောအားဖြင့်မတည်နိုင်ကြတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သင့်ချစ်သူက သင့်ကိုပေးပေမယ့် တည်နိုင်ဖို့ခက်တဲ့ ကတိတွေကတော့ ဒီမှာပါ။
(၁) သဝန်မတိုပါဘူးဆိုတဲ့ ကတိ
စုံတွဲတွေမှာ အဖြစ်မာျးတဲ့ပြဿနာက တစ်ယောက်နဲ့တစ်ယောက် သဝန်တိုပြီးချုပ်ချယ်တာတွေကြောင့်ပါ။ သင်ကအဲ့ဒါတွေကိုစိတ်ကုန်လို့သင့်ချစ်သူကိုသဝန်မတိုဖို့ဘယ်လောက်ပဲပြောပြော အဲ့ဒီကတိကိုတည်ဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။ ဘာလို့ဆို ကိုယ့်ချစ်သူက တခြားယောကျာ်းလေးတွေနဲ့ရောနေတာကို မြင်ရရင် မနာလိုဝန်တိုစိတ်မဖြစ်တဲ့ယောကျာ်းဆိုတာ မရှိပါဘူး။သေချာပေါက် သဝန်တိုမှာပါ။ တကယ်လို့ သူ့ဘက်ကဘာမှမဖြစ်ဘူးဆိုရင်အဲ့ဒါသဘောထားကြီးလို့မဟုတ်ပါဘူး။ သင့်ကိုမချစ်လို့ပဲဖြစ်နိုင်ပါဘူး။
(၂) တခြားမိန်းကလေးတွေကို လုံးဝစိတ်မဝင်စားပါဘူးဆိုတဲ့ ကတိ
ဒါကလည်း တည်နိုင်ဖို့ သိပ်မဖြစ်နိုင်တဲ့ကတိပါ။ ယောကျာ်းလေးတစ်ယောက်က ချစ်သူရှိရက်နဲ့ဖြစ်စေ၊ ချစ်သူမရှိတဲ့အခါဖြစ်စေ၊ တခြားမိန်းကလေးတွေအပေါ်မှာစိတ်ဝင်စားတတ်တဲ့စိတ် ရှိတတ်ကြပါတယ်။ စိတ်အလိုမလိုက်ဘဲ ချစ်သူအပေါ်သစ္စာစောင့်သိတဲ့သူနဲ့၊ သစ္စာဖောက်တဲ့သူပဲ ကွာသွားတာပါ။ တခြားမိန်းကလေးတွေနဲ့မဖောက်ပြန်ဘူး၊သစ္စာစောင့်သိမယ်ဆိုတာကတော့ဖြစ်နိုင်ပေမယ့် မင်းကလွဲပြီး တခြားမိန်းကလေးတွေကိုလုံးဝစိတ်မဝင်စားပါဘူးဆိုတာကတော့ ဖြစ်နိုင်ချေနည်းပါတယ်တဲ့။
(၃) မင်းဘာပဲဖြစ်ဖြစ် ချစ်မှာပါဆိုတဲ့ကတိ
သင့်ချစ်သူက သင့်ကို မင်းဘယ်လိုပုံစံပဲဖြစ်ပါစေ၊ ဘယ်လိုလူပဲဖြစ်ပါစေ၊ မင်းဖြစ်နေလို့ကိုချစ်တာဆိုပြီး ပြောကောင်းပြောနိုင်ပါတယ်။
အဲ့ဒီလိုပြောတာကိုမယုံနဲ့လို့မပြောပါဘူး၊ ယုံလို့ရပါတယ်။ ဒါပေမယ့် အဲ့ဒီစကားကိုယုံပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးမထားတော့ဘဲ ဖြစ်သလိုနေလိုက်တာမျိုး၊မပြင်မဆင်နေတာမျိုးတွေမလုပ်မိပါစေနဲ့။ သင်မလှတော့တဲ့အခါ၊ သင်ကသူ့ကိုစိတ်ပျက်စေတဲ့အခါ မင်းဘာပဲဖြစ်ဖြစ်ချစ်မှာပါဆိုတဲ့ ကတိကတည်နိုင်ဖို့သိပ်မဖြစ်နိုင်တော့ပါဘူး။
(၄) ရည်းစားဟောင်းနဲ့ပတ်သက်တဲ့ကတိ
သင့်ချစ်သူက ရည်းစားဟောင်းနဲ့ပြန်ဆက်ဖို့မပြောနဲ့ သူ့အကြောင်းကို စဉ်းတောင်မစဉ်းစားပါဘူးလို့ ပြောလာရင် ယုံမှာလား။ ဒါဖြစ်နိုင်လား ၊မဖြစ်နိုင်လားဆိုတာ သင့်မှာလည်းရည်းစားဟောင်းရှိရင် ပိုသိနိုင်ပါတယ်။ အကြောင်းတစ်ခုခုတိုက်ဆိုင်လို့ ရည်းစားဟောင်းအကြောင်းတွေးမိတဲ့အခါမျိုး၊သူနဲ့မက်ဆေ့ချ်ပို့တာမျိုး၊ စကားပြောတာမျိုးတောင် လုပ်မိနိုင်ပါတယ်။ ဒါကြောင့် ရည်းစားဟောင်းနဲ့ပတ်သက်ပြီး ယောင်လို့တောင်မတွေးပါဘူး ဆိုတဲ့ကတိမျိုးဟာ တည်ဖို့ခက်တဲ့ကတိတစ်ခုပါ။
(၅) ပင်ကိုယ်အကျင့်စရိုက်တွေကို ပြုပြင်ပြောင်းလဲပါ့မယ်ဆိုတဲ့ကတိ
သင်မကြိုက်တဲ့အချက်တစ်ခုခုကြောင့် သင်တို့နှစ်ယောက်ရန်ဖြစ်ပြီးတိုင်းမှာ နောက်တစ်ခါဒါမျိုးမဖြစ်စေရပါဘူး ဆိုတဲ့ကတိကို သူအမြဲပေးခဲ့ဖူးပါသလား။
ပြီးတော့ အဲ့ဒီအကြောင်းကြောင့်ပဲ နောက်ထပ်ရန်တွေဖြစ်ခဲ့ဖူးပါသလား။ ဒီလို နောက်မဖြစ်စေရပါဘူး၊မင်းမကြိုက်တာမလုပ်တော့ပါဘူး၊သူ့ကိုယ်သူပြုပြင်ပြောင်းလဲပါ့မယ် ဆိုတဲ့စကားတွေက သူပေးပြီးမတည်တဲ့ကတိထဲမှာအမြဲပါနေတတ်ပါတယ်။
(၆) ဘာကိုမှကွယ်ဝှက်မထားပါဘူးဆိုတဲ့ကတိ
လူတိုင်းက ဘယ်သူ့ကိုမှမသိစေချင်တဲ့ ကိစ္စတွေအနည်းနဲ့အများရှိတတ်ကြပါတယ်။ အဲ့ဒီလိုရှိတတ်ကြတဲ့အထဲမှာက ယောကျာ်းလေးတွေကကိုယ်ပိုင် boundaries လေးတွေနဲ့ပိုနေချင်တတ်ကြတာပါ။ အဲ့ဒါကြောင့် သူတို့ရဲ့အရာအားလုံးမချွင်းမချန်ပေးသိပါ့မယ်လို့ပြောတယ်ဆိုရင်အဲ့ဒီကတိကတည်နိုင်မှာမဟုတ်ပါဘူးတဲ့။
(၇) အမြဲတမ်းချစ်နေမှာပါဆိုတဲ့ကတိ
လူတစ်ယောက်ကို အမြဲတမ်းချစ်သွားတဲ့သူတွေ လုံးဝမရှိဘူးလို့ မပြောပါဘူး၊ ရှိပါတယ်။ ဒါပေမယ့် ယောကျာ်းလေးတော်တော်များများကအဲ့ဒီ အမြဲတမ်းချစ်သွားမှာပါ ဆိုတဲ့ကတိကို မတည်နိုင်တာများပါတယ်တဲ့။
Credit : auntymay