အခ်စ္နွင့္ဘဝ

အောင်မြင်ချင်ရင် ဒါတွေ ရှောင်ကြဉ်ပါ

ခ်မ္းသာခ်င္တယ္ ေအာင္ျမင္ေပါက္ေရာက္ခ်င္တယ္ဆိုတာ လူေတြရဲ့ စိတ္အာသီသ တစ္ခု ျဖစ္ပါတယ္။

ခ်မ္းသာေအာင္ျမင္ေအာင္ လူေတြဟာ ကိုယ္ယုံၾကည္တဲ့ နည္းလမ္းေတြအတိုင္း လိုက္လုပ္ၾကတာပါပဲ

ေအာင္ျမင္ဖို႔အတြက္ တခ်ိဳ႕အရာေတြကို မျဖစ္မေန အေကာင္အထည္ ေဖာ္ေပးဖို႔ လိုၿပိး တခ်ိဳ႕အခ်က္ေတြကို ျပတ္ျပတ္သားသား ေရွာင္ၾကဥ္ဖို႔ လိုပါတယ္

(၁) ရည္မွန္းခ်က္ ကင္းမဲ့ျခင္း

 

 

ရည္မွန္းခ်က္ ပန္းတိုင္ မရွိရင္ ေအာင္ျမင္မႈရဖို႔ ခက္ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားဟာ ခ်မ္းသာႀကီးပြားၿပီး အထက္တန္းက်က် ေနခ်င္ၾကေပမယ့္တကယ္တမ္းမွာ ျပတ္သားတဲ့ ရည္မွန္းခ်က္ပန္းတိုင္ မရွိတာ မ်ားပါတယ္။ဒီလို ျဖစ္ရတဲ့အေၾကာင္းရင္းတစ္ခုက ထက္သန္ျပင္းျပတဲ့ စိတ္ဆႏၵမရွိတာေၾကာင့္ ျဖစ္ပါတယ္။
ျပင္းျပတဲ့ဆႏၵရွိမွ ေအာင္ျမင္မႈ ရနိုင္တဲ့အထိ သြားမယ့္ ရည္မွန္းခ်က္ဆိုတာ ရွိလာမွာ ျဖစ္ပါတယ္

(၂) ပညာရွာလိုစိတ္ မရွိျခင္း

အရမ္း ခ်မ္းသာခ်င္တာပဲ ျဖစ္ျဖစ္ ထိပ္တန္းေရာက္ ေအာင္ျမင္ေက်ာ္ၾကားခ်င္တာပဲ ျဖစ္ျဖစ္ ကိုယ္ျဖစ္ခ်င္တဲ့ေနရာကို ေရာက္လာဖို႔ လိုအပ္တဲ့ပညာအရည္အေသြးေတြ ျပည့္မီေနဖို႔ လိုပါတယ္။ပညာအရည္အခ်င္း အစြမ္းအစ အားနည္းေနရင္ ကိုယ္ေမၽွာ္လင့္ခဲ့တဲ့အရာေတြကေမၽွာ္လင့္ခ်က္ေလာက္ပဲ ျဖစ္ေနၿပီး တကယ္လက္ေတြ႕ ေအာင္ျမင္မႈ ရလာမွာမဟုတ္ပါဘူး

(၃) လူမႈဆက္ဆံေရးပညာ မတတ္ျခင္း

ေအာင္ျမင္ဖို႔အတြက္ လူမႈဆက္ဆံေရးပညာ မတတ္လို႔လည္း မျဖစ္ပါဘူး။ ဘယ္ေလာက္ေတာ္ေတာ္ အေပါင္းအသင္းေကာင္းေကာင္း ရွာမေပါင္းတတ္ရင္ ၊ေပါင္းသင္းဆက္ဆံေရး ညံ့ဖ်င္းေနရင္လည္း ျဖစ္သင့္သေလာက္ အထက္ေရာက္လာမွာ မဟုတ္ပါဘူး။ဒါေၾကာင့္ ေအင္ျမင္ဖို႔ဆိုလူမႈဆက္ဆံေရးေကာင္းမြန္ဖို႔လည္း မျဖစ္မေန လိုပါတယ္

(၄) စည္းစနစ္နဲ႔ မေနထိုင္ျခင္း

စည္းစနစ္ဆိုတာ ေနရာတိုင္းမွာ လိုအပ္ပါတယ္။ အျမင့္ေရာက္ခ်င္တဲ့သူဟာ သူ႔ဘဝကို စနစ္တက် ကိုင္တြယ္စီမံဖို႔ အျမဲပဲ လိုအပ္ပါတယ္။စည္းမဲ့ကမ္းမဲ့ ေအာင္ျမင္လာသူဟာ ေရရွည္ေအာင္ျမင္မႈကို ခံစားရမွာ မဟုတ္ပါဘူး

Unicode Version

ချမ်းသာချင်တယ် အောင်မြင်ပေါက်ရောက်ချင်တယ်ဆိုတာ လူတွေရဲ့ စိတ်အာသီသ တစ်ခု ဖြစ်ပါတယ်။

ချမ်းသာအောင်မြင်အောင် လူတွေဟာ ကိုယ်ယုံကြည်တဲ့ နည်းလမ်းတွေအတိုင်း လိုက်လုပ်ကြတာပါပဲ

အောင်မြင်ဖို့အတွက် တချို့အရာတွေကို မဖြစ်မနေ အကောင်အထည် ဖော်ပေးဖို့ လိုပြိး တချို့အချက်တွေကို ပြတ်ပြတ်သားသား ရှောင်ကြဉ်ဖို့ လိုပါတယ်

(၁) ရည်မှန်းချက် ကင်းမဲ့ခြင်း

ရည်မှန်းချက် ပန်းတိုင် မရှိရင် အောင်မြင်မှုရဖို့ ခက်ပါတယ်။ လူတော်တော်များများဟာ ချမ်းသာကြီးပွားပြီး အထက်တန်းကျကျ နေချင်ကြပေမယ့်တကယ်တမ်းမှာ ပြတ်သားတဲ့ ရည်မှန်းချက်ပန်းတိုင် မရှိတာ များပါတယ်။ဒီလို ဖြစ်ရတဲ့အကြောင်းရင်းတစ်ခုက ထက်သန်ပြင်းပြတဲ့ စိတ်ဆန္ဒမရှိတာကြောင့် ဖြစ်ပါတယ်။
ပြင်းပြတဲ့ဆန္ဒရှိမှ အောင်မြင်မှု ရနိုင်တဲ့အထိ သွားမယ့် ရည်မှန်းချက်ဆိုတာ ရှိလာမှာ ဖြစ်ပါတယ်

(၂) ပညာရှာလိုစိတ် မရှိခြင်း

အရမ်း ချမ်းသာချင်တာပဲ ဖြစ်ဖြစ် ထိပ်တန်းရောက် အောင်မြင်ကျော်ကြားချင်တာပဲ ဖြစ်ဖြစ် ကိုယ်ဖြစ်ချင်တဲ့နေရာကို ရောက်လာဖို့ လိုအပ်တဲ့ပညာအရည်အသွေးတွေ ပြည့်မီနေဖို့ လိုပါတယ်။ပညာအရည်အချင်း အစွမ်းအစ အားနည်းနေရင် ကိုယ်မျှော်လင့်ခဲ့တဲ့အရာတွေကမျှော်လင့်ချက်လောက်ပဲ ဖြစ်နေပြီး တကယ်လက်တွေ့ အောင်မြင်မှု ရလာမှာမဟုတ်ပါဘူး

(၃) လူမှုဆက်ဆံရေးပညာ မတတ်ခြင်း

အောင်မြင်ဖို့အတွက် လူမှုဆက်ဆံရေးပညာ မတတ်လို့လည်း မဖြစ်ပါဘူး။ ဘယ်လောက်တော်တော် အပေါင်းအသင်းကောင်းကောင်း ရှာမပေါင်းတတ်ရင် ၊ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းနေရင်လည်း ဖြစ်သင့်သလောက် အထက်ရောက်လာမှာ မဟုတ်ပါဘူး။ဒါကြောင့် အေင်မြင်ဖို့ဆိုလူမှုဆက်ဆံရေးကောင်းမွန်ဖို့လည်း မဖြစ်မနေ လိုပါတယ်

(၄) စည်းစနစ်နဲ့ မနေထိုင်ခြင်း

စည်းစနစ်ဆိုတာ နေရာတိုင်းမှာ လိုအပ်ပါတယ်။ အမြင့်ရောက်ချင်တဲ့သူဟာ သူ့ဘဝကို စနစ်တကျ ကိုင်တွယ်စီမံဖို့ အမြဲပဲ လိုအပ်ပါတယ်။စည်းမဲ့ကမ်းမဲ့ အောင်မြင်လာသူဟာ ရေရှည်အောင်မြင်မှုကို ခံစားရမှာ မဟုတ်ပါဘူး