အချစ်ကြီးလွန်းတဲ့ကောင်မလေးတွေမှာ ဒီလိုမျိုးအကျင့်လေးတွေ ရှိတတ်ပါတယ်
မိန်းကလေးတွေမှာ ထူးထူးဆန်းဆန်း အကျင့်လေးတွေ ရှိတတ် ကြပါတယ်။ ဒါကို သင်သိသွားရင်တော့ သူတို့ကို ကိုယ်ချင်းစာပြီး သနားကြင်နာ လာလိမ့် မယ်လို့ မျှော်လင့်မိပါတယ်နော် ။
(၁) အသံပြဲကြီးနဲ့ အော်ငိုတာ”
တစ်ခါတလေ သူက တိတ်တိတ်လေး ခံစားနေတဲ့ ရာကို သင်က သွားပြီး ကြင်နာပြလိုက်ရင်ပဲ ဖြစ်ဖြစ်၊ နားမလည်ပေးရင် ပဲဖြစ်ဖြစ် အသံပြဲကြီးနဲ့ အော် ငိုတတ် ကြပါတယ် ။
သင်နားလည်ပေး ရမှာက သူတို့ရင်နဲ့မဆန့်အောင် ခံစား ရတာတွေ များလွန်းတာကြောင့် ဆိုတာကိုပါ ။ အဲလို အချိန်မှာ သူ့ကို စိတ်ရှည်ရှည် နဲ့ချော့ပေး လို က်ပါ။
အဓိကက သင့်ဆီက နွေးထွေးမှုနဲ့ နှစ်သိမ့်မှုတွေကို လိုချင်လို့ ပဲ ဖြစ်ပါတယ် ။
(၂) ဂျီကျတာ
တစ်ခါတလေ သင်က သူမပါပဲ အလုပ်ကိစ္စနဲ့ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ချိန်းထားရင်ပဲဖြစ်ဖြစ် အစက အကောင်း၊ သွားခါနီးကျမှ သင့်ကို မသွားနဲ့ဆိုပြီး ဂျီကျတတ် ပါ သေးတယ် ။
အဲလို အချိန်ဆို သင့်အလုပ်က အရေးကြီးတာ မှန်ပေမယ့် ငါးမိနစ်လောက်သူ့ကို အချိန်ပေးပြီး ချော့မော့ပြောဆို လိုက်ပါ။ အစ ကတည်းက သင့်ကို မသွားစေချင်လို့ မဟုတ်ပဲ သူဟာ သင့်ဘဝရဲ့ အရေးကြီးဆုံးလူ ဖြစ်ချင်လို့ ဆိုတာကို နားလည်ပေးပါ ။
(၃) ဖုန်းမကိုင်တဲ့အခါ
ချစ်သူက ဖုန်းမကိုင်တဲ့ အခါ မိန်းကလေးတွေရဲ့ စိတ်ထဲမှာ ထင်တတ်ကြတာက လူဆိုးတွေများဖမ်းသွားသလား၊ တခြားကောင် မလေးနဲ့များ ရှိနေတာလား ဒါ့အပြင် အဆိုးဆုံးကတော့ သေများသေသွားတာလား လို့ ထင် ကြတာပါပဲ ။
အဲဒါကြောင့် သင့်ချစ်သူက သင့်ကို ဖုန်းတွေ တဂွမ်ဂွမ် ဆက်တဲ့ အခါ အပြစ်မယူပဲနဲ့ တတ်နိုင်သမျှ အမြန်ဖုန်းကိုင်ပေး လိုက်ပါ။ သူ့စိတ်ထဲမှာ အရမ်းကို ပူလောင်ပြီး မနေနိုင် မထိုင်နိုင်ဖြစ်နေ တာကို သင်မသိ လို့ပါ ။
(၄) လှချင်တယ်
သင့်ကောင်မလေးဟာ အေးဆေးတည်ငြိမ်တဲ့ သူပဲဖြစ်ဖြစ်၊ သင့်ထက် ပိုငယ်တာပဲ ဖြစ်ဖြစ်၊ ပိုကြီးတာပဲဖြစ်ဖြစ် သင်သိ ထားရမှာက မိန်းကလေးတိုင်း ကိုယ့်ချစ်သူရဲ့ မျက်လုံးထဲမှာ လှချင်ကြတယ် ဆိုတာပါပဲနော် ။
ဒါကြောင့် တတ်နိုင်သမျှ သင့် ချစ်သူကို လှတယ် လို့ပြောပေးတာ မျိုးပဲဖြစ်ဖြစ်၊ အလှအပနဲ့ ပတ်သက်တဲ့ ချီးကျူး စကားမျိုးကို သူတို့ ကြား ချင်တယ် ဆိုတာ သိထားပေးပါ ။
(၅) တည်ငြိမ်သွားတာ
အချစ်ရေးတစ်ခုမှာ ခါတိုင်းပွတ်သီး ပွတ်သပ် လုပ်နေတတ်တဲ့ သင့်ကောင်မလေးက ဒီရက်ပိုင်းမှာ တည်ငြိမ်အေးစက် နေတယ် ဆိုရင် အဲဒါဟာ သတင်းကောင်း မဟုတ်ပါဘူး ။
သူ့ကို စိတ်ဒဏ် ရာရအောင် သင်လုပ် လိုက်လို့၊ ဒါမှမဟုတ် သင့်ကို သူ စိတ်ပျက်သွားလို့ပါ။ လမ်းခွဲဖို့ အထိတောင် သူပြင်ဆင် ထားတယ် ဆိုတာ သင်သိပါ။ သူ့ကို အရင်ပုံစံ ပြန်မဖြစ်မချင်း ကြိုးစားပြီး ချော့လိုက် ပါ ။
Credit