ကမ္ဘာ့ဖလား ပွဲတွေ ကြည့်ပြီးတော့ ဒိုလေးကို သနားလိုက်၊ နေမာ အတွက် ရင်နာလိုက်၊ ဆွာရက်ဇ်ကြီးကို စိတ်မကောင်း ဖြစ်လိုက်နဲ့ ခံစားနေမိတာ။ ပြီးမှ ကိုယ့်ဘာသာ သေချာ ပြန်စဉ်းစား ကြည့်မိတယ်။ ဟိုကောင်တွေက ဒေါ်လာ သန်းချီ ချမ်းသာတဲ့ သူဌေးတွေ
ချည်းပဲ။ ကမ္ဘာ့ဖလား မရလည်း တစ်သက်လုံး မပူမပင် ဇိမ်နဲ့ နေလို့ရတယ်။ ဒီဖလားကြီးကို သူတို့အတွက် ဂုဏ်ယူ စရာ တစ်ခုအနေနဲ့ လိုချင်တာပဲ ရှိတာ။ မရလည်း ဘာမှ မဖြစ်ဘူး။
ကိုယ်တွေဆီမှာ ခွေးတွေက ပလ္လင်ပေါ် တက်နေလို့ တစ်နိုင်ငံလုံး ဒုက္ခရောက်နေတာ။ ဒီနိုင်ငံမှာ ထမင်း တစ်ရက် စားပြီး နောက်တစ်ရက် ထပ်စားရဖို့ မသေချာတဲ့ သူတွေ၊ ဒီနေ့ အသက်ရှင်နေ သေးပေမယ့် မနက်ဖြန် ထပ်ရှင်ဖို့ မသေချာတဲ့ သူတွေ၊ နေစရာအိမ် ပြာ
ပုံ ဖြစ်သွားလို့ အတိဒုက္ခ ရောက်နေတဲ့ သူတွေမှ ဒုနဲ့ဒေးရယ်။ ဆရာအောင်သင်းရဲ့ ချိုတကူးနဲ့ ဂုဏ်ရည်မတူ ဆောင်းပါး ထဲကလိုပဲ ကိုယ့်ဒုက္ခတွေ ကိုယ်မေ့ပြီး မီလျံနာ သူဌေးတွေရဲ့ ဂုဏ်လုပွဲမှာ မျက်ရည်လေး တစမ်းစမ်းနဲ့ မျောနေမိကြတာ။
ဒါက ဘယ်သူ့ကိုမှ အပြစ် ပြောထားတာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ တွေးပြီး တရားကျ မိတာလေး ရေးထားတာပါ။ ကိုယ်တိုင်တောင် မရှောင်လွှဲနိုင်တဲ့ လူ့သဘာဝ သဘောတရား တစ်ခုပဲ မဟုတ်လားcrd zin thaw naing