သင့္ကို အရမ္းတန္ဖိုးထားၿပီး ဘယ္ေတာ့မွ သစၥာမပ်က္ဘူးဆိုတာ ေဖာ္ျပေနတဲ့ အခ်က္မ်ား
အခ်စ္ေရး ကံေကာင္းတဲ့ဖို႔ဆိုတာ တစ္ခါတစ္ရံမွာ ဆုေတာင္း႐ုံနဲ႔ ျပည့္ခ်င္မွလည္း ျပည့္မွာပါ။
ဒီလို ခ်စ္သူမ်ိဳးကိုသာ ပိုင္ဆိုင္ထားၿပီဆိုရင္ေတာ့ သင္ဟာ ဆုေတာင္းစရာမလိုပဲကို အခ်စ္ေရး ကံေကာင္းသူတစ္ေယာက္ဆိုတာ သိႏိုင္ပါတယ္ေနာ္။
သင္ရဲ႕ ခ်စ္သူက သင့္အေပၚ တန္ဖိုးထား ခ်စ္ခင္တယ္ဆိုတာ ဒီအခ်က္ေတြနဲ႔ သိႏိုင္ပါတယ္။
သင့္အတြက္ အၿမဲစဥ္းစားေပးတတ္တယ္
ခ်စ္သူအခ်င္းခ်င္း တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈရွိရွိ ခ်စ္ေပးဖို႔ဆိုရင္ တစ္ေယာက္အတြက္ တစ္ေယာက္က ထည့္စဥ္းစားေပးတတ္ရပါမယ္။
ကိုယ့္အဆင္ေျပမႈတစ္ခုတည္းကိုပဲ မၾကည့္ပဲ သူ႔ဘက္ကိုယ့္ဘက္ စဥ္းစားေပးတာမ်ိဳးေပါ့။
သင့္ခ်စ္သူက သင့္အတြက္ အၿမဲတမ္း စဥ္းစားေပးတတ္တယ္၊ သင္အဆင္ေျပေအာင္ အၿမဲတမ္း ထည့္ေတြးေပးတတ္ရင္ေတာ့ သူဟာ သင့္အေပၚ တကယ္အေလးအနက္ထားလို႔ပဲ ျဖစ္ပါတယ္။
သင့္ကို အံ့ၾသသြားေအာင္ အၿမဲလုပ္ႏိုင္တယ္။
သူ႔ရဲ႕ အျပဳအမူေတြ၊ လူေတြေရွ႕မွာ သင့္ကို ဆက္ဆံပုံေတြနဲ႔ သူ႔ရဲ႕ ဂ႐ုစိုက္မႈေတြက အၿမဲတမ္း အံ့ၾသရေစပါတယ္။
သင့္အေပၚ ေႏြးေထြးတတ္မႈ၊ ၾကင္နာတတ္မႈနဲ႔ ခ်စ္ျခင္းေတြ၊ တစ္ခါတစ္ေလ အေၾကာင္းျပခ်က္မရွိ သင္ေပ်ာ္႐ႊင္ေအာင္ လုပ္ေပးတတ္တာေလးေတြက သူ သင့္အေပၚ တကယ္ခ်စ္ျမတ္ႏိုး လို႔ပဲ ျဖစ္ပါတယ္ေနာ္။
သင္နဲ႔ ပတ္သက္လာရင္ အားလုံးကို အေလးထားတယ္
သင္တို႔ႏွစ္ေယာက္ရဲ႕ ႏွစ္ပတ္လည္ေန႔ေတြ၊ သင့္ေမြးေန႔ေတြနဲ႔ တစ္ျခားေသာ ထူးျခားတဲ့ ေန႔ေလးေတြကို ဘယ္ေတာ့မွ မေမ့တတ္ပါဘူး။
သင္နဲ႔ ပတ္သက္သမွ်ေတြကို အေလးအနက္ ထားတတ္သလို အၿမဲတမ္းလည္း အဲလိုေန႔ေတြမွာ တစ္ခုခုလုပ္ေပးတတ္ပါတယ္။ ဒါက သူ႔ရဲ႕ေလးနက္ျခင္းေတြကို ေဖာ္ျပေနတာပါ။
သူ႔ရဲ႕အနာဂတ္ေတြမွာ သင္ပါေနတယ္
ကိုယ့္ဘဝရဲ႕ ေရွ႕ဆက္ေလွ်ာက္ရမယ့္ အနာဂတ္ခရီးစဥ္မွာ ကိုယ္တကယ္ခ်စ္ၿပီး တန္ဖိုးထားတဲ့ သူနဲ႔ပဲ ေလွ်ာက္လွမ္းခ်င္ၾကတာ သဘာဝပါ။
ဒီလို သူ႔ရဲ႕ အနာဂတ္ေတြမွာ သင္ေသခ်ာေပါက္ ပါေနၿပီး သူ႔ဆီမွာ သင္နဲ႔အတူ အမွတ္တရေတြ ဖန္တီးဖို႔ အနာဂတ္အစီအစဥ္ေတြ အမ်ားႀကီး ရွိေနပါတယ္။
ဒါက သူ သင့္အေပၚ ထားတဲ့ တန္ဖိုးထား သစၥာရွိမႈေတြပါပဲ။
Credit Aunty May
Unicode,
သင့်ကို သူ အရမ်းတန်ဖိုးထားပြီး ဘယ်တော့မှ သစ္စာမပျက်ဘူးဆိုတာ ဖော်ပြနေတဲ့ အချက်များ
အချစ်ရေး ကံကောင်းတဲ့ဖို့ဆိုတာ တစ်ခါတစ်ရံမှာ ဆုတောင်းရုံနဲ့ ပြည့်ချင်မှလည်း ပြည့်မှာပါ။
ဒီလို ချစ်သူမျိုးကိုသာ ပိုင်ဆိုင်ထားပြီဆိုရင်တော့ သင်ဟာ ဆုတောင်းစရာမလိုပဲကို အချစ်ရေး ကံကောင်းသူတစ်ယောက်ဆိုတာ သိနိုင်ပါတယ်နော်။
သင်ရဲ့ ချစ်သူက သင့်အပေါ် တန်ဖိုးထား ချစ်ခင်တယ်ဆိုတာ ဒီအချက်တွေနဲ့ သိနိုင်ပါတယ်။
သင့်အတွက် အမြဲစဉ်းစားပေးတတ်တယ်
ချစ်သူအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရှိ ချစ်ပေးဖို့ဆိုရင် တစ်ယောက်အတွက် တစ်ယောက်က ထည့်စဉ်းစားပေးတတ်ရပါမယ်။
ကိုယ့်အဆင်ပြေမှုတစ်ခုတည်းကိုပဲ မကြည့်ပဲ သူ့ဘက်ကိုယ့်ဘက် စဉ်းစားပေးတာမျိုးပေါ့။
သင့်ချစ်သူက သင့်အတွက် အမြဲတမ်း စဉ်းစားပေးတတ်တယ်၊ သင်အဆင်ပြေအောင် အမြဲတမ်း ထည့်တွေးပေးတတ်ရင်တော့ သူဟာ သင့်အပေါ် တကယ်အလေးအနက်ထားလို့ပဲ ဖြစ်ပါတယ်။
သင့်ကို အံ့သြသွားအောင် အမြဲလုပ်နိုင်တယ်
သူ့ရဲ့ အပြုအမူတွေ၊ လူတွေရှေ့မှာ သင့်ကို ဆက်ဆံပုံတွေနဲ့ သူ့ရဲ့ ဂရုစိုက်မှုတွေက အမြဲတမ်း အံ့သြရစေပါတယ်။
သင့်အပေါ် နွေးထွေးတတ်မှု၊ ကြင်နာတတ်မှုနဲ့ ချစ်ခြင်းတွေ၊ တစ်ခါတစ်လေ အကြောင်းပြချက်မရှိ သင်ပျော်ရွှင်အောင် လုပ်ပေးတတ်တာလေးတွေက သူ သင့်အပေါ် တကယ်ချစ်မြတ်နိုး လို့ပဲ ဖြစ်ပါတယ်နော်။
သင်နဲ့ ပတ်သက်လာရင် အားလုံးကို အလေးထားတယ်
သင်တို့နှစ်ယောက်ရဲ့ နှစ်ပတ်လည်နေ့တွေ၊ သင့်မွေးနေ့တွေနဲ့ တစ်ခြားသော ထူးခြားတဲ့ နေ့လေးတွေကို ဘယ်တော့မှ မမေ့တတ်ပါဘူး။
သင်နဲ့ ပတ်သက်သမျှတွေကို အလေးအနက် ထားတတ်သလို အမြဲတမ်းလည်း အဲလိုနေ့တွေမှာ တစ်ခုခုလုပ်ပေးတတ်ပါတယ်။ ဒါက သူ့ရဲ့လေးနက်ခြင်းတွေကို ဖော်ပြနေတာပါ။
သူ့ရဲ့အနာဂတ်တွေမှာ သင်ပါနေတယ်
ကိုယ့်ဘဝရဲ့ ရှေ့ဆက်လျှောက်ရမယ့် အနာဂတ်ခရီးစဉ်မှာ ကိုယ်တကယ်ချစ်ပြီး တန်ဖိုးထားတဲ့ သူနဲ့ပဲ လျှောက်လှမ်းချင်ကြတာ သဘာဝပါ။
ဒီလို သူ့ရဲ့ အနာဂတ်တွေမှာ သင်သေချာပေါက် ပါနေပြီး သူ့ဆီမှာ သင်နဲ့အတူ အမှတ်တရတွေ ဖန်တီးဖို့ အနာဂတ်အစီအစဉ်တွေ အများကြီး ရှိနေပါတယ်။
ဒါက သူ သင့်အပေါ် ထားတဲ့ တန်ဖိုးထား သစ္စာရှိမှုတွေပါပဲ။
Credit Aunty May