ယခုလာမည့္2021 အဂၤလိပ္ႏွစ္ဆန္း၁ရက္ေန႔၏ ထူးျခားခ်က္
ဒီဇင္ဘာလအကုန္ New Year အစ အဂၤလိပ္ႏွစ္ဆန္း ၁ ရက္ေန႔ျဖစ္တဲ့ 1.1 2021 ေန႔ဟာ ေသာၾကာေန႔က်ပါသည္
ေသာၾကာဆိုတာ အေအးဓာတ္ကိုေဆာင္ပါတယ္ ေသာၾကာၿဂိဳလ္တိုင္ဟာ ပူးမင္း ျဖစ္ၿပီး ေအးခ်မ္း တိတ္ဆိတ္ျခင္းကို လိုလားတဲ့ အေကာင္ေလးပါ
ေသာၾကာသားသမီးေတြဟာ ေအးေအးခ်မ္းခ်မ္းေနတတ္သူေတြျဖစ္သလို ထူးခၽြန္ထက္ျမက္ ခ်မ္းသာၾကသူေတြလဲ မ်ားပါတယ္
၂၀၂၁ ရဲ့ တႏွစ္တာလုံးဟာ လူသားအားလုံးအတြက္ ေအးခ်မ္း ေအာင္ျမင္မွုေတြ ျပည့္မယ္ဆိုတဲ့ နမိတ္ပါ
၂၀၂၀ မွာ Covid ေၾကာင့္ ပူေလာင္ခဲ့ရတာေတြဟာ ၂၀၂၁ မွာ အားလုံးၿပီးဆုံးေအးခ်မ္းၾကမဲ့ သေဘာပါ
ႏွစ္ဆန္း ၁ ရက္ေန႔ဟာ စေနေန႔က်တာ ဟာ ေဗဒင္နမိတ္အရမေကာင္းပါဘူး
၂၀၂၁ ႏွစ္ဆန္း ၁ ရက္ကေတာ့ ေသာၾကာျဖစ္လို့ ကံေကာင္းတယ္လို့ ဆိုရမွာပါ
အဲေန႔ဟာ ေသာၾကာေန႔ျဖစ္သလို ရက္ရာဇာလဲ က်ပါတယ္ မေကာင္းေသာရက္ ဝါရမိတၱဴ ရက္လဲ လြတ္ပါတယ္
၂၀၂၀ ႏွစ္ဆန္း ၁ ရက္ေနတုန္းကေတာ့ ျပႆဒါးရက္ က်ခဲ့ပါတယ္
၂၀၂၁ တႏွစ္လုံးမွာ သင့္အတြက္ သင့္မိသားစု အတြက္ ကံေကာင္းျခင္း ေအးခ်မ္းျခင္း ေအာင္ျမင္ျခင္းေတြ ကို ယူေဆာင္လာေပးဖို့အတြက္ ယၾတာေလးတခုေပးပါမယ္
ယုံၾကည္တဲ့သူေတြ အတြက္ပါ ၉ နဝင္း ယၾတာေလးပါပဲ
– January လ ၁ရက္ ေသာၾကာေန႔ အဲေန႔မနက္ ၉ နာရီတိတိ အခ်ိန္မွာ အိမ္က ဘုရားမွာ သို့မဟုတ္ ၿဂိဳလ္တိုင္ေတြရွိတဲ့ ဘုရားမွာ ဆိုရင္ ေသာၾကာၿဂိဳလ္ေထာင့္မွာ
-သေျပ ၉ ညႊန္႔
-သစ္သီး ၉ မ်ိဳး( ဘုရားကိုကပ္လွူသည့္အခါ သစ္သီးမ်ားကို ခြဲျခမ္းစိပ္ျဖာၿပီး စားနိုင္ယုံ အစိပ္ေလးမ်ားျဖင့္သာ ပူေဇာ္လွူဒါန္းရပါသည္)
-ေသာက္ေတာ္ေရ ၉ ခြက္ကပ္လွူ ပူေဇာ္ၿပီး
-ေမတၱာသုတ္ ( ေသာၾကာၿဂိဳလ္သက္အရ ေမတၱာသုတ္ ၂၁ႀကိမ္ ရြတ္ဖတ္ပူေဇာ္ပါမည္)
-ရတနသုတ္
-ေဗာဇၩဂၤသုတ္
-ဂုဏ္ေတာ္ကြန္ခ်ာ
-ဇယစေကၠာ ေအာင္ျမင္ျခင္းဂါထာ ေတြ ကို မိမိႏွစ္သက္သေလာက္ အေခါက္ေရ နဲ႔ ရြတ္ဖတ္ပူေဆာ္ၿပီး
-အရဟံ ဂုဏ္ေတာ္ကို ၁၀၈ လုံး ပုတီး ၁၀ပါတ္စိတ္ပါ ။
ၿပီးရင္ ေသာက္ေတာ္ေရ ကို ေသာၾကာၿဂိဳလ္ေဒါင့္ ေျမာက္အရပ္ရွိသစ္ပင္ေျခရင္းမွာစြန္႔ပါ(ေသာၾကာနံ အပင္ဆို ပိုေကာင္းပါတယ္ )
ၿဂိဳလ္တိုင္ရွိတဲ့ ဘုရားမွာဆိုရင္ ေသာက္ေတာ္ေရကို ၿဂိဳလ္တိုင္ေျခမွာပဲ သြန္ပါ
ေလာကဓာတ္ႀကီး တခုလုံးကို ေမတၱာပို့ပါ လိုရာဆုေတာင္းပါ
သစ္သီးေတြကို မိမိအိမ္နီးနားခ်င္း (သို့မဟုတ္)ဆင္းရဲနိမ့္က်သူေတြကို ေပးကမ္းပါ
သေျပပန္းကို ဘုရားမွာကပ္လွူထားခဲ့ပါ
2021 ႏွစ္သစ္ကူး ကုသိုလ္ယူျခင္းကို သင့္မိသားစုတြင္ ေသာၾကာသားသမီးရွိပါက ထိုသူႏွင့္အတူ ကုသိုလ္အတူယူၾကရင္ ပို၍ ေကာင္းမြန္ပါတယ္ (ျဖစ္နိုင္လၽွင္ အိမ္ရွိလူကုန္ ႏွစ္သစ္ကူး ကုသိုလ္ျဖင့္ ႏွစ္သစ္ကိုအစျပဳျခင္းဟာ သိပ္ကိုမဂၤလာရွိၿပီး တစ္ႏွစ္တာလုံး ကံေကာင္ျခင္းေတြ ပိုင္ဆိုင္ရပါလိမ့္မယ္)
2021 ႏွစ္သစ္မွ စ၍ ကံေကာင္းျခင္းမ်ား ယူေဆာင္လာနိုင္ပါေစ
(ဘုရားယၾတာကို ယုံၾကည္သူမ်ား ႏွစ္ဆန္း ၁ ရက္ေန႔မွာ မေမ့သြားဖို့အတြက္ မိမိ Wall မွာ share ထား သိမ္းထား နိုင္ပါတယ္ ရွင္)
#crd Post by Ma May
unicode
ယခုလာမည့်2021 အင်္ဂလိပ်နှစ်ဆန်း၁ရက်နေ့၏ ထူးခြားချက်
ဒီဇင်ဘာလအကုန် New Year အစ အင်္ဂလိပ်နှစ်ဆန်း ၁ ရက်နေ့ဖြစ်တဲ့ 1.1 2021 နေ့ဟာ သောကြာနေ့ကျပါသည်
သောကြာဆိုတာ အအေးဓာတ်ကိုဆောင်ပါတယ် သောကြာဂြိုလ်တိုင်ဟာ ပူးမင်း ဖြစ်ပြီး အေးချမ်း တိတ်ဆိတ်ခြင်းကို လိုလားတဲ့ အကောင်လေးပါ
သောကြာသားသမီးတွေဟာ အေးအေးချမ်းချမ်းနေတတ်သူတွေဖြစ်သလို ထူးချွန်ထက်မြက် ချမ်းသာကြသူတွေလဲ များပါတယ်
၂၀၂၁ ရဲ့ တနှစ်တာလုံးဟာ လူသားအားလုံးအတွက် အေးချမ်း အောင်မြင်မှုတွေ ပြည့်မယ်ဆိုတဲ့ နမိတ်ပါ
၂၀၂၀ မှာ Covid ကြောင့် ပူလောင်ခဲ့ရတာတွေဟာ ၂၀၂၁ မှာ အားလုံးပြီးဆုံးအေးချမ်းကြမဲ့ သဘောပါ
နှစ်ဆန်း ၁ ရက်နေ့ဟာ စနေနေ့ကျတာ ဟာ ဗေဒင်နမိတ်အရမကောင်းပါဘူး
၂၀၂၁ နှစ်ဆန်း ၁ ရက်ကတော့ သောကြာဖြစ်လို့ ကံကောင်းတယ်လို့ ဆိုရမှာပါ
အဲနေ့ဟာ သောကြာနေ့ဖြစ်သလို ရက်ရာဇာလဲ ကျပါတယ် မကောင်းသောရက် ဝါရမိတ္တူ ရက်လဲ လွတ်ပါတယ်
၂၀၂၀ နှစ်ဆန်း ၁ ရက်နေတုန်းကတော့ ပြဿဒါးရက် ကျခဲ့ပါတယ်
၂၀၂၁ တနှစ်လုံးမှာ သင့်အတွက် သင့်မိသားစု အတွက် ကံကောင်းခြင်း အေးချမ်းခြင်း အောင်မြင်ခြင်းတွေ ကို ယူဆောင်လာပေးဖို့အတွက် ယတြာလေးတခုပေးပါမယ်
ယုံကြည်တဲ့သူတွေ အတွက်ပါ ၉ နဝင်း ယတြာလေးပါပဲ
– January လ ၁ရက် သောကြာနေ့ အဲနေ့မနက် ၉ နာရီတိတိ အချိန်မှာ အိမ်က ဘုရားမှာ သို့မဟုတ် ဂြိုလ်တိုင်တွေရှိတဲ့ ဘုရားမှာ ဆိုရင် သောကြာဂြိုလ်ထောင့်မှာ
-သပြေ ၉ ညွှန့်
-သစ်သီး ၉ မျိုး( ဘုရားကိုကပ်လှူသည့်အခါ သစ်သီးများကို ခွဲခြမ်းစိပ်ဖြာပြီး စားနိုင်ယုံ အစိပ်လေးများဖြင့်သာ ပူဇော်လှူဒါန်းရပါသည်)
-သောက်တော်ရေ ၉ ခွက်ကပ်လှူ ပူဇော်ပြီး
-မေတ္တာသုတ် ( သောကြာဂြိုလ်သက်အရ မေတ္တာသုတ် ၂၁ကြိမ် ရွတ်ဖတ်ပူဇော်ပါမည်)
-ရတနသုတ်
-ဗောဇ္ဈင်္ဂသုတ်
-ဂုဏ်တော်ကွန်ချာ
-ဇယစက္ကော အောင်မြင်ခြင်းဂါထာ တွေ ကို မိမိနှစ်သက်သလောက် အခေါက်ရေ နဲ့ ရွတ်ဖတ်ပူဆော်ပြီး
-အရဟံ ဂုဏ်တော်ကို ၁၀၈ လုံး ပုတီး ၁ဝပါတ်စိတ်ပါ ။
ပြီးရင် သောက်တော်ရေ ကို သောကြာဂြိုလ်ဒေါင့် မြောက်အရပ်ရှိသစ်ပင်ခြေရင်းမှာစွန့်ပါ(သောကြာနံ အပင်ဆို ပိုကောင်းပါတယ် )
ဂြိုလ်တိုင်ရှိတဲ့ ဘုရားမှာဆိုရင် သောက်တော်ရေကို ဂြိုလ်တိုင်ခြေမှာပဲ သွန်ပါ
လောကဓာတ်ကြီး တခုလုံးကို မေတ္တာပို့ပါ လိုရာဆုတောင်းပါ
သစ်သီးတွေကို မိမိအိမ်နီးနားချင်း (သို့မဟုတ်)ဆင်းရဲနိမ့်ကျသူတွေကို ပေးကမ်းပါ
သပြေပန်းကို ဘုရားမှာကပ်လှူထားခဲ့ပါ
2021 နှစ်သစ်ကူး ကုသိုလ်ယူခြင်းကို သင့်မိသားစုတွင် သောကြာသားသမီးရှိပါက ထိုသူနှင့်အတူ ကုသိုလ်အတူယူကြရင် ပို၍ ကောင်းမွန်ပါတယ် (ဖြစ်နိုင်လျှင် အိမ်ရှိလူကုန် နှစ်သစ်ကူး ကုသိုလ်ဖြင့် နှစ်သစ်ကိုအစပြုခြင်းဟာ သိပ်ကိုမင်္ဂလာရှိပြီး တစ်နှစ်တာလုံး ကံကောင်ခြင်းတွေ ပိုင်ဆိုင်ရပါလိမ့်မယ်)
2021 နှစ်သစ်မှ စ၍ ကံကောင်းခြင်းများ ယူဆောင်လာနိုင်ပါစေ
(ဘုရားယတြာကို ယုံကြည်သူများ နှစ်ဆန်း ၁ ရက်နေ့မှာ မမေ့သွားဖို့အတွက် မိမိ Wall မှာ share ထား သိမ်းထား နိုင်ပါတယ် ရှင်)
#crd Post by Ma May