ၾကားသိရသမွ်

သင့်နှုတ်ခမ်းပုံစံကပြောတဲ့ သင့်ရဲ့ ပင်ကိုစရိုက် လက္ခဏာများ

သင့္ႏႈတ္ခမ္းပုံစံကေျပာတဲ့ သင့္ရဲ့ပင္ကိုစရိုက္လကၡဏာမ်ား

လူေတြ က အလွအပနဲ႔ ပတ္သက္ရင္ ဘယ္ေတာ့မွ ကိုယ့္ကိုယ္ကို စိတ္တိုင္း မက်ပါဘူး။

လွၿပီးရင္း လွခ်င္တာပါပဲ။ ဒါေပမယ့္ ကိုယ့္ကိုယ္ကို လွတယ္လို႔ပဲ ထင္ၾကပါတယ္။

မ်က္ႏွာသြင္ျပင္ကလည္း ပင္ကိုစရိုက္ကို ေဖာ္ျပနိုင္သလို ႏႈတ္ခမ္းကလည္း သင့္ရဲ့ ပင္ကိုစရိုက္ကို ေဖာ္ျပေပးနိုင္ပါတယ္။

၁။ ႀကီးမားေသာ ႏႈတ္ခမ္းဖူးဖူး

ႏႈတ္ခမ္း ဖူးဖူးေလး ဆိုရင္ေတာ့ အရင္ဆုံး ေျပးျမင္မိတာက Angelina Jolie ပါပဲ။ ဒီႏႈတ္ခမ္းပုံစံက အေတာ္ကို လွပါတယ္။

ႀကီးမားတဲ့ ႏႈတ္ခမ္း ဖူးဖူးေတြကို ပိုင္ဆိုင္တဲ့သူကေတာ့ ၾကင္နာတတ္သူ၊ ရက္ေရာၿပီး ေစတနာေကာင္းသူ၊

စာနာတတ္သူ ျဖစ္တယ္ ဘယ္ေလာက္ ၾကင္နာတတ္သူလဲ ဆိုရင္ ေၾကာင္ေလးေတြကို

ျမင္ရင္ေတာင္ ခ်စ္ေနတတ္သူပါ။ အလႉ လုပ္ရတာကို ဝါသနာ ပါသူလည္း ျဖစ္တယ္…။

၂။ အေပၚႏႈတ္ခမ္းက ေအာက္ႏႈတ္ခမ္းထက္ ႀကီးသူ

ဒီလို ႏႈတ္ခမ္းပိုင္ရွင္က ေပ်ာ္ေပ်ာ္ေနတတ္ၿပီး စိတ္ထိခိုက္လည္း လြယ္ပါတယ္။

နည္းနည္းေတာ့တစ္ကိုယ္ေကာင္း ဆန္ၿပီး ထင္ေပၚ ေက်ာ္ၾကားသူလည္း ျဖစ္တယ္။

၃။ ေအာက္ႏႈတ္ခမ္းက အေပၚႏႈတ္ခမ္းထက္ ႀကီးသူ

ဒီလို ႏႈတ္ခမ္းပိုင္ရွင္ေတြက စိတ္ေကာက္ေနတဲ့ ကေလးေတြရဲ့ ႏႈတ္ခမ္း လိုပါပဲ။ သူတို႔က ေပ်ာ္ရႊင္ေစနိုင္မယ့္

နည္းလမ္းေလးေတြကို သိၿပီး ဘဝကို အေကာင္းဆုံး ျဖစ္ေအာင္ ႀကိဳးစားတတ္သူျဖစ္ပါတယ္။

ပြင့္ပြင့္လင္းလင္း ေျပာဆိုတတ္ၿပီး စြန႔္စား သြားလာရတာကို ႀကိဳက္ႏွစ္သက္သူ၊ စိတ္ဓာတ္ျပင္းျပသူ ျဖစ္တယ္။

၄။ ပုံမွန္ ႏႈတ္ခမ္း

ပုံမွန္ႏႈတ္ခမ္း ပိုင္ရွင္ေတြက ဆြဲေဆာင္မႈ ရွိပါတယ္။ စိတ္ေန စိတ္ထားကလဲ ရိုးေျဖာင့္ပါတယ္။

လူတိုင္းနဲ႔လည္း သဟဇာတျဖစ္ေအာင္ ေနတတ္သူပါ။ မိတ္ေဆြေကာင္း ပီသသူ၊ နားေထာင္တတ္သူ၊

ကူညီသူလည္း ျဖစ္တယ္။ တျခား သူေတြအတြက္ အခ်ိန္ကုန္ရမွာကို မႏွေျမာတတ္သူပါ။

၅။ ႏႈတ္ခမ္းပါးေလး

ႏႈတ္ခမ္းပါး ပိုင္ရွင္ေလးေတြက ဘယ္ျပသနာကို မဆို တာဝန္ယူ ေျဖရွင္းတတ္ၿပီး ကိုယ့္ကိုယ္ကိုယုံၾကည္မႈ ရွိသူပါ။

ခင္မင္တဲ့ လူနည္းစုေလာက္နဲ႔ပဲ ေနထိုင္ရတာကို ေပ်ာ္ရႊင္တတ္သူလည္း ျဖစ္တယ္။

၆။ ေသးငယ္ေသာ ႏႈတ္ခမ္းဖူးဖူးေလး

ေသးငယ္တဲ့ ႏႈတ္ခမ္းေလးကို ပိုင္ဆိုင္တဲ့သူေတြက အျမဲအနစ္နာခံသူ ေတြပါ။ တျခားသူေတြရဲ့ဆႏၵကို

အျမဲ ဦးစားေပးသူပါ။ စည္းကမ္း ႀကီးသူလည္း ျဖစ္ပါတယ္။ အလုပ္ကို ႀကိဳးစားၿပီး

ျပသနာမျဖစ္ေအာင္ ေအးေအးေဆးေဆး ေနတတ္ၾကပါတယ္

Unicode

သင့်နှုတ်ခမ်းပုံစံကပြောတဲ့ သင့်ရဲ့ပင်ကိုစရိုက်လက္ခဏာများ

လူတွေ က အလှအပနဲ့ ပတ်သက်ရင် ဘယ်တော့မှ ကိုယ့်ကိုယ်ကို စိတ်တိုင်း မကျပါဘူး။

လှပြီးရင်း လှချင်တာပါပဲ။ ဒါပေမယ့် ကိုယ့်ကိုယ်ကို လှတယ်လို့ပဲ ထင်ကြပါတယ်။

မျက်နှာသွင်ပြင်ကလည်း ပင်ကိုစရိုက်ကို ဖော်ပြနိုင်သလို နှုတ်ခမ်းကလည်း သင့်ရဲ့ ပင်ကိုစရိုက်ကို ဖော်ပြပေးနိုင်ပါတယ်။

၁။ ကြီးမားသော နှုတ်ခမ်းဖူးဖူး

နှုတ်ခမ်း ဖူးဖူးလေး ဆိုရင်တော့ အရင်ဆုံး ပြေးမြင်မိတာက Angelina Jolie ပါပဲ။ ဒီနှုတ်ခမ်းပုံစံက အတော်ကို လှပါတယ်။

ကြီးမားတဲ့ နှုတ်ခမ်း ဖူးဖူးတွေကို ပိုင်ဆိုင်တဲ့သူကတော့ ကြင်နာတတ်သူ၊ ရက်ရောပြီး စေတနာကောင်းသူ၊

စာနာတတ်သူ ဖြစ်တယ် ဘယ်လောက် ကြင်နာတတ်သူလဲ ဆိုရင် ကြောင်လေးတွေကို

မြင်ရင်တောင် ချစ်နေတတ်သူပါ။ အလှူ လုပ်ရတာကို ဝါသနာ ပါသူလည်း ဖြစ်တယ်…။

၂။ အပေါ်နှုတ်ခမ်းက အောက်နှုတ်ခမ်းထက် ကြီးသူ

ဒီလို နှုတ်ခမ်းပိုင်ရှင်က ပျော်ပျော်နေတတ်ပြီး စိတ်ထိခိုက်လည်း လွယ်ပါတယ်။

နည်းနည်းတော့တစ်ကိုယ်ကောင်း ဆန်ပြီး ထင်ပေါ် ကျော်ကြားသူလည်း ဖြစ်တယ်။

၃။ အောက်နှုတ်ခမ်းက အပေါ်နှုတ်ခမ်းထက် ကြီးသူ

ဒီလို နှုတ်ခမ်းပိုင်ရှင်တွေက စိတ်ကောက်နေတဲ့ ကလေးတွေရဲ့ နှုတ်ခမ်း လိုပါပဲ။ သူတို့က ပျော်ရွှင်စေနိုင်မယ့်

နည်းလမ်းလေးတွေကို သိပြီး ဘဝကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားတတ်သူဖြစ်ပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ပြီး စွန့်စား သွားလာရတာကို ကြိုက်နှစ်သက်သူ၊ စိတ်ဓာတ်ပြင်းပြသူ ဖြစ်တယ်။

၄။ ပုံမှန် နှုတ်ခမ်း

ပုံမှန်နှုတ်ခမ်း ပိုင်ရှင်တွေက ဆွဲဆောင်မှု ရှိပါတယ်။ စိတ်နေ စိတ်ထားကလဲ ရိုးဖြောင့်ပါတယ်။

လူတိုင်းနဲ့လည်း သဟဇာတဖြစ်အောင် နေတတ်သူပါ။ မိတ်ဆွေကောင်း ပီသသူ၊ နားထောင်တတ်သူ၊

ကူညီသူလည်း ဖြစ်တယ်။ တခြား သူတွေအတွက် အချိန်ကုန်ရမှာကို မနှမြောတတ်သူပါ။

၅။ နှုတ်ခမ်းပါးလေး

နှုတ်ခမ်းပါး ပိုင်ရှင်လေးတွေက ဘယ်ပြသနာကို မဆို တာဝန်ယူ ဖြေရှင်းတတ်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှု ရှိသူပါ။

ခင်မင်တဲ့ လူနည်းစုလောက်နဲ့ပဲ နေထိုင်ရတာကို ပျော်ရွှင်တတ်သူလည်း ဖြစ်တယ်။

၆။ သေးငယ်သော နှုတ်ခမ်းဖူးဖူးလေး

သေးငယ်တဲ့ နှုတ်ခမ်းလေးကို ပိုင်ဆိုင်တဲ့သူတွေက အမြဲအနစ်နာခံသူ တွေပါ။ တခြားသူတွေရဲ့ဆန္ဒကို

အမြဲ ဦးစားပေးသူပါ။ စည်းကမ်း ကြီးသူလည်း ဖြစ်ပါတယ်။ အလုပ်ကို ကြိုးစားပြီး

ပြသနာမဖြစ်အောင် အေးအေးဆေးဆေး နေတတ်ကြပါတယ်