“လြတ္လပ္တဲ့သူဟာ မႂကြားေတာ့ဘူး”
မ်က္မွန္ကို ဒီေန႔မွ စတပ္တဲ့သူဟာသူ႔ႏွာေခါင္းေပၚမွာ မ်က္မွန္ရွိေနတာကိုအခ်ိန္ျပည့္ သတိထားမိေနတယ္။
ေနရတာ မလြတ္လပ္ဘူး။ ခဏခဏ မ်က္မွန္ကို ခြၽတ္ၾကည့္တယ္။ တပ္ၾကည့္တယ္။ မ်က္မွန္ကို မၾကာမၾကာ အဝတ္နဲ႔သုတ္တယ္။
ဒါေပမယ့္ မ်က္မွန္တပ္တာ ၾကာသြားတဲ့အခါ မ်က္မွန္တပ္ထားမွန္း မသိေတာ့ဘူး။မ်က္မွန္ဟာ ကိုယ့္မ်က္ႏွာရဲ႕အစိတ္အပိုင္း
တစ္ခုလို ျဖစ္သြားၿပီ။ မ်က္မွန္တပ္ထားတယ္ ဆိုတာကို ေမ့ထားလို႔ရသြားၿပီ။
စိတ္ေကာင္းရွိတဲ့သူ ေစတနာေကာင္းတဲ့သူဟာ သူ႔ကိုယ့္သူ “ငါ စိတ္ေကာင္းရွိတယ္ ငါ ေစတနာ ေကာင္းတယ္”လို႔ မေတြးေတာ့ဘူး။
အဲဒီလို ေတြးေနေသးတယ္ဆိုရင္စိတ္ေကာင္း တကယ္မရွိေသးဘူး။စိတ္ေကာင္းရွိဖို႔ ႀကိဳးစားေနတဲ့ အဆင့္မွာပဲ ရွိေသးတယ္။ လုပ္ယူေနရတဲ့အဆင့္မွာပဲ ရွိေသးတယ္။
စိတ္ေကာင္းရွိတာဟာသူ႔ပင္ကိုယ္သဘာဝ မျဖစ္ေသးဘူး။တကယ္ စိတ္ေကာင္းရွိတဲ့သူ ျဖစ္သြားတဲ့အခါ သူစိတ္ေကာင္းရွိတာကို သူေမ့ထားလိုက္ၿပီ။ မေတြးေတာ့ဘူး။အဲဒီအခါမွာမွ သူဟာ တကယ္ စိတ္ေကာင္းရွိတဲ့သူ ျဖစ္သြားၿပီ။
ခြင့္လႊတ္တတ္တဲ့သူဟာ ခြင့္လႊတ္ၿပီးသား ျဖစ္ေနတယ္။ “ငါ ခြင့္လႊတ္လိုက္တယ္”လို႔ မေတြးဘူး။”ငါ ခြင့္လႊတ္တယ္ ငါခြင့္လႊတ္တယ္”လို႔ ခဏခဏ ေတြးေနရင္ ဘယ္လို အဓိပၸာယ္ ေပါက္သလဲ။ခြင့္မလႊတ္ႏိုင္ေသးဘူးလို႔ အဓိပၸာယ္ေပါက္တယ္။ ခြင့္လႊတ္ဖို႔ ႀကိဳးစားေနတယ္။
ခြင့္လႊတ္လိုက္မယ္လို႔ေတာင္ မေတြးေတာ့တဲ့ အခ်ိန္မွာ တကယ္ခြင့္လႊတ္ႏိုင္ၿပီ။
ေရာင့္ရဲတဲ့သူဟာ ေရာင့္ရဲတယ္။ ဒါေပမယ့္”ငါက ရတာနဲ႔ေရာင့္ရဲတယ္”လို႔ မေတြးဘူး။ကိုယ္ ေရာင့္ရဲေၾကာင္းကို သူမ်ားကို မေျပာေတာ့ဘူး။ငါက ေရာင့္ရဲတယ္လို႔ မၾကာခဏေျပာေနရင္ တကယ္ေရာင့္ရဲတာ မဟုတ္ေသးဘူး။
ေရာင့္ရဲတယ္ဆိုတဲ့ ဂုဏ္ကို လိုခ်င္ေနေသးတယ္ ကိုယ့္ကို ေရာင့္ရဲတဲ့သူလို႔ အမ်ားျမင္ေအာင္ သိေအာင္ လုပ္ေနတယ္။အဲဒီလိုဂုဏ္ကို လိုခ်င္ေနေသးတာကိုက မေရာင့္ရဲေသးလို႔ပဲ။
အဲဒီလိုပဲ ဥပုသ္ေစာင့္တယ္၊ တရားအားထုတ္တယ္။အဲဒါကို လူေတြသိေအာင္ ေျပာေနတယ္ဆိုရင္ မလုပ္ခင္ကတည္းက လူသိေစခ်င္တဲ့ဆႏၵ ရွိေနတယ္။အဲဒီလို ဆႏၵရွိေနရင္ ေစတနာမမွန္ေသးဘူး။ အတၱစိတ္က လႊမ္းမိုးထားတုန္းပဲ။ အတၱစိတ္က လုပ္ေနတယ္။
ငါက သူမ်ားထက္ ပိုလုပ္ႏိုင္တယ္ဆိုတဲ့ မာနစိတ္က လႊမ္းမိုးေနေသးတယ္။
အတၱစိတ္, မာနစိတ္တို႔ မရွိေတာ့ရင္ လုပ္ခ်င္တဲ့ဆႏၵရွိလို႔ လုပ္လိုက္တယ္။ အဲဒီအေၾကာင္းကို မေျပာေတာ့ဘူး။
ေမးရင္ေတာင္ လိုတာထက္ ပိုမေျပာဘူး။ တိုတိုနဲ႔လိုရင္းပဲ ေျပာမယ္။စားႏိုင္တာ ဂုဏ္တစ္ခု မဟုတ္သလို မစားဘဲေနႏိုင္တာလည္း ဂုဏ္တစ္ခု မဟုတ္ပါဘူး။
တစ္ခ်ိဳ႕က စားႏိုင္တာကို ႂကြားတယ္။တစ္ခ်ိဳ႕က မစားဘဲေနႏိုင္တာကို ႂကြားတယ္။ ႏွစ္ဦးစလုံးဟာ မလြတ္လပ္တဲ့သူေတြပဲ။
အေပ်ာ္အပါးေတြကို မ်ားမ်ားခံစားတဲ့သူကသူ ခံစားႏိုင္တာကို ႂကြားတယ္။အေပ်ာ္အပါးေတြကို မခံစားတဲ့သူကသူ မခံစားတတ္တဲ့အေၾကာင္းကို ႂကြားတယ္။ႏွစ္ဦးစလုံးရဲ႕စိတ္ဟာ သဘာဝခ်င္းတူတူပဲ။ ႂကြားတာဟာ မလြတ္လပ္တာပဲ။
ေကာင္းတာကိုလုပ္တဲ့အခါမွာ လူသိေစခ်င္ တဲ့စိတ္ အားႀကီးေနရင္ လြတ္လပ္တဲ့စိတ္နဲ႔ လုပ္တာ မဟုတ္ဘူး။တကယ္ေကာင္းတဲ့သူဟာ “ငါ ေကာင္းတယ္” လို႔ေတာင္ မေတြးေတာ့ဘူး။
တရားဟာ ကိုယ့္ဘဝနဲ႔ထပ္တူျဖစ္ေနရင္ လုပ္ေနေပမယ့္ လုပ္ေနတယ္လို႔ မေတြး ေတာ့ဘူး။ကိုယ့္ရဲ႕ပင္ကိုယ္သဘာဝ ျဖစ္သြားၿပီ။ အသက္ရႉေနသလို ျဖစ္သြားၿပီ။ ႏွလုံးခုန္ေနသလို ျဖစ္သြားၿပီ။တမင္တကာ လုပ္ယူေနရရင္ သိေနတယ္။ ပင္ကိုယ္ျဖစ္သြားရင္ မသိေတာ့ဘူး။ လုပ္ေနရတယ္လို႔ မထင္ေတာ့ဘူး။
စာနည္းနည္းတတ္တဲ့သူဟာ သူ႔ကိုလူေတြက စာေတာ္ေတာ္,တတ္တယ္လို႔ ထင္ေစခ်င္တယ္။ဒါေၾကာင့္ အကိုးအကားေတြမ်ားမ်ားနဲ႔ ေျပာခ်င္တယ္။ ေရးခ်င္တယ္။ စာေပကို တကယ္ခ်စ္လို႔ ေလ့လာတဲ့သူဟာ ႏွစ္ေတြၾကာေလေလ သူသိတာဟာ နည္းနည္း ေလး မသိတာက အမ်ားႀကီးဆိုတာကို သိလာ လို႔ သူတတ္ေၾကာင္းကို မျပခ်င္ေတာ့ဘူး။ သူ႔ကို လူေတြအထင္မႀကီးမွာကို မေၾကာက္ေတာ့ဘူး။ သူဟာ အထင္ႀကီးတာ အထင္ေသးတာ
ႏွစ္မ်ိဳးလုံးကို လြန္ေျမာက္သြားၿပီ။သူဟာ သူစာတတ္တာကို ေမ့ထားလို႔ရသြားၿပီ။ ဒါေၾကာင့္ စကားေျပာတဲ့အခါ မလိုအပ္ဘဲနဲ႔ အကိုးအကားေတြကို မထည့္ေတာ့ဘူး။ ႐ိုး႐ိုးပဲေျပာတယ္။ ေမးလာမွေျဖတယ္။မေမးဘဲ မေျဖဘူး။ သူ႔စိတ္ကို စာက လႊမ္းမိုးမႈ မရွိေတာ့ဘူး။
ေငြမ်ားမ်ား မရဖူးတဲ့သူဟာ ပထမအႀကိမ္ ေငြမ်ားမ်ားရလိုက္ရင္ အဲဒီေငြထုပ္ကို ဘယ္ေနရာမွာထားရမွန္း မသိေတာ့ဘူး။မၾကာခဏ အဲဒီေငြထုပ္ကို ကိုင္ၾကည့္ေန တတ္တယ္။ အဲဒီေငြထုပ္ကို စိတ္မခ်လို႔ အိပ္တာေတာင္ စိတ္မေျဖာင့္ႏိုင္ဘူး။ တစ္ေရးႏိုးေတာင္ သတိရေနတယ္။
ဒါေပမယ့္ ေငြကိုမ်ားမ်ားရွာႏိုင္လာတဲ့အခါေငြကို ေမ့ထားလိုက္ေတာ့တယ္။ေငြရဖို႔ အဓိကမထားေတာ့ဘဲ ကိုယ္တန္ဖိုး ထားတာကို လုပ္ျဖစ္ဖို႔ အဓိကထားၿပီး အလုပ္လုပ္တယ္။
ေငြနဲ႔ႂကြားတဲ့သူ အိမ္နဲ႔ႂကြားတဲ့သူ ကားနဲ႔ႂကြားတဲ့သူ ပစၥည္းနဲ႔ႂကြားတဲ့သူ စိန္ေတြ ေ႐ႊေတြနဲ႔ႂကြားတဲ့သူဟာတကယ္လူခ်မ္းသာ မဟုတ္ေသးဘူး။
တကယ္ခ်မ္းသာတဲ့သူဟာသူခ်မ္းသာတာကို ေမ့ထားလို႔ရသြားၿပီ။ျပည့္စုံေနတဲ့စိတ္ရွိတဲ့သူဟာ သူပိုင္ဆိုင္တာေတြကို ေမ့ထားလိုက္ၿပီ။
ထမင္းဝေနတဲ့သူဟာ ထမင္းစားဖို႔အေၾကာင္းကို မေတြးေတာ့ဘူး။ထမင္းစားၿပီးေပမယ့္ ထမင္းအေၾကာင္းကိုပဲ ေတြးေနေသးတယ္ဆိုရင္ ဘယ္လိုယူဆမလဲ။ သူ႔စိတ္က ဆာေနေသးတယ္။
ဒါေၾကာင့္ ေငြဘယ္ေလာက္ရွိရွိ ေငြအေၾကာင္း ကိုပဲ ေတြးေနရင္ သူ႔စိတ္ထဲက မြဲေနေသးလို႔။ သူဟာ မလြတ္လပ္ေသးဘူး။ ေငြရဲ႕ကြၽန္ ျဖစ္ေနေသးတယ္။
တကယ္ ရာထူးႀကီးႀကီးနဲ႔တန္တဲ့သူဟာ ရာထူးအေၾကာင္းကို မေတြးေတာ့ဘူး။သူနဲ႔ မတန္တဲ့ရာထူးကို ရထားတဲ့သူဟာ သူ႔ရာထူးအေၾကာင္းကို သူေမ့လို႔မရဘူး။ဘယ္သူနဲ႔ေတြ႕ေတြ႕ သူ႔ရာထူးကို တေလးတစား အႀကိမ္ႀကိမ္ေခၚၿပီး သူ႔ကိုစကားေျပာေနမွ သူေက်နပ္တယ္။
သူ႔ရာထူးကိုမေခၚဘဲ သူ႔နာမည္ကိုေခၚတဲ့သူကို သူ,ရန္ၿငိဳးထားေတာ့မယ္။သူ႔စိတ္က သူ႔ရာထူးထက္ ျမင့္သြားတဲ့အခါမွာ ေတာ့ သူ,ရာထူးကိုေမ့သြားၿပီ။တာဝန္ေက်ေအာင္ေတာ့ လုပ္မယ္။ ဒါေပမယ့္ အဲဒီရာထူးကို အဓိက မထားေတာ့ဘူး။
အဲဒီလိုလူမွ ရာထူးနဲ႔တန္တဲ့သူ ျဖစ္သြားၿပီ။ သူ႔အလုပ္ကိုသူ လြတ္လပ္တဲ့စိတ္နဲ႔ လုပ္ႏိုင္ၿပီ။ ဒါေပမယ့္ အဲဒီလိုလူက သိပ္ရွားပါတယ္။
ရာထူးႀကီးတဲ့သူေတြနဲ႔ သိေၾကာင္း ရင္းႏွီးေၾကာင္း ေျပာေနတဲ့သူဟာရာထူးကို သိပ္အထင္ႀကီးေနတဲ့သူ ျဖစ္တယ္။သူ႔ကိုယ္ကိုသူ နည္းနည္း အထင္ေသးတဲ့စိတ္ ရွိတယ္။ ဒါေၾကာင့္ သူ႔ရဲ႕ဆက္ဆံေရးေတြဟာ လြတ္လပ္တဲ့စိတ္နဲ႔ ဆက္ဆံတဲ့ ဆက္ဆံေရး မဟုတ္ဘူး။
ကိုယ့္အဆင့္အတန္းဆိုတာကို ေမ့ထားလို႔ ရတဲ့သူ, သူ႔အဆင့္အတန္းဆိုတာကိုလည္း ေမ့ထားလို႔ရတဲ့သူမွသာ လြတ္လပ္တဲ့စိတ္နဲ႔ ဆက္ဆံႏိုင္မယ္။
မရွိတာကိုလည္း ေမ့ထားႏိုင္မွ ရွိတာကိုလည္း ေမ့ထားႏိုင္မွ လြတ္လပ္တဲ့စိတ္နဲ႔ လုပ္သင့္တာကို ဆက္လုပ္ႏိုင္မယ္။
လြတ္လပ္တဲ့သူဟာ သူလုပ္ႏိုင္တာကိုအေကာင္းဆုံးျဖစ္ေအာင္ လုပ္တယ္။ဒါေပမယ့္ အဲဒီကိစၥနဲ႔ပတ္သက္ၿပီးလူသိေအာင္ မႂကြားဘူး။
လြတ္လပ္တဲ့သူ ရွားလိုက္တာေနာ္။
Credit – ဆရာေတာ္ဦးေဇာတိက
unicode
“လွတ်လပ်တဲ့သူဟာ မကြွားတော့ဘူး”
မျက်မှန်ကို ဒီနေ့မှ စတပ်တဲ့သူဟာသူ့နှာခေါင်းပေါ်မှာ မျက်မှန်ရှိနေတာကိုအချိန်ပြည့် သတိထားမိနေတယ်။
နေရတာ မလွတ်လပ်ဘူး။ ခဏခဏ မျက်မှန်ကို ချွတ်ကြည့်တယ်။ တပ်ကြည့်တယ်။ မျက်မှန်ကို မကြာမကြာ အဝတ်နဲ့သုတ်တယ်။
ဒါပေမယ့် မျက်မှန်တပ်တာ ကြာသွားတဲ့အခါ မျက်မှန်တပ်ထားမှန်း မသိတော့ဘူး။မျက်မှန်ဟာ ကိုယ့်မျက်နှာရဲ့အစိတ်အပိုင်း
တစ်ခုလို ဖြစ်သွားပြီ။ မျက်မှန်တပ်ထားတယ် ဆိုတာကို မေ့ထားလို့ရသွားပြီ။
စိတ်ကောင်းရှိတဲ့သူ စေတနာကောင်းတဲ့သူဟာ သူ့ကိုယ့်သူ “ငါ စိတ်ကောင်းရှိတယ် ငါ စေတနာ ကောင်းတယ်”လို့ မတွေးတော့ဘူး။
အဲဒီလို တွေးနေသေးတယ်ဆိုရင်စိတ်ကောင်း တကယ်မရှိသေးဘူး။စိတ်ကောင်းရှိဖို့ ကြိုးစားနေတဲ့ အဆင့်မှာပဲ ရှိသေးတယ်။ လုပ်ယူနေရတဲ့အဆင့်မှာပဲ ရှိသေးတယ်။
စိတ်ကောင်းရှိတာဟာသူ့ပင်ကိုယ်သဘာဝ မဖြစ်သေးဘူး။တကယ် စိတ်ကောင်းရှိတဲ့သူ ဖြစ်သွားတဲ့အခါ သူစိတ်ကောင်းရှိတာကို သူမေ့ထားလိုက်ပြီ။ မတွေးတော့ဘူး။အဲဒီအခါမှာမှ သူဟာ တကယ် စိတ်ကောင်းရှိတဲ့သူ ဖြစ်သွားပြီ။
ခွင့်လွှတ်တတ်တဲ့သူဟာ ခွင့်လွှတ်ပြီးသား ဖြစ်နေတယ်။ “ငါ ခွင့်လွှတ်လိုက်တယ်”လို့ မတွေးဘူး။”ငါ ခွင့်လွှတ်တယ် ငါခွင့်လွှတ်တယ်”လို့ ခဏခဏ တွေးနေရင် ဘယ်လို အဓိပ္ပာယ် ပေါက်သလဲ။ခွင့်မလွှတ်နိုင်သေးဘူးလို့ အဓိပ္ပာယ်ပေါက်တယ်။ ခွင့်လွှတ်ဖို့ ကြိုးစားနေတယ်။
ခွင့်လွှတ်လိုက်မယ်လို့တောင် မတွေးတော့တဲ့ အချိန်မှာ တကယ်ခွင့်လွှတ်နိုင်ပြီ။
ရောင့်ရဲတဲ့သူဟာ ရောင့်ရဲတယ်။ ဒါပေမယ့်”ငါက ရတာနဲ့ရောင့်ရဲတယ်”လို့ မတွေးဘူး။ကိုယ် ရောင့်ရဲကြောင်းကို သူများကို မပြောတော့ဘူး။ငါက ရောင့်ရဲတယ်လို့ မကြာခဏပြောနေရင် တကယ်ရောင့်ရဲတာ မဟုတ်သေးဘူး။
ရောင့်ရဲတယ်ဆိုတဲ့ ဂုဏ်ကို လိုချင်နေသေးတယ် ကိုယ့်ကို ရောင့်ရဲတဲ့သူလို့ အများမြင်အောင် သိအောင် လုပ်နေတယ်။အဲဒီလိုဂုဏ်ကို လိုချင်နေသေးတာကိုက မရောင့်ရဲသေးလို့ပဲ။
အဲဒီလိုပဲ ဥပုသ်စောင့်တယ်၊ တရားအားထုတ်တယ်။အဲဒါကို လူတွေသိအောင် ပြောနေတယ်ဆိုရင် မလုပ်ခင်ကတည်းက လူသိစေချင်တဲ့ဆန္ဒ ရှိနေတယ်။အဲဒီလို ဆန္ဒရှိနေရင် စေတနာမမှန်သေးဘူး။ အတ္တစိတ်က လွှမ်းမိုးထားတုန်းပဲ။ အတ္တစိတ်က လုပ်နေတယ်။
ငါက သူများထက် ပိုလုပ်နိုင်တယ်ဆိုတဲ့ မာနစိတ်က လွှမ်းမိုးနေသေးတယ်။
အတ္တစိတ်, မာနစိတ်တို့ မရှိတော့ရင် လုပ်ချင်တဲ့ဆန္ဒရှိလို့ လုပ်လိုက်တယ်။ အဲဒီအကြောင်းကို မပြောတော့ဘူး။
မေးရင်တောင် လိုတာထက် ပိုမပြောဘူး။ တိုတိုနဲ့လိုရင်းပဲ ပြောမယ်။စားနိုင်တာ ဂုဏ်တစ်ခု မဟုတ်သလို မစားဘဲနေနိုင်တာလည်း ဂုဏ်တစ်ခု မဟုတ်ပါဘူး။
တစ်ချို့က စားနိုင်တာကို ကြွားတယ်။တစ်ချို့က မစားဘဲနေနိုင်တာကို ကြွားတယ်။ နှစ်ဦးစလုံးဟာ မလွတ်လပ်တဲ့သူတွေပဲ။
အပျော်အပါးတွေကို များများခံစားတဲ့သူကသူ ခံစားနိုင်တာကို ကြွားတယ်။အပျော်အပါးတွေကို မခံစားတဲ့သူကသူ မခံစားတတ်တဲ့အကြောင်းကို ကြွားတယ်။နှစ်ဦးစလုံးရဲ့စိတ်ဟာ သဘာဝချင်းတူတူပဲ။ ကြွားတာဟာ မလွတ်လပ်တာပဲ။
ကောင်းတာကိုလုပ်တဲ့အခါမှာ လူသိစေချင် တဲ့စိတ် အားကြီးနေရင် လွတ်လပ်တဲ့စိတ်နဲ့ လုပ်တာ မဟုတ်ဘူး။တကယ်ကောင်းတဲ့သူဟာ “ငါ ကောင်းတယ်” လို့တောင် မတွေးတော့ဘူး။
တရားဟာ ကိုယ့်ဘဝနဲ့ထပ်တူဖြစ်နေရင် လုပ်နေပေမယ့် လုပ်နေတယ်လို့ မတွေး တော့ဘူး။ကိုယ့်ရဲ့ပင်ကိုယ်သဘာဝ ဖြစ်သွားပြီ။ အသက်ရှူနေသလို ဖြစ်သွားပြီ။ နှလုံးခုန်နေသလို ဖြစ်သွားပြီ။တမင်တကာ လုပ်ယူနေရရင် သိနေတယ်။ ပင်ကိုယ်ဖြစ်သွားရင် မသိတော့ဘူး။ လုပ်နေရတယ်လို့ မထင်တော့ဘူး။
စာနည်းနည်းတတ်တဲ့သူဟာ သူ့ကိုလူတွေက စာတော်တော်,တတ်တယ်လို့ ထင်စေချင်တယ်။ဒါကြောင့် အကိုးအကားတွေများများနဲ့ ပြောချင်တယ်။ ရေးချင်တယ်။ စာပေကို တကယ်ချစ်လို့ လေ့လာတဲ့သူဟာ နှစ်တွေကြာလေလေ သူသိတာဟာ နည်းနည်း လေး မသိတာက အများကြီးဆိုတာကို သိလာ လို့ သူတတ်ကြောင်းကို မပြချင်တော့ဘူး။ သူ့ကို လူတွေအထင်မကြီးမှာကို မကြောက်တော့ဘူး။ သူဟာ အထင်ကြီးတာ အထင်သေးတာ
နှစ်မျိုးလုံးကို လွန်မြောက်သွားပြီ။သူဟာ သူစာတတ်တာကို မေ့ထားလို့ရသွားပြီ။ ဒါကြောင့် စကားပြောတဲ့အခါ မလိုအပ်ဘဲနဲ့ အကိုးအကားတွေကို မထည့်တော့ဘူး။ ရိုးရိုးပဲပြောတယ်။ မေးလာမှဖြေတယ်။မမေးဘဲ မဖြေဘူး။ သူ့စိတ်ကို စာက လွှမ်းမိုးမှု မရှိတော့ဘူး။
ငွေများများ မရဖူးတဲ့သူဟာ ပထမအကြိမ် ငွေများများရလိုက်ရင် အဲဒီငွေထုပ်ကို ဘယ်နေရာမှာထားရမှန်း မသိတော့ဘူး။မကြာခဏ အဲဒီငွေထုပ်ကို ကိုင်ကြည့်နေ တတ်တယ်။ အဲဒီငွေထုပ်ကို စိတ်မချလို့ အိပ်တာတောင် စိတ်မဖြောင့်နိုင်ဘူး။ တစ်ရေးနိုးတောင် သတိရနေတယ်။
ဒါပေမယ့် ငွေကိုများများရှာနိုင်လာတဲ့အခါငွေကို မေ့ထားလိုက်တော့တယ်။ငွေရဖို့ အဓိကမထားတော့ဘဲ ကိုယ်တန်ဖိုး ထားတာကို လုပ်ဖြစ်ဖို့ အဓိကထားပြီး အလုပ်လုပ်တယ်။
ငွေနဲ့ကြွားတဲ့သူ အိမ်နဲ့ကြွားတဲ့သူ ကားနဲ့ကြွားတဲ့သူ ပစ္စည်းနဲ့ကြွားတဲ့သူ စိန်တွေ ရွှေတွေနဲ့ကြွားတဲ့သူဟာတကယ်လူချမ်းသာ မဟုတ်သေးဘူး။
တကယ်ချမ်းသာတဲ့သူဟာသူချမ်းသာတာကို မေ့ထားလို့ရသွားပြီ။ပြည့်စုံနေတဲ့စိတ်ရှိတဲ့သူဟာ သူပိုင်ဆိုင်တာတွေကို မေ့ထားလိုက်ပြီ။
ထမင်းဝနေတဲ့သူဟာ ထမင်းစားဖို့အကြောင်းကို မတွေးတော့ဘူး။ထမင်းစားပြီးပေမယ့် ထမင်းအကြောင်းကိုပဲ တွေးနေသေးတယ်ဆိုရင် ဘယ်လိုယူဆမလဲ။ သူ့စိတ်က ဆာနေသေးတယ်။
ဒါကြောင့် ငွေဘယ်လောက်ရှိရှိ ငွေအကြောင်း ကိုပဲ တွေးနေရင် သူ့စိတ်ထဲက မွဲနေသေးလို့။ သူဟာ မလွတ်လပ်သေးဘူး။ ငွေရဲ့ကျွန် ဖြစ်နေသေးတယ်။
တကယ် ရာထူးကြီးကြီးနဲ့တန်တဲ့သူဟာ ရာထူးအကြောင်းကို မတွေးတော့ဘူး။သူနဲ့ မတန်တဲ့ရာထူးကို ရထားတဲ့သူဟာ သူ့ရာထူးအကြောင်းကို သူမေ့လို့မရဘူး။ဘယ်သူနဲ့တွေ့တွေ့ သူ့ရာထူးကို တလေးတစား အကြိမ်ကြိမ်ခေါ်ပြီး သူ့ကိုစကားပြောနေမှ သူကျေနပ်တယ်။
သူ့ရာထူးကိုမခေါ်ဘဲ သူ့နာမည်ကိုခေါ်တဲ့သူကို သူ,ရန်ငြိုးထားတော့မယ်။သူ့စိတ်က သူ့ရာထူးထက် မြင့်သွားတဲ့အခါမှာ တော့ သူ,ရာထူးကိုမေ့သွားပြီ။တာဝန်ကျေအောင်တော့ လုပ်မယ်။ ဒါပေမယ့် အဲဒီရာထူးကို အဓိက မထားတော့ဘူး။
အဲဒီလိုလူမှ ရာထူးနဲ့တန်တဲ့သူ ဖြစ်သွားပြီ။ သူ့အလုပ်ကိုသူ လွတ်လပ်တဲ့စိတ်နဲ့ လုပ်နိုင်ပြီ။ ဒါပေမယ့် အဲဒီလိုလူက သိပ်ရှားပါတယ်။
ရာထူးကြီးတဲ့သူတွေနဲ့ သိကြောင်း ရင်းနှီးကြောင်း ပြောနေတဲ့သူဟာရာထူးကို သိပ်အထင်ကြီးနေတဲ့သူ ဖြစ်တယ်။သူ့ကိုယ်ကိုသူ နည်းနည်း အထင်သေးတဲ့စိတ် ရှိတယ်။ ဒါကြောင့် သူ့ရဲ့ဆက်ဆံရေးတွေဟာ လွတ်လပ်တဲ့စိတ်နဲ့ ဆက်ဆံတဲ့ ဆက်ဆံရေး မဟုတ်ဘူး။
ကိုယ့်အဆင့်အတန်းဆိုတာကို မေ့ထားလို့ ရတဲ့သူ, သူ့အဆင့်အတန်းဆိုတာကိုလည်း မေ့ထားလို့ရတဲ့သူမှသာ လွတ်လပ်တဲ့စိတ်နဲ့ ဆက်ဆံနိုင်မယ်။
မရှိတာကိုလည်း မေ့ထားနိုင်မှ ရှိတာကိုလည်း မေ့ထားနိုင်မှ လွတ်လပ်တဲ့စိတ်နဲ့ လုပ်သင့်တာကို ဆက်လုပ်နိုင်မယ်။
လွတ်လပ်တဲ့သူဟာ သူလုပ်နိုင်တာကိုအကောင်းဆုံးဖြစ်အောင် လုပ်တယ်။ဒါပေမယ့် အဲဒီကိစ္စနဲ့ပတ်သက်ပြီးလူသိအောင် မကြွားဘူး။
လွတ်လပ်တဲ့သူ ရှားလိုက်တာနော်။
Credit – ဆရာတော်ဦးဇောတိက