မနက္အိပ္ရာႏိုးရင္ သင္ပထမဆုံးလုပ္တတ္တဲ့ အျပဳအမူကေျပာျပေပးမယ့္ သင့္ရဲ႕စိတ္ေနစိတ္ထား
(၁) ဘယ္အခ်ိန္ရွိၿပီလဲၾကည့္တယ္
မနက္အိပ္ရာႏႈိးလို႔ မ်က္လုံးႏွစ္လုံးပြင့္တာနဲ႔ နာရီကိုအေျပးေလး ၾကည့္တဲ့လူေတြကေတာ့ ေခါင္းထဲမွာ အေတြးေတြ အမ်ားႀကီးရွိေနတဲ့သူေတြပါတဲ့။ ေျပာရရွ္ု လုပ္စရာေတြ အမ်ားႀကီးရွိလို႔ စိတ္ထဲမွာ စနစ္တက် အခ်ိန္ဇယားဆြဲထားတဲ့သူမ်ိဳးေတြေပါ့။ သူတို႔ေတြဟာ နာရီႏႈိးစက္မျမည္ခင္ ႏိုးေနတတ္ၿပီး အလုပ္လုပ္ဖို႔ အၿမဲတတ္ႂကြေနတဲ့ အလုပ္ႀကိဳးစားသူေတြပါ။ ဒါ့အျပင္ အခ်ိန္တိက်ၿပီး အခ်ိန္ကိုတန္ဖိုးထားတတ္တဲ့အတြက္ သူတို႔အခ်ိန္ေတြကို အက်ိဳးမရွိ ကုန္ဆုံးသြားရတာမ်ိဳးကို မႏွစ္သက္တတ္ပါဘူး။
(၂) ႏႈိးစက္ပိတ္တယ္
ႏႈိးစက္ပိတ္ၿပီး ျပန္အိပ္တတ္တဲ့သူေတြကလည္း ပုံမွန္အားျဖင့္ အလုပ္ႀကိဳးစားတတ္တဲ့သူေတြပါပဲ။ ဒါေပမယ့္ သူတို႔ေတြဟာ အမိန႔္ေပးခံရတာမ်ိဳးကို အလြန္မုန္းတီးၾကပါတယ္။ ေျပာရရင္ ကိုယ့္စိတ္ထဲမွာ လုပ္စရာေတြကို စနစ္တက်လုပ္ဖို႔ အစီအစဥ္ဆြဲထားေပမယ့္လည္း တျခားလူက အမိန႔္ေပးလိုက္ရင္ ႐ြဲ႕ၿပီးမလုပ္ေတာ့တာမ်ိဳးေတြပါ။ သူတို႔ေတြဟာ သူတို႔အသိစိတ္ဓာတ္နဲ႔ သူတို႔စိတ္ပါမွလုပ္ရတာမ်ိဳးကို ပိုၿပီးႏွစ္သက္ပါတယ္။ အလုပ္လုပ္တဲ့ေနရာမွာ ေျဖးေျဖးမွန္မွန္နဲ႔ အဆုံးသတ္မွာ ၿပီးျပည့္စုံတဲ့ရလဒ္ေတြကို ဖန္တီးတတ္ၾကပါတယ္။
(၃) ခ်စ္တဲ့လူကိုလိုက္ရွာတယ္
မ်က္လုံးႏွစ္လုံးပြင့္လာတဲ့ မနက္ခင္းအစမွာ ကိုယ္ခ်စ္ခင္တဲ့လူကို လိုက္ရွာတတ္တယ္ဆိုရင္ သူတစ္ပါးအေပၚ အရမ္းမွီခိုတတ္တဲ့သူေတြပါ။ အထူးသျဖင့္ သူတို႔ေတြဟာ သူတို႔ခ်စ္ရတဲ့လူေတြအေပၚ အရမ္းမွီခိုတတ္ပါတယ္။ သူတို႔ေတြရဲ႕ မနက္ခင္းအစမွာ သူတို႔ခ်စ္ရတဲ့လူကို မေတြ႕ရရင္ တစ္ေန႔လုံးက အဓိပၸာယ္မဲ့ေနသလို ခံစားေနရတတ္ၿပီး စိတ္သြားတဲ့ကိုယ္မပါတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။
(၄) နံရံကိုအၾကာႀကီး ၾကည့္ေနမိတယ္
မနက္ႏိုးလာလို႔ မ်က္လုံးႏွစ္လုံးပြင့္လာရင္ ဘာမွတန္းမလုပ္ပဲ နံရံကိုအခ်ိန္အၾကာႀကီး စိုက္ၾကည့္ေနတဲ့သူေတြဟာ စိတ္ကူးယဥ္သမားေတြပါ။ သူတို႔ေတြဟာ သူတို႔မက္ခဲ့တဲ့ အိပ္မက္ေတြကို ျပန္မက္ခြင့္ရခ်င္ၿပီး အိပ္မက္ကမာၻေလးထဲမွာ ေပ်ာ္႐ႊင္စြာေနခ်င္ၾကပါတယ္။ သူတို႔ေတြမွာ အေတြးအေခၚေကာင္းေတြရွိတဲ့အတြက္ အေတြးအေခၚနဲ႔ဆက္စပ္ၿပီး လုပ္ေဆာင္ရတဲ့ကိစၥေတြမွာ ေအာင္ျမင္ၾကပါတယ္။
(၅) ျပန္အိပ္တယ္
ႏိုးလာၿပီး ျပန္အိပ္သြားတဲ့သူေတြကေတာ့ ကိုယ္နဲ႔မဆိုင္တဲ့ကိစၥေတြကို လုံးဝဂ႐ုမစိုက္တဲ့သူေတြပါ။ အိပ္တဲ့အခ်ိန္က သူတို႔ကိုယ္ပိုင္အခ်ိန္ျဖစ္ၿပီး အိပ္ေနရရင္ကို ေပ်ာ္ေနတဲ့သူမ်ိဳးေတြေပါ့။ ဒါ့အျပင္ အိပ္စက္ျခင္းက သူတို႔အတြက္ အနားယူျခင္းတစ္မ်ိဳးလို႔ သတ္မွတ္ထားၾကပါတယ္။ သူတို႔ေတြဟာ ကိုယ္အခုျဖတ္သန္းေနရတဲ့ ကိုယ့္ရဲ႕လက္ရွိဘဝကို ေက်နပ္အားရၿပီး သူတို႔လုပ္ခ်င္တာကို သူတို႔ကိုယ္ပိုင္ဆုံးျဖတ္ခ်က္နဲ႔ ဆုံးျဖတ္ၿပီးလုပ္တတ္ပါတယ္။ ဘယ္သူကမွ သူတို႔ကိုအမိန႔္ေပးလို႔ မရပါဘူး။
(၆) ဆိုရွယ္မီဒီယာသုံးတယ္
ႏိုးလာတာနဲ႔ အိပ္ရာကခ်က္ခ်င္း မထေသးပဲ အိပ္ရာထဲမွာ ဖုန္းေလးပြတ္ေနတတ္တဲ့သူေတြကေတာ့ အရမ္းစပ္စုတဲ့သူေတြပါ။ သူတို႔ေတြဟာ သူတစ္ပါးရဲ႕လူေနမႈေတြကို အရမ္းစိတ္ဝင္စားတတ္ၿပီး တျခားသူေတြ ဘာလုပ္ေနလဲဆိုတာ အၿမဲသိခ်င္စိတ္ေတြ ျပင္းျပေနတတ္ပါတယ္။ သူတစ္ပါးကို အရမ္းစပ္စုတတ္တဲ့အက်င့္က ေကာင္းတဲ့အက်င့္ မဟုတ္ပါဘူးေနာ္….
(၇) email စစ္တယ္
ႏိုးလာတာနဲ႔ ဖုန္းယူၿပီး အေရးႀကီးတဲ့email ေတြစစ္တဲ့သူေတြကေတာ့ သူတို႔က်င္လည္ေနတဲ့ အသက္ေမြးဝမ္းေက်ာင္းမွာ ေခါင္းေဆာင္ ဒါမွမဟုတ္ အေရးႀကီးတဲ့ရာထူးကို တာဝန္ယူထားရတဲ့သူေတြပါ။ သူတို႔ေတြဟာ အၿမဲအလုပ္မ်ားေနတတ္ၿပီး သူတို႔အတြက္ အခ်ိန္တစ္စကၠန႔္ေလးကေတာင္ အဖိုးမျဖတ္ႏိုင္ပါဘူး။ ဒါ့အျပင္ ထက္ျမက္ၿပီး အခ်ိန္ေလးစားတဲ့အျပင္ အခ်ိန္တိတိက်က် လုပ္တတ္ပါတယ္။
(၈) အိပ္ရာေပၚက ခ်က္ခ်င္းထသြားတယ္
ႏိုးလာတာနဲ႔ အိပ္ရာေပၚက ခ်က္ခ်င္းထသြားတတ္တဲ့သူေတြဟာ အရမ္းတတ္ႂကြတဲ့သူေတြပါ။ သူတို႔ေတြဟာ ေန႔တစ္ေန႔ရဲ႕ လုပ္ငန္းေဆာင္တာေတြကို လုပ္ေဆာင္ဖို႔ အရမ္းတတ္ႂကြၿပီး အသင့္ျဖစ္ေနတတ္ၾကပါတယ္။ သူတို႔ေတြရဲ႕ မနက္ခင္းအစကို ေလ့က်င့္ခန္းလုပ္တာမ်ိဳး ဒါမွမဟုတ္ စိတ္ေရာကိုယ္ပါ လန္းဆန္းတတ္ႂကြေစမယ့္ လုပ္ငန္းေဆာင္တာ လုပ္တာမ်ိဳးနဲ႔ စတင္ေလ့ရွိပါတယ္။
(၉) အိပ္ရာသိမ္းတယ္
ႏိုးလာတာနဲ႔ အိပ္ရာသိမ္းတဲ့သူေတြဟာ ဘယ္ကိစၥကိုမဆို စနစ္တက် သပ္သပ္ရပ္ရပ္ လုပ္ေဆာင္ေတြးေခၚတတ္တဲ့သူေတြပါ။ ဘယ္အရာကိုဆို သူ႔လက္သူ႔ေျခ ျဖစ္ေနတာမ်ိဳးကို သေဘာက်တတ္ၿပီး အခ်ိန္တိုင္း အလုပ္တစ္ခုမဟုတ္ တစ္ခုလုပ္ေနတတ္ပါတယ္။
(၁၀) ျပစ္တင္ေဝဖန္တယ္
ႏိုးလာတာနဲ႔ ျမင္သမွ်အရာအားလုံး ေတြးမိသမွ်အရာအားလုံးကို ျပစ္တင္ေဝဖန္တဲ့သူေတြကေတာ့ အ႐ိုးသားဆုံးလူေတြပဲ ျဖစ္ပါတယ္။ သူတို႔ဒီလိုျဖစ္တာကလည္း အေၾကာင္းရွိပါတယ္။ အဲဒါကေတာ့ သူတို႔ေတြဟာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္စက္ခြင့္မရပဲ ေန႔သစ္တစ္ေန႔ကို စတင္ရတာေၾကာင့္ပါ။ သူတို႔ေတြဟာ သင္နဲ႔ပတ္သက္ၿပီး သူတို႔စိတ္ထဲမွာျဖစ္ေနတဲ့အရာေတြကို မကြယ္မဝွက္ပဲ ဘြင္းဘြင္းရွင္းရွင္း ေျပာတတ္တဲ့အက်င့္ ရွိပါတယ္။
CREDIT TO lotaya
မနက်အိပ်ရာနိုးရင် သင်ပထမဆုံးလုပ်တတ်တဲ့ အပြုအမူကပြောပြပေးမယ့် သင့်ရဲ့စိတ်နေစိတ်ထား
(၁) ဘယ်အချိန်ရှိပြီလဲကြည့်တယ်
မနက်အိပ်ရာနှိုးလို့ မျက်လုံးနှစ်လုံးပွင့်တာနဲ့ နာရီကိုအပြေးလေး ကြည့်တဲ့လူတွေကတော့ ခေါင်းထဲမှာ အတွေးတွေ အများကြီးရှိနေတဲ့သူတွေပါတဲ့။ ပြောရရှ်ု လုပ်စရာတွေ အများကြီးရှိလို့ စိတ်ထဲမှာ စနစ်တကျ အချိန်ဇယားဆွဲထားတဲ့သူမျိုးတွေပေါ့။ သူတို့တွေဟာ နာရီနှိုးစက်မမြည်ခင် နိုးနေတတ်ပြီး အလုပ်လုပ်ဖို့ အမြဲတတ်ကြွနေတဲ့ အလုပ်ကြိုးစားသူတွေပါ။ ဒါ့အပြင် အချိန်တိကျပြီး အချိန်ကိုတန်ဖိုးထားတတ်တဲ့အတွက် သူတို့အချိန်တွေကို အကျိုးမရှိ ကုန်ဆုံးသွားရတာမျိုးကို မနှစ်သက်တတ်ပါဘူး။
(၂) နှိုးစက်ပိတ်တယ်
နှိုးစက်ပိတ်ပြီး ပြန်အိပ်တတ်တဲ့သူတွေကလည်း ပုံမှန်အားဖြင့် အလုပ်ကြိုးစားတတ်တဲ့သူတွေပါပဲ။ ဒါပေမယ့် သူတို့တွေဟာ အမိန့်ပေးခံရတာမျိုးကို အလွန်မုန်းတီးကြပါတယ်။ ပြောရရင် ကိုယ့်စိတ်ထဲမှာ လုပ်စရာတွေကို စနစ်တကျလုပ်ဖို့ အစီအစဉ်ဆွဲထားပေမယ့်လည်း တခြားလူက အမိန့်ပေးလိုက်ရင် ရွဲ့ပြီးမလုပ်တော့တာမျိုးတွေပါ။ သူတို့တွေဟာ သူတို့အသိစိတ်ဓာတ်နဲ့ သူတို့စိတ်ပါမှလုပ်ရတာမျိုးကို ပိုပြီးနှစ်သက်ပါတယ်။ အလုပ်လုပ်တဲ့နေရာမှာ ဖြေးဖြေးမှန်မှန်နဲ့ အဆုံးသတ်မှာ ပြီးပြည့်စုံတဲ့ရလဒ်တွေကို ဖန်တီးတတ်ကြပါတယ်။
(၃) ချစ်တဲ့လူကိုလိုက်ရှာတယ်
မျက်လုံးနှစ်လုံးပွင့်လာတဲ့ မနက်ခင်းအစမှာ ကိုယ်ချစ်ခင်တဲ့လူကို လိုက်ရှာတတ်တယ်ဆိုရင် သူတစ်ပါးအပေါ် အရမ်းမှီခိုတတ်တဲ့သူတွေပါ။ အထူးသဖြင့် သူတို့တွေဟာ သူတို့ချစ်ရတဲ့လူတွေအပေါ် အရမ်းမှီခိုတတ်ပါတယ်။ သူတို့တွေရဲ့ မနက်ခင်းအစမှာ သူတို့ချစ်ရတဲ့လူကို မတွေ့ရရင် တစ်နေ့လုံးက အဓိပ္ပာယ်မဲ့နေသလို ခံစားနေရတတ်ပြီး စိတ်သွားတဲ့ကိုယ်မပါတာမျိုးတွေ ဖြစ်တတ်ပါတယ်။
(၄) နံရံကိုအကြာကြီး ကြည့်နေမိတယ်
မနက်နိုးလာလို့ မျက်လုံးနှစ်လုံးပွင့်လာရင် ဘာမှတန်းမလုပ်ပဲ နံရံကိုအချိန်အကြာကြီး စိုက်ကြည့်နေတဲ့သူတွေဟာ စိတ်ကူးယဉ်သမားတွေပါ။ သူတို့တွေဟာ သူတို့မက်ခဲ့တဲ့ အိပ်မက်တွေကို ပြန်မက်ခွင့်ရချင်ပြီး အိပ်မက်ကမ္ဘာလေးထဲမှာ ပျော်ရွှင်စွာနေချင်ကြပါတယ်။ သူတို့တွေမှာ အတွေးအခေါ်ကောင်းတွေရှိတဲ့အတွက် အတွေးအခေါ်နဲ့ဆက်စပ်ပြီး လုပ်ဆောင်ရတဲ့ကိစ္စတွေမှာ အောင်မြင်ကြပါတယ်။
(၅) ပြန်အိပ်တယ်
နိုးလာပြီး ပြန်အိပ်သွားတဲ့သူတွေကတော့ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေကို လုံးဝဂရုမစိုက်တဲ့သူတွေပါ။ အိပ်တဲ့အချိန်က သူတို့ကိုယ်ပိုင်အချိန်ဖြစ်ပြီး အိပ်နေရရင်ကို ပျော်နေတဲ့သူမျိုးတွေပေါ့။ ဒါ့အပြင် အိပ်စက်ခြင်းက သူတို့အတွက် အနားယူခြင်းတစ်မျိုးလို့ သတ်မှတ်ထားကြပါတယ်။ သူတို့တွေဟာ ကိုယ်အခုဖြတ်သန်းနေရတဲ့ ကိုယ့်ရဲ့လက်ရှိဘဝကို ကျေနပ်အားရပြီး သူတို့လုပ်ချင်တာကို သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်ပြီးလုပ်တတ်ပါတယ်။ ဘယ်သူကမှ သူတို့ကိုအမိန့်ပေးလို့ မရပါဘူး။
(၆) ဆိုရှယ်မီဒီယာသုံးတယ်
နိုးလာတာနဲ့ အိပ်ရာကချက်ချင်း မထသေးပဲ အိပ်ရာထဲမှာ ဖုန်းလေးပွတ်နေတတ်တဲ့သူတွေကတော့ အရမ်းစပ်စုတဲ့သူတွေပါ။ သူတို့တွေဟာ သူတစ်ပါးရဲ့လူနေမှုတွေကို အရမ်းစိတ်ဝင်စားတတ်ပြီး တခြားသူတွေ ဘာလုပ်နေလဲဆိုတာ အမြဲသိချင်စိတ်တွေ ပြင်းပြနေတတ်ပါတယ်။ သူတစ်ပါးကို အရမ်းစပ်စုတတ်တဲ့အကျင့်က ကောင်းတဲ့အကျင့် မဟုတ်ပါဘူးနော်….
(၇) email စစ်တယ်
နိုးလာတာနဲ့ ဖုန်းယူပြီး အရေးကြီးတဲ့email တွေစစ်တဲ့သူတွေကတော့ သူတို့ကျင်လည်နေတဲ့ အသက်မွေးဝမ်းကျောင်းမှာ ခေါင်းဆောင် ဒါမှမဟုတ် အရေးကြီးတဲ့ရာထူးကို တာဝန်ယူထားရတဲ့သူတွေပါ။ သူတို့တွေဟာ အမြဲအလုပ်များနေတတ်ပြီး သူတို့အတွက် အချိန်တစ်စက္ကန့်လေးကတောင် အဖိုးမဖြတ်နိုင်ပါဘူး။ ဒါ့အပြင် ထက်မြက်ပြီး အချိန်လေးစားတဲ့အပြင် အချိန်တိတိကျကျ လုပ်တတ်ပါတယ်။
(၈) အိပ်ရာပေါ်က ချက်ချင်းထသွားတယ်
နိုးလာတာနဲ့ အိပ်ရာပေါ်က ချက်ချင်းထသွားတတ်တဲ့သူတွေဟာ အရမ်းတတ်ကြွတဲ့သူတွေပါ။ သူတို့တွေဟာ နေ့တစ်နေ့ရဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့ အရမ်းတတ်ကြွပြီး အသင့်ဖြစ်နေတတ်ကြပါတယ်။ သူတို့တွေရဲ့ မနက်ခင်းအစကို လေ့ကျင့်ခန်းလုပ်တာမျိုး ဒါမှမဟုတ် စိတ်ရောကိုယ်ပါ လန်းဆန်းတတ်ကြွစေမယ့် လုပ်ငန်းဆောင်တာ လုပ်တာမျိုးနဲ့ စတင်လေ့ရှိပါတယ်။
(၉) အိပ်ရာသိမ်းတယ်
နိုးလာတာနဲ့ အိပ်ရာသိမ်းတဲ့သူတွေဟာ ဘယ်ကိစ္စကိုမဆို စနစ်တကျ သပ်သပ်ရပ်ရပ် လုပ်ဆောင်တွေးခေါ်တတ်တဲ့သူတွေပါ။ ဘယ်အရာကိုဆို သူ့လက်သူ့ခြေ ဖြစ်နေတာမျိုးကို သဘောကျတတ်ပြီး အချိန်တိုင်း အလုပ်တစ်ခုမဟုတ် တစ်ခုလုပ်နေတတ်ပါတယ်။
(၁၀) ပြစ်တင်ဝေဖန်တယ်
နိုးလာတာနဲ့ မြင်သမျှအရာအားလုံး တွေးမိသမျှအရာအားလုံးကို ပြစ်တင်ဝေဖန်တဲ့သူတွေကတော့ အရိုးသားဆုံးလူတွေပဲ ဖြစ်ပါတယ်။ သူတို့ဒီလိုဖြစ်တာကလည်း အကြောင်းရှိပါတယ်။ အဲဒါကတော့ သူတို့တွေဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခွင့်မရပဲ နေ့သစ်တစ်နေ့ကို စတင်ရတာကြောင့်ပါ။ သူတို့တွေဟာ သင်နဲ့ပတ်သက်ပြီး သူတို့စိတ်ထဲမှာဖြစ်နေတဲ့အရာတွေကို မကွယ်မဝှက်ပဲ ဘွင်းဘွင်းရှင်းရှင်း ပြောတတ်တဲ့အကျင့် ရှိပါတယ်။
CREDIT TO lotaya