တစ္ သက္လုံးအသုံး ဝင္ တဲ့ ျမန္မာ့႐ိုးရာ ေဆးနည္းေပါင္းစုံ ႐ွယ္သြားေနာ္။ တစ္ခ်ိန္မဟုတ္တခ်ိန္ အသုံးဝင္မွာ ေသခ်ာပါတယ္ . . .။
ေခ်ာင္းဆိုးလွ်င္ ခေရပြင့္ကို တစ္ညလုံး ေရစိမ္၊ နံနက္တြင္း ထိုေရကို စစ္၍ေသာက္ပါ၊ ေပ်ာက္ကင္း၏ . . .။
ရင္ျပည့္ရင္ကယ္….ၾကက္ဟင္းခါး သက္ေစာင့္ေဆးကို ႏွမ္းဆီ – ပ႐ုပ္ဆီျဖဴ ျဖင့္ေဖ်ာ္၍ ရင္မွအသာအယာ သပ္ခ်ပါ . . .။
ႏွာပိတ္ေသာ္…..ႀကိတ္မွန္႐ြက္ ေခြးေသးပန္း႐ြက္ ႏွစ္ပါးႀကိတ္ ၊ ႐ွိန္းခိုနဲနဲထည့္ ၊ ငယ္ထိပ္မွ ႏွာေခါင္းအထိ ေဆးအရည္ႏွင့္ ဆြဲခ်ေပးပါ . . .။
တက္လွ်င္….ဆင္ငိုျမက္ျပဳပ္ရည္ကို တိုက္ပါ ။ အတက္ခ်က္ခ်င္း က်သြားမည္ . . .။
ေရငတ္ဝမ္းက်…..ဆီးသီးအေစ့အတြင္းမွ အဆန္းကို အမႈန္႔ျပဳ၍ ႏြယ္ခ်ိဳႏွင့္ေရာၿပီး စားပါ . . .။
ကင္းထိုးေသာ္…….ကင္းကိုက္ ကင္းထိုး ဒဏ္ရာ ငျဖဴႀကီးျမစ္ ေသြးလိမ္းေပးပါ . . .။
ႀကိဳ႕ထိုးလွ်င္……ၾကက္သြန္းနီကိုထန္းလွ်က္ႏွင့္ ႏိုင္းခ်င္း ႀကိတ္၍စားပါ . . .။
ခ႐ုသင္း…..က်ည္းသီးဆန္ကိုဆန္ေဆးရည္ႏွင့္ တြဲစပ္၍ ရက္ေပါင္းမ်ားစြာ စားရပါသည္ . . .။
ေျခတုန္ လက္တုန္ျဖစ္လွ်င္….ႀကိတ္မွန္႐ြက္ယို ထိုးစား ေပ်ာက္ကင္း၏ . . .။
ခါးနာ ခါးကိုက္……ေညာင္ေျခေထာက္ပင္၏ ႏို႔ေစးရည္ လိမ္းေပးပါ . . .။
ငွက္ဖ်ားထလွ်င္…..ျမင္းခြာ႐ြက္ရည္ကို င႐ုပ္ေကာင္းႏွင့္အမွ်စီႀကိတ္၍ ေသာက္ပါ။ ခံတြင္းပ်က္လွ်င္…..ႀကိတ္မွန္႐ြက္ယို ထိုးစားေပးပါ . . .။
ေခါင္းတျခမ္းကိုက္လွ်င္….က်ည္းသီးဆန္ကို ဆိတ္က်င္ငယ္ရည္ႏွင့္ေသြးလိမ္းေပးပါ။ စကားထစ္လွ်င္. . .နံနက္တိုင္းျမင္းခြာ႐ြက္ တစ္႐ြက္ႏွစ္႐ြက္ေလာက္ ေန႔စဥ္စားေပးပါ . . .။
စအိုယားနာ….ႀကိတ္မွန္႐ြက္ အရည္ညႇစ္၍ စအိုဝတြင္ သုံးေလးႀကိမ္သုပ္လိမ္းေပးပါ ၊ ဝမ္းတြင္း႐ွိ ပိုးမ်ား က်ဆင္းလာပါလိမ့္မယ္ . . .။
ဆီးခ်ဳပ္လွ်င္….ငုပင္၏ အႏွစိုကိုေသြး၍ ခ်က္ေအာက္မၾကာခဏ လိမ္းေပးပါ . . .။
ဆီးတစက္စက္က်လွ်င္…ၾကက္သြန္နီကိုျပဳပ္၍ အရည္ကို ေသာက္ေပးပါ . . .။
ဆီးခ်ဳပ္လွ်င္……ဆီးမ်ားေစရန္ ၾကက္သြန္နီ အစိမ္းမ်ားမ်ား စားေပးပါ . . .။
ဆီးေအာင့္ေက်ာက္တည္လွ်င္……ၾကာဟင္း႐ြက္ကိုႏြားႏို႔ ႏွင့္ သၾကားေရာ၍ ေန႔စဥ္ စားသံုးေပးပါ . .။
ဆီးခ်ိဳျဖစ္လွ်င္….ခံတက္ေခါက္ကို ေလးခြက္တစ္ခြက္တင္ က်ိဳ၍ ေသာက္ပါ ….။
ဆီးအႏွစ္က်လွ်င္…..သေဘၤာ ႐ြက္ သုံး႐ြက္ကိုထန္းလ်က္ သုံးခဲ၊ ဆားအနည္းငယ္ ထည့္ ၊ သုံးခြက္တစ္ခြက္တင္က်ိဳ၊ တစ္ေန႔လုံး ေသာက္ေပးပါ . . .။
ဆီးပူလွ်င္…..ဆီးသြားေသာအခါ ပူလိုက္တာ စားပါ ဗူးသီးျပဳတ္ . . .။
ဆံပင္ျပန္ေပါက္ေဆး……သံပုရာေစ့ကိုေရႏွင့္ႀကိတ္ ၊ ေန႔စဥ္ဆံပင္ကို လိမ္းေပးပါ ၊ ဆံပင္ျပန္ေပါက္၏ . . .။
တင္းတိပ္….နႏြင္းႏွင့္ ငျဖဴႀကီးအေစးကို ေသြးလိမ္းပါ . . .။
ဓာတ္ခ်ဳပ္လွ်င္……ထန္းလ်က္နဲ႔မန္က်ီး ကို ဆားျမတ္ျမတ္ထည့္၍ တည္ၿပီးစားလွ်င္ ဝမ္းသက္ ဝမ္းမွန္၏ . . .။
နားကိုက္လွ်င္…..ၾကက္သြန္နီကိုမီးဖုတ္ ၊ အရည္ေႏြးေႏြးနားထဲထည့္ နားကိုက္ျခင္းေပ်ာက္ကင္း၏ …။
နားအူ နားေလထြက္လွ်င္….သေဘာ႐ြၤက္ မီးအုံး၍ အတို႔အျမႇဳပ္ လုပ္စားေပးပါ . . .။
နားျပည္ယိုလွ်င္….က်ီးအာသီးႀကိတ္ဖတ္ကို အုန္းဆီႏွင့္ေရာ၍ ၾကက္ေတာင္ႏွင့္ က်ပ္ေပးပါ . . .။
နားအတြင္းပိုးေကာင္ဝင္လွ်င္….ခရမ္းကေစာ့သီးကို မီး႐ိႈ႕ၿပီး အခိုးခံ မုန္ညင္းဆီႏွင့္ နားကို က်ပ္ေပးပါ . . .။
ႏို႔ေၾကာင္းပိတ္လွ်င္….ႀကိတ္မွန္႐ြက္ကို ငါးၾကင္းသား ကင္နဲ႔ ေရာခ်က္စားေပးပါ . . .။
ႏို႔လိႈင္လိႈင္ထြက္ေဆး……စၿမိတ္ေစ့ကို ေလွာ္၍စားလ်င္ ႏို႔ထြက္ေကာင္း၏ . . .။
ႏွလုံးေရာဂါျဖစ္လွ်င္…..ခေရပင္၏အေခါက္ျပဳတ္ရည္ကို ေသာက္ပါ ၊ အပြင့္ကို႐ွဴ ၊အသီးကို စားေပးပါ အျမစ္ျပတ္ေပ်ာက္၏ . . .။
ႏွေခါင္းေသြးလွ်ံလွ်င္……ငွက္ေပ်ာပင္မွ ထြက္ေသာ အေစးကို ႐ွဴေပးပါ . . .။
ႏွာေခါင္းအနံ႔ မရေသာေရာဂါ ျဖစ္လွ်င္….ႀကိတ္မွန္႐ြက္ ညႇစ္၍ရေသာ အရည္ကို ခဏ ခဏ႐ွဴေပးပါ . . .။
ေဆးနည္း ၁၀၀၀ စာအုပ္မွ ကူယူမွ်ေဝမွ်ျခင္း ျဖစ္သည္ . . .။ ။
ခ်စ္ညီေလး…ညာဏ္ႂကြယ္
Unicode,
တစ်သက်လုံးအသုံးဝင်တဲ့ မြန်မာ့ရိုးရာဆေးနည်းပေါင်းစုံ ရှယ်သွားနော်…
တစ် သက်လုံးအသုံး ဝင် တဲ့ မြန်မာ့ရိုးရာ ဆေးနည်းပေါင်းစုံ ရှယ်သွားနော်။ တစ်ချိန်မဟုတ်တချိန် အသုံးဝင်မှာ သေချာပါတယ် . . .။
ချောင်းဆိုးလျှင် ခရေပွင့်ကို တစ်ညလုံး ရေစိမ်၊ နံနက်တွင်း ထိုရေကို စစ်၍သောက်ပါ၊ ပျောက်ကင်း၏ . . .။
ရင်ပြည့်ရင်ကယ်….ကြက်ဟင်းခါး သက်စောင့်ဆေးကို နှမ်းဆီ – ပရုပ်ဆီဖြူ ဖြင့်ဖျော်၍ ရင်မှအသာအယာ သပ်ချပါ . . .။
နှာပိတ်သော်…..ကြိတ်မှန်ရွက် ခွေးသေးပန်းရွက် နှစ်ပါးကြိတ် ၊ ရှိန်းခိုနဲနဲထည့် ၊ ငယ်ထိပ်မှ နှာခေါင်းအထိ ဆေးအရည်နှင့် ဆွဲချပေးပါ . . .။
တက်လျှင်….ဆင်ငိုမြက်ပြုပ်ရည်ကို တိုက်ပါ ။ အတက်ချက်ချင်း ကျသွားမည် . . .။
ရေငတ်ဝမ်းကျ…..ဆီးသီးအစေ့အတွင်းမှ အဆန်းကို အမှုန့်ပြု၍ နွယ်ချိုနှင့်ရောပြီး စားပါ . . .။
ကင်းထိုးသော်…….ကင်းကိုက် ကင်းထိုး ဒဏ်ရာ ငဖြူကြီးမြစ် သွေးလိမ်းပေးပါ . . .။
ကြို့ထိုးလျှင်……ကြက်သွန်းနီကိုထန်းလျှက်နှင့် နိုင်းချင်း ကြိတ်၍စားပါ . . .။
ခရုသင်း…..ကျည်းသီးဆန်ကိုဆန်ဆေးရည်နှင့် တွဲစပ်၍ ရက်ပေါင်းများစွာ စားရပါသည် . . .။
ခြေတုန် လက်တုန်ဖြစ်လျှင်….ကြိတ်မှန်ရွက်ယို ထိုးစား ပျောက်ကင်း၏ . . .။
ခါးနာ ခါးကိုက်……ညောင်ခြေထောက်ပင်၏ နို့စေးရည် လိမ်းပေးပါ . . .။
ငှက်ဖျားထလျှင်…..မြင်းခွာရွက်ရည်ကို ငရုပ်ကောင်းနှင့်အမျှစီကြိတ်၍ သောက်ပါ။ ခံတွင်းပျက်လျှင်…..ကြိတ်မှန်ရွက်ယို ထိုးစားပေးပါ . . .။
ခေါင်းတခြမ်းကိုက်လျှင်….ကျည်းသီးဆန်ကို ဆိတ်ကျင်ငယ်ရည်နှင့်သွေးလိမ်းပေးပါ။ စကားထစ်လျှင်. . .နံနက်တိုင်းမြင်းခွာရွက် တစ်ရွက်နှစ်ရွက်လောက် နေ့စဉ်စားပေးပါ . . .။
စအိုယားနာ….ကြိတ်မှန်ရွက် အရည်ညှစ်၍ စအိုဝတွင် သုံးလေးကြိမ်သုပ်လိမ်းပေးပါ ၊ ဝမ်းတွင်းရှိ ပိုးများ ကျဆင်းလာပါလိမ့်မယ် . . .။
ဆီးချုပ်လျှင်….ငုပင်၏ အနှစိုကိုသွေး၍ ချက်အောက်မကြာခဏ လိမ်းပေးပါ . . .။
ဆီးတစက်စက်ကျလျှင်…ကြက်သွန်နီကိုပြုပ်၍ အရည်ကို သောက်ပေးပါ . . .။
ဆီးချုပ်လျှင်……ဆီးများစေရန် ကြက်သွန်နီ အစိမ်းများများ စားပေးပါ . . .။
ဆီးအောင့်ကျောက်တည်လျှင်……ကြာဟင်းရွက်ကိုနွားနို့ နှင့် သကြားရော၍ နေ့စဉ် စားသုံးပေးပါ . .။
ဆီးချိုဖြစ်လျှင်….ခံတက်ခေါက်ကို လေးခွက်တစ်ခွက်တင် ကျို၍ သောက်ပါ ….။
ဆီးအနှစ်ကျလျှင်…..သင်္ဘော ရွက် သုံးရွက်ကိုထန်းလျက် သုံးခဲ၊ ဆားအနည်းငယ် ထည့် ၊ သုံးခွက်တစ်ခွက်တင်ကျို၊ တစ်နေ့လုံး သောက်ပေးပါ . . .။
ဆီးပူလျှင်…..ဆီးသွားသောအခါ ပူလိုက်တာ စားပါ ဗူးသီးပြုတ် . . .။
ဆံပင်ပြန်ပေါက်ဆေး……သံပုရာစေ့ကိုရေနှင့်ကြိတ် ၊ နေ့စဉ်ဆံပင်ကို လိမ်းပေးပါ ၊ ဆံပင်ပြန်ပေါက်၏ . . .။
တင်းတိပ်….နနွင်းနှင့် ငဖြူကြီးအစေးကို သွေးလိမ်းပါ . . .။
ဓာတ်ချုပ်လျှင်……ထန်းလျက်နဲ့မန်ကျီး ကို ဆားမြတ်မြတ်ထည့်၍ တည်ပြီးစားလျှင် ဝမ်းသက် ဝမ်းမှန်၏ . . .။
နားကိုက်လျှင်…..ကြက်သွန်နီကိုမီးဖုတ် ၊ အရည်နွေးနွေးနားထဲထည့် နားကိုက်ခြင်းပျောက်ကင်း၏ …။
နားအူ နားလေထွက်လျှင်….သဘောရွင်္က် မီးအုံး၍ အတို့အမြှုပ် လုပ်စားပေးပါ . . .။
နားပြည်ယိုလျှင်….ကျီးအာသီးကြိတ်ဖတ်ကို အုန်းဆီနှင့်ရော၍ ကြက်တောင်နှင့် ကျပ်ပေးပါ . . .။
နားအတွင်းပိုးကောင်ဝင်လျှင်….ခရမ်းကစော့သီးကို မီးရှို့ပြီး အခိုးခံ မုန်ညင်းဆီနှင့် နားကို ကျပ်ပေးပါ . . .။
နို့ကြောင်းပိတ်လျှင်….ကြိတ်မှန်ရွက်ကို ငါးကြင်းသား ကင်နဲ့ ရောချက်စားပေးပါ . . .။
နို့လှိုင်လှိုင်ထွက်ဆေး……စမြိတ်စေ့ကို လှော်၍စားလျင် နို့ထွက်ကောင်း၏ . . .။
နှလုံးရောဂါဖြစ်လျှင်…..ခရေပင်၏အခေါက်ပြုတ်ရည်ကို သောက်ပါ ၊ အပွင့်ကိုရှူ ၊အသီးကို စားပေးပါ အမြစ်ပြတ်ပျောက်၏ . . .။
နှခေါင်းသွေးလျှံလျှင်……ငှက်ပျောပင်မှ ထွက်သော အစေးကို ရှူပေးပါ . . .။
နှာခေါင်းအနံ့ မရသောရောဂါ ဖြစ်လျှင်….ကြိတ်မှန်ရွက် ညှစ်၍ရသော အရည်ကို ခဏ ခဏရှူပေးပါ . . .။
ဆေးနည်း ၁၀၀၀ စာအုပ်မှ ကူယူမျှဝေမျှခြင်း ဖြစ်သည် . . .။ ။
ချစ်ညီလေး…ညာဏ်ကြွယ်