အခ်စ္နွင့္ဘဝ

သိပ္အနိုင္ယူလြန္းတဲ့သူေတြက တစ္ခ်ိန္ခ်ိန္မွာရင္ကြဲပတ္လက္ က်န္ခဲ့ရတတ္တယ္ ။

ကၽြန္ေတာ့္ သူငယ္ခ်င္း တစ္ေယာက္ကို ေတြ႕ဖူးတယ္ ။သူ႔ ခ်စ္သူ ေကာင္မေလး အေပၚမွာသိပ္အနိုင္ယူလြန္းတာမ်ား ေဘးကလူေတာင္ဝင္တားရတာမ်ိဳး အထိ။ရန္ေတြ ျဖစ္ၿပီး အနိုင္ယူတယ္ ။သူ႔ ဘက္က စိတ္ေတြ အရင္ဆိုး ၊စိတ္ေတြ အရင္ေကာက္ၿပီး အနိုင္ယူတယ္ ။

စကားေျပာရင္ေတာင္ ခပ္ၾကမ္းၾကမ္း။သူ game ေဆာ့ေနတဲ့ အခ်ိန္ ေကာင္မေလး ။ဖုန္းဆက္လိုက္လို့ကေတာ့ ေအာ္ၿပီ ေငါက္ၿပီ ။ဒီလိုမ်ိဳး စရိုက္ ရွိတဲ့ ကၽြန္ေတာ့္သူငယ္ခ်င္းကိုဟိုဘက္က ေကာင္မေလးမ်ား ခ်စ္လိုက္တာ တုန္လို့ ။

အရမ္းသည္းခံတယ္ ။ေငါက္ေနရင္ ၊ ေအာ္ေနရင္ေတာင္ မ်က္ရည္ေလး ဝဲၿပီး ဘာမွ ျပန္မေျပာနိုင္ပဲ ၾကည့္ေနရွာတာမ်ိဳး။

ဒါေပမဲ့ေပါ့ ။တစ္ဖက္က အရမ္းခ်စ္ၿပီး ဂ႐ုစိုက္ေပမဲ့လည္းထက္တူညီ တုန႔္ျပန္မွုေတြ ေရာက္မလာတဲ့ေနာက္ဆုံးေတာ့ ေကာင္မေလး ဘက္က စ .ၿပီးလမ္းခြဲထြက္သြားတယ္။

ကၽြန္ေတာ့္ ေကာင္ကေတာ့ အစမွာ ေအးေဆးပဲဗ် ။ကၽြန္ေတာ္တို့ကိုေတာင္ –

”game ေအးေဆး ေဆာ့လို့ရတယ္”

”သူ မေနနိုင္ဘူး ငါ့ဆီ ျပန္လာလိမ့္မယ္ ”

ဆိုၿပီး ဘာမွ မျဖစ္သလိုေလး ေျပာတယ္။

သူ ထင္ထားသလိုေတာ့ ျဖစ္မလာခဲ့ဘူး။ေကာင္မေလးကေတာ့ သူ႔ဆီ ေယာင္လို့ေတာင္ေပၚမလာခဲ့တာပါ။အဲ့ဒါမွသာ သူ အႀကီးအက်ယ္ ေၾကကြဲသြားရၿပီ။

သူ႔ ဘက္မွာ အျမဲရွိေနခဲ့တဲ့သူ ၊သူ႔ ကို အရမ္းခ်စ္တဲ့သူ ၊သူ႔ ကို ဂ႐ုစိုက္ၿပီး သူ လုပ္သမၽွ သည္းခံေပးတဲ့ သူကိုဆုံးရွုံးသြားရတယ္ ။

သူ ဆကိသြယ္တဲ့ ဖုန္းေတြ ေကာင္မေလး ဘက္ကမကိုင္ေတာ့ဘူး။သြားေတြ႕ရင္ေတာင္ ထြက္မေတြ႕တာမ်ိဳး ။မျမင္ေအာင္ ေရွာင္တာမ်ိဳးေတြ လုပ္လာတယ္ ။

မရွိေတာ့တဲ့ အခ်ိန္က်မွ လူတစ္ေယာက္ရဲ့ တန္ဖိုးကိုသူ အႀကီးအက်ယ္ နားလည္ၿပီးအရမ္းကိုခံစားသြားလိုက္ရတယ္။အလူးလူးအလဲလဲ ေၾကကြဲရင္း ေနာင္တေတြဗလပြေပါ့။

ကၽြန္ေတာ္ သိလိုက္ရတာက အနိုင္ယူေနရတာ ကိုမႀကိဳက္ပါနဲ႔ ။အခ်စ္ခံေနရတာကို ဘဝင္တျမင့္ျမင့္ႀကီး မျဖစ္ပါနဲ႔။ကိုယ္ အရမ္းအခ်စ္ခံရသလို တစ္ဖက္ကိုလည္းျပန္ခ်စ္ေပးသင့္ပါတယ္ ။တစ္ဖက္ကိုလည္း ဂ႐ုစိုက္မွုေလးေတြ ျပန္ေပးရပါမယ္။

ကိုယ္ လိုတဲ့ အခ်ိန္ လွမ္းေခၚမယ္ ။မလိုတဲ့ အခ်ိန္ ပစ္ထားမယ္ ဆိုတဲ့ စိတ္ဓါတ္ကအရမ္းကို အတၱဆန္လြန္းတယ္။အဲ့လိုလူမ်ိဳးေတြ က တစ္ခ်ိန္ခ်ိန္မွာ ခံစားရဆုံးပဲ။

ဘယ္ေလာက္ပဲ ခ်စ္ခ်စ္ နာက်င္ရတာေတြ မ်ားလာတဲအခါထပ္ၿပီးေတာ့ သည္းမခံနိုင္တဲ့ အဆုံး လူေတြကလက္လႊတ္ျခင္း ကို ေရြးခ်ယ္တတ္ၾကပါတယ္။ခ်စ္လ်က္နဲ႔ လမ္းခြဲတတ္ၾကတာမ်ိဳးပါ။

ဒါ့ေၾကာင့္ အခ်စ္ခံေနရတာကို စိတ္ႀကီးဝင္ၿပီး အနိုင္ယူဖို့ မႀကိဳးစားပါနဲ႔ ။

#crdorg

#pyaesone

Unicode,

သိပ်အနိုင်ယူလွန်းတဲ့သူတွေက တစ်ချိန်ချိန်မှာရင်ကွဲပတ်လက် ကျန်ခဲ့ရတတ်တယ် ။

ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကို တွေ့ဖူးတယ် ။သူ့ ချစ်သူ ကောင်မလေး အပေါ်မှာသိပ်အနိုင်ယူလွန်းတာများ ဘေးကလူတောင်ဝင်တားရတာမျိုး အထိ။ရန်တွေ ဖြစ်ပြီး အနိုင်ယူတယ် ။သူ့ ဘက်က စိတ်တွေ အရင်ဆိုး ၊စိတ်တွေ အရင်ကောက်ပြီး အနိုင်ယူတယ် ။

စကားပြောရင်တောင် ခပ်ကြမ်းကြမ်း။သူ game ဆော့နေတဲ့ အချိန် ကောင်မလေး ။ဖုန်းဆက်လိုက်လို့ကတော့ အော်ပြီ ငေါက်ပြီ ။ဒီလိုမျိုး စရိုက် ရှိတဲ့ ကျွန်တော့်သူငယ်ချင်းကိုဟိုဘက်က ကောင်မလေးများ ချစ်လိုက်တာ တုန်လို့ ။

အရမ်းသည်းခံတယ် ။ငေါက်နေရင် ၊ အော်နေရင်တောင် မျက်ရည်လေး ဝဲပြီး ဘာမှ ပြန်မပြောနိုင်ပဲ ကြည့်နေရှာတာမျိုး။

ဒါပေမဲ့ပေါ့ ။တစ်ဖက်က အရမ်းချစ်ပြီး ဂရုစိုက်ပေမဲ့လည်းထက်တူညီ တုန့်ပြန်မှုတွေ ရောက်မလာတဲ့နောက်ဆုံးတော့ ကောင်မလေး ဘက်က စ .ပြီးလမ်းခွဲထွက်သွားတယ်။

ကျွန်တော့် ကောင်ကတော့ အစမှာ အေးဆေးပဲဗျ ။ကျွန်တော်တို့ကိုတောင် –

”game အေးဆေး ဆော့လို့ရတယ်”

”သူ မနေနိုင်ဘူး ငါ့ဆီ ပြန်လာလိမ့်မယ် ”

ဆိုပြီး ဘာမှ မဖြစ်သလိုလေး ပြောတယ်။

သူ ထင်ထားသလိုတော့ ဖြစ်မလာခဲ့ဘူး။ကောင်မလေးကတော့ သူ့ဆီ ယောင်လို့တောင်ပေါ်မလာခဲ့တာပါ။အဲ့ဒါမှသာ သူ အကြီးအကျယ် ကြေကွဲသွားရပြီ။

သူ့ ဘက်မှာ အမြဲရှိနေခဲ့တဲ့သူ ၊သူ့ ကို အရမ်းချစ်တဲ့သူ ၊သူ့ ကို ဂရုစိုက်ပြီး သူ လုပ်သမျှ သည်းခံပေးတဲ့ သူကိုဆုံးရှုံးသွားရတယ် ။

သူ ဆကိသွယ်တဲ့ ဖုန်းတွေ ကောင်မလေး ဘက်ကမကိုင်တော့ဘူး။သွားတွေ့ရင်တောင် ထွက်မတွေ့တာမျိုး ။မမြင်အောင် ရှောင်တာမျိုးတွေ လုပ်လာတယ် ။

မရှိတော့တဲ့ အချိန်ကျမှ လူတစ်ယောက်ရဲ့ တန်ဖိုးကိုသူ အကြီးအကျယ် နားလည်ပြီးအရမ်းကိုခံစားသွားလိုက်ရတယ်။အလူးလူးအလဲလဲ ကြေကွဲရင်း နောင်တတွေဗလပွပေါ့။

ကျွန်တော် သိလိုက်ရတာက အနိုင်ယူနေရတာ ကိုမကြိုက်ပါနဲ့ ။အချစ်ခံနေရတာကို ဘဝင်တမြင့်မြင့်ကြီး မဖြစ်ပါနဲ့။ကိုယ် အရမ်းအချစ်ခံရသလို တစ်ဖက်ကိုလည်းပြန်ချစ်ပေးသင့်ပါတယ် ။တစ်ဖက်ကိုလည်း ဂရုစိုက်မှုလေးတွေ ပြန်ပေးရပါမယ်။

ကိုယ် လိုတဲ့ အချိန် လှမ်းခေါ်မယ် ။မလိုတဲ့ အချိန် ပစ်ထားမယ် ဆိုတဲ့ စိတ်ဓါတ်ကအရမ်းကို အတ္တဆန်လွန်းတယ်။အဲ့လိုလူမျိုးတွေ က တစ်ချိန်ချိန်မှာ ခံစားရဆုံးပဲ။

ဘယ်လောက်ပဲ ချစ်ချစ် နာကျင်ရတာတွေ များလာတဲအခါထပ်ပြီးတော့ သည်းမခံနိုင်တဲ့ အဆုံး လူတွေကလက်လွှတ်ခြင်း ကို ရွေးချယ်တတ်ကြပါတယ်။ချစ်လျက်နဲ့ လမ်းခွဲတတ်ကြတာမျိုးပါ။

ဒါ့ကြောင့် အချစ်ခံနေရတာကို စိတ်ကြီးဝင်ပြီး အနိုင်ယူဖို့ မကြိုးစားပါနဲ့ ။

#crdorg

#pyaesone