အခ်စ္နွင့္ဘဝ

အဆင္ေျပေခ်ာ့ေမြ႕တဲ့အခ်စ္ေရးေလးျဖစ္ေစဖို႔ ေနာက္ကြယ္ကလွ်ိဳ႕ဝွက္ခ်က္မ်ား

အဆင္ေျပေခ်ာ့ေမြ႕တဲ့အခ်စ္ေရးေလးျဖစ္ေစဖို႔ ေနာက္ကြယ္ကလွ်ိဳ႕ဝွက္ခ်က္မ်ား

Relationship တစ္ခုတည္္ေဆာက္ၾကၿပီဆိုရင္ လူတုိင္းကေတာ့ အဲဒီ႔ဆက္ဆံေရးေလးကို အလြယ္တကူ မၿပိဳကြဲေစခ်င္ၾကပါဘူး။

ကို္ယ္သေဘာက်ျမတ္ႏုိးလုိ႔ ေ႐ြးခ်ယ္ထားတဲ့ သူကို အလြယ္တကူ မဆံုး႐ံႈးခ်င္သလို ဆက္ဆံေရးတစ္ခုကို အခ်ိန္ေတြအၾကာႀကီး လက္တြဲလုိၾကတာ သဘာဝပါ။

ဒီေတာ့ ေကာင္းမြန္တဲ့ relationship ရဲ႕ေနာက္ကြယ္မွာ ဘာေတြ႐ွိလို႔ေနလဲ။

ဘဝတုိးတက္မႈ

အဆင္ေျပေကာင္းမြန္တဲ့ ဘဝတစ္ခုပိုင္ဆုိင္ထားျခင္းက ေကာင္းမြန္တဲ့ relationship ကို ျဖစ္ေပၚေစပါတယ္တဲ့။

ဒါေၾကာင့္ တစ္စံုတစ္္ေယာက္ကို ခ်စ္တဲ့အခါမွာ ကိုယ့္္ဘဝႀကီးကို ေမ့ထားလို႔ေတာ့ မျဖစ္ပါဘူး။

တစ္စံုတစ္္ေယာက္ကို ခ်စ္မိေန႐ံုနဲ႔ ဘဝႀကီးက မျပည့္စံုႏုိင္တဲ့အတြက္ေၾကာင့္ အခ်စ္က အခ်စ္ ဘဝက ဘဝသက္သက္စီ ခြဲထားပါ။

ေကာင္းမြန္တဲ့ ဘဝတစ္ခုက တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ေဖးမႏုိင္ၿပီး အနာဂတ္္မွာ ဘဝအတြက္ ခုိင္မာၿပီး ပိုေကာင္းမြန္တဲ့ relationship ကိုတည္ေဆာက္ႏုိင္မွာပါ။

စိတ္ခံစားမႈ

မေန႔ကေတာ့ အခ်စ္ႀကီးခ်စ္ေနၿပီး ဒီေန႔ေတာ့ အရမ္းေတြ ေပါက္ကြဲရန္ျဖစ္ေနၾကတဲ့ စံုတြဲေတြ၊ ခုနားကပဲ ရန္ျဖစ္တယ္ ခုေတာ့လည္း ခ်စ္တတ္ၾကတာ သူတို႔လို ေနာက္ထပ္မ႐ွိႏိုင္ဘူးထင္ရတဲ့ စံုတြဲေတြ ေတြ႕ဖူးၾကမွာပါ။

ဒီလို အျပဳအမူေတြ ခံစားခ်က္ေတြဟာ relationship တစ္ခုကို ေကာင္းမြန္ၾကာ႐ွည္စြာ မတည္ျမဲႏုိင္ပါဘူး။

ဒါေၾကာင့္ ခဏခဏစိတ္အေျပာင္းလဲျမန္တတ္တဲ့ အက်င့္ကို ျပင္ဖုိ႔ လုိအပ္ပါတယ္။ ဒါကမွ သင့္တုိ႔ရဲ႕ အခ်စ္္ေရးကို ပိုခိုင္ျမဲေစမွာပါ။

ခ်စ္ေၾကာင္း သက္ေသျပေနစရာမလုိဘူး

ေကာင္းမြန္တဲ့ relationship တစ္ခုမွာ ခ်စ္ေၾကာင္းကို တကူးတကေဖာ္ျပေနစရာ မလိုပဲ သူတုိ႔ရဲ႕အျပဳအမူတုိင္းမွာ ထင္ဟပ္ေနပါတယ္တဲ့ေနာ္။

ပါးစပ္က ဘယ္ေလာက္ပဲ ခ်စ္ပါတယ္ တဖြဖြေျပာေျပာ စိတ္ထဲမွာ မ႐ွိဘူးဆိုရင္ေတာ့ အလကားပါပဲ။

အခ်စ္ေရးခုိင္္ျမဲဖို႔အတြက္ သည္းသည္းလႈပ္ခ်စ္ျပေနစရာမလုိပဲ တစ္ေယာက္္နဲ႔ တစ္ေယာက္အလိုလို ခံစားသိေနဖို႔ပဲ လုိပါတယ္။

ျပသနာကို အတူတူေျဖ႐ွင္းတတ္ဖို႔

ျပသနာကို ေကာင္းေကာင္းဆိုးဆိုး အတူတူ ေဝမွ်ေျဖ႐ွင္းတတ္တဲ့ စံုတြဲေတြက အခ်စ္္ေရးမွာ ပိုနားလည္မႈ႐ွိၿပီး ေကာင္းမြန္တဲ့ relationship ကို ျဖစ္ေစပါတယ္။

ျပသနာျဖစ္တုိင္း တစ္ေယာက္နဲ႔ တစ္ေယာက္ အျပစ္တင္ေဝဖန္ေနရင္ေတာ့ အဲဒီ႔ဆက္ဆံေရးဟာ ဘယ္ေတာ့မွ ေပ်ာ္႐ႊင္သာယာမႈဆီကို ေခၚေဆာင္မသြားႏိုင္ပါဘူး။

ဒါေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္ၿပီး အေကာင္းအဆိုးအတူေဝမွ်တတ္ဖို႔ အေရးႀကီးပါတယ္။

Khin

Unicode,

အဆင်ပြေချော့မွေ့တဲ့အချစ်ရေးလေးဖြစ်စေဖို့ နောက်ကွယ်ကလျှို့ဝှက်ချက်များ

Relationship တစ်ခုတည််ဆောက်ကြပြီဆိုရင် လူတိုင်းကတော့ အဲဒီ့ဆက်ဆံရေးလေးကို အလွယ်တကူ မပြိုကွဲစေချင်ကြပါဘူး။

ကို်ယ်သဘောကျမြတ်နိုးလို့ ရွေးချယ်ထားတဲ့ သူကို အလွယ်တကူ မဆုံးရှုံးချင်သလို ဆက်ဆံရေးတစ်ခုကို အချိန်တွေအကြာကြီး လက်တွဲလိုကြတာ သဘာဝပါ။

ဒီတော့ ကောင်းမွန်တဲ့ relationship ရဲ့နောက်ကွယ်မှာ ဘာတွေရှိလို့နေလဲ။

ဘဝတိုးတက်မှု

အဆင်ပြေကောင်းမွန်တဲ့ ဘဝတစ်ခုပိုင်ဆိုင်ထားခြင်းက ကောင်းမွန်တဲ့ relationship ကို ဖြစ်ပေါ်စေပါတယ်တဲ့။

ဒါကြောင့် တစ်စုံတစ််ယောက်ကို ချစ်တဲ့အခါမှာ ကိုယ့််ဘဝကြီးကို မေ့ထားလို့တော့ မဖြစ်ပါဘူး။

တစ်စုံတစ််ယောက်ကို ချစ်မိနေရုံနဲ့ ဘဝကြီးက မပြည့်စုံနိုင်တဲ့အတွက်ကြောင့် အချစ်က အချစ် ဘဝက ဘဝသက်သက်စီ ခွဲထားပါ။

ကောင်းမွန်တဲ့ ဘဝတစ်ခုက တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဖေးမနိုင်ပြီး အနာဂတ််မှာ ဘဝအတွက် ခိုင်မာပြီး ပိုကောင်းမွန်တဲ့ relationship ကိုတည်ဆောက်နိုင်မှာပါ။

စိတ်ခံစားမှု

မနေ့ကတော့ အချစ်ကြီးချစ်နေပြီး ဒီနေ့တော့ အရမ်းတွေ ပေါက်ကွဲရန်ဖြစ်နေကြတဲ့ စုံတွဲတွေ၊ ခုနားကပဲ ရန်ဖြစ်တယ် ခုတော့လည်း ချစ်တတ်ကြတာ သူတို့လို နောက်ထပ်မရှိနိုင်ဘူးထင်ရတဲ့ စုံတွဲတွေ တွေ့ဖူးကြမှာပါ။

ဒီလို အပြုအမူတွေ ခံစားချက်တွေဟာ relationship တစ်ခုကို ကောင်းမွန်ကြာရှည်စွာ မတည်မြဲနိုင်ပါဘူး။

ဒါကြောင့် ခဏခဏစိတ်အပြောင်းလဲမြန်တတ်တဲ့ အကျင့်ကို ပြင်ဖို့ လိုအပ်ပါတယ်။ ဒါကမှ သင့်တို့ရဲ့ အချစ််ရေးကို ပိုခိုင်မြဲစေမှာပါ။

ချစ်ကြောင်း သက်သေပြနေစရာမလိုဘူး

ကောင်းမွန်တဲ့ relationship တစ်ခုမှာ ချစ်ကြောင်းကို တကူးတကဖော်ပြနေစရာ မလိုပဲ သူတို့ရဲ့အပြုအမူတိုင်းမှာ ထင်ဟပ်နေပါတယ်တဲ့နော်။

ပါးစပ်က ဘယ်လောက်ပဲ ချစ်ပါတယ် တဖွဖွပြောပြော စိတ်ထဲမှာ မရှိဘူးဆိုရင်တော့ အလကားပါပဲ။

အချစ်ရေးခိုင််မြဲဖို့အတွက် သည်းသည်းလှုပ်ချစ်ပြနေစရာမလိုပဲ တစ်ယောက််နဲ့ တစ်ယောက်အလိုလို ခံစားသိနေဖို့ပဲ လိုပါတယ်။

ပြသနာကို အတူတူဖြေရှင်းတတ်ဖို့

ပြသနာကို ကောင်းကောင်းဆိုးဆိုး အတူတူ ဝေမျှဖြေရှင်းတတ်တဲ့ စုံတွဲတွေက အချစ််ရေးမှာ ပိုနားလည်မှုရှိပြီး ကောင်းမွန်တဲ့ relationship ကို ဖြစ်စေပါတယ်။

ပြသနာဖြစ်တိုင်း တစ်ယောက်နဲ့ တစ်ယောက် အပြစ်တင်ဝေဖန်နေရင်တော့ အဲဒီ့ဆက်ဆံရေးဟာ ဘယ်တော့မှ ပျော်ရွှင်သာယာမှုဆီကို ခေါ်ဆောင်မသွားနိုင်ပါဘူး။

ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် နားလည်ပြီး အကောင်းအဆိုးအတူဝေမျှတတ်ဖို့ အရေးကြီးပါတယ်။

Khin