အခ်စ္နွင့္ဘဝ

မ်က္ရည္ခိုင္မွဖတ္ပါေနာ္ ဂိမ္းဆိုင္မွာ အလုပ္လုပ္ေနတဲ့ ေကာင္မေလးတစ္ေယာက္ကို ရည္းစားစကားေျပာမိသြားေသာအခါ…😢

ေကာင္ေလးတစ္ေယာက္ ဂိမ္းဆိုင္မွာ အလုပ္လုပ္ေနတဲ့ ေကာင္မေလးတစ္ေယာက္ကို ႀကိဳက္မိသြားတယ္… သူေန႔တိုင္း အဲဒီ

ေကာင္မေလးရွိတဲ့ ဂိမ္းဆိုင္ကိုသြားၿပီး ဂိမ္းေဆာ့ေလ့ရွိတယ္…တျဖည္းျဖည္းခ်င္းနဲ႔ ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္

မ်က္ႏွာခ်င္း ရင္းႏွီးလာတယ္… ေကာင္မေလး အလုပ္ထဲမွာ အားေနတဲ့အခ်ိန္… ဒါမွ မဟုတ္ စိတ္ညစ္ေနတဲ့အခ်ိန္မ်ိဳးမွာဆို ေကာင္ေလးက

ေကာင္မေလးကို အေဖာ္လုပ္ေပးၿပီး စကားေျပာေလ့ရွိတယ္… ဒါမွမဟုတ္ ေကာင္မေလး ရယ္ေမာလာေအာင္ စေနာက္ေျပာဆိုေပးေလ့ရွိတယ္…

ေကာင္မေလးကလဲ ေကာင္ေလး သူ႔ကိုမ်ား ႀကိဳက္မိ ေနသလားလို႔ ရိပ္မိေနတယ္… ခက္တာက ေကာင္မေလးဆီမွာ ရည္းစားရွိႏွင့္ၿပီး

သားျဖစ္ေနတယ္…ေကာင္ေလးရဲ့ ဂ႐ုစိုက္မႈ ေအာက္မွာ ေကာင္မေလးကလဲ ဘယ္လို ျငင္းဆန္ရမလဲ ဆိုတာကို ေတြေဝ ေနမိတယ္…

တစ္ရက္မွာ ဂိမ္းဆိုင္ကို အ႐ုပ္ညႇပ္တဲ့ စက္တစ္လုံး ေရာက္လာတယ္… ေကာင္မေလးကလဲ အဲ့စက္ထဲက အ႐ုပ္ေလးေတြကို အရမ္း သေဘာက်ေနတယ္…

ေကာင္ေလးက အဲဒါကို သိေတာ့ အ႐ုပ္ေလးတစ္႐ုပ္ ရေအာင္ညႇပ္ေပးၿပီး ေကာင္မေလးကို လက္ေဆာင္ေပးတယ္…

အဲ့ေန႔မွာဘဲ ေကာင္ေလးက ေကာင္မေလးကို ခ်စ္ခြင့္ပန္ခဲ့တယ္… ေကာင္ေလးကလဲ ေကာင္မေလး သူ႔ကို လက္ခံ လိမ့္မယ္လို႔ ေမၽွာ္လင့္ခဲ့တယ္…

ဘာဆက္လုပ္ရမွန္းမသိတဲ့ ေကာင္မေလးကလဲ ေနာက္ဆုံးေတာ့ ေကာင္ေလးကို သူတို႔ ႏွစ္ေယာက္ မျဖစ္နိုင္တဲ့အေၾကာင္းကို ျပတ္ျပတ္ သားသား ျငင္းလိုက္ပါတယ္…

ဘာလို႔လဲဆိုေတာ့ ေကာင္မေလးဆီမွာ ခ်စ္သူ ရွိႏွင့္ၿပီးသား ျဖစ္ေနပါတယ္…

ေကာင္ေလးလဲ နားေထာင္ၿပီး ၿငိမ္သက္စြာနဲ႔ ေခါင္းေအာက္ဆိုက္ၿပီး ေကာင္မေလးအေပၚ ခ်စ္ေနတဲ့အခ်စ္က သူထင္ထားတာထက္ ျပင္းျပေနတာကို သေဘာေပါက္ လိုက္တယ္…

သူက အေလၽွာ့မေပးဘဲ ေကာင္မေလးကို ေမၽွာ္လင့္ခ်က္ ရွိေသးသလားဆိုၿပီး ထပ္ေမးလိုက္တယ္…

စိတ္ထား ႏူးညံ့လွတဲ့ ေကာင္မေလးကလဲ သြက္သြက္ လက္လက္ ေပ်ာ္ေပ်ာ္ ေနတတ္တဲ့ ေကာင္ေလးတစ္ေယာက္ သူ႔ေၾကာင့္ စိတ္ဓာတ္ က်သြားမွာကို မၾကည့္ရက္ေတာ့ အ႐ုပ္ညႇပ္တဲ့ စက္ေလးထဲက ေမြးပြ အ႐ုပ္ေလးေတြကို လက္ညိဳးထိုးၿပီး ေျပာလိုက္တယ္…

တကယ္လို႔သာ အဲ့ထဲက အ႐ုပ္ ၁၀၀ ျပည့္ေအာင္ ညႇပ္ေပး နိုင္မယ္ဆိုရင္ စဥ္းစားေပးမယ္…တစ္ရက္ကို တစ္႐ုပ္ဘဲ ညႇပ္ရမွာေနာ္…

ေကာင္မေလးရဲ့ ရည္ရြယ္ခ်က္ကေတာ့ ေကာင္ေလး သူ႔အေပၚမွာထားတဲ့ သံေယာဇဥ္ကို အခ်ိန္နဲ႔ ေမွးမိန္ ေျဖေလၽွာ့သြားေအာင္ လုပ္ ဖို႔ပါ…

တစ္ေန႔ကို တစ္႐ုပ္ဘဲဆိုေတာ့ အျမန္ဆုံး ဆိုလဲ ၃ လ ေက်ာ္ၾကာမွ အခု ၁၀၀ ျပည့္မွာေပါ့

ေကာင္ေလးကလဲ ဒီလို အခု ၁၀၀ ျပည့္ေအာင္ စိတ္ရွည္မွာ မဟုတ္ေလာက္ပါဘူး လို႔ သူေတြးလိုက္တယ္…

ဒီ ၃ လ ကာလမွာလဲ ေကာင္မေလးက ေကာင္ေလးနဲ႔ တတ္နိုင္ သေလာက္ ခပ္ကင္းကင္းေနဖို႔ နဲ႔ သူတို႔ ၂ ေယာက္ဟာ ဆိုင္ဝန္ထမ္းနဲ႔ ဆိုင္ကို လာတဲ့ Customer ဆိုတဲ့ ဆက္ဆံေရးမ်ိဳး အေနနဲ႔ ဆက္ေနဖို႔ ေကာင္မေလး ဆုံးျဖတ္ လိုက္တယ္…

ေကာင္ေလးက အဲဒီဂိမ္းဆိုင္ကို ေန႔တိုင္းေရာက္လာတယ္… သို႔ေပမဲ့လဲ ေကာင္မေလးကေတာ့ တစ္ေန႔ၿပီး တစ္ေန႔ ပိုပို ၿပီး ေအးစက္လာ တယ္…

ေကာင္ေလးက ေကာင္မေလးနဲ႔ စကားေျပာဖို႔ ႀကိဳးစားတယ္… ဒါေပမဲ့လဲ ေကာင္မေလးက အေရးစိုက္ခ်င္သလို မစိုက္ခ်င္ သလိုပါဘဲ…

ဘာျဖစ္လို႔လဲဆိုေတာ့ ေကာင္မေလးက သေဘာေပါက္ ေနပါတယ္… ဒီတိုင္း လုပ္မွဘဲ ေကာင္ေလးက သူ႔အေပၚထားတဲ့ သံေယာဇဥ္ ေႏွာင္ႀကိဳးကို ျဖတ္နိုင္မွာပါ…

ေကာင္ေလးကလဲ ေကာင္မေလးရဲ့ စိတ္ေနသေဘာထားကို ရိပ္မိ ပုံပါဘဲ…

ေကာင္ေလးကေတာ့ ေန႔တိုင္း ဂိမ္းဆိုင္ကို လာၿပီး အ႐ုပ္ညႇပ္ေပးတယ္…

တခါတေလ ကံေကာင္းတဲ့ အခ်ိန္ဆို တစ္ခါ ၂ ခါ တည္းနဲ႔ ညႇပ္မိ နိုင္ေပမဲ့ တခါတေလ ကံမေကာင္းတဲ့ အခ်ိန္ဆို ပါလာတဲ့ ပိုက္ဆံကုန္လို႔ သူငယ္ခ်င္းဆီက ေခ်းၿပီး အ႐ုပ္ တစ္ခု မရမခ်င္း ႀကိဳးစားၿပီး ညႇပ္ေလ့ ရွိတယ္…

အခ်ိန္ဘယ္ေလာက္ထိ ကုန္ပါေစ… ေငြဘယ္ေလာက္ထိ ကုန္ပါေစ… ေကာင္ေလး ကေတာ့ ေန႔တိုင္း အ႐ုပ္ လာညႇပ္ေလ့ရွိတယ္…

သို႔ေပမဲ့လဲ သူက အ႐ုပ္ညႇပ္မိလို႔ ေပ်ာ္ရႊင္တဲ့ခံစားခ်က္ကို ေကာင္မေလးနဲ႔ မမၽွေဝ ခံစားနိုင္ရွာဘူး…

ဘာလို႔လဲဆိုေတာ့ သူသိေနတယ္… ေကာင္မေလးက သူ႔ကို တမင္ေရွာင္ေနတယ္ ဆိုတာ…

ေကာင္မေလးကို စိတ္မရႈပ္ေစခ်င္လို႔ သူကေတာ့ မွန္ဘီရို ေနာက္ကေနဘဲ ေကာင္မေလးကို ျပဳံးျပၿပီး ေခါင္းၿငိမ့္တာ ေလာက္ဘဲ သူလုပ္နိုင္ ရွာတယ္…

ေကာင္ေလး အ႐ုပ္ကို ညႇပ္မိလို႔ ေပ်ာ္ရႊင္ အားတက္ေနတဲ့ အမူအရာကို ျမင္တိုင္း ေကာင္မေလးက ေျပးထြက္ၿပီး ေျပာပစ္ လိုက္ခ်င္တာ

အႀကိမ္ေပါင္း မနည္းေတာ့ဘူး… ငါနင့္ကို လိမ္ေနတာ… နင္ ထပ္ၿပီး လာမညႇပ္ ပါေတာ့နဲ႔… နင္ အ႐ုပ္ အခု ၁၀၀ ရလဲ နင္နဲ႔ ငါက မျဖစ္နိုင္ ပါဘူးဟာ…

ဒါေပမဲ့လဲ ေကာင္ေလးရဲ့ အိပ္မက္ေတြ ၿပိဳလဲသြားမဲ့မ်က္ႏွာကို ျမင္ေယာင္မိတိုင္း ေကာင္မေလးက မေျပာဝံ့ေတာ့ဘူး… သူ ထပ္ခါထပ္ခါ ေတြေဝေနေလရက္…

ဒီလို႔နဲ႔ဘဲ တစ္ရက္… ႏွစ္ရက္… သုံးရက္… ေကာင္ေလးဆီမွာလဲ အ႐ုပ္ေလးေတြ တေန႔တျခား မ်ားမ်ားလာတယ္…

ေကာင္မေလးအေနနဲ႔ေတာ့ ေကာင္ေလးနဲ႔ စည္းျခားလိုက္တာဟာ သူ႔အလုပ္ထဲ မွာ ပိုၿပီး အထီးက်န္သလို ျဖစ္ေစတယ္…

ဒီလိုနဲ႔ တစ္ရက္မွာ ေကာင္မေလးရဲ့ နယ္ေဝးကိုေရာက္ေနတဲ့ရည္းစားဟာ ေကာင္မေလးရဲ့ ၁၈ ႏွစ္ျပည့္ ေမြးေန႔အမွီ မျပန္လာနိုင္တာနဲ႔

ပတ္သက္ၿပီး ၂ ေယာက္သား ရန္ျဖစ္ၾကတယ္…

အဲဒီေန႔မွာဘဲ ေကာင္ေလးက ခါတိုင္းလိုဘဲ ဆိုင္ကိုေရာက္လာတယ္… ခါတိုင္းနဲ႔ မတူတာက ေကာင္ေလးက ေကာင္မေလးကို

ေျပာလိုက္တယ္… ဒီေန႔မွာေတာ့ စည္းကမ္းကို ေဖာက္ၿပီး အ႐ုပ္ ၂ ခု ညႇပ္ဖို႔ ခြင့္ျပဳေပးပါလားလို႔ ေကာင္ေလးက ေတာင္းဆိုလိုက္တယ္…

ေကာင္မေလးကလဲ သူ႔ရည္းစားနဲ႔ ရန္ျဖစ္ထားတာေၾကာင့္ စိတ္အေျခအေနက မေကာင္းေနဘူး… ေဒါသထြက္ထြက္နဲ႔ မရနိုင္ဘူး ဆိုၿပီး အျပတ္ျငင္းလိုက္တယ္…

ဒီလိုနဲ႔ ေကာင္ေလးကလဲ အ႐ုပ္ညႇပ္တဲ့စက္နားမွာဘဲ တိတ္ဆိတ္စြာ အ႐ုပ္တစ္႐ုပ္ညပ္ၿပီးျပန္သြားရွာတယ္…

ေကာင္ေလး ျပန္ခါနီး မွန္ဘီရိုေနာက္ကေန ေကာင္မေလးကို တစ္ခ်က္လွမ္းၾကည့္လိုက္တယ္…

ေနာက္ရက္ေတြမွာေတာ့ အ႐ုပ္ညႇပ္ဖို႔ ေကာင္ေလး ထပ္ၿပီး ေပၚမလာေတာ့ပါဘူး…

အစပိုင္းမွာေတာ့ ေကာင္မေလးက နည္းနည္းေတာ့ ထူးဆန္းေနတယ္လို႔ ခံစားရေပမဲ့ စိတ္ထဲက ေလးလံ ေနတဲ့ အလုံးႀကီးတစ္လုံး က်သြားၿပီလို႔ ယူဆလိုက္တယ္…

ဒါေပမဲ့လဲ တျဖည္းျဖည္းခ်င္း ေကာင္မေလးက အထာမက်သလိုျဖစ္လာတယ္…

ဘာလို႔လဲဆိုေတာ့ သူ႔အတြက္ေန႔တိုင္း အ႐ုပ္လာညႇပ္ေပးတဲ့ ေနာက္ေၾကာ ပုံရိပ္ဟာ ေန႔ခ်င္း ညခ်င္း ေလဟာနယ္တစ္ခုလို ေပ်ာက္ကြယ္ သြားတာေၾကာင့္ဘဲ…

အဲဒီအခ်ိန္ေရာက္မွ ေကာင္မေလးက သတိထားမိတယ္…

သူ႔ရဲ့ စိတ္ထဲမွာ ရွိေနတဲ့ ဆုံးရႉံးသြားရတယ္ဆိုတဲ့ခံစားခ်က္က ေကာင္ေလးသူ႔ကို ေပးေနတဲ့ ဝန္ထုတ္ထက္ပိုေနတာကို သူသတိထားမိ လာတယ္…

ဒါေပမဲ့လဲ အရာရာအားလုံးက ၿပီးဆုံးသြားပါၿပီ…

ေကာင္မေလး စၿပီး သတိရလာတယ္… အတိတ္က အရိပ္ေတြ ျပန္ျပန္ျမင္လာတယ္…

ေကာင္ေလး ဆိုင္ကိုလာၿပီး သူ႔ကို အေဖာ္လုပ္ၿပီးစကားေျပာေပးတာေတြ…

မွန္ဘီရိုေနာက္ကေနဘဲ တိတ္တိတ္ဆိတ္ဆိတ္ အ႐ုပ္ညႇပ္ေနတဲ့ ပုံရိပ္…

စတာေတြအားလုံးက ေကာင္မေလးကို စိတ္ထဲမွာ လုံျခဳံမႈဆိုတဲ့ ေႏြးေထြးေစတဲ့ ခံစားခ်က္ကို ေပးေနသလိုလို…

ဒါေၾကာင့္လဲ ေကာင္မေလးက ေန႔တိုင္း အလုပ္လာတိုင္း အေပါက္ဝဆီကို ရင္းႏွီးေနတဲ့ ပုံရိပ္တစ္ခု ေရာက္လို႔ လာမလားဆိုတာကို မသိ စိတ္က စိုးမိုးေနေလ့ရွိတယ္…

ႏွေျမာဖို႔ေကာင္းတာက ေကာင္ေလးက ဘယ္ေတာ့မွ ေပၚမလာေတာ့ပါဘူး… အသုံးျပဳျခင္းမရွိေတာ့တဲ့ အ႐ုပ္ညႇပ္တဲ့စက္ကေတာ့

ေနရာေဟာင္းမွာရွိျမဲအတိုင္း ရွိေနေလ့ရဲ့…

တစ္ရက္ေရာက္ေတာ့ ႐ုံးဆင္းၿပီးေနာက္ပိုင္း ဆိုင္အေပါက္ဝမွာ အရင္တုန္းက ေကာင္ေလးနဲ႔ အျမဲလာေလ့ရွိတဲ့ သူငယ္ခ်င္းတစ္ေယာက္ ကို ေတြ႕လိုက္တယ္…

ေကာင္မေလးလဲ ေကာင္ေလးရဲ့ အေၾကာင္းကို အလ်င္စလို ေမးလိုက္တယ္… ဒါေပမဲ့ ေကာင္ေလးသူငယ္ခ်င္းရဲ့ မ်က္ႏွာက မိုင္က်သြားတယ္…

သူ႔သူငယ္ခ်င္းက ေကာင္မေလးကို ေကာင္ေလးရဲ့ အိမ္ေခၚလာလိုက္တယ္

သူ ေကာင္ေလးရဲ့ အခန္းတံခါးကို ဖြင့္လိုက္ခ်ိန္မွာ ေကာင္မေလးရဲ့ ျမင္ကြင္းထဲကို ဝင္လာတာကေတာ့ အ႐ုပ္ညႇပ္တဲ့စက္ထဲက ေမြးပြ အ႐ုပ္ေတြပါဘဲ…

ေနာက္ျမင္ကြင္းတစ္ခုကေတာ့ ကုတင္ေပၚမွာ လဲေနတဲ့ ေကာင္ေလးပါဘဲ…

ေကာင္မေလး အခုမွ သိလိုက္ရတယ္…

ေကာင္ေလးရဲ့ ေၾကာရိုးမွာ ေရာဂါရွိလို႔ ခြဲစိတ္ကုသဖို႔ လိုအပ္ေနတယ္…

ေၾကာရိုးကို ခြဲစိတ္ဖို႔ကလဲ ခႏၶာကိုယ္ ေအာက္ပိုင္း ေသဆုံးသြားနိုင္သည္အထိအႏၲရာယ္မ်ားတဲ့ ခြဲစိတ္မႈမ်ိဳးပါ…

ေကာင္ေလး က ခြဲစိတ္မႈမျပဳခင္ေရွ႕တစ္ည… အဲဒီညကလဲ ေကာင္မေလး သူ႔ရည္းစားနဲ႔ ရန္ျဖစ္တဲ့ည…

ေကာင္မေလးဆီက အ႐ုပ္ ၂ ခု ညႇပ္ခြင့္ေပးဖို႔ ေတာင္းဆိုခဲ့တဲ့ည… ဘာလို႔လဲဆိုေတာ့ ေကာင္ေလးဆီမွာက အ႐ုပ္ ၉၈ ခု ရွိေနပါၿပီ…

ေနာက္ဆုံးေတာ့လဲ ေကာင္မေလးရဲ့ ျငင္းဆန္ျခင္းကို ခံလိုက္ရတယ္…

ေနာက္တစ္ရက္မွာ ေကာင္ေလးရဲ့ ေၾကာရိုးခြဲစိတ္မႈက မေအာင္ျမင္ခဲ့ရွာဘူး…

ေကာင္ေလးရဲ့ အေမက ေကာင္မေလးကို စာတစ္ေစာင္ေပးတယ္… ေကာင္ေလး ခြဲစိတ္မႈ မျပဳခင္က ေရးထားတဲ့ စာေလးပါ…

အစကတည္းက ငါသိၿပီးသားပါကြာ… အ႐ုပ္ အခု ၁၀၀ ကို ငါညႇပ္နိုင္ေပမဲ့လဲ နင့္ဆီက အခ်စ္ကို ငါမရနိုင္ဘူးဆိုတာ…

ငါ ဒီလို လုပ္တယ္ဆိုတာကလဲ မင္း စိတ္အေႏွာင့္အယွက္ျဖစ္ဖို႔ မရည္ရြယ္ပါဘူး…

ဘာကို ရည္ရြယ္သလဲဆိုေတာ့ အခ်ိန္အကန႔္အသတ္ရွိေနတဲ့ ငါ့ဘဝမွာ လူတစ္ေယာက္ကိုငါႀကိဳးစားၿပီး စိတ္နဲ႔ နစ္ေနေအာင္ ခ်စ္ခဲ့ပါ

တယ္ဆိုတာကို သက္ေသျပဖို႔အတြက္ပါဘဲ… အဲဒီေလာက္ဆို လုံေလာက္ပါၿပီ…

မင္း ဒီစာကို ေတြ႕မယ္ဆိုရင္… ငါ ဆက္ၿပီး အ႐ုပ္ေတြ လာမညႇပ္နိုင္ေတာ့ဘူးဆိုတာကို ေျပာတာပါဘဲ…

ေတာင္းပန္ပါတယ္… ငါ့ရဲ့ ႀကိဳးစားမႈက မလုံေလာက္ေသးလို႔ေနမွာပါ… မင္းအတြက္ အ႐ုပ္ ၁၀၀ ငါ မေပးနိုင္ခဲ့ပါဘူး…

ေကာင္မေလးလဲ ကုတင္ေဘးက အေမြးပြ အ႐ုပ္ ၉၉ ခု ၾကည့္ၿပီး ဒါေတြဟာ လက္ခံလို႔မရတဲ့ ႏွလုံးသား အစစ္အမွန္ ၉၉ ခု ျဖစ္ေနပါတယ္…

မ်က္ရည္ကေတာ့ မ်က္ဝန္းေဘာင္ကိုေက်ာ္ၿပီး အဆက္မျပတ္စီးဆင္းလာပါေတာ့တယ္…

ေနာက္တစ္ရက္မွာ ေကာင္မေလးက ေကာင္ေလးအိမ္ကို ထပ္ေရာက္လာပါတယ္…

အခု ၁၀၀ ေျမႇာက္ အ႐ုပ္ကို ေကာင္ေလးရဲ့ လက္ထဲကို ထည့္ေပးလိုက္ပါတယ္…

ေကာင္ေလးကေတ့ာ တကိုယ္လုံး မလႈပ္နိုင္ေတာ့ေပမဲ့ သူ႔ မ်က္ဝန္းေထာင့္တစ္ေနရာကေတာ့ မ်က္ရည္ စီးက်လာခဲ့ပါတယ္…

ေရစက္ဆိုတာ ဆန္းက်ယ္လွတဲ့အရာတစ္ခုပါ…

အျမဲတမ္း မသိမသာတဲ့အခ်ိန္မွာ ေပၚထြက္လာတတ္ပါတယ္…

ရွိေနတဲ့အခ်ိန္မွာ မင္း တန္ဖိုး ထားမိခ်င္မွ ထားမိလိုက္ပါမယ္…

ေမၽွာ္လင့္ေစာင့္စားေနခ်ိန္မွာ သူ လုံး၀ မေပၚလာဘူး

ဒါေၾကာင့္လဲ အခုခ်ိန္ကစၿပီး အားလုံးကို တန္ဖိုးထားေစခ်င္ပါတယ္… ကိုယ့္ပတ္ဝန္းက်င္က သူေတြ… ခ်စ္တဲ့သူ… ကိုယ့္မိသားစုဝင္ေတြ

ကို တန္ဖိုးထားပါ…

ကိုယ့္ဘဝမွာ စိတ္သိကိုယ္သိ သူငယ္ခ်င္းမ်ိဳး ဘယ္နေယာက္ ေတြ႕နိုင္မွာမို႔လဲ?

တခ်ိဳ႕လဲ သိတာ မၾကာေသးဘူးဆိုေပမဲ့ အေၾကာင္းသိတာ ၾကာလွၿပီလို႔ ခံစားရတဲ့ သူငယ္ခ်င္းေတြလဲ ရွိၾကတာဘဲ…

ဒီလို သူငယ္ခ်င္းမ်ိဳးရွိၾကပါသလား?

အေပါက္အလမ္းတည့္တဲ့သူငယ္ခ်င္းေတြ… ေကာင္းတဲ့အရာေတြကို ေဝမၽွတတ္တဲ့ သူငယ္ခ်င္းေတြ… တစ္သက္လုံး ၿငီးေငြ႕ မသြားတဲ့ သူငယ္ခ်င္းေတြ ရွိၾကမွာပါ…

Credit: Zane

Unicode,

ကောင်လေးတစ်ယောက် ဂိမ်းဆိုင်မှာ အလုပ်လုပ်နေတဲ့ ကောင်မလေးတစ်ယောက်ကို ကြိုက်မိသွားတယ်… သူနေ့တိုင်း အဲဒီ

ကောင်မလေးရှိတဲ့ ဂိမ်းဆိုင်ကိုသွားပြီး ဂိမ်းဆော့လေ့ရှိတယ်…တဖြည်းဖြည်းချင်းနဲ့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်

မျက်နှာချင်း ရင်းနှီးလာတယ်… ကောင်မလေး အလုပ်ထဲမှာ အားနေတဲ့အချိန်… ဒါမှ မဟုတ် စိတ်ညစ်နေတဲ့အချိန်မျိုးမှာဆို ကောင်လေးက

ကောင်မလေးကို အဖော်လုပ်ပေးပြီး စကားပြောလေ့ရှိတယ်… ဒါမှမဟုတ် ကောင်မလေး ရယ်မောလာအောင် စနောက်ပြောဆိုပေးလေ့ရှိတယ်…

ကောင်မလေးကလဲ ကောင်လေး သူ့ကိုများ ကြိုက်မိ နေသလားလို့ ရိပ်မိနေတယ်… ခက်တာက ကောင်မလေးဆီမှာ ရည်းစားရှိနှင့်ပြီး

သားဖြစ်နေတယ်…ကောင်လေးရဲ့ ဂရုစိုက်မှု အောက်မှာ ကောင်မလေးကလဲ ဘယ်လို ငြင်းဆန်ရမလဲ ဆိုတာကို တွေဝေ နေမိတယ်…

တစ်ရက်မှာ ဂိမ်းဆိုင်ကို အရုပ်ညှပ်တဲ့ စက်တစ်လုံး ရောက်လာတယ်… ကောင်မလေးကလဲ အဲ့စက်ထဲက အရုပ်လေးတွေကို အရမ်း သဘောကျနေတယ်…

ကောင်လေးက အဲဒါကို သိတော့ အရုပ်လေးတစ်ရုပ် ရအောင်ညှပ်ပေးပြီး ကောင်မလေးကို လက်ဆောင်ပေးတယ်…

အဲ့နေ့မှာဘဲ ကောင်လေးက ကောင်မလေးကို ချစ်ခွင့်ပန်ခဲ့တယ်… ကောင်လေးကလဲ ကောင်မလေး သူ့ကို လက်ခံ လိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်…

ဘာဆက်လုပ်ရမှန်းမသိတဲ့ ကောင်မလေးကလဲ နောက်ဆုံးတော့ ကောင်လေးကို သူတို့ နှစ်ယောက် မဖြစ်နိုင်တဲ့အကြောင်းကို ပြတ်ပြတ် သားသား ငြင်းလိုက်ပါတယ်…

ဘာလို့လဲဆိုတော့ ကောင်မလေးဆီမှာ ချစ်သူ ရှိနှင့်ပြီးသား ဖြစ်နေပါတယ်…

ကောင်လေးလဲ နားထောင်ပြီး ငြိမ်သက်စွာနဲ့ ခေါင်းအောက်ဆိုက်ပြီး ကောင်မလေးအပေါ် ချစ်နေတဲ့အချစ်က သူထင်ထားတာထက် ပြင်းပြနေတာကို သဘောပေါက် လိုက်တယ်…

သူက အလျှော့မပေးဘဲ ကောင်မလေးကို မျှော်လင့်ချက် ရှိသေးသလားဆိုပြီး ထပ်မေးလိုက်တယ်…

စိတ်ထား နူးညံ့လှတဲ့ ကောင်မလေးကလဲ သွက်သွက် လက်လက် ပျော်ပျော် နေတတ်တဲ့ ကောင်လေးတစ်ယောက် သူ့ကြောင့် စိတ်ဓာတ် ကျသွားမှာကို မကြည့်ရက်တော့ အရုပ်ညှပ်တဲ့ စက်လေးထဲက မွေးပွ အရုပ်လေးတွေကို လက်ညိုးထိုးပြီး ပြောလိုက်တယ်…

တကယ်လို့သာ အဲ့ထဲက အရုပ် ၁၀၀ ပြည့်အောင် ညှပ်ပေး နိုင်မယ်ဆိုရင် စဉ်းစားပေးမယ်…တစ်ရက်ကို တစ်ရုပ်ဘဲ ညှပ်ရမှာနော်…

ကောင်မလေးရဲ့ ရည်ရွယ်ချက်ကတော့ ကောင်လေး သူ့အပေါ်မှာထားတဲ့ သံယောဇဉ်ကို အချိန်နဲ့ မှေးမိန် ဖြေလျှော့သွားအောင် လုပ် ဖို့ပါ…

တစ်နေ့ကို တစ်ရုပ်ဘဲဆိုတော့ အမြန်ဆုံး ဆိုလဲ ၃ လ ကျော်ကြာမှ အခု ၁၀၀ ပြည့်မှာပေါ့

ကောင်လေးကလဲ ဒီလို အခု ၁၀၀ ပြည့်အောင် စိတ်ရှည်မှာ မဟုတ်လောက်ပါဘူး လို့ သူတွေးလိုက်တယ်…

ဒီ ၃ လ ကာလမှာလဲ ကောင်မလေးက ကောင်လေးနဲ့ တတ်နိုင် သလောက် ခပ်ကင်းကင်းနေဖို့ နဲ့ သူတို့ ၂ ယောက်ဟာ ဆိုင်ဝန်ထမ်းနဲ့ ဆိုင်ကို လာတဲ့ Customer ဆိုတဲ့ ဆက်ဆံရေးမျိုး အနေနဲ့ ဆက်နေဖို့ ကောင်မလေး ဆုံးဖြတ် လိုက်တယ်…

ကောင်လေးက အဲဒီဂိမ်းဆိုင်ကို နေ့တိုင်းရောက်လာတယ်… သို့ပေမဲ့လဲ ကောင်မလေးကတော့ တစ်နေ့ပြီး တစ်နေ့ ပိုပို ပြီး အေးစက်လာ တယ်…

ကောင်လေးက ကောင်မလေးနဲ့ စကားပြောဖို့ ကြိုးစားတယ်… ဒါပေမဲ့လဲ ကောင်မလေးက အရေးစိုက်ချင်သလို မစိုက်ချင် သလိုပါဘဲ…

ဘာဖြစ်လို့လဲဆိုတော့ ကောင်မလေးက သဘောပေါက် နေပါတယ်… ဒီတိုင်း လုပ်မှဘဲ ကောင်လေးက သူ့အပေါ်ထားတဲ့ သံယောဇဉ် နှောင်ကြိုးကို ဖြတ်နိုင်မှာပါ…

ကောင်လေးကလဲ ကောင်မလေးရဲ့ စိတ်နေသဘောထားကို ရိပ်မိ ပုံပါဘဲ…

ကောင်လေးကတော့ နေ့တိုင်း ဂိမ်းဆိုင်ကို လာပြီး အရုပ်ညှပ်ပေးတယ်…

တခါတလေ ကံကောင်းတဲ့ အချိန်ဆို တစ်ခါ ၂ ခါ တည်းနဲ့ ညှပ်မိ နိုင်ပေမဲ့ တခါတလေ ကံမကောင်းတဲ့ အချိန်ဆို ပါလာတဲ့ ပိုက်ဆံကုန်လို့ သူငယ်ချင်းဆီက ချေးပြီး အရုပ် တစ်ခု မရမချင်း ကြိုးစားပြီး ညှပ်လေ့ ရှိတယ်…

အချိန်ဘယ်လောက်ထိ ကုန်ပါစေ… ငွေဘယ်လောက်ထိ ကုန်ပါစေ… ကောင်လေး ကတော့ နေ့တိုင်း အရုပ် လာညှပ်လေ့ရှိတယ်…

သို့ပေမဲ့လဲ သူက အရုပ်ညှပ်မိလို့ ပျော်ရွှင်တဲ့ခံစားချက်ကို ကောင်မလေးနဲ့ မမျှဝေ ခံစားနိုင်ရှာဘူး…

ဘာလို့လဲဆိုတော့ သူသိနေတယ်… ကောင်မလေးက သူ့ကို တမင်ရှောင်နေတယ် ဆိုတာ…

ကောင်မလေးကို စိတ်မရှုပ်စေချင်လို့ သူကတော့ မှန်ဘီရို နောက်ကနေဘဲ ကောင်မလေးကို ပြုံးပြပြီး ခေါင်းငြိမ့်တာ လောက်ဘဲ သူလုပ်နိုင် ရှာတယ်…

ကောင်လေး အရုပ်ကို ညှပ်မိလို့ ပျော်ရွှင် အားတက်နေတဲ့ အမူအရာကို မြင်တိုင်း ကောင်မလေးက ပြေးထွက်ပြီး ပြောပစ် လိုက်ချင်တာ

အကြိမ်ပေါင်း မနည်းတော့ဘူး… ငါနင့်ကို လိမ်နေတာ… နင် ထပ်ပြီး လာမညှပ် ပါတော့နဲ့… နင် အရုပ် အခု ၁၀၀ ရလဲ နင်နဲ့ ငါက မဖြစ်နိုင် ပါဘူးဟာ…

ဒါပေမဲ့လဲ ကောင်လေးရဲ့ အိပ်မက်တွေ ပြိုလဲသွားမဲ့မျက်နှာကို မြင်ယောင်မိတိုင်း ကောင်မလေးက မပြောဝံ့တော့ဘူး… သူ ထပ်ခါထပ်ခါ တွေဝေနေလေရက်…

ဒီလို့နဲ့ဘဲ တစ်ရက်… နှစ်ရက်… သုံးရက်… ကောင်လေးဆီမှာလဲ အရုပ်လေးတွေ တနေ့တခြား များများလာတယ်…

ကောင်မလေးအနေနဲ့တော့ ကောင်လေးနဲ့ စည်းခြားလိုက်တာဟာ သူ့အလုပ်ထဲ မှာ ပိုပြီး အထီးကျန်သလို ဖြစ်စေတယ်…

ဒီလိုနဲ့ တစ်ရက်မှာ ကောင်မလေးရဲ့ နယ်ဝေးကိုရောက်နေတဲ့ရည်းစားဟာ ကောင်မလေးရဲ့ ၁၈ နှစ်ပြည့် မွေးနေ့အမှီ မပြန်လာနိုင်တာနဲ့

ပတ်သက်ပြီး ၂ ယောက်သား ရန်ဖြစ်ကြတယ်…

အဲဒီနေ့မှာဘဲ ကောင်လေးက ခါတိုင်းလိုဘဲ ဆိုင်ကိုရောက်လာတယ်… ခါတိုင်းနဲ့ မတူတာက ကောင်လေးက ကောင်မလေးကို

ပြောလိုက်တယ်… ဒီနေ့မှာတော့ စည်းကမ်းကို ဖောက်ပြီး အရုပ် ၂ ခု ညှပ်ဖို့ ခွင့်ပြုပေးပါလားလို့ ကောင်လေးက တောင်းဆိုလိုက်တယ်…

ကောင်မလေးကလဲ သူ့ရည်းစားနဲ့ ရန်ဖြစ်ထားတာကြောင့် စိတ်အခြေအနေက မကောင်းနေဘူး… ဒေါသထွက်ထွက်နဲ့ မရနိုင်ဘူး ဆိုပြီး အပြတ်ငြင်းလိုက်တယ်…

ဒီလိုနဲ့ ကောင်လေးကလဲ အရုပ်ညှပ်တဲ့စက်နားမှာဘဲ တိတ်ဆိတ်စွာ အရုပ်တစ်ရုပ်ညပ်ပြီးပြန်သွားရှာတယ်…

ကောင်လေး ပြန်ခါနီး မှန်ဘီရိုနောက်ကနေ ကောင်မလေးကို တစ်ချက်လှမ်းကြည့်လိုက်တယ်…

နောက်ရက်တွေမှာတော့ အရုပ်ညှပ်ဖို့ ကောင်လေး ထပ်ပြီး ပေါ်မလာတော့ပါဘူး…

အစပိုင်းမှာတော့ ကောင်မလေးက နည်းနည်းတော့ ထူးဆန်းနေတယ်လို့ ခံစားရပေမဲ့ စိတ်ထဲက လေးလံ နေတဲ့ အလုံးကြီးတစ်လုံး ကျသွားပြီလို့ ယူဆလိုက်တယ်…

ဒါပေမဲ့လဲ တဖြည်းဖြည်းချင်း ကောင်မလေးက အထာမကျသလိုဖြစ်လာတယ်…

ဘာလို့လဲဆိုတော့ သူ့အတွက်နေ့တိုင်း အရုပ်လာညှပ်ပေးတဲ့ နောက်ကြော ပုံရိပ်ဟာ နေ့ချင်း ညချင်း လေဟာနယ်တစ်ခုလို ပျောက်ကွယ် သွားတာကြောင့်ဘဲ…

အဲဒီအချိန်ရောက်မှ ကောင်မလေးက သတိထားမိတယ်…

သူ့ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ ဆုံးရှူံးသွားရတယ်ဆိုတဲ့ခံစားချက်က ကောင်လေးသူ့ကို ပေးနေတဲ့ ဝန်ထုတ်ထက်ပိုနေတာကို သူသတိထားမိ လာတယ်…

ဒါပေမဲ့လဲ အရာရာအားလုံးက ပြီးဆုံးသွားပါပြီ…

ကောင်မလေး စပြီး သတိရလာတယ်… အတိတ်က အရိပ်တွေ ပြန်ပြန်မြင်လာတယ်…

ကောင်လေး ဆိုင်ကိုလာပြီး သူ့ကို အဖော်လုပ်ပြီးစကားပြောပေးတာတွေ…

မှန်ဘီရိုနောက်ကနေဘဲ တိတ်တိတ်ဆိတ်ဆိတ် အရုပ်ညှပ်နေတဲ့ ပုံရိပ်…

စတာတွေအားလုံးက ကောင်မလေးကို စိတ်ထဲမှာ လုံခြုံမှုဆိုတဲ့ နွေးထွေးစေတဲ့ ခံစားချက်ကို ပေးနေသလိုလို…

ဒါကြောင့်လဲ ကောင်မလေးက နေ့တိုင်း အလုပ်လာတိုင်း အပေါက်ဝဆီကို ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခု ရောက်လို့ လာမလားဆိုတာကို မသိ စိတ်က စိုးမိုးနေလေ့ရှိတယ်…

နှမြောဖို့ကောင်းတာက ကောင်လေးက ဘယ်တော့မှ ပေါ်မလာတော့ပါဘူး… အသုံးပြုခြင်းမရှိတော့တဲ့ အရုပ်ညှပ်တဲ့စက်ကတော့

နေရာဟောင်းမှာရှိမြဲအတိုင်း ရှိနေလေ့ရဲ့…

တစ်ရက်ရောက်တော့ ရုံးဆင်းပြီးနောက်ပိုင်း ဆိုင်အပေါက်ဝမှာ အရင်တုန်းက ကောင်လေးနဲ့ အမြဲလာလေ့ရှိတဲ့ သူငယ်ချင်းတစ်ယောက် ကို တွေ့လိုက်တယ်…

ကောင်မလေးလဲ ကောင်လေးရဲ့ အကြောင်းကို အလျင်စလို မေးလိုက်တယ်… ဒါပေမဲ့ ကောင်လေးသူငယ်ချင်းရဲ့ မျက်နှာက မိုင်ကျသွားတယ်…

သူ့သူငယ်ချင်းက ကောင်မလေးကို ကောင်လေးရဲ့ အိမ်ခေါ်လာလိုက်တယ်

သူ ကောင်လေးရဲ့ အခန်းတံခါးကို ဖွင့်လိုက်ချိန်မှာ ကောင်မလေးရဲ့ မြင်ကွင်းထဲကို ဝင်လာတာကတော့ အရုပ်ညှပ်တဲ့စက်ထဲက မွေးပွ အရုပ်တွေပါဘဲ…

နောက်မြင်ကွင်းတစ်ခုကတော့ ကုတင်ပေါ်မှာ လဲနေတဲ့ ကောင်လေးပါဘဲ…

ကောင်မလေး အခုမှ သိလိုက်ရတယ်…

ကောင်လေးရဲ့ ကြောရိုးမှာ ရောဂါရှိလို့ ခွဲစိတ်ကုသဖို့ လိုအပ်နေတယ်…

ကြောရိုးကို ခွဲစိတ်ဖို့ကလဲ ခန္ဓာကိုယ် အောက်ပိုင်း သေဆုံးသွားနိုင်သည်အထိအန္တရာယ်များတဲ့ ခွဲစိတ်မှုမျိုးပါ…

ကောင်လေး က ခွဲစိတ်မှုမပြုခင်ရှေ့တစ်ည… အဲဒီညကလဲ ကောင်မလေး သူ့ရည်းစားနဲ့ ရန်ဖြစ်တဲ့ည…

ကောင်မလေးဆီက အရုပ် ၂ ခု ညှပ်ခွင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ည… ဘာလို့လဲဆိုတော့ ကောင်လေးဆီမှာက အရုပ် ၉၈ ခု ရှိနေပါပြီ…

နောက်ဆုံးတော့လဲ ကောင်မလေးရဲ့ ငြင်းဆန်ခြင်းကို ခံလိုက်ရတယ်…

နောက်တစ်ရက်မှာ ကောင်လေးရဲ့ ကြောရိုးခွဲစိတ်မှုက မအောင်မြင်ခဲ့ရှာဘူး…

ကောင်လေးရဲ့ အမေက ကောင်မလေးကို စာတစ်စောင်ပေးတယ်… ကောင်လေး ခွဲစိတ်မှု မပြုခင်က ရေးထားတဲ့ စာလေးပါ…

အစကတည်းက ငါသိပြီးသားပါကွာ… အရုပ် အခု ၁၀၀ ကို ငါညှပ်နိုင်ပေမဲ့လဲ နင့်ဆီက အချစ်ကို ငါမရနိုင်ဘူးဆိုတာ…

ငါ ဒီလို လုပ်တယ်ဆိုတာကလဲ မင်း စိတ်အနှောင့်အယှက်ဖြစ်ဖို့ မရည်ရွယ်ပါဘူး…

ဘာကို ရည်ရွယ်သလဲဆိုတော့ အချိန်အကန့်အသတ်ရှိနေတဲ့ ငါ့ဘဝမှာ လူတစ်ယောက်ကိုငါကြိုးစားပြီး စိတ်နဲ့ နစ်နေအောင် ချစ်ခဲ့ပါ

တယ်ဆိုတာကို သက်သေပြဖို့အတွက်ပါဘဲ… အဲဒီလောက်ဆို လုံလောက်ပါပြီ…

မင်း ဒီစာကို တွေ့မယ်ဆိုရင်… ငါ ဆက်ပြီး အရုပ်တွေ လာမညှပ်နိုင်တော့ဘူးဆိုတာကို ပြောတာပါဘဲ…

တောင်းပန်ပါတယ်… ငါ့ရဲ့ ကြိုးစားမှုက မလုံလောက်သေးလို့နေမှာပါ… မင်းအတွက် အရုပ် ၁၀၀ ငါ မပေးနိုင်ခဲ့ပါဘူး…

ကောင်မလေးလဲ ကုတင်ဘေးက အမွေးပွ အရုပ် ၉၉ ခု ကြည့်ပြီး ဒါတွေဟာ လက်ခံလို့မရတဲ့ နှလုံးသား အစစ်အမှန် ၉၉ ခု ဖြစ်နေပါတယ်…

မျက်ရည်ကတော့ မျက်ဝန်းဘောင်ကိုကျော်ပြီး အဆက်မပြတ်စီးဆင်းလာပါတော့တယ်…

နောက်တစ်ရက်မှာ ကောင်မလေးက ကောင်လေးအိမ်ကို ထပ်ရောက်လာပါတယ်…

အခု ၁၀၀ မြှောက် အရုပ်ကို ကောင်လေးရဲ့ လက်ထဲကို ထည့်ပေးလိုက်ပါတယ်…

ကောင်လေးကတေ့ာ တကိုယ်လုံး မလှုပ်နိုင်တော့ပေမဲ့ သူ့ မျက်ဝန်းထောင့်တစ်နေရာကတော့ မျက်ရည် စီးကျလာခဲ့ပါတယ်…

ရေစက်ဆိုတာ ဆန်းကျယ်လှတဲ့အရာတစ်ခုပါ…

အမြဲတမ်း မသိမသာတဲ့အချိန်မှာ ပေါ်ထွက်လာတတ်ပါတယ်…

ရှိနေတဲ့အချိန်မှာ မင်း တန်ဖိုး ထားမိချင်မှ ထားမိလိုက်ပါမယ်…

မျှော်လင့်စောင့်စားနေချိန်မှာ သူ လုံးဝ မပေါ်လာဘူး

ဒါကြောင့်လဲ အခုချိန်ကစပြီး အားလုံးကို တန်ဖိုးထားစေချင်ပါတယ်… ကိုယ့်ပတ်ဝန်းကျင်က သူတွေ… ချစ်တဲ့သူ… ကိုယ့်မိသားစုဝင်တွေ

ကို တန်ဖိုးထားပါ…

ကိုယ့်ဘဝမှာ စိတ်သိကိုယ်သိ သူငယ်ချင်းမျိုး ဘယ်နယောက် တွေ့နိုင်မှာမို့လဲ?

တချို့လဲ သိတာ မကြာသေးဘူးဆိုပေမဲ့ အကြောင်းသိတာ ကြာလှပြီလို့ ခံစားရတဲ့ သူငယ်ချင်းတွေလဲ ရှိကြတာဘဲ…

ဒီလို သူငယ်ချင်းမျိုးရှိကြပါသလား?

အပေါက်အလမ်းတည့်တဲ့သူငယ်ချင်းတွေ… ကောင်းတဲ့အရာတွေကို ဝေမျှတတ်တဲ့ သူငယ်ချင်းတွေ… တစ်သက်လုံး ငြီးငွေ့ မသွားတဲ့ သူငယ်ချင်းတွေ ရှိကြမှာပါ…

Credit: Zane