ဗဟုသုတ

ဘဝမွာ ေရွ႕ဆက္ဘာလုပ္ရမွန္းမသိဘဲ့ လမ္းေပ်ာက္ေနတဲ့သူေတြ ဖတ္ဖို႔

လူတိုင္းက ရည္မွန္းခ်က္ကိုယ္စီနဲ႔ႀကိဳးစားေနၾကတဲ့ အခ်ိန္မွာ ကိုယ္တစ္ေယာက္တည္း ဘဝႀကီးကိုၿငီးေငြ႕ၿပီး ဘာလုပ္လို႔လုပ္ရမွန္းမသိ လမ္းေပ်ာက္ေနသလိုမ်ိဳး ျဖစ္ဖူးပါသလား?? ဒါဆိုရင္ေတာ့ ဒီလိုအခ်ိန္ဟာ ဘယ္ေလာက္ခက္ခဲတယ္ဆိုတာ သင္ေကာင္းေကာင္း နားလည္မွာပါ။ ဘာလုပ္ရမွန္းမသိ၊ ဘာမွလည္းမလုပ္ ခ်င္ဘူးဆိုတဲ့စိတ္မ်ိဳးျဖစ္ေနတဲ့အခါမွာ ဒီအခ်က္ေလး ေတြကို လုပ္ေပးမယ္ဆိုရင္ လမ္းေပ်ာက္ေနတဲ့အေျခအေနကေန ျပန္ၿပီးအဆင္ေျပလာမွာပါ။

၁။ သင့္ကိုစိတ္ဖိစီးေစတဲ့ ပတ္ဝန္းက်င္ကိုေရွာင္ပါ

ကိုယ္တိုင္က ေရွ႕ဆက္ဘာလုပ္ရမယ္မွန္းမသိ ရည္မွန္းခ်က္ေပ်ာက္ေနခ်ိန္မွာ စိတ္ဖိစီးမႈေတြထပ္ျဖစ္လာမယ္ဆိုရင္ အေျခအေနက ပိုဆိုးသြားၿပီး ထစ္ခနဲရွိစိတ္တိုေဒါသထြက္တတ္တဲ့သူ တစ္ေယာက္ ျဖစ္သြားနိုင္ပါတယ္။ ဒါေၾကာင့္ ဒီလိုျဖစ္ေနၿပီဆိုရင္ ကိုယ့္ကိုစိတ္ဖိစီးေစတဲ့ပတ္ဝန္းက်င္ကို ေရွာင္ၿပီး တစ္ေယာက္တည္းေအးေအးေဆးေဆး ေနနိုင္ေအာင္ႀကိဳးစားပါ။ ခရီး ေလးဘာေလး ထြက္သင့္ရင္ထြက္ပါ။ ခရီးမထြက္နိုင္ဘူး၊ တစ္ေယာက္တည္းေနဖို႔လည္း အဆင္မေျပဘူးဆိုရင္ေတာ့ ပိတ္ရက္၊အားလပ္ရက္ေတြမွာ တစ္ေယာက္တည္း ေအးေအးေဆးေဆးအျပင္ထြက္လမ္း ေလၽွာက္တာ၊ လူရွင္းတဲ့ေကာ္ဖီဆိုင္မွာထိုင္တာ၊ တိတ္ဆိတ္တဲ့ေနရာေလးမွာ စာအုပ္ဖတ္တာမ်ိဳး လုပ္ေပးပါ။ ကိုယ့္ကို စိတ္ေပ်ာ္ရႊင္ေစတဲ့သူေတြ နားမွာေနပါ။

၂။ စိတ္ေပ်ာ္ရႊင္ေစမယ့္အရာေတြကိုလုပ္ပါ

သင့္အေနနဲ႔ ဒီလိုအေျခအေနမွာ ကိုယ္ျဖစ္ခ်င္တာကို လုပ္ရမလား၊ ျဖစ္သင့္တာကိုပဲလုပ္ရမလားဆိုၿပီး ေဝခြဲရခက္၊ စဥ္းစားရခက္ေနတတ္ပါတယ္။ လက္ရွိ သင္ေတြးေနတဲ့ အေတြးေတြအားလုံးကိုေခါင္းထဲက ထုတ္လိုက္ပါ။ အခုအခ်ိန္မွာ သင့္အေနနဲ႔ သင့္ကို စိတ္ေပ်ာ္ရႊင္ေစတဲ့ အလုပ္မ်ိဳးကိုလုပ္တာ အေကာင္းဆုံးပါ။ သင့္ကိုေပ်ာ္ရႊင္ေစတဲ့အလုပ္က ဘယ္အရာျဖစ္မလဲ စဥ္းစားပါ။ အဲ့ဒီကမွ သင္နဲ႔သင့္ေတာ္တဲ့အရာကို ေတြ႕လာပါလိမ့္မယ္။

၃။ လြန္ခဲ့တဲ့(၅)ႏွစ္တုန္းက အခ်ိန္နဲ႔အခုလက္ရွိအခ်ိန္ကို ႏွိုင္းယွဥ္ၾကည့္ပါ

စိတ္ဓာတ္က်ေနတာပဲျဖစ္ျဖစ္၊ ရည္မွန္းခ်က္ေပ်ာက္ၿပီး လမ္းေပ်ာက္ေနတာပဲျဖစ္ျဖစ္ ဒီလိုအေျခအေနမွာ သင့္အတြက္အေကာင္းဆုံးက လြန္ခဲ့တဲ့(၅)ႏွစ္ကသင္နဲ႔ အခုလက္ရွိသင့္အေနအထားကို ယွဥ္ၾကည့္တာပါပဲ။ ဒီ(၅)ႏွစ္အတြင္းမွာ ဘယ္အရာေတြတိုးတက္လာသလဲ၊ ဘယ္အရာေတြဆုတ္ယုတ္သြားသလဲဆိုတာ ျပန္ဆန္းစစ္ပါ။ တိုးတက္လာတဲ့အခ်က္ေတြအတြက္ ကိုယ့္ကိုယ္ကို ခ်ီးက်ဴးပါ။ ၿပီးရင္ ဆုတ္ယုတ္သြားတဲ့အခ်က္ေတြကို ျပဳျပင္ပါ။ ဒါက သင့္ကိုစိတ္ဓာတ္တက္ႂကြေစပါလိမ့္မယ္။

၄။ အလြန္အမင္း စိုးရိမ္တတ္တဲ့စိတ္ကိုျပဳျပင္ၾကည့္ပါ

ရည္မွန္းခ်က္မရွိသလို လမ္းေပ်ာက္ေနတယ္ဆိုတာ စိုးရိမ္စိတ္လြန္ကဲျခင္းကတဆင့္ ျဖစ္ေပၚလာတဲ့ အေျခအေန တစ္ခုျဖစ္ပါတယ္။ စိုးရိမ္စိတ္လြန္ကဲၿပီးအေတြးလြန္ျခင္းက သင့္ကို ဘာမွမလုပ္ခ်င္၊မကိုင္ခ်င္ဘဲ အရႈံးေပးခ်င္စိတ္ကို ျဖစ္ေစပါတယ္။ ဒါေၾကာင့္ အဲ့ဒီလို အလြန္အမင္းေတြးပူတတ္တဲ့အက်င့္၊ စိုးရိမ္တတ္တဲ့အက်င့္ကိုျပင္ၾကည့္ပါ။ ျပဳျပင္ရင္း အဖက္ဖက္ကအဆင္ေၿပ လာပါလိမ့္မယ္။

Credit: Original Write

Unicode,

လူတိုင်းက ရည်မှန်းချက်ကိုယ်စီနဲ့ကြိုးစားနေကြတဲ့ အချိန်မှာ ကိုယ်တစ်ယောက်တည်း ဘဝကြီးကိုငြီးငွေ့ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိ လမ်းပျောက်နေသလိုမျိုး ဖြစ်ဖူးပါသလား?? ဒါဆိုရင်တော့ ဒီလိုအချိန်ဟာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သင်ကောင်းကောင်း နားလည်မှာပါ။ ဘာလုပ်ရမှန်းမသိ၊ ဘာမှလည်းမလုပ် ချင်ဘူးဆိုတဲ့စိတ်မျိုးဖြစ်နေတဲ့အခါမှာ ဒီအချက်လေး တွေကို လုပ်ပေးမယ်ဆိုရင် လမ်းပျောက်နေတဲ့အခြေအနေကနေ ပြန်ပြီးအဆင်ပြေလာမှာပါ။

၁။ သင့်ကိုစိတ်ဖိစီးစေတဲ့ ပတ်ဝန်းကျင်ကိုရှောင်ပါ

ကိုယ်တိုင်က ရှေ့ဆက်ဘာလုပ်ရမယ်မှန်းမသိ ရည်မှန်းချက်ပျောက်နေချိန်မှာ စိတ်ဖိစီးမှုတွေထပ်ဖြစ်လာမယ်ဆိုရင် အခြေအနေက ပိုဆိုးသွားပြီး ထစ်ခနဲရှိစိတ်တိုဒေါသထွက်တတ်တဲ့သူ တစ်ယောက် ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီလိုဖြစ်နေပြီဆိုရင် ကိုယ့်ကိုစိတ်ဖိစီးစေတဲ့ပတ်ဝန်းကျင်ကို ရှောင်ပြီး တစ်ယောက်တည်းအေးအေးဆေးဆေး နေနိုင်အောင်ကြိုးစားပါ။ ခရီး လေးဘာလေး ထွက်သင့်ရင်ထွက်ပါ။ ခရီးမထွက်နိုင်ဘူး၊ တစ်ယောက်တည်းနေဖို့လည်း အဆင်မပြေဘူးဆိုရင်တော့ ပိတ်ရက်၊အားလပ်ရက်တွေမှာ တစ်ယောက်တည်း အေးအေးဆေးဆေးအပြင်ထွက်လမ်း လျှောက်တာ၊ လူရှင်းတဲ့ကော်ဖီဆိုင်မှာထိုင်တာ၊ တိတ်ဆိတ်တဲ့နေရာလေးမှာ စာအုပ်ဖတ်တာမျိုး လုပ်ပေးပါ။ ကိုယ့်ကို စိတ်ပျော်ရွှင်စေတဲ့သူတွေ နားမှာနေပါ။

၂။ စိတ်ပျော်ရွှင်စေမယ့်အရာတွေကိုလုပ်ပါ

သင့်အနေနဲ့ ဒီလိုအခြေအနေမှာ ကိုယ်ဖြစ်ချင်တာကို လုပ်ရမလား၊ ဖြစ်သင့်တာကိုပဲလုပ်ရမလားဆိုပြီး ဝေခွဲရခက်၊ စဉ်းစားရခက်နေတတ်ပါတယ်။ လက်ရှိ သင်တွေးနေတဲ့ အတွေးတွေအားလုံးကိုခေါင်းထဲက ထုတ်လိုက်ပါ။ အခုအချိန်မှာ သင့်အနေနဲ့ သင့်ကို စိတ်ပျော်ရွှင်စေတဲ့ အလုပ်မျိုးကိုလုပ်တာ အကောင်းဆုံးပါ။ သင့်ကိုပျော်ရွှင်စေတဲ့အလုပ်က ဘယ်အရာဖြစ်မလဲ စဉ်းစားပါ။ အဲ့ဒီကမှ သင်နဲ့သင့်တော်တဲ့အရာကို တွေ့လာပါလိမ့်မယ်။

၃။ လွန်ခဲ့တဲ့(၅)နှစ်တုန်းက အချိန်နဲ့အခုလက်ရှိအချိန်ကို နှိုင်းယှဉ်ကြည့်ပါ

စိတ်ဓာတ်ကျနေတာပဲဖြစ်ဖြစ်၊ ရည်မှန်းချက်ပျောက်ပြီး လမ်းပျောက်နေတာပဲဖြစ်ဖြစ် ဒီလိုအခြေအနေမှာ သင့်အတွက်အကောင်းဆုံးက လွန်ခဲ့တဲ့(၅)နှစ်ကသင်နဲ့ အခုလက်ရှိသင့်အနေအထားကို ယှဉ်ကြည့်တာပါပဲ။ ဒီ(၅)နှစ်အတွင်းမှာ ဘယ်အရာတွေတိုးတက်လာသလဲ၊ ဘယ်အရာတွေဆုတ်ယုတ်သွားသလဲဆိုတာ ပြန်ဆန်းစစ်ပါ။ တိုးတက်လာတဲ့အချက်တွေအတွက် ကိုယ့်ကိုယ်ကို ချီးကျူးပါ။ ပြီးရင် ဆုတ်ယုတ်သွားတဲ့အချက်တွေကို ပြုပြင်ပါ။ ဒါက သင့်ကိုစိတ်ဓာတ်တက်ကြွစေပါလိမ့်မယ်။

၄။ အလွန်အမင်း စိုးရိမ်တတ်တဲ့စိတ်ကိုပြုပြင်ကြည့်ပါ

ရည်မှန်းချက်မရှိသလို လမ်းပျောက်နေတယ်ဆိုတာ စိုးရိမ်စိတ်လွန်ကဲခြင်းကတဆင့် ဖြစ်ပေါ်လာတဲ့ အခြေအနေ တစ်ခုဖြစ်ပါတယ်။ စိုးရိမ်စိတ်လွန်ကဲပြီးအတွေးလွန်ခြင်းက သင့်ကို ဘာမှမလုပ်ချင်၊မကိုင်ချင်ဘဲ အရှုံးပေးချင်စိတ်ကို ဖြစ်စေပါတယ်။ ဒါကြောင့် အဲ့ဒီလို အလွန်အမင်းတွေးပူတတ်တဲ့အကျင့်၊ စိုးရိမ်တတ်တဲ့အကျင့်ကိုပြင်ကြည့်ပါ။ ပြုပြင်ရင်း အဖက်ဖက်ကအဆင်ပြေ လာပါလိမ့်မယ်။

Credit: Original Write