မနိုး႐ုံးေက်းရြာတြင္(၁၁)ႏွစ္အရြယ္ကေလးငယ္ကို မိေက်ာင္းကိုက္ခ်ီ သတ္ျခင္းခံရ…
အမႈျဖစ္စဥ္မွာ ၂၂.၆.၂၀၂၀ ရက္ ေန႔လည္ (၃)နာရီ(၃၀)မိနစ္ အခ်ိန္ခန္႔တြင္ တနသၤာရီတိုင္းေဒသႀကီး၊ေကာ့ေသာင္းခရိုင္၊ဘုတ္ျပင္းၿမိဳ႕နယ္၊ျပည္ႀကီးမ႑ိဳင္ၿမိဳ႕မနိုး႐ုံးေက်းရြာအုပ္ စု(၁)မနိုး႐ုံးေက်းရြာေန
ေမာင္ညီညီေထြး(၁၁)ႏွစ္၊ ေက်ာင္း သားႏွင့္ေမာင္ေဝယံခ်စ္(၁၁) ႏွစ္၊ေက်ာင္းသားတို႔ ႏွစ္ဦးသ ည္မနိုး႐ုံးေက်းရြာအေနာက္ဘက္ (၃) ဖာလုံခန္႔အကြာရွိ
မနိုး႐ုံးေခ်ာင္းတြင္ ေရဆင္းကူးၿပီးေလွဆိပ္ေနရာအေရာက္ တြင္အရွည္(၁၀)ေပခန္႔ရွိ မိေက်ာင္းတစ္ေကာင္မွေမာင္ညီညီေထြးအား ဆြဲယူကိုက္ခ်ီသြားခဲ့ၿပီး
ေမာင္ေဝယံခ်စ္သည္ ကမ္းစပ္ေပၚသို႔ေအာ္ဟစ္ေျပးတက္သြားသည္ကို ဓနိဖက္ခုတ္ရာမွလက္ေလွာ္ေလွငယ္ျဖင့္ ျပန္ လာသူဦးခင္ေမာင္ဝင္း (၅၃) ႏွစ္ မနိုး႐ုံးေက်းရြာေနသူမွေတြ႕ျမင္ရသျဖင့္
ေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမႉးဦးထြန္းျမင့္သိန္းထံအေၾကာင္းၾကားခဲ့ရာအုပ္စုအုပ္ခ်ဳပ္ေရးမႉးႏွင့္ရြာသူရြာသားမ်ားမွေမာင္ညီညီေထြးအား လိုက္လံရွာေဖြလ်က္ရွိေၾကာင္းသိရွိရပါသည္။
Credit #နီနီလွိုင္(ျပည္ႀကီးမ႑ိဳင္)S .H ရႈေထာင့္မႈခင္းႏွင့္သတင္းဂ်ာနယ္
Unicode Version
မနိုးရုံးကျေးရွာတွင်(၁၁)နှစ်အရွယ်ကလေးငယ်ကို မိကျောင်းကိုက်ချီ သတ်ခြင်းခံရ…
အမှုဖြစ်စဉ်မှာ ၂၂.၆.၂၀၂၀ ရက် နေ့လည် (၃)နာရီ(၃၀)မိနစ် အချိန်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်၊ပြည်ကြီးမဏ္ဍိုင်မြို့မနိုးရုံးကျေးရွာအုပ် စု(၁)မနိုးရုံးကျေးရွာနေ
မောင်ညီညီထွေး(၁၁)နှစ်၊ ကျောင်း သားနှင့်မောင်ဝေယံချစ်(၁၁) နှစ်၊ကျောင်းသားတို့ နှစ်ဦးသ ည်မနိုးရုံးကျေးရွာအနောက်ဘက် (၃) ဖာလုံခန့်အကွာရှိ
မနိုးရုံးချောင်းတွင် ရေဆင်းကူးပြီးလှေဆိပ်နေရာအရောက် တွင်အရှည်(၁၀)ပေခန့်ရှိ မိကျောင်းတစ်ကောင်မှမောင်ညီညီထွေးအား ဆွဲယူကိုက်ချီသွားခဲ့ပြီး
မောင်ဝေယံချစ်သည် ကမ်းစပ်ပေါ်သို့အော်ဟစ်ပြေးတက်သွားသည်ကို ဓနိဖက်ခုတ်ရာမှလက်လှော်လှေငယ်ဖြင့် ပြန် လာသူဦးခင်မောင်ဝင်း (၅၃) နှစ် မနိုးရုံးကျေးရွာနေသူမှတွေ့မြင်ရသဖြင့်
ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးထွန်းမြင့်သိန်းထံအကြောင်းကြားခဲ့ရာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်ရွာသူရွာသားများမှမောင်ညီညီထွေးအား လိုက်လံရှာဖွေလျက်ရှိကြောင်းသိရှိရပါသည်။
Credit #နီနီလှိုင်(ပြည်ကြီးမဏ္ဍိုင်)S .H ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်