သားလေး…အချိတ် ထဘီလေး အားပေးပါလားဗျာ (နည်းနည်း မှေးသက်သွားတယ်)…ဟုတ် အဖွား ပြပါလား…ဒီမှာ သားလေး လှတယ်…သမီးလေးနဲ့လဲ လိုက်တယ်…အားပေးနော်ကြည့်လိုက်တော့ အဖွားရဲ့ ထဘီ အဟောင်းလေးတွေပါ။
အတော်တောင် နွမ်းနေပါပြီ။ ဟုတ် အဖွား…ဘယ်လိုရောင်းလဲ ??သား အဆင်ပြေသလိုပေး ပါ သားရယ်…အဖွား အ်မ်ပြန် ဟင်းစားလေး ဝယ်သွားချင်လို့ပါ (လက်ထဲ အကြွေ ၂ရာတန်လေး တရွက်…၁ရာတန်လေး တရွက် ကိုင်ထားတယ် )
ဟုတ် အဖွား…ရော့ 20,000 Ks ယူလိုက်နော်…တထည် ၁သောင်း နဲ့…သား ထဘီတော့ မယူတော့ဘူးနော်…အဖွားကို လက်ဆောင် ပြန်ပေးတာကျေးဇူး တင်ပါတယ် သားရယ်…အဖွား အသက် (၉၃)နှစ်ရှိပြီ။ သားသမီးတွေက အမွေလုရင်း
ဝယ်ထားတဲ့ အိမ်ကို အတင်းရောင်းပြီ။ ခု ဒီဘဝရောက်လာရတာပါ သားရယ်…ဟုတ် အဖွား…ဂရုစိုက်ပြန်နော်…အေးပါ သားရယ်…ကျေးဇူးတင်လိုက် တာနော် (ပိုက်ဆံလေး ရင်ဘတ်ထဲထည့်ပြီ ဖြေးဖြေးချင်း ပြန်သွားတယ်)
အော်…မိဘဆိုတာ သားသမီး ဘယ်နှယောက်ဖြစ်ဖြစ် လူဖြစ်အောင် ကျွေးနိုင် ပညာသင်ပေး နိုင်ခဲ့ပေမဲ့…သားသမီးတွေကျ မိဘ တယောက်ကို တောင် မကျွေးနိုင်ကြပါလား… ဆင်းရဲ နွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက ကိုပူတူးနှင့် ဘော်ဒါများ ဖုန်း 09-5408437 သို့ဆက်သွယ်လှူဒါန်းနိုင် ပါတယ်ရှင်…
Crd
zawgyi
Crd