ယောကျ်ားဖြစ်သူကို ပြန်မပြောနဲ့လို့မှာလိုက်တဲ့ ဗေဒင်ဆရာရဲ့ စကားကိုနားမထောင်တဲ့ အမျိုးသမီးရဲ့အဖြစ်
ရှေးတုန်းက အမျိုးသမီးတယောက်ဟာအပ်ချုပ်ရင်းနဲ့အပ်တချောင်း ကျပျောက်သွားတယ်။ ကျသွားတဲ့အပ်ကိုမရှာဘဲ ဗေဒင်ဆရာဆီသွားမေးပါလေရော။
ဗေဒင်က တခါမေးရင်ဆန်တစ်ပြည်နဲ့ ငွေတမတ်ပေးရတယ်။ ဒီတော့ ဗေဒင်ဆရာက တချက်စဉ်းစားသလိုဟန်ပြင်ကာ ကျောက်သင်ပုန်းပေါ် ဟိုခြစ်ဒီခြစ် လုပ်ပြီး။
“ခင်ဗျားအပ်က ခင်ဗျားအပ်ချုပ်တဲ့နေရာအောက်မှာရှိတယ် ဆန်ကာစိပ်နဲ့ထိုးရှာရင်ရကိန်းရှိတယ် ဒါပေမယ့်တခုတော့မှာလိုက်မယ်”
“ဟုတ်ကဲ့ ပြောပါ ဆရာ ”“အပ် ပြန်ရတဲ့အချိန်မှာခင်ဗျားယောင်္ကျားကို သွားမပြောနဲ့”“ဘာဖြစ်လို့လဲ ဆရာ”“သွားပြောရင် သွေးထွက်သံယိုဖြစ်ကိန်းရှိတယ်”
အမျိုးသမီးလည်းသေချာမှတ်သားပြီး အိမ်ပြန်လာခဲ့တယ်။ ဒါနဲ့အိမ်ပြန်ရောက်တော့ဘဗေဒင်ဆရာဟောတဲ့အတိုင်းဆန်ကာစိပ်နဲ့ရှာလိုက်တာ အပ်ကိုပြန်တွေ့သွားတယ်။ အဲ့ဒါနဲ့ညနေအလုပ်ကပြန်လာတဲ့ ယောင်္ကျားကိုဗေဒင်မှန်တဲ့အကြောင်းဝမ်းသာအားရနဲ့ ပြန်ပြောမိသွားတယ်။ ဒီတော့ ယောင်္ကျားက –
“အတော် အ တဲ့ မိန်းမ၊ အပ်လေးတချောင်းမှ တပြားတောင်မတန်ဘဲနဲ့ဆန်တပြည်၊ ငွေတမတ် အကုန်ခံပြီးသွားမေးရသလား အဲဒီငွေနဲ့ အပ်ဝယ်ရင်နင့်ကိုတောင်ဖို့ပစ်လို့ ရသေးတယ်ဟဲ့”
ဆိုပြီးပြောလည်းပြောလက်ကလည်း ထုလိုက်တာအမျိုးသမီးရဲ့ခေါင်းပေါက်သွားပါလေရော။အဲ့ဒီမှာ နာလို့ယောင်ပြီး အော်မိသွားတယ်။
“အမလေး သွေးထွက်အောင်မှန်တဲ့ဗေဒင်ဆရာတဲ့” တဲ့။
Credit to orginal uploader.
ေယာက်္ားျဖစ္သူကို ျပန္မေျပာနဲ႔လို႔မွာလိုက္တဲ့ ေဗဒင္ဆရာရဲ့ စကားကိုနားမေထာင္တဲ့ အမ်ိဳးသမီးရဲ့အျဖစ္
ေရွးတုန္းက အမ်ိဳးသမီးတေယာက္ဟာအပ္ခ်ဳပ္ရင္းနဲ႔အပ္တေခ်ာင္း က်ေပ်ာက္သြားတယ္။ က်သြားတဲ့အပ္ကိုမရွာဘဲ ေဗဒင္ဆရာဆီသြားေမးပါေလေရာ။
ေဗဒင္က တခါေမးရင္ဆန္တစ္ျပည္နဲ႔ ေငြတမတ္ေပးရတယ္။ ဒီေတာ့ ေဗဒင္ဆရာက တခ်က္စဥ္းစားသလိုဟန္ျပင္ကာ ေက်ာက္သင္ပုန္းေပၚ ဟိုျခစ္ဒီျခစ္ လုပ္ၿပီး။
“ခင္ဗ်ားအပ္က ခင္ဗ်ားအပ္ခ်ဳပ္တဲ့ေနရာေအာက္မွာရွိတယ္ ဆန္ကာစိပ္နဲ႔ထိုးရွာရင္ရကိန္းရွိတယ္ ဒါေပမယ့္တခုေတာ့မွာလိုက္မယ္”
“ဟုတ္ကဲ့ ေျပာပါ ဆရာ ”“အပ္ ျပန္ရတဲ့အခ်ိန္မွာခင္ဗ်ားေယာကၤ်ားကို သြားမေျပာနဲ႔”“ဘာျဖစ္လို႔လဲ ဆရာ”“သြားေျပာရင္ ေသြးထြက္သံယိုျဖစ္ကိန္းရွိတယ္”
အမ်ိဳးသမီးလည္းေသခ်ာမွတ္သားၿပီး အိမ္ျပန္လာခဲ့တယ္။ ဒါနဲ႔အိမ္ျပန္ေရာက္ေတာ့ဘေဗဒင္ဆရာေဟာတဲ့အတိုင္းဆန္ကာစိပ္နဲ႔ရွာလိုက္တာ အပ္ကိုျပန္ေတြ႕သြားတယ္။ အဲ့ဒါနဲ႔ညေနအလုပ္ကျပန္လာတဲ့ ေယာကၤ်ားကိုေဗဒင္မွန္တဲ့အေၾကာင္းဝမ္းသာအားရနဲ႔ ျပန္ေျပာမိသြားတယ္။ ဒီေတာ့ ေယာကၤ်ားက –
“အေတာ္ အ တဲ့ မိန္းမ၊ အပ္ေလးတေခ်ာင္းမွ တျပားေတာင္မတန္ဘဲနဲ႔ဆန္တျပည္၊ ေငြတမတ္ အကုန္ခံၿပီးသြားေမးရသလား အဲဒီေငြနဲ႔ အပ္ဝယ္ရင္နင့္ကိုေတာင္ဖို႔ပစ္လို႔ ရေသးတယ္ဟဲ့”
ဆိုၿပီးေျပာလည္းေျပာလက္ကလည္း ထုလိုက္တာအမ်ိဳးသမီးရဲ့ေခါင္းေပါက္သြားပါေလေရာ။အဲ့ဒီမွာ နာလို႔ေယာင္ၿပီး ေအာ္မိသြားတယ္။
“အမေလး ေသြးထြက္ေအာင္မွန္တဲ့ေဗဒင္ဆရာတဲ့” တဲ့။
Credit to orginal uploader.