မိုးေလ၀သ

လေဖိအားနည်း လေဝဲသည် နောက် ၂၄နာရီအတွင်း depression မုန်တိုင်းငယ်အဆင့်ကိုရောက်ရှိလာနိုင်ပါတယ်

နောက် ၇၂နာရီအတွင်း အိန္ဒိယနိုင်ငံ ချန်းနိုင်မြို့ မိုးကြီးရေလျှံနိုင်ပါတယ် ခန့်မှန်းချိန် 03/03/2022 at 12:30pm MMT Su Su San

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေသော လေဖိအားနည်းလေဝဲသည် အိန္ဒိယနိုင်ငံတောင်းပိုင်းကို ဦးတည်သွားနေပြီး နောက် ၂၄နာရီအတွင်း depression မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိလာနိုင်ပါတယ် Su Su San

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းသိရိလင်္ကါနိုင်ငံအရှေ့တောင်ဖက် GEFS မော်ဒယ်ကြီးက သိရိလင်္ကါမြောက်ပိုင်းနှင့်အိန္ဒိယနိုင်ငံ အရှေ့တောဂ်ပိုင်းကိုဦးတည်သွားမယ်လို့ စတင်ခန့်မှန်းပေးထားတာကိုတွေ့ရှိရပါတယ် မင်းဂွတ်သီးလေးကလည်း အချိန်ပြည့်နီးပါးစောင့်ကြည့်ထောက်လှမ်းလျှက်ရှိပါတယ်

09/03/2022 ရက်နေ့ ဧရာဝတီတိုင်းကြီးတွင် မိုးအသင့်အတင်ရွာနိုင်ပါတယ် ရေထိမခံနိုင်သော လုပ်ငန်းလုပ်ဆောင်နေကြသူများအားလုံး ကြိုတင်သိရှိကြပြီး ပျက်စီးဆုံးရှုံးမှုမရှိအောင် စိမံခန့်ခွဲလုပ်ဆောင်ထားနိုင်ကြစေရန်အတွက် ရက်ဝေးခန့်မှန်းပေးလိုက်ပါတယ် ခန့်မှန်းချိန် 02/03/2022 at. 7:50pm MMT

02/03/2022 at 5:00pm MMT အချိန် မြေပုံဖော်ပြပါဒေသများမှာ မိုရွာနိုင်ပြီး လျှပ်စီးမိုးကြိုး အန္တရာယ်ရှိပါတယ် Su Su San

ခါလွန်းမိုးတွေရွာဦးမယ် ၂၀၂၂ မတ်လ ရရက်နေ့မှ ၉ရက်နေ့အတွင်း မွန်ပြည်နယ် ရေးမြို့ ဒူးယား သောင်ပြင် မော့ကနင် ကလဂုတ်ကျွန်း နှစ်ကရင် အနင်းရွာ ဝဲခမိ စက်စဲ ကျိုက်ပိ သံဖြူဇရပ် ဝဲကလောင်ရွာ ပငရွာ ကွမ်လှာ ကျိုက်ခမီ ကမာဝက် မုဒုံကျိုက်မရော မောလမြိုင်ဒေသတွေမှာ မိုးရွာနိုင်ပါတယ်

ရေထိမခံနိုင်သောလုပ်ငန်းလုပ်ဆောင်နေကြသူများ ပျက်စီးမှုမရှိအောင် စီမံခန့်ခွဲဆောင်ရွက်နိုင်ကြစေရန် ရက်ကြိုတင်ပြီးခန့်မှန်းပေးလိုက်ပါတယ် ခန့်မှန်းချိန် 02/03/2022 at 4:19pm

08/03/2022 ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ချင်းရိုင်ခရိုင်ဒေသတွေမှာ မိုးကြီးနိုင်ပါတယ်, ထိုင်းရောက် အမျိုးတို့အတွက် ခန့်မှန်းပေးလိုက်ပါတယ် ခန့်မှန်းချိန် 02/03/2022 at 10:50am

ပဲတီစိမ်းသမားတွေသတိ မိုး ၂၀၂၂ မတ်လ ၉ရက်နေ့တွင် တံတား ကျောက်တန်း သုံးခွ ခရမ်း ပိန်းကန် သက္ကလ သနပ်ပင် ပဲခူးဘုရားကြီး ဝေါ ဒေသများတွင် မိုးအသင့်အတင့်ရွာနိုင်ပါတယ်

စောင့်ကြည့်ရမည့် လေဖိအားနိမ့်ကျနေတဲ့ ကပ္ပလီပင်လယ်တောင်ပိုင်းပင်လယ်ပြင် မြန်မာ့ပင်လယ်ပြင်အရှေ့တောင်ပိုင်းတွင် လေဖိအားနည်းနေပါတယ်၂၀၂၂ မတ်လ ၈ရက်နေ့ ၉ရက်နေ့တွေမှာ စုဖွဲ့အားအနည်းငယ်ပိုမိုအားကောင်းလာနိုင်ပြီး တနင်္သာရီတိုင်း

မွန်ပြည်နယ်ကရင်ပြည်နယ် တွေမှာမိုးရွာနိုင်ပါတယ် မုန်တိုင်းအဆင့်မရောက်ရှိနိုင်သော်လည်း အနည်းငယ်ထပ်ပြီးအားကောင်းလာခဲ့ရင်တော့ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်းတွေပါမိုးသက်ရောက်လာနိုင်သဖြင့် အချိန်ပြည့်နီးပါးစောင့်ကြည့်ထောက်လှမ်းကာ update ခန့်မှန်းချက်များကို အချိန်နှင့်တပြေးညီ ခန့်မှန်းပေးသွားမှာဖြစ်ပါတယ် Su Su San- စုစုစံ

Zawgyi










