ၾကားသိရသမွ်

ဒီခေတ်ထဲမှာ ဒီလိုစိတ်ရင်းကောင်းတဲ့ ကလေးရှိသေးသကို ( နောက်ကနေ မရီး မရီး နဲ့ လိုက်ခေါ်နေလို့ လှည့်ကြည့်လိုက်တဲ့ အခါ )


အခါ)












မခေါ်ဘူးလေ






Unicode

သြော် ဒီခေတ်ထဲမှာ ဒီလိုစိတ်ရင်းကောင်းတဲ့ ကလေး ရှိသေးသကိုး (နောက်ကနေ မရီး မရီး နဲ့ လိုက်ခေါ်နေလို့ လှည့်ကြည့်လိုက်တဲ့အခါ)

ဒီအကြောင်းအရာလေးကို ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ Daw Su Lay အကောင့်ပိုင်ရှင်မှ တင်ပြထားတာကို တွေ့ရပါတယ်။

လောကမှာ ဒီလို စိတ်ထားလေး ရိုးဖြောင့်တဲ့ ကလေးတွေ လေးစားဖွယ်ရာ ရှိနေသေးတယ်ဆိုတာ လေး အများသိအောင်

ဒီကလေးကို လေးစား ဂုဏ်ပြုလိုသော ရည်ရွယ်ချက်ဖြင့် တစ်ဆင့် ပြန်လည် မျှဝေပေးလိုက်ပါသည်။

73 လမ်း 37 ဒေါင့် ဆိုင်ကယ်လေးရပ်ပီး အထဲဝင်သွားတာ ကိုယ့်အနောက်ကနေ မရီး မရီးနဲ့ခေါ်နေလို့ လှည့်ကြည့်မကြားတစ်ကြားနဲ့

ဆိုတော့

ကိုယ်လဲ ကလေးက မုန့်ဖိုးလေးတောင်းတယ်ထင်နာပေါ့ ပြီးတော့မှ ဆိုင်ကယ်ထဲမယ် မရီးဖုန်းကျန်ခဲ့တယ်တဲ့ ကိုယ်လဲတုံလှုပ်ပီး ဝမ်းသာသွားတယ်…

တော်သေးတာပေါ့ ကျေးဇူးပါ မောင်လေးရယ် မရီးဖုန်းလေး မင်းနဲ့သာမတွေ့ရင် လိုချင်တဲ့သူတွေလက်ထဲရောက်နေပီ တစ်ကယ်ဆိုရင်

ဒီဖုန်းကို သူယူလို့ရတာပဲ ရိုးသားလိုက်တဲ့ကလေး ဒီပစ္စည်းကို သူ မမက်မောဘူးတဲ့ ဒီနားမှာ မရီးလိုပဲ ဆိုင်ကယ်ထဲ ဖုန်းတွေကျန်ကျန်ခဲ့တာ

သားနဲ့တွေ့တဲ့သူတွေဆိုပြန်ရတာပေါ့ မရီးရယ် သူများဆိုပြန်ရမှာမဟုတ်ဘူး

မရီးလဲနောက်ဆို ဂရုစိုက်ပါနော် သူစိတ်ပူစကားပြောအပြီး မေးခွန်းလေးမေးမိတယ် မောင်လေးရေ ခုလိုမုန့်ဖိုးတောင်းရတာ အစဉ်ပြေလား

သူတမ်းမဖြေနိုင်ပဲ ခေါင်းလေးငုံ့ချခါ မျက်ရည်လေး ဝဲလာပီး မရီးရယ် အစဉ်မပြေပါဘူး တစ်ရာနှစ်ရာကို လူတွေကမပေးချင်ပါဘူး သားလဲ ခုလိုမျိုးမလုပ်ချင်ဘူး

ဒါပေမဲ့ သားတို့မိသားစုက ပိုက်ဆံမရှိဘူးလေ အပြင်အလုပ် လုပ်ဖို့ကျ သားကငယ်တော့ သားအရွယ်နဲ့အပြင်အလုပ်လဲ ဘယ်အလုပ်မှမခေါ်ဘူးလေ

စိတ်ချပါ မရီး သားကြီးရင် အလုပ်လုပ်တော့မှာ ညီလေးကိုလဲ ကျောင်းထားမှာဘာ သူ့မှာရည်ရွယ်ချက်တွေ အိမ်မက်တွေ ရှိနေတယ်…

မရီးဖုန်းနံပါတ်ယူသွားနော် တစ်စုံတစ်ခုအခက်အခဲ အကူအညီ ရှိလာရင် မရီးစီအချိန်မရွေးဆက်သွယ်နော် မရီးအတတ်နိုင်ဆုံးထိကူညီပေးမယ်နော်

မနက်ဖြန် မရီး ဒီဘက်ကို ဒီချိန်လောက်ပြန်လာခဲ့မယ်နော်…..အများကြီးမကူညီနိုင်တောင် မရီးတတ်နိုင်သလောက် ကူညီပေးမယ်နော်

မနက်ဖြန်မတွေ့ရင် မရီး မတွေ့မချင်းပြန်လာရှာမယ်နော်…… မရီးကို ဓာတ်ပုံလေးရိုက်ပီး တင်ခွင့်ပြုလို့ ကျေးဇူးပါနော်…။

Daw Su Lay/ credit: thutasone