ဗဟုသုတ

ဝိတ်ချ နေရင်း ကြုံနေရမယ့် သင်သတိမထားမိတဲ့ ထောင်ချောက်တွေ

ကိုယ္က သစၥာရွိရွိနဲ႔ ဝိတ္ခ် ေနပါတယ္။ စားခ်င္တာေတြကို ေအာင့္ထားရတယ္၊ အပင္ပန္းခံၿပီး အားကစားလုပ္တယ္၊ လမ္းေလၽွာက္ထြက္တယ္၊ အရသာမရွိတဲ့ diet ပလန္ေတြလည္း ႀကိဳးစားၿပီး စားပါတယ္။ ဒါေပမယ့္ ဝိတ္ကမက်တဲ့အျပင္ ပိုေတာင္တက္တက္လာလို႔ စိတ္ညစ္ေနရတာမ်ိဳး သိပ္ဆိုးပါတယ္ေနာ္။

ကိုယ္အေလးခ်ိန္ထိန္းဖို႔ ေလ့က်င့္ခန္းေတြနဲ႔ diet ေတြက အေရးပါတယ္ဆိုေပမယ့္ တစ္ခါတစ္ေလမွာ သတိမထားမိလိုက္တဲ့ေထာင္ေခ်ာက္ေတြ ရွိေနတတ္ပါတယ္။ အဲဒါေတြေၾကာင့္ ႀကိဳးစားထားသမၽွ အရာမထင္တာ၊ ဖတ္ခနဲ ဝိတ္ျပန္တက္တာေတြ ျဖစ္ေစတာေပါ့။

အဲဒီေထာင္ေခ်ာက္ေတြက ဘာေတြမ်ားလဲ ဆက္ၿပီးၾကည့္ရေအာင္…

က်န္းမာေရးနဲ႔ညီတဲ့ အစားအေသာက္ေတြ အစားမ်ားသြားတာ

က်န္းမာေရးနဲ႔ညီတာ ေကာင္းတယ္ဆိုေပမယ့္လည္း ပမာဏကလည္း အေရးပါတယ္ဆိုတာ မေမ့သင့္ပါဘူး။ ဥပမာ ေထာပတ္သီး၊ အုတ္ဂ်ဳံ၊ ဆန္လုံးညိဳ၊ အေစ့အဆန္ စတဲ့ အာဟာရျပည့္အစားအစာေတြကို ဝိတ္ခ်ပလန္မွာ အသုံးမ်ားေပမယ့္ လိုတာထက္ပိုစားမိရင္ ကယ္လိုရီမ်ားၿပီး ဝိတ္တက္ေစနိုင္ပါတယ္။

ေရလုံေလာက္ေအာင္ မေသာက္တာ

ေရက ခႏၶာကိုယ္ကို ခြန္အားျဖစ္ေစနိုင္တဲ့အျပင္ ကိုယ္အပူခ်ိန္ကိုလည္း ထိန္းသိမ္းေပးတယ္၊ ဗိုက္ျပည့္တင္းတိမ္ေစတယ္လို႔လည္း ခံစားရေစတယ္။ ဒါ့ေၾကာင့္ ေရကိုလုံေလာက္ေအာင္ မေသာက္တဲ့အခါ ကယ္လိုရီေတြပိုစားမိေစတယ္။ ေရဓာတ္မလုံေလာက္တဲ့အခါ ခႏၶာကိုယ္က အေရးပါတဲ့ လုပ္ေဆာင္ခ်က္ေတြအတြက္ ေရကိုအပိုသိမ္းဆည္းထားမွာျဖစ္လို႔ အရည္စုျခင္း(ေဖာျခင္း) ျဖစ္ေစနိုင္တယ္။

အိပ္ရာထ ေနာက္က်တာ၊ အိပ္ေရးပ်က္တာ

အစားအေသာက္လည္း နည္းမွန္တယ္၊ ေလ့က်င့္ခန္းလည္း ေသခ်ာလုပ္တယ္၊ ဒါေပမယ့္ ညက်မအိပ္ဘဲ ဖုန္းပြတ္ေနမယ္၊ ႐ုပ္ရွင္ၾကည့္ေနမယ္ဆိုရင္ အလကားပါပဲ။ အိပ္ေရးပ်က္ျခင္းက ဆာေလာင္မႈေဟာ္မုန္း ghrelin ပိုထြက္ေစၿပီး ဗိုက္ျပည့္တင္းတိမ္မႈေဟာ္မုန္း leptin ကို ေလ်ာ့နည္းေစနိုင္တယ္။ ဒါ့ေၾကာင့္ အိပ္ေရးပ်က္ထားရင္ အာဟာရမျဖစ္တဲ့ ေပါက္ကရသေရစာေတြ ပိုစားခ်င္လာမယ္၊ ပမာဏခ်င့္ခ်ိန္ ထိန္းစားဖို႔ ခက္လာမယ္ ဆိုတာက ျပႆနာပါ။

အစားကို မဆင္ျခင္ဘဲ ေလ့က်င့္ခန္းေတြပဲလုပ္တာ

စားလိုက္တဲ့ကယ္လိုရီကို ျပန္ေလာင္ကၽြမ္းေအာင္ လႈပ္ရွားေပးရင္ ရၿပီလို႔ ေတြးတတ္ၾကတယ္။ တကယ္ေတာ့ အစားမဆင္ျခင္ဘဲ အားကစားခ်ည္းဖိလုပ္ေနမယ္ဆိုရင္ က်န္းမာတဲ့ဝက္ႀကီး ျဖစ္လာလိမ့္မယ္ ဆိုတဲ့စကား မမွားပါဘူးေနာ္။ အားကစားလုပ္ရတာ ပင္ပန္းၿပီး ပိုစားမိရင္လည္း ကိုယ့္ေဒါသနဲ႔ကိုယ္ပါပဲ။ ဒီႏွစ္ခုၾကားမွာ ထိန္းညႇိနိုင္ဖို႔ကေတာ့ ကိုယ္ႀကိဳးစားရမယ့္အပိုင္းပါ။

အငန္ကို ထည့္မစဥ္းစားမိတာ

ကိုယ္အေလးခ်ိန္ထိန္းဖို႔အတြက္ အဆီနဲ႔အခ်ိဳကိုပဲ အာ႐ုံစိုက္မိေနမယ္ ဒါေပမယ့္ အငန္ကိုေတာ့ ေမ့မထားသင့္ပါဘူး။ အငန္ဓာတ္မ်ားတာေတြစားရင္ ေရဓာတ္စုျခင္းေၾကာင့္ ကိုယ္အေလးခ်ိန္ကို တိုးေစပါတယ္။

အဆီေလၽွာ့ အစားအစာ (low- fat) စားတာ

ဝိတ္မတက္ေအာင္လို႔ အဆီေလၽွာ့ အစားအစာ (low- fat) ေတြေတာ့ ေရြးၿပီးစားတာပဲ။ အဆီနည္းတယ္ဆိုၿပီး ပိုစားမိရင္ ျပႆနာရွိပါတယ္။ ဒါ့အျပင္ မုန႔္ထုတ္လုပ္တဲ့ကုမၸဏီတခ်ိဳ႕က အဆီေလၽွာ့ထားေပမယ့္ စားရတာ အခ်ိဳနဲ႔ ျဖည့္စြက္အရသာေတြ အျပည့္ထည့္သြင္းထားတယ္၊ ကိုယ္က မတင္းတိမ္လို႔ ပိုစားမိတယ္၊ ထပ္စားခ်င္မယ္။ မတြက္ခ်က္ဘဲ စားတဲ့အခါ ကိုယ္အေလးခ်ိန္ကမက်တဲ့အျပင္ ပိုတက္လာနိုင္တယ္။

က်န္းမာေရးနဲ႔ညီတာပဲစားဖို႔ အတင္းႀကိဳးစားလြန္းတာ

အစားအေသာက္ထိန္းတဲ့ေနရာမွာ က်န္းမာေရးနဲ႔ညီတာေတြပဲစားဖို႔ ကိုယ့္ကိုယ္ကို ခ်ဳပ္တည္းလြန္းတဲ့အခါ ဝိတ္တက္ေစမယ့္အစားအစာေတြကို စားခ်င္စိတ္က ပိုၿပီးႀကီးထြားလာနိုင္ပါတယ္။ သတိတစ္ခ်က္လြတ္တာနဲ႔ ပိုစားမိသြားပါလိမ့္မယ္။

ဝိတ္ခ်ေနၿပီဆို၊ Gym ကစားေနၿပီဆို၊ အစားေလၽွာ့ေနၿပီဆို ဝိတ္က်ေတာ့မယ္ ပုံေသတြက္မထားနဲ႔ေနာ္။ ဒီေထာင္ေခ်ာက္ေတြကို ရေအာင္ ေရွာင္ပါလို႔။

Hello Health Groupသည္ ေဆးပညာဆိုင္ရာ အႀကံေပးခ်က္မ်ား၊ ေရာဂါရွာေဖြျခင္းႏွင့္ ကုသျခင္းမ်ား မျပဳလုပ္ပါ။

Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

ဒီေဆာင္းပါးက သင့္အတြက္ အသုံးဝင္ပါသလား။

———————–

ကိုယ်က သစ္စာရှိရှိနဲ့ ဝိတ်ချ နေပါတယ်။ စားချင်တာတွေကို အောင့်ထားရတယ်၊ အပင်ပန်းခံပြီး အားကစားလုပ်တယ်၊ လမ်းလျှောက်ထွက်တယ်၊ အရသာမရှိတဲ့ diet ပလန်တွေလည်း ကြိုးစားပြီး စားပါတယ်။ ဒါပေမယ့် ဝိတ်ကမကျတဲ့အပြင် ပိုတောင်တက်တက်လာလို့ စိတ်ညစ်နေရတာမျိုး သိပ်ဆိုးပါတယ်နော်။

ကိုယ်အလေးချိန်ထိန်းဖို့ လေ့ကျင့်ခန်းတွေနဲ့ diet တွေက အရေးပါတယ်ဆိုပေမယ့် တစ်ခါတစ်လေမှာ သတိမထားမိလိုက်တဲ့ထောင်ချောက်တွေ ရှိနေတတ်ပါတယ်။ အဲဒါတွေကြောင့် ကြိုးစားထားသမျှ အရာမထင်တာ၊ ဖတ်ခနဲ ဝိတ်ပြန်တက်တာတွေ ဖြစ်စေတာပေါ့။

အဲဒီထောင်ချောက်တွေက ဘာတွေများလဲ ဆက်ပြီးကြည့်ရအောင်…

ကျန်းမာရေးနဲ့ညီတဲ့ အစားအသောက်တွေ အစားများသွားတာ

ကျန်းမာရေးနဲ့ညီတာ ကောင်းတယ်ဆိုပေမယ့်လည်း ပမာဏကလည်း အရေးပါတယ်ဆိုတာ မမေ့သင့်ပါဘူး။ ဥပမာ ထောပတ်သီး၊ အုတ်ဂျုံ၊ ဆန်လုံးညို၊ အစေ့အဆန် စတဲ့ အာဟာရပြည့်အစားအစာတွေကို ဝိတ်ချပလန်မှာ အသုံးများပေမယ့် လိုတာထက်ပိုစားမိရင် ကယ်လိုရီများပြီး ဝိတ်တက်စေနိုင်ပါတယ်။

ရေလုံလောက်အောင် မသောက်တာ

ရေက ခန္ဓာကိုယ်ကို ခွန်အားဖြစ်စေနိုင်တဲ့အပြင် ကိုယ်အပူချိန်ကိုလည်း ထိန်းသိမ်းပေးတယ်၊ ဗိုက်ပြည့်တင်းတိမ်စေတယ်လို့လည်း ခံစားရစေတယ်။ ဒါ့ကြောင့် ရေကိုလုံလောက်အောင် မသောက်တဲ့အခါ ကယ်လိုရီတွေပိုစားမိစေတယ်။ ရေဓာတ်မလုံလောက်တဲ့အခါ ခန္ဓာကိုယ်က အရေးပါတဲ့ လုပ်ဆောင်ချက်တွေအတွက် ရေကိုအပိုသိမ်းဆည်းထားမှာဖြစ်လို့ အရည်စုခြင်း(ဖောခြင်း) ဖြစ်စေနိုင်တယ်။

အိပ်ရာထ နောက်ကျတာ၊ အိပ်ရေးပျက်တာ

အစားအသောက်လည်း နည်းမှန်တယ်၊ လေ့ကျင့်ခန်းလည်း သေချာလုပ်တယ်၊ ဒါပေမယ့် ညကျမအိပ်ဘဲ ဖုန်းပွတ်နေမယ်၊ ရုပ်ရှင်ကြည့်နေမယ်ဆိုရင် အလကားပါပဲ။ အိပ်ရေးပျက်ခြင်းက ဆာလောင်မှုဟော်မုန်း ghrelin ပိုထွက်စေပြီး ဗိုက်ပြည့်တင်းတိမ်မှုဟော်မုန်း leptin ကို လျော့နည်းစေနိုင်တယ်။ ဒါ့ကြောင့် အိပ်ရေးပျက်ထားရင် အာဟာရမဖြစ်တဲ့ ပေါက်ကရသရေစာတွေ ပိုစားချင်လာမယ်၊ ပမာဏချင့်ချိန် ထိန်းစားဖို့ ခက်လာမယ် ဆိုတာက ပြဿနာပါ။

အစားကို မဆင်ခြင်ဘဲ လေ့ကျင့်ခန်းတွေပဲလုပ်တာ

စားလိုက်တဲ့ကယ်လိုရီကို ပြန်လောင်ကျွမ်းအောင် လှုပ်ရှားပေးရင် ရပြီလို့ တွေးတတ်ကြတယ်။ တကယ်တော့ အစားမဆင်ခြင်ဘဲ အားကစားချည်းဖိလုပ်နေမယ်ဆိုရင် ကျန်းမာတဲ့ဝက်ကြီး ဖြစ်လာလိမ့်မယ် ဆိုတဲ့စကား မမှားပါဘူးနော်။ အားကစားလုပ်ရတာ ပင်ပန်းပြီး ပိုစားမိရင်လည်း ကိုယ့်ဒေါသနဲ့ကိုယ်ပါပဲ။ ဒီနှစ်ခုကြားမှာ ထိန်းညှိနိုင်ဖို့ကတော့ ကိုယ်ကြိုးစားရမယ့်အပိုင်းပါ။

အငန်ကို ထည့်မစဉ်းစားမိတာ

ကိုယ်အလေးချိန်ထိန်းဖို့အတွက် အဆီနဲ့အချိုကိုပဲ အာရုံစိုက်မိနေမယ် ဒါပေမယ့် အငန်ကိုတော့ မေ့မထားသင့်ပါဘူး။ အငန်ဓာတ်များတာတွေစားရင် ရေဓာတ်စုခြင်းကြောင့် ကိုယ်အလေးချိန်ကို တိုးစေပါတယ်။

အဆီလျှော့ အစားအစာ (low- fat) စားတာ

ဝိတ်မတက်အောင်လို့ အဆီလျှော့ အစားအစာ (low- fat) တွေတော့ ရွေးပြီးစားတာပဲ။ အဆီနည်းတယ်ဆိုပြီး ပိုစားမိရင် ပြဿနာရှိပါတယ်။ ဒါ့အပြင် မုန့်ထုတ်လုပ်တဲ့ကုမ္ပဏီတချို့က အဆီလျှော့ထားပေမယ့် စားရတာ အချိုနဲ့ ဖြည့်စွက်အရသာတွေ အပြည့်ထည့်သွင်းထားတယ်၊ ကိုယ်က မတင်းတိမ်လို့ ပိုစားမိတယ်၊ ထပ်စားချင်မယ်။ မတွက်ချက်ဘဲ စားတဲ့အခါ ကိုယ်အလေးချိန်ကမကျတဲ့အပြင် ပိုတက်လာနိုင်တယ်။

ကျန်းမာရေးနဲ့ညီတာပဲစားဖို့ အတင်းကြိုးစားလွန်းတာ

အစားအသောက်ထိန်းတဲ့နေရာမှာ ကျန်းမာရေးနဲ့ညီတာတွေပဲစားဖို့ ကိုယ့်ကိုယ်ကို ချုပ်တည်းလွန်းတဲ့အခါ ဝိတ်တက်စေမယ့်အစားအစာတွေကို စားချင်စိတ်က ပိုပြီးကြီးထွားလာနိုင်ပါတယ်။ သတိတစ်ချက်လွတ်တာနဲ့ ပိုစားမိသွားပါလိမ့်မယ်။

ဝိတ်ချနေပြီဆို၊ Gym ကစားနေပြီဆို၊ အစားလျှော့နေပြီဆို ဝိတ်ကျတော့မယ် ပုံသေတွက်မထားနဲ့နော်။ ဒီထောင်ချောက်တွေကို ရအောင် ရှောင်ပါလို့။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား