RAY
Unicode,
ဆံပင်အရမ်းကျွတ်ပြီး ပါးနေသူတွေအတွက် ဆံပင်အုံထူလာစေမယ့် နည်းလမ်း (၆)
ဆံပင်ဆိုတာ လူတစ်ယောက်အတွက် ရုပ်ရည်သွင်ပြင်အလှအပတစ်ခုတည်းအတွက် ရှိနေတာမဟုတ်ဘဲ၊ ခန္ဓာကိုယ်ရဲ့ဖွဲ့စည်းတည်ဆောက်ပုံ လိုအပ်ချက်အရ ရှိနေတာဖြစ်ပါတယ်။
ဒါကြောင့် တခြားသောအစိတ်အပိုင်းတွေလိုပဲ ထိခိုက်ပျက်စီးတတ်၊ အားနည်းတတ်လို့ သေချာလေးဂရုစိုက်ပေးဖို့လည်း လိုပါတယ်။ ဆံပင်တွေ အရမ်းကျွတ်ပြီး ပါးလာမယ်၊ ပြားကပ်နေမယ်ဆိုရင် လူလည်းမကျန်းမာတဲ့ပုံစံပေါက်နေပြီး ဘယ်လိုမှမလှနိုင်တာမို့ ဒီနည်းလေးတွေနဲ့ ပြန်ပြီး ဂရုစိုက်ပေးလိုက်ပါ ။
(၁) ကြက်ဥနဲ့ဒိန်ချဉ်ပေါင်းတင်နည်း
ကြက်ဥတစ်လုံးလုံးကို ဒိန်ချဉ်အနည်းငယ်နဲ့ရောမွှေပြီး ဦးရေပြားနဲ့ဆံပင်အနှံ့လိမ်းပေးလိုက်ပါ။ တစ်နာရီလောက်ထားပြီး ရေအေးနဲ့ခေါင်းလျှော်ပေးပါ။ ချည်သားတဘက်လေးနဲ့ သုတ်ပြီး hair dryer မသုံးဘဲသဘာဝအတိုင်း အခြောက်ခံပေးပါ။တစ်ကြိမ်လုပ်ရုံနဲ့ဆံပင်ကျွတ်တာ သိသိသာသာရပ်တန့်သွားပြီး တစ်ပတ်တစ်ကြိမ်ပုံမှန်လုပ်ပေးရင် ဆံပင်တွေ ပြန်ထူလာတာကို တွေ့ရပါလိမ့်မယ် ။
(၂) ခေါင်းမလျှော်ခင် ဆီတစ်မျိုးမျိုးနဲ့နှိပ်နယ်နည်း
ဆံပင်တွေကျွတ်ပြီးပါးနေတဲ့အခါ ခေါင်းလျှော်ခါနီးတိုင်း အုန်းဆီ၊သံလွင်ဆီ ဒါမှမဟုတ် jojoba oil စတဲ့ အဆီတစ်မျိုးမျိုးနဲ့ ဦးရေပြားအနှံ့ ရွှဲနေအောင်လိမ်းကာ ၁၅မိနစ်လောက် နှိပ်နယ်ပေးပြီးမှ လျှော်ပေးပါ။ဒါကိုပုံမှန်လုပ်သွားပေးမယ်ဆိုရင်ဆံပင်ကျွတ်တာ ရပ်တန့်သွားမယ်၊ဆံပင်အသစ်လေးတွေ ထွက်လာပြီး ဆံပင်အုံပြန်ထူလာပါလိမ့်မယ် ။
(၃) အိပ်ရာဝင်ချိန် ဆံပင်ထုံးထားတဲ့နည်း
ညအိပ်ချိန်မှာ ဆံပင်ကို တင်းတင်းစည်းထားတာ၊ ဒီအတိုင်းချထားတာတွေကဆံသားကျိုးကြေတာ ပျက်စီးတာတွေဖြစ်နိုင်လို့အိပ်တဲ့အချိန် ဆံပင်ကို ခပ်လျော့လျော့လေး စည်းထားပေးတာ အကောင်းဆုံးလို့ အကြံပေးကြပါတယ်။ညအိပ်ချိန်မှာ ဆံပင်ကိုဦးခေါင်းထိပ်မှာ စုထုံးထားပေးခြင်းက ဆံပင်ကျွတ်ပြီးပါးနေတဲ့သူတွေအတွက် ပိုကောင်းတဲ့ နည်းလမ်းတစ်ခု ပဲဖြစ်ပါတယ် ။
(၄) အစားအသောက်ပုံစံပြောင်းထိန်းသိမ်းနည်း
ဆံပင်ကျွတ်တာက အစားအသောက်နဲ့ တိုက်ရိုက်သက်ဆိုင်နေလို့ ဆံပင်တွေ အရမ်းကျွတ်ပြီး ပါးလာတဲ့အခါ အစားအသောက်ပုံစံပြောင်းကြည့်ပါ။ အပြင်စာတွေ၊ အသင့်စားအစားအစာတွေလျှော့စားပြီး အစိမ်းရောင်အသီးအရွက်တွေ၊ပဲအမျိုးမျိုး၊ ကြက်ဥနဲ့ငါးကြီးဆီတို့ကို စားပေးပါ ။
(၅) အပူထိတွေ့မှုလျှော့ချနည်း
ပျိုမေတို့ အမြဲလိုလို သုံးနေကြတဲ့ hair dryer နဲ့ဆံပင်ပြုပြင်တဲ့ကိရိယာတွေ၊ အပူပေးပုံသွင်းရတဲ့ ဖြောင့်စက်၊ ကောက်စက်တွေကို နေ့စဉ်နဲ့အမျှ မသုံးပါနဲ့တော့။ တတ်နိုင်သလောက် သဘာဝအတိုင်းပဲ ချထားတာမျိုး၊ ကလစ်လှလှလေးတွေတပ်တာမျိုးနဲ့ပဲအလှဆင်ကြည့်ပါ။ အပူနဲ့ထိတွေ့တာနည်းရင် ဆံပင်ကျွတ်တာလည်းသိသိသာသာ လျော့နည်းသွားပါလိမ့်မယ် ။
(၆) ဆံပင်ကျွတ်တာကို သိသိသာသာရပ်တန့်စေမယ့်ပေါင်းတင်နည်း
ထောပတ်သီးမှည့်တစ်လုံး၊ ကြက်ဥတစ်လုံး၊ ပျားရည်နှစ်ဇွန်း၊ သံလွင်ဆီတစ်ဇွန်း စတာတွေကို သမအောင်မွှေလိုက်ပါ။ ခေါင်းကို shampoo နဲ့တစ်ထပ်လျှော်လိုက်ပြီး ရလာတဲ့အနှစ်ကို
ဦးရေပြားနဲ့ဆံပင်အနှံ့လိမ်းပေးပါ။ ၁၅မိနစ်လောက်ထားပြီး ရေအေးနဲ့ခေါင်းပြန်လျှော်ပေးလိုက်ပါ။ ဒီနည်းကို တစ်ပတ်တစ်ခါလုပ်ပေးရင် ဆံပင်လုံးဝမကျွတ်တော့ဘဲ ဆံပင်အုံထူထူလေးပြန်ဖြစ်လာမှာပါနော် ။ ။
RAY