အခ်စ္နွင့္ဘဝ

သင့္ကို တစ္သက္လံုးခ်စ္သြားမယ့္ ေယာကၤ်ားေလးတစ္ေယာက္ရဲ႕ လကၡဏာမ်ား

အခ်စ္ေရးကံမေကာင္းလုိ႕ အိမ္ေထာင္ဘက္အျဖစ္ လြဲေခ်ာ္ခဲ့တာေတြ၊ ခ်စ္သူဘ၀က ျပတ္ဆဲခဲ့တာေတြ၊အိမ္ေထာင္သည္ဘ၀မွာ ကြာရွင္းၾကတာေတြ ရွိေနတာကုိ ျမင္ရေတာ့ စိတ္မေကာင္းပါဘူး။

အမွန္ေတာ့တစ္ေယာက္က ထားသြားလုိ႕၊ တစ္ေယာက္က က်န္ေနခဲ့ ရတာ ပါဘဲ။ ဒါဆုိရင္ သင္လက္တြဲေနတဲ့ သူဟာ သင့္ကုိ ထားသြား/မသြား ဘယ္လုိ ပုံစံေတြကို အကဲခတ္ၿပီး သိႏုိင္မလဲ

ေအာက္မွာ ေဖာ္ျပထားတဲ့ စ႐ုိက္လကၡဏာေလးေတြ ကေတာ့ သင့္ခ်စ္သူက သင့္ကို လုံး၀ ပစ္ခြာမသြားႏုိင္ဘူးဆုိတဲ့ သက္ေသေတြပဲ ျဖစ္ပါတယ္ေနာ္။

1. သင့္ကုိ အႏုိင္က်င့္ေစာ္ကားတာေတြ မလုပ္တဲ့သူ”

ကုိယ္ခ်စ္လုိ႕ လက္တြဲေနတာပဲ ဘာလုိ႕အႏုိင္က်င့္ ရမွာ လဲလုိ႕ ေစာဒက မတက္ၾက ပါနဲ႕။ အဲဒီလုိပဲ ခ်စ္တယ္ဆုိတဲ့ စကားတစ္ခြန္းနဲ႕ ရုိက္ၾကႏွက္ၾက၊ သတ္ၾကျဖတ္ၾကတဲ့ ကိစၥေတြမွ မနည္းဘူး။

အဲဒီလုိ အခ်စ္မ်ိဳးက်ေတာ့ အတၱနဲ႕အခ်စ္ ေရာျပြန္းေနတာလုိ႕ ေခၚပါတယ္။ ဒီေတာ့ သင့္ကို တကယ္ခ်စ္တဲ့သူက သင့္ကုိ ႏွီးးဖ်ားေလးနဲ႕ေတာင္ ရြယ္မွာ မဟုတ္ပါဘူး ။

2. ျပႆနာမွန္သမွ်ကုိ ေခါင္းမေရွာင္သူ”

သင္နဲ႕ပတ္သက္တဲ့ ျပႆနာ မွန္သမွ်ကို ေခါင္းမေရွာင္ ပါဘူး။ ရဲရဲ၀င့္၀င့္ ရင္ဆုိင္ပါတယ္။ ခံစရာရွိရင္ ရင္ေကာ့ခံ ပါတယ္။ ဘာကုိမွ မေၾကာက္ပါပဲ သင့္ေရွ႕ေမွာက္ကုိ အတားအဆီးမွန္သမွ် ေက်ာ္ျဖတ္ၿပီး ေရာက္လာမယ့္ သူပါပဲ။

3. သင့္ရဲ႕ အေသးအဖြဲ႕ကိစၥေလးေတြကိုေတာင္ အေလးအနက္ထားတယ္”

ဘာျဖစ္လုိ႕ ႐ုံးမတက္တာလဲ၊ ေနမေကာင္းလုိ႕၊ အာ ေနမေကာင္း ေဆးခန္းသြားရမွာေပါ့၊ လာလာ-စသျဖင့္ သင္ ႐ုိး႐ုိးအာဂႏၱဳအဖ်ားေလးေလာက္နဲ႕ ေဆးခန္းပုိ႕ခ်င္သူ၊ သင့္လြယ္အိတ္ထဲမွာ

ႏွင္းဆီပန္းေလးထုိ းလာတာ ကိုလည္း အျမတ္တႏုိး ခ်ီးမႊမ္းသူ၊ သင့္ရဲ႕အျပဳအမူအေျပာအဆုိမွန္သမွ်ဟာ သူ႕အတြက္ သိပ္ေလးနက္ေနတယ္ ဆုိရင္ အဲဒီလူက သင့္ကို ဘယ္ေတာ့မွ ခြဲသြားမွာ မဟုတ္ေတာ ႔ပါဘူး ။

4. ဦးစားေပးတယ္”

ဘယ္ကိစၥမွာပဲျဖစ္ျဖစ္ သင့္ကုိ သူက ဦးစားေပးတယ္။ အရာထားတယ္၊ အေလးအနက္ျပဳတယ္ဆုိရင္ သင္ဟာ ကံေကာင္းပါတယ္ ။

5. သင့္ရဲ႕ျပႆနာဟာ သူ႕ျပႆနာပဲ”

သင္ ျပႆနာတစ္ခုခု ျဖစ္ၿပီဆုိရင္ လုိလုိခ်င္ခ်င္ လုိက္လုပ္ေပးတာ၊ အေၾကာင္းကိစၥတစ္ခုေပၚတုိင္း ၿပီးစီးသည္အထိ ကူညီတာ၊ အေရးနဲ႕အေၾကာင္းဆုိ ဘာလုပ္ေပးရမလဲဆုိၿပီး အဆင္သင့္ျဖစ္ေနတဲ့ လက္တြဲေဖာ္ဟာ သင့္အတြက္ ကံေကာင္းေစမွာပါေနာ္ ။

6. သင့္ရဲ႕အမွားေတြကုိ ခြင့္လႊတ္တာ”

သင့္ဘ၀မွာ ဘယ္ေလာက္ႀကီးမားတဲ့ အမွားျဖစ္ပါေစ သူ႕မွာ ခြင့္လႊတ္ႏုိင္တဲ့ သေဘာထားရွိတယ္ဆုိရင္ သူဟာ သင့္ကုိ တကယ္ ခ်စ္လုိ႕ပါဘဲ။ ဒီ စိတ္ေန သေဘာထားဟာလည္း သိပ္ကို အေရးႀကီးပါတယ္ ။

7. သူမွားတာမွန္သမွ် သင္မေမးရဘဲ ဖြင့္ဟတာ”

အမွားဆုိတာ လူတစ္ေယာက္ရဲ႕ အားနည္းခ်က္လုိ႕ ဆုိက ဆုိွွႏုိင္ပါတယ္။ တစ္ခ်ိဳ႕က အဲဒီအားနည္းခ်က္ကုိသိၿပီး လမ္းခြဲသြားၾကတာေတြ ရွိလုိ႕ပါ။

သူ႕ရဲ႕အမွားေတြ သင္မေမးပဲ သင့္ကို ၀န္ခံၿပီဆုိရင္ေတာ့ သူဟာသင့္ကို တကယ္ယုံလုိ႕ ဖြင့္ဟတာပဲျဖစ္ပါတယ္။ ယုံၾကည္မႈနဲ႕တည္ေဆာက္တဲ့ အခ်စ္ထက္ ဘယ္အခ်စ္ကမွ မခုိင္ၿမဲပါဘူးေနာ္ ။

နတ္စည္ေတာ္(Auntymay)

Source: Lifehack.org

Unicode,

သင့်ကို တစ်သက်လုံးချစ်သွားမယ့် ယောင်္ကျားလေးတစ်ယောက်ရဲ့ လက္ခဏာများ…

အချစ်ရေးကံမကောင်းလို့ အိမ်ထောင်ဘက်အဖြစ် လွဲချော်ခဲ့တာတွေ၊ ချစ်သူဘဝက ပြတ်ဆဲခဲ့တာတွေ၊အိမ်ထောင်သည်ဘဝမှာ ကွာရှင်းကြတာတွေ ရှိနေတာကို မြင်ရတော့ စိတ်မကောင်းပါဘူး။

အမှန်တော့တစ်ယောက်က ထားသွားလို့၊ တစ်ယောက်က ကျန်နေခဲ့ ရတာ ပါဘဲ။ ဒါဆိုရင် သင်လက်တွဲနေတဲ့ သူဟာ သင့်ကို ထားသွား/မသွား ဘယ်လို ပုံစံတွေကို အကဲခတ်ပြီး သိနိုင်မလဲ

အောက်မှာ ဖော်ပြထားတဲ့ စရိုက်လက္ခဏာလေးတွေ ကတော့ သင့်ချစ်သူက သင့်ကို လုံး၀ ပစ်ခွာမသွားနိုင်ဘူးဆိုတဲ့ သက်သေတွေပဲ ဖြစ်ပါတယ်နော်။

1. သင့်ကို အနိုင်ကျင့်စော်ကားတာတွေ မလုပ်တဲ့သူ”

ကိုယ်ချစ်လို့ လက်တွဲနေတာပဲ ဘာလို့အနိုင်ကျင့် ရမှာ လဲလို့ စောဒက မတက်ကြ ပါနဲ့။ အဲဒီလိုပဲ ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ ရိုက်ကြနှက်ကြ၊ သတ်ကြဖြတ်ကြတဲ့ ကိစ္စတွေမှ မနည်းဘူး။

အဲဒီလို အချစ်မျိုးကျတော့ အတ္တနဲ့အချစ် ရောပြွန်းနေတာလို့ ခေါ်ပါတယ်။ ဒီတော့ သင့်ကို တကယ်ချစ်တဲ့သူက သင့်ကို နှီးးဖျားလေးနဲ့တောင် ရွယ်မှာ မဟုတ်ပါဘူး ။

2. ပြဿနာမှန်သမျှကို ခေါင်းမရှောင်သူ”

သင်နဲ့ပတ်သက်တဲ့ ပြဿနာ မှန်သမျှကို ခေါင်းမရှောင် ပါဘူး။ ရဲရဲဝင့်ဝင့် ရင်ဆိုင်ပါတယ်။ ခံစရာရှိရင် ရင်ကော့ခံ ပါတယ်။ ဘာကိုမှ မကြောက်ပါပဲ သင့်ရှေ့မှောက်ကို အတားအဆီးမှန်သမျှ ကျော်ဖြတ်ပြီး ရောက်လာမယ့် သူပါပဲ။

3. သင့်ရဲ့ အသေးအဖွဲ့ကိစ္စလေးတွေကိုတောင် အလေးအနက်ထားတယ်”

ဘာဖြစ်လို့ ရုံးမတက်တာလဲ၊ နေမကောင်းလို့၊ အာ နေမကောင်း ဆေးခန်းသွားရမှာပေါ့၊ လာလာ-စသဖြင့် သင် ရိုးရိုးအာဂန္တုအဖျားလေးလောက်နဲ့ ဆေးခန်းပို့ချင်သူ၊ သင့်လွယ်အိတ်ထဲမှာ

နှင်းဆီပန်းလေးထို းလာတာ ကိုလည်း အမြတ်တနိုး ချီးမွှမ်းသူ၊ သင့်ရဲ့အပြုအမူအပြောအဆိုမှန်သမျှဟာ သူ့အတွက် သိပ်လေးနက်နေတယ် ဆိုရင် အဲဒီလူက သင့်ကို ဘယ်တော့မှ ခွဲသွားမှာ မဟုတ်တော့ပါဘူး ။

4. ဦးစားပေးတယ်”

ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် သင့်ကို သူက ဦးစားပေးတယ်။ အရာထားတယ်၊ အလေးအနက်ပြုတယ်ဆိုရင် သင်ဟာ ကံကောင်းပါတယ် ။

5. သင့်ရဲ့ပြဿနာဟာ သူ့ပြဿနာပဲ”

သင် ပြဿနာတစ်ခုခု ဖြစ်ပြီဆိုရင် လိုလိုချင်ချင် လိုက်လုပ်ပေးတာ၊ အကြောင်းကိစ္စတစ်ခုပေါ်တိုင်း ပြီးစီးသည်အထိ ကူညီတာ၊ အရေးနဲ့အကြောင်းဆို ဘာလုပ်ပေးရမလဲဆိုပြီး အဆင်သင့်ဖြစ်နေတဲ့ လက်တွဲဖော်ဟာ သင့်အတွက် ကံကောင်းစေမှာပါနော် ။

6. သင့်ရဲ့အမှားတွေကို ခွင့်လွှတ်တာ”

သင့်ဘဝမှာ ဘယ်လောက်ကြီးမားတဲ့ အမှားဖြစ်ပါစေ သူ့မှာ ခွင့်လွှတ်နိုင်တဲ့ သဘောထားရှိတယ်ဆိုရင် သူဟာ သင့်ကို တကယ် ချစ်လို့ပါဘဲ။ ဒီ စိတ်နေ သဘောထားဟာလည်း သိပ်ကို အရေးကြီးပါတယ် ။

7. သူမှားတာမှန်သမျှ သင်မမေးရဘဲ ဖွင့်ဟတာ”

အမှားဆိုတာ လူတစ်ယောက်ရဲ့ အားနည်းချက်လို့ ဆိုက ဆိုှနိုင်ပါတယ်။ တစ်ချို့က အဲဒီအားနည်းချက်ကိုသိပြီး လမ်းခွဲသွားကြတာတွေ ရှိလို့ပါ။

သူ့ရဲ့အမှားတွေ သင်မမေးပဲ သင့်ကို ဝန်ခံပြီဆိုရင်တော့ သူဟာသင့်ကို တကယ်ယုံလို့ ဖွင့်ဟတာပဲဖြစ်ပါတယ်။ ယုံကြည်မှုနဲ့တည်ဆောက်တဲ့ အချစ်ထက် ဘယ်အချစ်ကမှ မခိုင်မြဲပါဘူးနော် ။

နတ်စည်တော်(Auntymay)

Source: Lifehack.org