အေထြအေထြဗဟုသုတ

ပ႒ာန္းတစ္လအဓိဌာန္ဝင္နည္း

No.1နေမာတသရြတ္ဆို၍ဘုရားရွိခိုးပါငါးပါးသီလခံယူပါ

No.2 (အဓိ႒ာန္ျပဳပါ)ဘုရားတပည့္ေတာ္သည္(စရြတ္သည့္ေန႔)စ၍ေန႔စဥ္မျပတ္ တစ္လတိတိပ႒ာန္းေဒသနာေတာ္မ်ားရြတ္ဆိုၿပီးျမတ္စြာဘုရားကိုပူေဇာ္ပါမည္ဟုအဓိ႒ာန္ျပဳပါသည္အရွင္ဘုရား ထိုကဲ့သို႔ တစ္လအဓိ႒ာန္ပ႒ာန္းရြတ္ဖတ္ပူေဇာ္ရာတြင္ ယေန႔အဓိ႒ာန္အျဖစ္ ယခုအခ်ိန္မွစ၍ ပ႒ာန္းေဒသနာေတာ္မ်ားကိုရြတ္ဖတ္ကာျမတ္စြာဘုရားအားပူေဇာ္ပါေတာ့မည္အရွင္ဘုရား

No.3(နတ္ပင့္)သမန္တာ စက္က-ဝါေလသု၊ အက္တရာ ဂစ္ဆန္တု ေဒဝတာ သတ္ဓမ္မံ မုနိရာဇတ္သ၊ သုဏန္တု သက္ဂေမာက္ခဒံ။ (ဓမ္မတ္-သဝန-ကာေလာ အယံ ဘတ္ဒန္တာ)(ဓမ္မတ္-သဝန-ကာေလာ အယံ ဘတ္ဒန္တာ)(ဓမ္မတ္-သဝန-ကာေလာ အယံ ဘတ္ဒန္တာ)

No.4(ခြင့္ေတာင္း)ဘုန္းေတာ္အနႏၲ ဂုဏ္ေတာ္အနႏၲ ကံေတာ္အနႏၲဥာဏ္ေတာ္အနႏၲ တန္ခိုးေတာ္အနႏၲ ပါရမီေတာ္အနႏၲ ေမတၱာေတာ္အနႏၲတို႔ႏွင့္ျပည့္စုံေတာ္မူေသာျမတ္စြာဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးဘုရား ဘုရားတပည့္ေတာ္မသည္

(လက္ရွိေရာက္ေနတဲ့ခုႏွစ္ လ ရက္ အခ်ိန္)ဤေနရာဤ႒ာနတြင္ ျမတ္စြာဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီး နတ္ျပည္ေျခာက္ထပ္တြင္ ေဟာၾကားေတာ္မူခဲ့သည့္ အဘိဓမၼာမဟာပ႒ာန္းက်မ္းေတာ္ႀကီးကိုရြတ္ဖတ္၍ျမတ္စြာဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးအားေလးစားေကာ္ေရာ္ပူေဇာ္တည္းျခင္းဟူေသာကုသိုလ္ေကာင္းမႈကိုျပဳလုပ္လိုပါသျဖင့္ ရြတ္ဖတ္ပူေဇာ္ခြင့္ေပးသနားေတာ္မူပါရန္ တရားေတာ္၏ပိုင္ရွင္အစစ္ျဖစ္ေတာ္မူေသာ ျမတ္စြာဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးထံမွ ခြင့္ေတာင္းအပ္ပါသည္အရွင္ဘုရားခြင့္ေပးေတာ္မူပါအရွင္ျမတ္ႀကီးဘုရား

No.5(တရားနာဖိတ္)အဘိဓမၼာမဟာပ႒ာန္းက်မ္းေတာ္ႀကီး ရြတ္ဖတ္ပူေဇာ္ျခင္းကိုနာၾကားနိုင္ေသာ နာၾကားလိုေသာအားလုံးေသာစၾကဝဠာအနႏၲတြင္ရွိၾကကုန္ေသာအပါယ္ဘုံသား လူ နတ္ ျဗဟၼာ သတၱဝါအေပါင္းတို႔ႏွင့္ ဘုရားတပည့္ေတာ္၏ေဆြဆက္မ်ိဳးဆက္ပ႒ာန္းဆက္ျဖစ္ေသာ ေဆြေတာ္မ်ိဳးေတာ္အေပါင္းတို႔တရားေတာ္နာႂကြေရာက္ၾကပါရန္ဖိတ္ၾကားအပ္ပါသည္

No.6(ဖယ္ရွား)အဘိဓမၼာမဟာပ႒ာန္းက်မ္းေတာ္ႀကီး ရြတ္ေဖာ္ပူေဇာ္ျခင္းကို မနာၾကားနိုင္ေသာပုဂၢိဳလ္မ်ားႏွင့္နတ္စိမ္းမ်ား မာရ္နတ္၏ေနာက္လိုက္ေနာက္ပါနတ္ဆိုးမ်ား အားလုံးတို႔ဤေနရာဤဌာနႏွင့္အနီးပတ္ဝန္းက်င္တြင္ရွိေနပါကေခတၱခဏဖယ္ရွားေပးၾကပါရန္ပန္ၾကားအပ္ပါ၏ေခတၱခဏဖယ္ရွားေပးၾကပါကုန္ေလာ့ေခတၱခဏဖယ္ရွားေပးၾကပါကုန္ေလာ့ေခတၱခဏဖယ္ရွားေပးၾကပါကုန္ေလာ့

No.7(ရြတ္ဖတ္)နေမာတသသုံးႀကိမ္ရြတ္ဆိုပါ။ ပစၥယုေဒၵသ အစခ်ီ၍ ပ႒ာန္းအက်ဥ္းႏွင့္တကြပ႒ာန္းအက်ယ္ကို အသံထြက္မွန္မွန္ႏွင့္ျဖည္းျဖည္းရြတ္ပါ

No.8(ျပန္လည္ေခၚယူ)ဘုရားတပည့္ေတာ္မွေခတၱခဏဖယ္ရွားေပးပါရန္ ပန္ၾကားထားေသာ အဘိဓမၼာမဟာပ႒ာန္းက်မ္းေတာ္ႀကီး ရြတ္ေဖာ္ပူေဇာ္ျခင္းကို မနာၾကားနိုင္ေသာ ပုဂၢိဳလ္မ်ားႏွင့္နတ္စိမ္းမ်ား မာရ္နတ္၏ေနာက္လိုက္ေနာက္ပါနတ္ဆိုးမ်ားအားလုံးတို႔ သင္တို႔၏ေနရာ႒ာနအသီးသီး ဘုံဗိမၼာန္အသီးသီးတို႔ျပန္လည္ႂကြျမန္း၍ေနလိုကေနနိုင္ပါၿပီေနလိုကေနနိုင္ပါၿပီေနလိုကေနနိုင္ပါၿပီ

No.9(ေမတၱာပို႔ အမၽွေဝ)ေမတၱာပို႔သၿပီးေနာက္ ဤသို႔ျပဳရ အစခ်ီၿပီး အမၽွေဝေပးပါ။

No.10(နတ္ပို႔)အစ္တာဝတာ စ အမ္ေမွဟိ၊ သမ္ဘတံ ပုန္ညသမ္ပဒံ သတ္ေဗ ေဒဝါ ႏုေမာဒန္တု၊ သတ္ဗသမ္ပတ္တိ သိတ္ဓိယာ ဒါနံ ဒဒန္တု သတ္ဓာယ၊ သီလံ ရက္ခန္တု သတ္ဗဒါ ဘာဝနဘိရကာ ဟြန္တု၊ ဂစ္ဆန္တု ေဒဝတာ ဂတာ

No.11(ဆုေတာင္း)ယခုအခါတြင္ဘုရားတပည့္ေတာ္မသည္တစ္လအဓိ႒ာန္ရြတ္ဖတ္ပူေဇာ္ရာတြင္ယေန႔အဓိ႒ာန္အျဖစ္ ျမတ္စြာဘုရားအားပူေဇာ္ၿပီးပါၿပီ ဤသစၥာစကားေၾကာင့္လည္းေကာင္းဤပ႒ာန္းေဒသနာေတာ္၏တန္ခိုးရွိန္ေစာ္အာႏုေဘာ္တို႔ေၾကာင့္လည္းေကာင္းဤပ႒ာန္းေဒနာေတာ္ကိုရြတ္ဆိုရေသာေကာင္းမႈကုသိုလ္ နာၾကားရေသာေကာင္းမႈကုသိုလ္တို႔၏ တန္ခိုးေတေဇာ္အာႏုေဘာ္တို႔ေၾကာင့္ လည္းေကာင္း ပ႒ာန္းေဒသနာေတာ္ကိုရြတ္ဆိုပီးတိုင္းတပည့္ေတာ္ႏွင့္ထပ္တူထပ္မၽွရေစဖို႔ အမၽွေပးေဝရတဲ့ ေကာင္းမႉကုသိုလ္ဝမ္းေျမာက္ႏုေမာသာဓုေခၚဆိုရတဲ့ေကာင္းမႉကုသိုလ္တို႔၏တန္ခိုးေတေဇာ္အာႏုေဘာ္တို႔ေၾကာင့္လည္းေကာင္း တပည့္ေတာ္သည္ (လိုရာဆုတခုထဲသာတလတိတိဆုေတာင္းပါ)ျပည့္ရပါလို၏ဘုရား

#မွတ္ရန္ အဓိ႒ာန္ဝင္သည့္ရက္မ်ားတြင္သက္သက္လြတ္စားနိုင္လၽွင္ပိုေကာင္းပါတယ္ငါးပါးသီလလုံလၽွင္လည္းပိုေကာင္းပါတယ္အခ်ိန္အတိအက်ေနရာအတိအက်တြင္ရြတ္နိုင္လၽွင္ပိုေကာင္းပါတယ္ ဆုတခုမျပည့္မခ်င္းရြတ္လၽွင္လည္းရပါသည္ကိုယ္ရြတ္ခ်င္သေလာက္တစ္လပီးတစ္လရြတ္နိုင္ပါသည္ယုံယုံၾကည္ၾကည္ျဖင့္ပူေဇာ္ေပးပါအကယ္လို႔အဓိဌာန္မဝင္ပဲ ပ႒ာန္းရြတ္ဖတ္ပူေဇာ္မည္ဆိုပါလၽွင္လည္း

No.2 နဲ႔ No.11 ကိုသာျဖဳတ္၍ဆိုရပါမယ္ဒါမွသာၿပီးျပည့္စုံေသာပ႒ာန္းရြတ္ဖတ္ပူေဇာ္ျခင္းျဖစ္ပါလိမ့္မယ္ရွင့္ အားလုံးၿပီးရင္ ေမတၱာသုတ္ဆက္ရြတ္ပါတယ္ဆုေတာင္းေမတၱာပို႔ေပးပါတယ္ေနာ္ အားလုံးပဲ အဆင္ေျပၾကပါေစတလအဓိ႒ာန္ျဖင့္ ရြတ္ဖတ္ပူေဇာ္လိုသူမိတ္ေဆြမ်ားရွိရင္ ပူေဇာ္နိုင္ဖို႔ ကိုယ္လည္းရြတ္ဖို႔ရာ ျပန္လည္ကူးယူေဖာ္ျပပါသည္

မူရင္းေရးသားသူအားcredit ေပးပါသည္❤

Unicode,

ပဋ္ဌာန်းတစ်လအဓိဌာန်ဝင်နည်း

No.1နမောတသရွတ်ဆို၍ဘုရားရှိခိုးပါငါးပါးသီလခံယူပါ

No.2 (အဓိဋ္ဌာန်ပြုပါ)ဘုရားတပည့်တော်သည်(စရွတ်သည့်နေ့)စ၍နေ့စဉ်မပြတ် တစ်လတိတိပဋ္ဌာန်းဒေသနာတော်များရွတ်ဆိုပြီးမြတ်စွာဘုရားကိုပူဇော်ပါမည်ဟုအဓိဋ္ဌာန်ပြုပါသည်အရှင်ဘုရား ထိုကဲ့သို့ တစ်လအဓိဋ္ဌာန်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရာတွင် ယနေ့အဓိဋ္ဌာန်အဖြစ် ယခုအချိန်မှစ၍ ပဋ္ဌာန်းဒေသနာတော်များကိုရွတ်ဖတ်ကာမြတ်စွာဘုရားအားပူဇော်ပါတော့မည်အရှင်ဘုရား

No.3(နတ်ပင့်)သမန်တာ စက်က-ဝါလေသု၊ အက်တရာ ဂစ်ဆန်တု ဒေဝတာ သတ်ဓမ်မံ မုနိရာဇတ်သ၊ သုဏန်တု သက်ဂမောက်ခဒံ။ (ဓမ်မတ်-သဝန-ကာလော အယံ ဘတ်ဒန်တာ)(ဓမ်မတ်-သဝန-ကာလော အယံ ဘတ်ဒန်တာ)(ဓမ်မတ်-သဝန-ကာလော အယံ ဘတ်ဒန်တာ)

No.4(ခွင့်တောင်း)ဘုန်းတော်အနန္တ ဂုဏ်တော်အနန္တ ကံတော်အနန္တဉာဏ်တော်အနန္တ တန်ခိုးတော်အနန္တ ပါရမီတော်အနန္တ မေတ္တာတော်အနန္တတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဘုရား ဘုရားတပည့်တော်မသည်

(လက်ရှိရောက်နေတဲ့ခုနှစ် လ ရက် အချိန်)ဤနေရာဤဋ္ဌာနတွင် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး နတ်ပြည်ခြောက်ထပ်တွင် ဟောကြားတော်မူခဲ့သည့် အဘိဓမ္မာမဟာပဋ္ဌာန်းကျမ်းတော်ကြီးကိုရွတ်ဖတ်၍မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအားလေးစားကော်ရော်ပူဇော်တည်းခြင်းဟူသောကုသိုလ်ကောင်းမှုကိုပြုလုပ်လိုပါသဖြင့် ရွတ်ဖတ်ပူဇော်ခွင့်ပေးသနားတော်မူပါရန် တရားတော်၏ပိုင်ရှင်အစစ်ဖြစ်တော်မူသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးထံမှ ခွင့်တောင်းအပ်ပါသည်အရှင်ဘုရားခွင့်ပေးတော်မူပါအရှင်မြတ်ကြီးဘုရား

No.5(တရားနာဖိတ်)အဘိဓမ္မာမဟာပဋ္ဌာန်းကျမ်းတော်ကြီး ရွတ်ဖတ်ပူဇော်ခြင်းကိုနာကြားနိုင်သော နာကြားလိုသောအားလုံးသောစကြဝဠာအနန္တတွင်ရှိကြကုန်သောအပါယ်ဘုံသား လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်းတို့နှင့် ဘုရားတပည့်တော်၏ဆွေဆက်မျိုးဆက်ပဋ္ဌာန်းဆက်ဖြစ်သော ဆွေတော်မျိုးတော်အပေါင်းတို့တရားတော်နာကြွရောက်ကြပါရန်ဖိတ်ကြားအပ်ပါသည်

No.6(ဖယ်ရှား)အဘိဓမ္မာမဟာပဋ္ဌာန်းကျမ်းတော်ကြီး ရွတ်ဖော်ပူဇော်ခြင်းကို မနာကြားနိုင်သောပုဂ္ဂိုလ်များနှင့်နတ်စိမ်းများ မာရ်နတ်၏နောက်လိုက်နောက်ပါနတ်ဆိုးများ အားလုံးတို့ဤနေရာဤဌာနနှင့်အနီးပတ်ဝန်းကျင်တွင်ရှိနေပါကခေတ္တခဏဖယ်ရှားပေးကြပါရန်ပန်ကြားအပ်ပါ၏ခေတ္တခဏဖယ်ရှားပေးကြပါကုန်လော့ခေတ္တခဏဖယ်ရှားပေးကြပါကုန်လော့ခေတ္တခဏဖယ်ရှားပေးကြပါကုန်လော့

No.7(ရွတ်ဖတ်)နမောတသသုံးကြိမ်ရွတ်ဆိုပါ။ ပစ္စယုဒ္ဒေသ အစချီ၍ ပဋ္ဌာန်းအကျဉ်းနှင့်တကွပဋ္ဌာန်းအကျယ်ကို အသံထွက်မှန်မှန်နှင့်ဖြည်းဖြည်းရွတ်ပါ

No.8(ပြန်လည်ခေါ်ယူ)ဘုရားတပည့်တော်မှခေတ္တခဏဖယ်ရှားပေးပါရန် ပန်ကြားထားသော အဘိဓမ္မာမဟာပဋ္ဌာန်းကျမ်းတော်ကြီး ရွတ်ဖော်ပူဇော်ခြင်းကို မနာကြားနိုင်သော ပုဂ္ဂိုလ်များနှင့်နတ်စိမ်းများ မာရ်နတ်၏နောက်လိုက်နောက်ပါနတ်ဆိုးများအားလုံးတို့ သင်တို့၏နေရာဋ္ဌာနအသီးသီး ဘုံဗိမ္မာန်အသီးသီးတို့ပြန်လည်ကြွမြန်း၍နေလိုကနေနိုင်ပါပြီနေလိုကနေနိုင်ပါပြီနေလိုကနေနိုင်ပါပြီ

No.9(မေတ္တာပို့ အမျှဝေ)မေတ္တာပို့သပြီးနောက် ဤသို့ပြုရ အစချီပြီး အမျှဝေပေးပါ။

No.10(နတ်ပို့)အစ်တာဝတာ စ အမ်မှေဟိ၊ သမ်ဘတံ ပုန်ညသမ်ပဒံ သတ်ဗေ ဒေဝါ နုမောဒန်တု၊ သတ်ဗသမ်ပတ်တိ သိတ်ဓိယာ ဒါနံ ဒဒန်တု သတ်ဓာယ၊ သီလံ ရက်ခန်တု သတ်ဗဒါ ဘာဝနဘိရကာ ဟွန်တု၊ ဂစ်ဆန်တု ဒေဝတာ ဂတာ

No.11(ဆုတောင်း)ယခုအခါတွင်ဘုရားတပည့်တော်မသည်တစ်လအဓိဋ္ဌာန်ရွတ်ဖတ်ပူဇော်ရာတွင်ယနေ့အဓိဋ္ဌာန်အဖြစ် မြတ်စွာဘုရားအားပူဇော်ပြီးပါပြီ ဤသစ္စာစကားကြောင့်လည်းကောင်းဤပဋ္ဌာန်းဒေသနာတော်၏တန်ခိုးရှိန်စော်အာနုဘော်တို့ကြောင့်လည်းကောင်းဤပဋ္ဌာန်းဒေနာတော်ကိုရွတ်ဆိုရသောကောင်းမှုကုသိုလ် နာကြားရသောကောင်းမှုကုသိုလ်တို့၏ တန်ခိုးတေဇော်အာနုဘော်တို့ကြောင့် လည်းကောင်း ပဋ္ဌာန်းဒေသနာတော်ကိုရွတ်ဆိုပီးတိုင်းတပည့်တော်နှင့်ထပ်တူထပ်မျှရစေဖို့ အမျှပေးဝေရတဲ့ ကောင်းမှူကုသိုလ်ဝမ်းမြောက်နုမောသာဓုခေါ်ဆိုရတဲ့ကောင်းမှူကုသိုလ်တို့၏တန်ခိုးတေဇော်အာနုဘော်တို့ကြောင့်လည်းကောင်း တပည့်တော်သည် (လိုရာဆုတခုထဲသာတလတိတိဆုတောင်းပါ)ပြည့်ရပါလို၏ဘုရား

#မှတ်ရန် အဓိဋ္ဌာန်ဝင်သည့်ရက်များတွင်သက်သက်လွတ်စားနိုင်လျှင်ပိုကောင်းပါတယ်ငါးပါးသီလလုံလျှင်လည်းပိုကောင်းပါတယ်အချိန်အတိအကျနေရာအတိအကျတွင်ရွတ်နိုင်လျှင်ပိုကောင်းပါတယ် ဆုတခုမပြည့်မချင်းရွတ်လျှင်လည်းရပါသည်ကိုယ်ရွတ်ချင်သလောက်တစ်လပီးတစ်လရွတ်နိုင်ပါသည်ယုံယုံကြည်ကြည်ဖြင့်ပူဇော်ပေးပါအကယ်လို့အဓိဌာန်မဝင်ပဲ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်မည်ဆိုပါလျှင်လည်း

No.2 နဲ့ No.11 ကိုသာဖြုတ်၍ဆိုရပါမယ်ဒါမှသာပြီးပြည့်စုံသောပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းဖြစ်ပါလိမ့်မယ်ရှင့် အားလုံးပြီးရင် မေတ္တာသုတ်ဆက်ရွတ်ပါတယ်ဆုတောင်းမေတ္တာပို့ပေးပါတယ်နော် အားလုံးပဲ အဆင်ပြေကြပါစေတလအဓိဋ္ဌာန်ဖြင့် ရွတ်ဖတ်ပူဇော်လိုသူမိတ်ဆွေများရှိရင် ပူဇော်နိုင်ဖို့ ကိုယ်လည်းရွတ်ဖို့ရာ ပြန်လည်ကူးယူဖော်ပြပါသည်

မူရင်းရေးသားသူအားcredit ပေးပါသည်❤