ကၽြန္ေတာ္ နမ္းလို ႔ မဝေသးတဲ့ ပါးတစ္ျခမ္း ။
ကၽြန္ေတာ့္ မိန္းမက သူ ကိုယ္ဝန္ရွိေနျပီ လို႔ေျပာေတာ့ကၽြန္ေတာ္ ျမန္မာ ဗီဒီယို ကားထဲကမင္းသားေတြ ေပ်ာ္သလိုမ်ဳိး ဟိုေလၽာက္ေျပးဒီေလၽာက္ေျပး ၊ဟိုေအာ္ဒီေအာ္ ပံုစံမ်ဳိးနဲ႔မေပ်ာ္ခဲ့ပါဘူး
မိန္းမက လည္း သူကိုယ္ဝန္ရွိေနတာကိုရုပ္ရွင္ထဲကလို နား နားကပ္ျပီးမေျပာပါဘူး
ေၾကးအိုး ဆိုင္မွာေၾကးအိုးစားရင္းပလုပ္ပေလာင္းနဲ႔ ေျပာတာ ၊ကိုယ္ဝန္ရွိေနျပီထင္တယ္တဲ့
ကၽြန္ေတာ္ လည္း ဟုတ္လားေပ်ာ္စရာျကီးေပါ့၊လို ႔ေျပာလိုက္တယ္ဒီေလာက္ပါပဲ
အာထရာ ေစာင္းရုိက္ၾကည့္ေတာ့သမီးေလး လို႔သိရတယ္ငါ သမီးေလးရေတာ့ မယ္၊ကေလးအေဖ ျဖစ္ေတာ့မယ္ဒီထက္ႀကိဳးစား ရေတာ့မယ္ဆိုတဲ့အသိ ေတာ့ ရွိလာတာအမွန္ပဲ။
သမီးေလးကိုSSC ေရႊဂုံတိုင္ ေဆးရုံမွာေမြးတာမိန္းမေမြးခန္း ဝင္ေတာ့ စိတ္ေတာ့ပူသား ၊မိန္းမ ေနေကာင္းဖို႔ နဲ႔သမီးေလး ေကာင္းေကာင္းမြန္မြန္ျဖစ္ဖို႔
ရုပ္ရွင္ထဲက ကေလးအေဖေတြလိုဆပ္ျပာသည္လင္ေပ်ာက္သလိုေတာ့မျဖစ္ပါဘူး။
ေမြးခန္း ထဲက နပ္(စ္) မကေဘဘီ ေခ်ာစုဝင္း ရွိလား တဲ့ဒီ နပ္(စ္)မ က ငါ မိန္းမ ကို ေဘဘီလို ႔ေခၚတာသူဘယ္ လိုမ်ားသိသြားသလည္းေပါ့ ။
ဟုတ္ ကၽြန္ေတာ္ပါ ကၽြန္ေတာ္ပါေရာ့ — ေမြးခန္း အသံုးစာရိတ္ ေဘာက္ခ်ာကေလးေရာလူၾကီးေရာက်န္းမါပါတယ္
ကေလးကိုအရင္မျပေသးဘူး ၊ေဘာက္ခ်ာအရင္ျပတာေဘာက္ခ်ာၾကည့္ လိုက္ေတာ့ ၅၀၀၀၀၀(၅) သိန္း က်တယ္
ဟယ္ တန္ဖိုးရွိလိုက္တဲ့ ငါ့ သမီးေလးပါလားဆိုျပီးေငြ သြားသြင္းရတယ္။
ေငြသြင္းျပီးေတာ့မွ ကေလးကိုျပတာ ၊ေငြ သာမသြင္းရင္ ကေလး ကို ျပန္ေပးဆြဲ မယ့္သေဘာရွိတယ္။
သမီးေလးျမင္ေတာ ့ ေအာ္ ငါ ကေလးအေဖျဖစ္ျပီငါ သမီးေလး တစ္ေယာက္ရျပီေပါ့ ။
ျဖစ္ခ်င္ေတာ့ သမီးေလး ၂ ရက္ ေနေတာ့အသားဝါ လို႔ကေလးေဆးရုံၾကီးကိုတင္ရတယ္
ကေလးေတြေန မေကာင္းျဖစ္ရင္ကိုယ္သာျဖစ္လိုက္ခ်င္တယ္ ၊
မိန္းမ က ေရႊဂုံတိုင္ေဆးရုံမွာ ၊သမီးက ကေလးေဆးရုံၾကီးမွာကၽြန္ေတာ္ က သမီးေလးတက္တဲ့ကေလးေဆးရုံလိုက္သြားလိုက္တယ္
ေယာကၡက သူ႔ သမီးကို စိတ္ပူကၽြန္ေတာ္က ကၽြန္ေတာ့သမီးကို စိတ္ပူေပါ့။
သမီးေလး သူငယ္တန္း စ ထားတဲ့ ေန ႔သမီးက မ်က္ႏွာငယ္ေလးနဲ႔အတန္းေဖၚေတြၾကားထဲမွာသမီးေလးေရ ဒါ ေလာက သင္ခန္းစာ အစ ပဲ၊ငါ႔ သမီးေလး အဆင္ေျပမွာပါဆိုျပီးသမီးကို ေက်ာင္းခန္းထဲပို႔လိုက္တယ္၊
ကၽြန္ေတာ္ ေနာက္ကို လံုးဝလွည့္မၾကည့္ဘူး ၊သမီးေလး ကို ထားခဲ့ရတာကို မၾကည့္ရဲလို႔မေနနိင္လို႔လွည့္ၾကည့္လိုက္ေတာ့သမီးက ကၽြန္ေတာ့ကို႔ ၾကည့္ေနတာ ၊။
ကၽြန္ေတာ္ၾကည့္ေနတာလည္းသိသြားေရာပါပါး ဆိုျပီး ေျပးထြက္လာတယ္ ၊ကၽြန္ေတာ္ကလည္း သမီးေလးဆိုျပီးေျပးဖက္ လိုက္တယ္
သမီး ေလး ပါးေပၚမွာကၽြန္ေတာ္လိမ္းေပးလိုက္တဲ့ သနပ္္ခါးပါးကြက္ေလး ၊မ်က္ရည္ေၾကာင့္ နွစ္ျခမ္း ကြဲသြားသလိုကၽြန္ေတာ့္ ရဲ ႔အသဲေတြလည္း ကြဲေနပါျပီ။
ကၽြန္ေတာ့္ ကို ဖက္ျပီး ပါးပါး ျပန္လိုက္ခဲ့မယ္သမီး… ပါပါး အခန္းအျပင္ကေစာင့္ေနမယ္ေနာ္၊ပါးပါး ဘယ္မွ မသြားဘူးဆိုျပီးအခန္းထဲျပန္ပို႔ရတယ္။
မိုးဖြဲဖြဲ ေလးက်ျပီ း မိုးမင္းၾကီးကကၽြန္ေတာ္တို ႔သားအဖ ကိုပိုျပီး ေၾကကြဲေအာင္မ်ား လုပ္ေနေရာ႔သလား၊
ကၽြန္ေတာ့္ သမီးေလးကို ဖက္ျပီးေက်ာင္းခန္းထဲ လိုက္ပို႔ တဲ့ အခန္း ကိုရုပ္ရွင္ရုိက္ ရင္ သမီးေရာ ကၽြန္ေတာ္ေရာအကယ္ဒမီ ရမွာ ေသခ်ာ တယ္။
သမီးကို ပို႔ျပီး ၊ကၽြန္ေတာ္ကားေပၚေရာက္တဲ့ အထိခ်က္ခ်င္း မျပန္ေသးဘူး။
ကား စတီယာတိုင္ ေပၚမွာ ေခါင္းကို ေမွာက္ျပီးမ်က္ရည္က်ခဲ့တယ္ဆိုတာကို ဝန္ခံပါရေစ။
စဥ္းစားၾကည့္ေလ လာတုန္းက သမီးေလးနဲ႔ ၊အခုတစ္ေယာက္တည္းျပန္ရမွာ။
ေက်ာင္းခန္းထဲက ကမာၻမေၾက သီခ်င္းသံၾကားမွငါ့သမီးေလး သီခ်င္းဆိုေနျပီဆိုျပီးအိမ္ျပန္ခဲ့ရတယ္။
အခု သမီး က ၁၄ နွစ္ဟိုတေလာ က သူ႔ ရဲ ႔ ဖုန္း ring ျမည္ေနလို ႔ကိုင္လိုက္ေတာ့
ဟဲလိုဟိုဘက္က ကၽြန္ေတာ့အသံၾကားသြားလို႔ ထင္တယ္ဦးေလး ၊အဲ အန္ကယ္ ရည္မြန္ရွိလား ခင္မ်တဲ့။
ေယာက်ာၤး ေတြဆိုတာ သံလိုက္ သေဘာရွိတယ္အဖို နဲ ့အမ ေလာက္ပဲ ကပ္ခ်င္တဲ့သေဘာငါ့ ကိုမ်ား အန္ကယ္တဲ့ ၊ေတာ္ေသးတာေပါ့Dady မေခၚလို႔။
ေယာက်ာၤးေလးတစ္ေယာက္ရဲ ့ အသံၾကားေတာ့လို႔အပ္သည့္အသံထက္ ၆ ဆ ေလာက္ျမင့္လိုက္ျပီး
ေအး ခဏ ကိုင္ထားဆိုျပီး ၊ရုပ္ရွင္ထဲက ဦးသိန္း ေမာင္ေလသံနဲ႔ဖုန္းနားကပ္ျပီး ရည္မြန္ လို.တစ္ခ်က္ေအာ္ေခၚလိုက္ တယ္
ဟို ဘက္ က တစ္ေယာက္လည္းလန္ ့သြားေအာင္လို႔။
သမီးကလည္း အေျခအေနကိုရိပ္မိေနတဲ့သေဘာရွိိတယ္
ေရဒီယို ဟာသရရႊင္ေဆး ထဲကမိန္းမတစ္ေယာက္ရဲ့႔ အသံမ်ဳိးနဲ ့ရွင္— ပါပါး ဆိုျပီး ဖုန္းဆီအလာ
သမီးလမ္းေလၽာက္ရာလမ္း ကိုကၽြန္ေတာ့္ စိုက္ၾကည့္ေနလို႔သမီး သူ႔ ေျခေထာက္အခ်င္းခ်င္းေတာင္ခလုပ္တိုက္တယ္ ။
သမီးက လိုင္းမမိလို ႔ အခန္းထဲသြားေျပာတာဘယ္ရမလဲကၽြန္ေတာ္က တံခါးကို နားနဲ႔ ကပ္ျပီးနားအေထာင္သမီးက အခန္းထဲကအထြက္ တံခါးျပန္အဖြင့္နွစ္ေယာက္သားတိုက္မိလို႔ရွက္ရမ္းရမ္းျပီး ေဟာက္လိုက္ရတယ္။
ဘယ္လိုျဖစ္ေနတာလည္းေယာက္ယက္ကို ခတ္ေနတာပဲလို႔၊
အမွန္ ေယာက္ယက္ခတ္ေနတာကကၽြန္ေတာ္ ပါ။
သမီးက ဧည့္ခန္းထဲဖုန္းသြားေျပာတာဘယ္ရမလဲ ေအာင္မ်ဳိးေအးပဲဧည့္ခန္းထဲ တံျမက္စီး လဲွခ်င္ေယာင္ေဆာင္ျပီးနားေထာင္ေနတာေပါ့။
သမီးက နဂါးမင္းနဲ ႔ ဖြတ္က်ား စစ္ခင္းေတာ့မယ့္အေျခအေနကို သိသြားတယ္ထင္တယ္။
ေအာ္ေအး ေအာ္ေအးေအး ေအာ္ေအး ဆိုျပီးဖုန္းခ်ျပီး ပြဲကို အျမန္ဆံုး သိမ္းပစ္လိုက္တယ္။
ဘယ္သူလဲသမီး?ေက်ာင္း ကပါ ၊ေက်ာင္းမတက္လို ႔စာေမးတာပါ။
ရုိးေနျပီ ဒါငါ့အကြက္ေတြ။ပထမစာေမးမယ္၊ျပီးရင္ထမင္းစားျပီးျပီလားေမးမယ္ ၊ျပီးရင္ဂရုစိုက္ေနာ္ဆိုျပီး ဖုန္းခ်သြားမယ္
သမီးကိုေတာ့မေျပာပါဘူး ၊စိတ္ထဲကပဲ ေျပာေနတာပါ။မေခ်ာစု သမီးဖုန္း ကိုလည္း ဂရုစိုက္ဦးတိုးတိုးတိတ္တိတ္မွာထားရတယ္။
သမီးက ငယ္ပါေသးတယ္ ၊ကၽြန္ေတာ့္က စိုးရိမ္လြန္ေနတာပါ။
ေအာ္ သမီးသမီး အခ်ိန္တန္ရင္ေတာ့သမီးေလးနဲ႔ခြဲရမွာပါေလ —-လို႔ေတြးမိရင္း…
တကယ္ေတာ့ —သမီး ေလးဟာကၽြန္ေတာ္ နမ္း လို႔ မဝေသးတဲ့ပါးတစ္ျခမ္းပါ။
#Credit to Maung Pinlal
unicode
ကျွန်တော် နမ်းလို ့ မဝသေးတဲ့ ပါးတစ်ခြမ်း ။
ကျွန်တော့် မိန်းမက သူ ကိုယ်ဝန်ရှိနေပြီ လို့ပြောတော့ကျွန်တော် မြန်မာ ဗီဒီယို ကားထဲကမင်းသားတွေ ပျော်သလိုမျိုး ဟိုလျောက်ပြေးဒီလျောက်ပြေး ၊ဟိုအော်ဒီအော် ပုံစံမျိုးနဲ့မပျော်ခဲ့ပါဘူး
မိန်းမက လည်း သူကိုယ်ဝန်ရှိနေတာကိုရုပ်ရှင်ထဲကလို နား နားကပ်ပြီးမပြောပါဘူး
ကြေးအိုး ဆိုင်မှာကြေးအိုးစားရင်းပလုပ်ပလောင်းနဲ့ ပြောတာ ၊ကိုယ်ဝန်ရှိနေပြီထင်တယ်တဲ့
ကျွန်တော် လည်း ဟုတ်လားပျော်စရာကြီးပေါ့၊လို ့ပြောလိုက်တယ်ဒီလောက်ပါပဲ
အာထရာ စောင်းရိုက်ကြည့်တော့သမီးလေး လို့သိရတယ်ငါ သမီးလေးရတော့ မယ်၊ကလေးအဖေ ဖြစ်တော့မယ်ဒီထက်ကြိုးစား ရတော့မယ်ဆိုတဲ့အသိ တော့ ရှိလာတာအမှန်ပဲ။
သမီးလေးကိုSSC ရွှေဂုံတိုင် ဆေးရုံမှာမွေးတာမိန်းမမွေးခန်း ဝင်တော့ စိတ်တော့ပူသား ၊မိန်းမ နေကောင်းဖို့ နဲ့သမီးလေး ကောင်းကောင်းမွန်မွန်ဖြစ်ဖို့
ရုပ်ရှင်ထဲက ကလေးအဖေတွေလိုဆပ်ပြာသည်လင်ပျောက်သလိုတော့မဖြစ်ပါဘူး။
မွေးခန်း ထဲက နပ်(စ်) မကဘေဘီ ချောစုဝင်း ရှိလား တဲ့ဒီ နပ်(စ်)မ က ငါ မိန်းမ ကို ဘေဘီလို ့ခေါ်တာသူဘယ် လိုများသိသွားသလည်းပေါ့ ။
ဟုတ် ကျွန်တော်ပါ ကျွန်တော်ပါရော့ — မွေးခန်း အသုံးစာရိတ် ဘောက်ချာကလေးရောလူကြီးရောကျန်းမါပါတယ်
ကလေးကိုအရင်မပြသေးဘူး ၊ဘောက်ချာအရင်ပြတာဘောက်ချာကြည့် လိုက်တော့ ၅၀၀၀၀၀(၅) သိန်း ကျတယ်
ဟယ် တန်ဖိုးရှိလိုက်တဲ့ ငါ့ သမီးလေးပါလားဆိုပြီးငွေ သွားသွင်းရတယ်။
ငွေသွင်းပြီးတော့မှ ကလေးကိုပြတာ ၊ငွေ သာမသွင်းရင် ကလေး ကို ပြန်ပေးဆွဲ မယ့်သဘောရှိတယ်။
သမီးလေးမြင်တော ့ အော် ငါ ကလေးအဖေဖြစ်ပြီငါ သမီးလေး တစ်ယောက်ရပြီပေါ့ ။
ဖြစ်ချင်တော့ သမီးလေး ၂ ရက် နေတော့အသားဝါ လို့ကလေးဆေးရုံကြီးကိုတင်ရတယ်
ကလေးတွေနေ မကောင်းဖြစ်ရင်ကိုယ်သာဖြစ်လိုက်ချင်တယ် ၊
မိန်းမ က ရွှေဂုံတိုင်ဆေးရုံမှာ ၊သမီးက ကလေးဆေးရုံကြီးမှာကျွန်တော် က သမီးလေးတက်တဲ့ကလေးဆေးရုံလိုက်သွားလိုက်တယ်
ယောက္ခက သူ့ သမီးကို စိတ်ပူကျွန်တော်က ကျွန်တော့သမီးကို စိတ်ပူပေါ့။
သမီးလေး သူငယ်တန်း စ ထားတဲ့ နေ ့သမီးက မျက်နှာငယ်လေးနဲ့အတန်းဖေါ်တွေကြားထဲမှာသမီးလေးရေ ဒါ လောက သင်ခန်းစာ အစ ပဲ၊ငါ့ သမီးလေး အဆင်ပြေမှာပါဆိုပြီးသမီးကို ကျောင်းခန်းထဲပို့လိုက်တယ်၊
ကျွန်တော် နောက်ကို လုံးဝလှည့်မကြည့်ဘူး ၊သမီးလေး ကို ထားခဲ့ရတာကို မကြည့်ရဲလို့မနေနိင်လို့လှည့်ကြည့်လိုက်တော့သမီးက ကျွန်တော့ကို့ ကြည့်နေတာ ၊။
ကျွန်တော်ကြည့်နေတာလည်းသိသွားရောပါပါး ဆိုပြီး ပြေးထွက်လာတယ် ၊ကျွန်တော်ကလည်း သမီးလေးဆိုပြီးပြေးဖက် လိုက်တယ်
သမီး လေး ပါးပေါ်မှာကျွန်တော်လိမ်းပေးလိုက်တဲ့ သနပ််ခါးပါးကွက်လေး ၊မျက်ရည်ကြောင့် နှစ်ခြမ်း ကွဲသွားသလိုကျွန်တော့် ရဲ ့အသဲတွေလည်း ကွဲနေပါပြီ။
ကျွန်တော့် ကို ဖက်ပြီး ပါးပါး ပြန်လိုက်ခဲ့မယ်သမီး… ပါပါး အခန်းအပြင်ကစောင့်နေမယ်နော်၊ပါးပါး ဘယ်မှ မသွားဘူးဆိုပြီးအခန်းထဲပြန်ပို့ရတယ်။
မိုးဖွဲဖွဲ လေးကျပြီ း မိုးမင်းကြီးကကျွန်တော်တို ့သားအဖ ကိုပိုပြီး ကြေကွဲအောင်များ လုပ်နေရော့သလား၊
ကျွန်တော့် သမီးလေးကို ဖက်ပြီးကျောင်းခန်းထဲ လိုက်ပို့ တဲ့ အခန်း ကိုရုပ်ရှင်ရိုက် ရင် သမီးရော ကျွန်တော်ရောအကယ်ဒမီ ရမှာ သေချာ တယ်။
သမီးကို ပို့ပြီး ၊ကျွန်တော်ကားပေါ်ရောက်တဲ့ အထိချက်ချင်း မပြန်သေးဘူး။
ကား စတီယာတိုင် ပေါ်မှာ ခေါင်းကို မှောက်ပြီးမျက်ရည်ကျခဲ့တယ်ဆိုတာကို ဝန်ခံပါရစေ။
စဉ်းစားကြည့်လေ လာတုန်းက သမီးလေးနဲ့ ၊အခုတစ်ယောက်တည်းပြန်ရမှာ။
ကျောင်းခန်းထဲက ကမ္ဘာမကြေ သီချင်းသံကြားမှငါ့သမီးလေး သီချင်းဆိုနေပြီဆိုပြီးအိမ်ပြန်ခဲ့ရတယ်။
အခု သမီး က ၁၄ နှစ်ဟိုတလော က သူ့ ရဲ ့ ဖုန်း ring မြည်နေလို ့ကိုင်လိုက်တော့
ဟဲလိုဟိုဘက်က ကျွန်တော့အသံကြားသွားလို့ ထင်တယ်ဦးလေး ၊အဲ အန်ကယ် ရည်မွန်ရှိလား ခင်မျတဲ့။
ယောကျာင်္း တွေဆိုတာ သံလိုက် သဘောရှိတယ်အဖို နဲ ့အမ လောက်ပဲ ကပ်ချင်တဲ့သဘောငါ့ ကိုများ အန်ကယ်တဲ့ ၊တော်သေးတာပေါ့Dady မခေါ်လို့။
ယောကျာင်္းလေးတစ်ယောက်ရဲ ့ အသံကြားတော့လို့အပ်သည့်အသံထက် ၆ ဆ လောက်မြင့်လိုက်ပြီး
အေး ခဏ ကိုင်ထားဆိုပြီး ၊ရုပ်ရှင်ထဲက ဦးသိန်း မောင်လေသံနဲ့ဖုန်းနားကပ်ပြီး ရည်မွန် လို.တစ်ချက်အော်ခေါ်လိုက် တယ်
ဟို ဘက် က တစ်ယောက်လည်းလန် ့သွားအောင်လို့။
သမီးကလည်း အခြေအနေကိုရိပ်မိနေတဲ့သဘောရှိိတယ်
ရေဒီယို ဟာသရရွှင်ဆေး ထဲကမိန်းမတစ်ယောက်ရဲ့့ အသံမျိုးနဲ ့ရှင်— ပါပါး ဆိုပြီး ဖုန်းဆီအလာ
သမီးလမ်းလျောက်ရာလမ်း ကိုကျွန်တော့် စိုက်ကြည့်နေလို့သမီး သူ့ ခြေထောက်အချင်းချင်းတောင်ခလုပ်တိုက်တယ် ။
သမီးက လိုင်းမမိလို ့ အခန်းထဲသွားပြောတာဘယ်ရမလဲကျွန်တော်က တံခါးကို နားနဲ့ ကပ်ပြီးနားအထောင်သမီးက အခန်းထဲကအထွက် တံခါးပြန်အဖွင့်နှစ်ယောက်သားတိုက်မိလို့ရှက်ရမ်းရမ်းပြီး ဟောက်လိုက်ရတယ်။
ဘယ်လိုဖြစ်နေတာလည်းယောက်ယက်ကို ခတ်နေတာပဲလို့၊
အမှန် ယောက်ယက်ခတ်နေတာကကျွန်တော် ပါ။
သမီးက ဧည့်ခန်းထဲဖုန်းသွားပြောတာဘယ်ရမလဲ အောင်မျိုးအေးပဲဧည့်ခန်းထဲ တံမြက်စီး လှဲချင်ယောင်ဆောင်ပြီးနားထောင်နေတာပေါ့။
သမီးက နဂါးမင်းနဲ ့ ဖွတ်ကျား စစ်ခင်းတော့မယ့်အခြေအနေကို သိသွားတယ်ထင်တယ်။
အော်အေး အော်အေးအေး အော်အေး ဆိုပြီးဖုန်းချပြီး ပွဲကို အမြန်ဆုံး သိမ်းပစ်လိုက်တယ်။
ဘယ်သူလဲသမီး?ကျောင်း ကပါ ၊ကျောင်းမတက်လို ့စာမေးတာပါ။
ရိုးနေပြီ ဒါငါ့အကွက်တွေ။ပထမစာမေးမယ်၊ပြီးရင်ထမင်းစားပြီးပြီလားမေးမယ် ၊ပြီးရင်ဂရုစိုက်နော်ဆိုပြီး ဖုန်းချသွားမယ်
သမီးကိုတော့မပြောပါဘူး ၊စိတ်ထဲကပဲ ပြောနေတာပါ။မချောစု သမီးဖုန်း ကိုလည်း ဂရုစိုက်ဦးတိုးတိုးတိတ်တိတ်မှာထားရတယ်။
သမီးက ငယ်ပါသေးတယ် ၊ကျွန်တော့်က စိုးရိမ်လွန်နေတာပါ။
အော် သမီးသမီး အချိန်တန်ရင်တော့သမီးလေးနဲ့ခွဲရမှာပါလေ —-လို့တွေးမိရင်း…
တကယ်တော့ —သမီး လေးဟာကျွန်တော် နမ်း လို့ မဝသေးတဲ့ပါးတစ်ခြမ်းပါ။
#Credit to Maung Pinlal