FB ပေါ်မှာ အရမ်းဟော့နေတဲ့ ပုံလေးရဲ့ ယုံကြည်မှုတွေ ရဲရင့်မှုတွေပါတဲ့ မျက်ရည်ဝိုင်းရတဲ့အဖြစ်မှန်
မူရင်းဓါတ်ပုံပိုင်ရှင် ကို Thiha Tun ရိုက်တဲ့ပုံလေး အရမ်းကြိုက်လို့ သိမ်းထားတာ ၃ နှစ်လောက်ရှိခဲ့ပြီ…တွ့တွေ့ချင်း လှောင်ပြီး ဟားတိုက်ရယ်မိတယ် …. ဒီလောက် ရူးရသလားပေါ့…. ပြီးမှကြည့်နေရင်း ကြည့်နေရင်းနဲ့ မရယ်ရက်တော့ပဲ မျက်ရည်ဝိုင်းလာမိတယ်။
အဲ့ကောင်မလေးနေရာ မှာ ကိုယ့်ပုံရိပ်ကို ပြန်တွေ့လိုက်ရသလို ၊အဲ့ကောင်မလေးနေရာမှာ အမျိုးသမီးတော်တော်များများရဲ့ပုံရိပ်ကို ပြန်တွေ့လိုက်ရသလို ခံစားမိလိုက်လို့ ပါပဲ ။ ကိုယ်တို့မိန်းမတွေ ရဲ့ မိုက်ရူးရဲဆန်မှု ၊စွန့်စားမှုတွေ ကိုအဲ့ဓာတ်ပုံထဲမှာ ပြန်မြင်နေရသလိုခံစားမိတယ် ။
ကိုယ်တွေက ကိုယ့်ကို လှမ်းဆွဲတဲ့ လက်တစ်စုံကို ယုံကြည်မိတဲ့အခါ ၊ စွန့်စားရဖို့ မကြောက်တော့တဲ့ ကမ္ဘာ့သတ္တိအရှိဆုံး လူသားတွေ ဖြစ်လာခဲ့တယ်။ ဒီလက်တစ်စုံဟာ ကိုယ့်အတွက် အလုံခြုံဆုံး စောင့်ရှောက်မှုကိုပေးနိုင်လိမ့်မယ်လို့မျှော်လင့်တကြီး ရူးမိုက်ခဲ့ကြတယ်။
ဒီလက်တစ်စုံဟာ ကိုယ့်အတွက် မေတ္တာတရားအပြည့်နဲ့ ဖေးမလိမ့်မယ်လို့ အားကိုး တကြီး ယုံကြည်ခဲ့ကြတယ်။ ဒီလက်တစ်စုံသာ ရှိရင် အရာရာရင်ဆိုင်ရဲပြီဆိုတဲ့ သတ္တိတွေနဲ့ လောကကြီးကို စိန်ခေါ်ခဲ့ကြတယ်။
ကိုယ်ဆွဲမိတဲ့ လက်တစ်စုံဟာကိုယ့်ကို ဖေးမစာနာပြီး တွဲခေါ်စောင့်ရှောက်တဲ့လက်မျိုး ပိုင်ဆိုင်နိုင်ခဲ့ရင် ဘယ်လောက်ပဲပင်ပန်းပါစေ ပျော်မဆုံး၊မော်မဆုံး ၊ကြည်နူးမဆုံးနဲ့ နှစ်ကိုယ်တူ ဘဝခရီးလမ်းကို ရင်ဆိုင်လျောက်လှမ်းနိုင်စွမ်းတွေ ရှိခဲ့ကြတယ်။
ဒါပေမယ့် ကိုယ်တွေ လှမ်းဆွဲခဲ့တဲ့ လက်တစ်စုံက ကိုယ့်လက်တွေကိုမြဲမြဲမတွဲ ထားနိုင်တဲ့အခါ ၊ကိုယ် လှမ်းဆုပ်ခဲ့တဲ့ လက်တစ်စုံမှာ ကိုယ့်အတွက် စာနာဖေးမမှုတွေ၊ မေတ္တာတရားနဲ့ စောင့်ရှောက်မှုတွေ၊ တာဝန်သိတတ်မှုနဲ့ ငဲ့ညှာ သနားမှုတွေ ပျောက်ဆုံးလာတဲ့အခါ
ကိုယ်တို့ မိန်းမတွေဟာ ပုံထဲကမိန်းခလေးလို ခြေကားယား လက်ကားယားနဲ့ လောကအလယ် ကို့ယို့ကားယားဖြစ်ကြရတော့မှ အိပ်မက်ဆိုးက နိုးလာသလို ကိုယ်တွေ ယုံကြည်မိခဲ့တဲ့ လက်တစ်စုံကို ကယောင်ကတမ်း လိုက်ဖမ်းရင်း အလဲလဲအပြိုပြို ဖြစ်ကြရတဲ့ သူတွေရှိသလို ….
ဆွဲထူမယ့် လက်တစ်စုံမရှိတော့တဲ့အခါလဲ ငါသန်မာမှဖြစ်မယ်၊ ငါ ရပ်တည်မှဖြစ်မယ်၊ ငါကြံ့ကြံ့ခံ အကောင်းဆုံးရင်ဆိုင်မယ်၊ ငါ တစ်ယောက်ထဲလဲ ရဲရင့်တတ်ရမယ် ဆိုတဲ့စိတ်နဲ့ ကိုယ့်ဘာသာ မာန်တင်းရင်း ပြုတ်ကျတဲ့ ဘဝကိုကိုယ့်ဘာသာပြန် ဆယ်ရင်း ကမ်းရောက်အောင်လက်ပြစ်ကူးနေကြသူတွေလဲ ရှိလိမ့်မယ် ။
ကိုယ်တွေ အားကိုးတကြီး ဆုပ်ကိုင်မိခဲ့တဲ့ လက်တစ်စုံ လွတ်ထွက်သွားတဲ့အခါ .. ဝရုန်းသုန်းကား ပြိုလဲရင်း နစ်မွန်းနေမလား ၊ လဲကျတဲ့အခါ အားမာန်အပြည့်နဲ့ မတ်မတ်ပြန်ထပြီး ကိုယ့်ဘဝကိုယ် အကောင်းဆုံးရင်ဆိုင်ရပ်တည်မလား ဆိုတာတော့ ကိုယ့်ရွေးခြယ်မှုပါပဲလေ ( ဓာတ်ပုံလေးကြည့်မိပြီး တွေးမိတွေးရာ ရေးမိရေးရာမို့ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်)
( မူရင်းဓာတ်ပုံနဲ့ သက်ဆိုင်သူများ အားလုံးကို လဲ လေးစားစွာcredit ပေးပါတယ်နော်)….. ကျွန်တော့်တဦးထဲ အမြင်မှာတော့ ဒီပုံလေးမှာ ယုံကြည်မှုတွေပါတယ်၊ ရဲရင့်မှုတွေပါတယ် နောက်ပြီး စွန့်စားမှုတွေလည်းပါတယ်…
ဒါတွေ အကုန်လုံး ဘယ်ကလာသလဲဆိုတော့ သူလှမ်းဆွဲလိုက်တဲ့ လက်တဖက် (သို့) အချစ်ဆိုတဲ့အရာကနေ လာတယ်လို့တော့ ထင်မိတာပဲ…။
နှစ်သက်တယ်ဆိုရင် ရှယ်သွားလိုက်ပါ…
zawgyi code
FB ေပၚမွာ အရမ္းေဟာ့ေနတဲ့ ပုံေလးရဲ့ ယုံၾကည္မႈေတြ ရဲရင့္မႈေတြပါတဲ့ မ်က္ရည္ဝိုင္းရတဲ့အျဖစ္မွန္
မူရင္းဓါတ္ပုံပိုင္ရွင္ ကို Thiha Tun ရိုက္တဲ့ပုံေလး အရမ္းႀကိဳက္လို႔ သိမ္းထားတာ ၃ ႏွစ္ေလာက္ရွိခဲ့ၿပီ…တြ႕ေတြ႕ခ်င္း ေလွာင္ၿပီး ဟားတိုက္ရယ္မိတယ္ …. ဒီေလာက္ ႐ူးရသလားေပါ့…. ၿပီးမွၾကည့္ေနရင္း ၾကည့္ေနရင္းနဲ႔ မရယ္ရက္ေတာ့ပဲ မ်က္ရည္ဝိုင္းလာမိတယ္။
အဲ့ေကာင္မေလးေနရာ မွာ ကိုယ့္ပုံရိပ္ကို ျပန္ေတြ႕လိုက္ရသလို ၊အဲ့ေကာင္မေလးေနရာမွာ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားရဲ့ပုံရိပ္ကို ျပန္ေတြ႕လိုက္ရသလို ခံစားမိလိုက္လို႔ ပါပဲ ။ ကိုယ္တို႔မိန္းမေတြ ရဲ့ မိုက္႐ူးရဲဆန္မႈ ၊စြန႔္စားမႈေတြ ကိုအဲ့ဓာတ္ပုံထဲမွာ ျပန္ျမင္ေနရသလိုခံစားမိတယ္ ။
ကိုယ္ေတြက ကိုယ့္ကို လွမ္းဆြဲတဲ့ လက္တစ္စုံကို ယုံၾကည္မိတဲ့အခါ ၊ စြန႔္စားရဖို႔ မေၾကာက္ေတာ့တဲ့ ကမၻာ့သတၱိအရွိဆုံး လူသားေတြ ျဖစ္လာခဲ့တယ္။ ဒီလက္တစ္စုံဟာ ကိုယ့္အတြက္ အလုံျခဳံဆုံး ေစာင့္ေရွာက္မႈကိုေပးနိုင္လိမ့္မယ္လို႔ေမၽွာ္လင့္တႀကီး ႐ူးမိုက္ခဲ့ၾကတယ္။
ဒီလက္တစ္စုံဟာ ကိုယ့္အတြက္ ေမတၱာတရားအျပည့္နဲ႔ ေဖးမလိမ့္မယ္လို႔ အားကိုး တႀကီး ယုံၾကည္ခဲ့ၾကတယ္။ ဒီလက္တစ္စုံသာ ရွိရင္ အရာရာရင္ဆိုင္ရဲၿပီဆိုတဲ့ သတၱိေတြနဲ႔ ေလာကႀကီးကို စိန္ေခၚခဲ့ၾကတယ္။
ကိုယ္ဆြဲမိတဲ့ လက္တစ္စုံဟာကိုယ့္ကို ေဖးမစာနာၿပီး တြဲေခၚေစာင့္ေရွာက္တဲ့လက္မ်ိဳး ပိုင္ဆိုင္နိုင္ခဲ့ရင္ ဘယ္ေလာက္ပဲပင္ပန္းပါေစ ေပ်ာ္မဆုံး၊ေမာ္မဆုံး ၊ၾကည္ႏူးမဆုံးနဲ႔ ႏွစ္ကိုယ္တူ ဘဝခရီးလမ္းကို ရင္ဆိုင္ေလ်ာက္လွမ္းနိုင္စြမ္းေတြ ရွိခဲ့ၾကတယ္။
ဒါေပမယ့္ ကိုယ္ေတြ လွမ္းဆြဲခဲ့တဲ့ လက္တစ္စုံက ကိုယ့္လက္ေတြကိုျမဲျမဲမတြဲ ထားနိုင္တဲ့အခါ ၊ကိုယ္ လွမ္းဆုပ္ခဲ့တဲ့ လက္တစ္စုံမွာ ကိုယ့္အတြက္ စာနာေဖးမမႈေတြ၊ ေမတၱာတရားနဲ႔ ေစာင့္ေရွာက္မႈေတြ၊ တာဝန္သိတတ္မႈနဲ႔ ငဲ့ညႇာ သနားမႈေတြ ေပ်ာက္ဆုံးလာတဲ့အခါ
ကိုယ္တို႔ မိန္းမေတြဟာ ပုံထဲကမိန္းခေလးလို ေျခကားယား လက္ကားယားနဲ႔ ေလာကအလယ္ ကို႔ယို႔ကားယားျဖစ္ၾကရေတာ့မွ အိပ္မက္ဆိုးက နိုးလာသလို ကိုယ္ေတြ ယုံၾကည္မိခဲ့တဲ့ လက္တစ္စုံကို ကေယာင္ကတမ္း လိုက္ဖမ္းရင္း အလဲလဲအၿပိဳၿပိဳ ျဖစ္ၾကရတဲ့ သူေတြရွိသလို ….
ဆြဲထူမယ့္ လက္တစ္စုံမရွိေတာ့တဲ့အခါလဲ ငါသန္မာမွျဖစ္မယ္၊ ငါ ရပ္တည္မွျဖစ္မယ္၊ ငါႀကံ့ႀကံ့ခံ အေကာင္းဆုံးရင္ဆိုင္မယ္၊ ငါ တစ္ေယာက္ထဲလဲ ရဲရင့္တတ္ရမယ္ ဆိုတဲ့စိတ္နဲ႔ ကိုယ့္ဘာသာ မာန္တင္းရင္း ျပဳတ္က်တဲ့ ဘဝကိုကိုယ့္ဘာသာျပန္ ဆယ္ရင္း ကမ္းေရာက္ေအာင္လက္ျပစ္ကူးေနၾကသူေတြလဲ ရွိလိမ့္မယ္ ။
ကိုယ္ေတြ အားကိုးတႀကီး ဆုပ္ကိုင္မိခဲ့တဲ့ လက္တစ္စုံ လြတ္ထြက္သြားတဲ့အခါ .. ဝ႐ုန္းသုန္းကား ၿပိဳလဲရင္း နစ္မြန္းေနမလား ၊ လဲက်တဲ့အခါ အားမာန္အျပည့္နဲ႔ မတ္မတ္ျပန္ထၿပီး ကိုယ့္ဘဝကိုယ္ အေကာင္းဆုံးရင္ဆိုင္ရပ္တည္မလား ဆိုတာေတာ့ ကိုယ့္ေရြးျခယ္မႈပါပဲေလ ( ဓာတ္ပုံေလးၾကည့္မိၿပီး ေတြးမိေတြးရာ ေရးမိေရးရာမို႔ လြတ္လပ္စြာ သေဘာထားကြဲလြဲနိုင္ပါတယ္)
( မူရင္းဓာတ္ပုံနဲ႔ သက္ဆိုင္သူမ်ား အားလုံးကို လဲ ေလးစားစြာcredit ေပးပါတယ္ေနာ္)….. ကၽြန္ေတာ့္တဦးထဲ အျမင္မွာေတာ့ ဒီပုံေလးမွာ ယုံၾကည္မႈေတြပါတယ္၊ ရဲရင့္မႈေတြပါတယ္ ေနာက္ၿပီး စြန႔္စားမႈေတြလည္းပါတယ္…
ဒါေတြ အကုန္လုံး ဘယ္ကလာသလဲဆိုေတာ့ သူလွမ္းဆြဲလိုက္တဲ့ လက္တဖက္ (သို႔) အခ်စ္ဆိုတဲ့အရာကေန လာတယ္လို႔ေတာ့ ထင္မိတာပဲ…။
ႏွစ္သက္တယ္ဆိုရင္ ရွယ္သြားလိုက္ပါ…
credit