အရမ်းချစ်ပါတယ်ဆိုတဲ့ စကားတွေပြောပြီး ခဏခဏ မလှည့်စားမိပါစေနဲ့

အသည်းနုသူ တယောက်ကို

အရမ်းချစ်ပါတယ်ဆိုတဲ့ စကားတွေပြောပြီး

ခဏခဏ မလှည့်စားမိပါစေနဲ့..

ခွင့်လွှတ်တတ်သူ တယောက်ကို

တောင်းပန်ပါတယ်ဆိုတဲ့ စကားတွေပြောပြီး

ခဏခဏ မလှည့်စားမိပါစေနဲ့…

အယုံလွယ်သူ တယောက်ကို

ကတိပေးပါတယ်ဆိုတဲ့ စကားတွေပြောပြီး

ခဏခဏ မလှည့်စားမိပါစေနဲ့..

အတေးအမှတ်မရှိသူ တယောက်ကို

ခဏနော်ဆိုတဲ့ စကားတွေပြောပြီး

ခဏခဏ မလှည့်စားမိပါစေနဲ့..

သီးခံသူ တယောက်ကို

နောင်မဖြစ်စေရပါဘူးဆိုတဲ့ စကားတွေပြောပြီး

ခဏခဏ မလှည့်စားမိပါစေနဲ့…

ခံနိုင်ရည်စွမ်းအားဆိုတာ အကန့်အသတ်ရှိပါတယ်

အကန့်အသတ်ကျော်လွန်သွားလို့ တဘက်လူက ငြိုငြင်သွားတဲ့အခါ သင်,လှည့်စားသမျှတွေ နောင်တတရားအဖြစ်နဲ့ရင်မှာပိုက်ပြီးကျန်ရစ်တတ်ပါတယ်..

ကျူးပစ်-မကွေး

photo credit



















photo credit