ဝတဲ့သူ ဗိုက္ပူတဲ့ သူေတြ အတြက္ ဗိုက္က်ေစမည့္ ရွားေစာင္း လက္ပတ္ယို လုပ္နည္း…
ဝတဲ့သူေတြ ဒါမွမဟုတ္ ဗိုက္ပူတဲ့ သူေတြ အတြက္ အရမ္း အဆင္ေျပတယ္။ အိမ္ရွင္မ ေတာ္ေတာ္ မ်ားမ်ားရဲ႕ ဒုကၡက ဗိုက္ပူ တာပါပဲ။ ကဲနည္းလမ္းေလးကို ၾကည့္ရေအာင္
ရွားေစာင္း လက္ပတ္ ငါးတက္ေလာက္ ကိုေဘးက စူးသြားေတြကို ဓားနဲ႔ခြာပီး လက္တစ္ဆစ္ေလာက္ေလး ေတြကို လွီးပါ (အခြံမႏႊာေတာ့ ထုပ္ ထုပ္ထုပ္ နဲ႔ စားလို႔ေကာင္းသလို ပိုေဆးဖက္ ဝင္တာေပါ့) ထန္းလ်က္(အညိဳ) ငါးက်ပ္သားေလာက္ကို ဆီ ၅ က်ပ္သားေလာက္ ထဲကို ထည့္ပီး အရည္ေပ်ာ္ေအာင္ေမႊပါ။ထန္းလ်က္ အရည္ေပ်ာ္ သြားရင္ ရွားေစာင္း လက္ပတ္ ထည့္ပါ။
ရွားေစာင္းလတ္ပတ္က အရည္ထြက္တဲ့ အတြက္ ခနခန ေမႊေပးပါ။ ရွားေစာင္းလက္ပတ္ အရည္ခမ္း သြားပီး နည္းနည္းခပ္ ပ်စ္ပ်စ္ ျဖစ္လာရင္ ငွက္ေပ်ာသီး ဖီးၾကမ္း ႏွစ္လုံးကို ပါးပါးလွီး ထည့္ပါ။ (ငွက္ေပ်ာသီးက မ်ားလွ်င္ ခ်ဥ္တတ္လို႔ ႏွစ္လုံးဆို လုံေလာက္ပါၿပီ)
ၾကက္ဥႏွစ္လုံးကို ေမႊပီးမွ ထည့္ပါ။ ဇြန္းနဲ႔ အဆက္မျပတ္ေမႊေပးပါ ကပ္သြားႏိုင္တဲ့အတြက္ ေၾကာင့္ပါ။ ၿပီးရင္ တကယ္ကို အရသာရွိတဲ့ ရွားေစာင္းလတ္ပတ္ ယိုေလး ရပါၿပီ။ အဖုံးလုံတဲ့ ပုလင္းေလးထဲကို ထည့္သိမ္းၿပီး စားလို႔ ရပါၿပီ။ အစက ထင္ထားတာတာက ဆီေတြလည္းမ်ား တယ္ၾကက္ဥ ငွက္ေပ်ာသီးေရာ ဆိုေတာ့ ဝိတ္တက္မွာ ပဲလို႔ ထင္ထားတာ။
ဒါေပမယ့္ တကယ္ စားၾကည့္ေတာ့ ဝမ္းလည္း မွန္သလို မိန္းကေလးေတြနဲ႔ ပတ္သတ္တဲ့ ေရာဂါေတြကိုလည္း ကာကြယ္ေပးတယ္ ဆိုေတာ့ စားရက်ိဳးနပ္ပီေပါ့ေနာ္။
Credit to Original
Unicode,
ဗိုက်ခေါက်ထွက်လို ့စိတ်ပျက်နေလား၊ အဆီတက် လို့စိတ် ဓာတ်ကျနေလား ဒီနည်းလေးစမ်းကြည့်ပါ
ဝတဲ့သူ ဗိုက်ပူတဲ့ သူတွေ အတွက် ဗိုက်ကျစေမည့် ရှားစောင်း လက်ပတ်ယို လုပ်နည်း…
ဝတဲ့သူတွေ ဒါမှမဟုတ် ဗိုက်ပူတဲ့ သူတွေ အတွက် အရမ်း အဆင်ပြေတယ်။ အိမ်ရှင်မ တော်တော် များများရဲ့ ဒုက္ခက ဗိုက်ပူ တာပါပဲ။ ကဲနည်းလမ်းလေးကို ကြည့်ရအောင်
ရှားစောင်း လက်ပတ် ငါးတက်လောက် ကိုဘေးက စူးသွားတွေကို ဓားနဲ့ခွာပီး လက်တစ်ဆစ်လောက်လေး တွေကို လှီးပါ (အခွံမနွှာတော့ ထုပ် ထုပ်ထုပ် နဲ့ စားလို့ကောင်းသလို ပိုဆေးဖက် ဝင်တာပေါ့) ထန်းလျက်(အညို) ငါးကျပ်သားလောက်ကို ဆီ ၅ ကျပ်သားလောက် ထဲကို ထည့်ပီး အရည်ပျော်အောင်မွှေပါ။ထန်းလျက် အရည်ပျော် သွားရင် ရှားစောင်း လက်ပတ် ထည့်ပါ။
ရှားစောင်းလတ်ပတ်က အရည်ထွက်တဲ့ အတွက် ခနခန မွှေပေးပါ။ ရှားစောင်းလက်ပတ် အရည်ခမ်း သွားပီး နည်းနည်းခပ် ပျစ်ပျစ် ဖြစ်လာရင် ငှက်ပျောသီး ဖီးကြမ်း နှစ်လုံးကို ပါးပါးလှီး ထည့်ပါ။ (ငှက်ပျောသီးက များလျှင် ချဉ်တတ်လို့ နှစ်လုံးဆို လုံလောက်ပါပြီ)
ကြက်ဥနှစ်လုံးကို မွှေပီးမှ ထည့်ပါ။ ဇွန်းနဲ့ အဆက်မပြတ်မွှေပေးပါ ကပ်သွားနိုင်တဲ့အတွက် ကြောင့်ပါ။ ပြီးရင် တကယ်ကို အရသာရှိတဲ့ ရှားစောင်းလတ်ပတ် ယိုလေး ရပါပြီ။ အဖုံးလုံတဲ့ ပုလင်းလေးထဲကို ထည့်သိမ်းပြီး စားလို့ ရပါပြီ။ အစက ထင်ထားတာတာက ဆီတွေလည်းများ တယ်ကြက်ဥ ငှက်ပျောသီးရော ဆိုတော့ ဝိတ်တက်မှာ ပဲလို့ ထင်ထားတာ။
ဒါပေမယ့် တကယ် စားကြည့်တော့ ဝမ်းလည်း မှန်သလို မိန်းကလေးတွေနဲ့ ပတ်သတ်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးတယ် ဆိုတော့ စားရကျိုးနပ်ပီပေါ့နော်။
Credit to Original