ျမန္႔မာရိုးရာ အိမ္ေထာင္ဖက္ ေရြးနည္း
(စ-ဆုံး)#တြက္နည္းေလ့လာျကရေအာင္
အမ်ိဳးသားနံ ႏွင့္ အမ်ိဳးသမီးနံ ႏွစ္ခု ေပါင္းရမည္။
ဥပမာ.. တနဂၤေႏြ(၁) +ဗုဒၶဟူး(၄) ၁+၄=၅. ျဖစ္သည္ရလဒ္ကို ၅ျဖင့္ ေျမာက္ရမည္ ။ ၂၅ ရသည္။ထို့၂၅ အား ၇ ျဖင့္စားရမည္။ အႂကြင္း ၄ ရပါသည္။ထို့ေနာက္ အႂကြင္း ၄ ေဟာကိန္းအား ဖတ္ရမည္ျဖစ္သည္။
#ေဟာကိန္း
🔢၁ႂကြင္း ။ ႂကြင္းဧက စြဲမက္ဖြယ္ မြဲတတ္တယ္ မယိမ္း။
အလြန္ဆိုးေသာ အတြဲ ျဖစ္သည္။ ၂ ဦးေပါင္းစည္းက စီးပြား ျဖစ္ထြန္းကိန္းမရွိ၊ ေငြေၾကး စုေဆာင္း၍ မရ။ေကာင္းက်ိဳး ျဖစ္ထြန္းျခင္းမရွိပဲ တရိရိႏွင့္ ဆင္းရဲမြဲေတတတ္သည္။ တူႏွစ္ကိုယ္ တဲအိုပ်က္ဝယ္ ဟုေသာကိန္းႏွင့္ အဆုံးသတ္ရမည္။ ႀကိဳးစားရွာေဖြေလခက္ခဲ က်ပ္တည္းေသာ အေနထားမ်ိဳးျဖစ္ေလ ဟုသာ။
🔢၂ႂကြင္း ။ ရွိအထင္ ဒြိျမင္ကိန္း ႏွစ္သိန္းေလာက္ႂကြယ္ရာ။
အလြန္ေကာင္းေသာ အတြဲျဖစ္သည္။ စီးပြားတက္မည္။အိမ္ေထာင္ေရး သာယာခ်မ္းေျမ့မည္။ႂကြယ္ဝခ်မ္းသာျခင္း၊ ျပည့္စုံသာယာျခင္း၊အခြင့္လမ္း မ်ားစြာ ရရွိျခင္းမ်ား ၾကဳံမည္။ဝန္ထမ္းမ်ား ရာထူးဂုဏ္ရွိန္ ႀကီးမားမည္။ေမြးဖြားေသာ သားသမီးမ်ားသည္လည္းႂကြယ္ဝျပည့္စုံမည္။
🔢၃ႂကြင္း ။ ေရႊသီတာစုံပ်ံေမႊး၊ ဂုဏ္ဟန္႔ေသး ဆင္းရဲလိမ့္သာ။
ႏွစ္ဦးေပါင္းဖက္၍ ေကာင္းေသာေက်ာ္ၾကားျခင္းမ်ား ရွိေသာ္လည္း၊ စီးပြားတြင္ ျဖစ္ထြန္းျခင္းမရွိ။ေငြ မည္မၽွဝင္ေစ ရသေလာက္ျပန္ကုန္မည္။စီးပြားျဖစ္လိုက္ ျပန္ကုန္လိုက္ႏွင့္ ဘဝတူ အခ်င္းခ်င္းပင္မိမိက ပိုမို ခ်ိဳ့တဲ့သလိုျဖစ္ေနမည္။
အလုပ္စီးပြားတြင္ ေအာက္က် သလိုျဖစ္ၿပီးမွ ေတာ္သင့္႐ုံေျပလည္မည္။ ႏွစ္ဦးပူးတြဲေနက ေငြကုန္မ်ားမည္၊လုပ္ငန္းသေဘာအရ ခြဲခြာ လုပ္ကိုင္က ေငြစုေဆာင္းမိမည္။သားသမီးမ်ားအား ပင္ပန္းဆင္းရဲစြာ ပ်ိဳးေထာင္ရမည္။သားသမီးေကာင္းက်ိဳးကိုျဖင့္ ခံစားရမည္။
🔢၄ႂကြင္း ။ ေလးစတု ထင္ရွားစြာ။
အထူးေကာင္းေသာ မိတ္ဖက္ျဖစ္သည္။ ေက်ာ္ၾကားေအာင္ျမင္ျခင္း၊ စီးပြားျဖစ္ထြန္းျခင္း အထင္ရွားရွိမည္။ ဘဝတူတန္းတူမ်ားၾကား အသာစီးရမည္။ လူတမ္းေစ့အထက္ ျပည့္စုံစြာေနထိုင္ရမည္။ တဦးေသာ္ေကာင္း ၊ ၂ဦးလုံးေသာ္ေကာင္း နမည္ႀကီး ၊ ထင္ရွားေက်ာ္ေဇာျခင္းမ်ား ရရွိမည္။ေမြးဖြားေသာ သားသမီးမွလည္း ေက်ာ္ေဇာေစ၍အက်ိဴးေပးမည္ ျဖစ္သည္။
🔢၅ႂကြင္း ။ ႂကြက္ဇီဝါ ဆင္းရဲကင္း။
အလြန္ေကာင္းေသာ မိတ္ဖက္ျဖစ္ပါသည္။ ဆင္းရဲျခင္း ကင္းစင္၍ ႂကြယ္ဝ ျပည့္စုံၿပီး သာယာေသာ မိသားစု ဘဝေလးအား ပိုင္ဆိုင္မည္ျဖစ္သည္။ ဝန္ထမ္းျဖစ္ပါက ရာထူးဂုဏ္ရွိန္ျမင့္မားမည္။ အသက္ႀကီးေလ စီးပြားတိုးေလျဖစ္ပါသည္။ ေႁခြရံသင္းပင္းေပါမ်ားမည္။သားသမီးအက်ိဳး ခံစားရမည္။ ေရရွည္တည္တံ့ ခိုင္ျမဲမွု့မ်ိဳး ၾကဳံရေပမည္။
🔢၆ႂကြင္း။ ျပင္ပပူးမင္းက သူေဌးမွန္ ၿငိမ္းလိမ့္ႏွစ္တန္။
ႏွစ္ဦးေပါင္းဖက္က သူေဌးသူႂကြယ္ဘဝ ရရွိမည္။ ထီေပါက္ျခင္း ၊ အေမြရျခင္း ၊ ေငြအစုလိုက္ ဝင္ျခင္း၊ေငြေၾကးစုေဆာင္းမွု့မ်ား ရွိကာ ေပး၍မကုန္ လွူ၍မခန္းျဖစ္မည္။ အတြင္းမီး အျပင္မီး ၿငိမ္းေအး၍ ေလာကီေလာကုတၱရာႏွစ္ျဖာေသာ ကုသိုလ္အက်ိဳးမ်ား ခံစားရမည္။ သားသမီးမ်ား ေကာင္းက်ိဳး ခံစားရမည္။
🔢ျဝကြင္း။ သုညက်န္လၽွင္ လုံမေမာင္ႏွံ အို ဆုံးနိုင္မၽွေလး။
အလြန္ဆိုးေသာ အတြဲျဖစ္သည္၊ ပင္ပန္းႀကီးစြာႏွင့္ စီးပြား ဥစၥာ ရွာေဖြရမည္။ ႏွစ္ဦးေပါင္းဖက္သည့္ နဂိုကာလမွစ၍ တေျဖးေျဖးက်ဆင္းေစတက္သည္။ ဝင္သမၽွေငြမွာအဖက္မတင္ေစတတ္ပါ၊ အက်ိဳးျမတ္ရရွိ၍ စီးပြားျဖစ္ထြန္းလာေသာ္ျငားလည္း တခုမဟုတ္တခု စိတ္ေသာကေရာက္စရာမ်ား ၾကဳံေစတတ္သည္။
#နိဂုံး၊
မိတ္ေဆြ အေနျဖင့္ ဆိုးေသာအတြဲမ်ားထဲတြင္ ပါဝင္ေနပါက ၊ စိတ္အေနာက္ယွတ္ႀကီးစြာျဖစ္ရန္မလိုပဲ ကံ၊ဥာဏ္၊ဝီရိယ၊ သီလ၊သမာဓိ၊ပညာ ၊ ဤ၆ပါးျဖင့္ ျပည့္စုံစြာျဖင့္ မ်က္ေမွာက္ဘဝကို ျဖတ္သန္းေသာ္ ဒုကၡဆင္းရဲကင္းစင္နိုင္ပါေၾကာင္း……….🤗
မွတ္သားဖူးေသာ ပညာရပ္တခုအား တင္ျပေပးျခင္းုျဖစ္ပါသည္။
ခ်မ္းသာ ကိုယ္စိတ္ ျမဲၾကပါေစ ။
Unicode,
မြန့်မာရိုးရာ အိမ်ထောင်ဖက် ရွေးနည်း
(စ-ဆုံး)#တွက်နည်းလေ့လာကြရအောင်
အမျိုးသားနံ နှင့် အမျိုးသမီးနံ နှစ်ခု ပေါင်းရမည်။
ဥပမာ.. တနင်္ဂနွေ(၁) +ဗုဒ္ဓဟူး(၄) ၁+၄=၅. ဖြစ်သည်ရလဒ်ကို ၅ဖြင့် မြောက်ရမည် ။ ၂၅ ရသည်။ထို့၂၅ အား ၇ ဖြင့်စားရမည်။ အကြွင်း ၄ ရပါသည်။ထို့နောက် အကြွင်း ၄ ဟောကိန်းအား ဖတ်ရမည်ဖြစ်သည်။
#ဟောကိန်း
🔢၁ကြွင်း ။ ကြွင်းဧက စွဲမက်ဖွယ် မွဲတတ်တယ် မယိမ်း။
အလွန်ဆိုးသော အတွဲ ဖြစ်သည်။ ၂ ဦးပေါင်းစည်းက စီးပွား ဖြစ်ထွန်းကိန်းမရှိ၊ ငွေကြေး စုဆောင်း၍ မရ။ကောင်းကျိုး ဖြစ်ထွန်းခြင်းမရှိပဲ တရိရိနှင့် ဆင်းရဲမွဲတေတတ်သည်။ တူနှစ်ကိုယ် တဲအိုပျက်ဝယ် ဟုသောကိန်းနှင့် အဆုံးသတ်ရမည်။ ကြိုးစားရှာဖွေလေခက်ခဲ ကျပ်တည်းသော အနေထားမျိုးဖြစ်လေ ဟုသာ။
🔢၂ကြွင်း ။ ရှိအထင် ဒွိမြင်ကိန်း နှစ်သိန်းလောက်ကြွယ်ရာ။
အလွန်ကောင်းသော အတွဲဖြစ်သည်။ စီးပွားတက်မည်။အိမ်ထောင်ရေး သာယာချမ်းမြေ့မည်။ကြွယ်ဝချမ်းသာခြင်း၊ ပြည့်စုံသာယာခြင်း၊အခွင့်လမ်း များစွာ ရရှိခြင်းများ ကြုံမည်။ဝန်ထမ်းများ ရာထူးဂုဏ်ရှိန် ကြီးမားမည်။မွေးဖွားသော သားသမီးများသည်လည်းကြွယ်ဝပြည့်စုံမည်။
🔢၃ကြွင်း ။ ရွှေသီတာစုံပျံမွှေး၊ ဂုဏ်ဟန့်သေး ဆင်းရဲလိမ့်သာ။
နှစ်ဦးပေါင်းဖက်၍ ကောင်းသောကျော်ကြားခြင်းများ ရှိသော်လည်း၊ စီးပွားတွင် ဖြစ်ထွန်းခြင်းမရှိ။ငွေ မည်မျှဝင်စေ ရသလောက်ပြန်ကုန်မည်။စီးပွားဖြစ်လိုက် ပြန်ကုန်လိုက်နှင့် ဘဝတူ အချင်းချင်းပင်မိမိက ပိုမို ချို့တဲ့သလိုဖြစ်နေမည်။
အလုပ်စီးပွားတွင် အောက်ကျ သလိုဖြစ်ပြီးမှ တော်သင့်ရုံပြေလည်မည်။ နှစ်ဦးပူးတွဲနေက ငွေကုန်များမည်၊လုပ်ငန်းသဘောအရ ခွဲခွာ လုပ်ကိုင်က ငွေစုဆောင်းမိမည်။သားသမီးများအား ပင်ပန်းဆင်းရဲစွာ ပျိုးထောင်ရမည်။သားသမီးကောင်းကျိုးကိုဖြင့် ခံစားရမည်။
🔢၄ကြွင်း ။ လေးစတု ထင်ရှားစွာ။
အထူးကောင်းသော မိတ်ဖက်ဖြစ်သည်။ ကျော်ကြားအောင်မြင်ခြင်း၊ စီးပွားဖြစ်ထွန်းခြင်း အထင်ရှားရှိမည်။ ဘဝတူတန်းတူများကြား အသာစီးရမည်။ လူတမ်းစေ့အထက် ပြည့်စုံစွာနေထိုင်ရမည်။ တဦးသော်ကောင်း ၊ ၂ဦးလုံးသော်ကောင်း နမည်ကြီး ၊ ထင်ရှားကျော်ဇောခြင်းများ ရရှိမည်။မွေးဖွားသော သားသမီးမှလည်း ကျော်ဇောစေ၍အကျိူးပေးမည် ဖြစ်သည်။
🔢၅ကြွင်း ။ ကြွက်ဇီဝါ ဆင်းရဲကင်း။
အလွန်ကောင်းသော မိတ်ဖက်ဖြစ်ပါသည်။ ဆင်းရဲခြင်း ကင်းစင်၍ ကြွယ်ဝ ပြည့်စုံပြီး သာယာသော မိသားစု ဘဝလေးအား ပိုင်ဆိုင်မည်ဖြစ်သည်။ ဝန်ထမ်းဖြစ်ပါက ရာထူးဂုဏ်ရှိန်မြင့်မားမည်။ အသက်ကြီးလေ စီးပွားတိုးလေဖြစ်ပါသည်။ ခြွေရံသင်းပင်းပေါများမည်။သားသမီးအကျိုး ခံစားရမည်။ ရေရှည်တည်တံ့ ခိုင်မြဲမှု့မျိုး ကြုံရပေမည်။
🔢၆ကြွင်း။ ပြင်ပပူးမင်းက သူဌေးမှန် ငြိမ်းလိမ့်နှစ်တန်။
နှစ်ဦးပေါင်းဖက်က သူဌေးသူကြွယ်ဘဝ ရရှိမည်။ ထီပေါက်ခြင်း ၊ အမွေရခြင်း ၊ ငွေအစုလိုက် ဝင်ခြင်း၊ငွေကြေးစုဆောင်းမှု့များ ရှိကာ ပေး၍မကုန် လှူ၍မခန်းဖြစ်မည်။ အတွင်းမီး အပြင်မီး ငြိမ်းအေး၍ လောကီလောကုတ္တရာနှစ်ဖြာသော ကုသိုလ်အကျိုးများ ခံစားရမည်။ သားသမီးများ ကောင်းကျိုး ခံစားရမည်။
🔢ဝြကွင်း။ သုညကျန်လျှင် လုံမမောင်နှံ အို ဆုံးနိုင်မျှလေး။
အလွန်ဆိုးသော အတွဲဖြစ်သည်၊ ပင်ပန်းကြီးစွာနှင့် စီးပွား ဥစ္စာ ရှာဖွေရမည်။ နှစ်ဦးပေါင်းဖက်သည့် နဂိုကာလမှစ၍ တဖြေးဖြေးကျဆင်းစေတက်သည်။ ဝင်သမျှငွေမှာအဖက်မတင်စေတတ်ပါ၊ အကျိုးမြတ်ရရှိ၍ စီးပွားဖြစ်ထွန်းလာသော်ငြားလည်း တခုမဟုတ်တခု စိတ်သောကရောက်စရာများ ကြုံစေတတ်သည်။
#နိဂုံး၊
မိတ်ဆွေ အနေဖြင့် ဆိုးသောအတွဲများထဲတွင် ပါဝင်နေပါက ၊ စိတ်အနောက်ယှတ်ကြီးစွာဖြစ်ရန်မလိုပဲ ကံ၊ဉာဏ်၊ဝီရိယ၊ သီလ၊သမာဓိ၊ပညာ ၊ ဤ၆ပါးဖြင့် ပြည့်စုံစွာဖြင့် မျက်မှောက်ဘဝကို ဖြတ်သန်းသော် ဒုက္ခဆင်းရဲကင်းစင်နိုင်ပါကြောင်း……….🤗
မှတ်သားဖူးသော ပညာရပ်တခုအား တင်ပြပေးခြင်းုဖြစ်ပါသည်။
ချမ်းသာ ကိုယ်စိတ် မြဲကြပါစေ ။