!(ကြက်ဥ/အရဟံ/အကြွေးကြေအမြန်)!!အားလုံးပဲမင်္ဂလာပါ!(အကြွေးမြီများအမြန်ကြေပါစေ)!အမြို့မြို့အနယ်နယ်မှာရှိကြတဲ့၊
ကျွန်တော့ရဲ့မိတ်ဆွေတွေကိုဒီတစ်ခါမှာတော့၊အကြွေးကြေအစီအရင်လေးတစ်ခုကိုတင်ပေးချင်တယ်၊အကြွေးကြေအစီအရင်တွေများစွာရှိပါတယ်၊
ဒါပေမဲ့ဒီနည်းလေးကပြုလုပ်ရလွယ်ကူပြီး၊ထိရောက်တဲ့အစီအရင်လေးတစ်ခုဖြစ်တာကြောင့်မိတ်ဆွေတို့အနေနဲ့၊လိုက်ပြီးပြုလုပ်ဆောင်ရွက်နိုင်လိမ့်မယ်ဆိုတဲ့
ယုံကြည်ချက်နဲ့တင်ပေးရခြင်းဖြစ်ပါတယ်၊ဒီအစီအရင်ကိုသိရှိပြီးသားသူရှိသလိုမသိသေးတဲ့သူတွေလဲရှိမှာပါ၊ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ကျွန်တော်အနေနဲ့မိတ်ဆွေ
တို့အတွက်အကျိုးကျေးဇူးတစ်စုံတစ်ရာရရှိစေရန်အတွက်ရည်ရွယ်ပြီးတင်ပေးရခြင်းဖြစ်ပါတယ်!!ဒီအစီအရင်ဟာ၊သူများရဲ့အကြွေးကိုတကယ်ပြန်ပေးချင်
ပါသော်လည်းငွေကြေးအဆင်မပြေဖြစ်ပြီးပြန်မပေးနိုင်တဲ့သူတွေအတွက်၊မြန်မြန်ဆန်ဆန်ငွေကြေးအဆင်ပြေပြီး၊အကြွေးအမြန်ကြေစေမယ့်အစီအရင်လေး
တစ်ခုဖြစ်ပါတယ်၊သူများပိုက်ဆံကိုချေးပြီးပြန်မပေးချင်တဲ့သူတွေအတွက်၊အကြွေးလာမတောင်းအောင်ပြုလုပ်ရတဲ့အစီအရင်မဟုတ်ပါဘူး!လိုအပ်သော
ပစ္စည်းများ1.ကြွေပန်းကန်1ချပ်2.ဆန်3.ကြက်ဥအစိမ်း1လုံး4.ဆော့ပင်အပြာရောင်1ချောင်း5.ဖယောင်းတိုင်အသေး1တိုင်6.မီးချစ်1လုံးအစီအရင်ပြုလုပ်နည်း!
အရင်ဆုံံးကြွေပန်းကန်1ချပ်ထဲကို၊မိမိလက်နဲ့ဆန်လက်1ဆုပ်ထည့်ပါ၊ပြီးရင်ကြက်ဥအစိမ်းတစ်လုံးရဲ့အလယ်မှာဆော့ပင်အပြာရောင်နဲ့(အရဟံ)လို့ရေးပါ၊ပြီး
ရင်အဲ့ဒီကြက်ဥကို၊ဆန်ထည့်ထားတဲ့ကြွေပန်းကန်ပြားအလယ်မှာထောင်ထားပါ၊ပြီးရင်အဲ့ဒီကြက်ဥအပေါ်မှာ၊ဖယောင်းတိုင်အသေး1တိုင်မီးထွန်းပါ၊ပြီးရင်
အကြွေးကြေဖို့အတွက်လေးလေးနက်နက်ဆုတောင်းပါ!!ဒီအစီအရင်ကိုကိုယ့်ရဲ့မွေးနေ့မနက်9:45မှာပြုလုပ်ပေးပါ၊3ရက်တိတိပြုလုပ်ရပါတယ်၊နောက်ရက်ေ
တွမှာတော့ဖယောင်းတိုင်မီးပဲထွန်းပေးရမှာပါ၊ကျန်တဲ့ပစ္စည်းတွေလဲစရာမလိုပါဘူး၊မီးထွန်းတာကလည်းအဆင်ပြေတဲ့အချိန်ထွန်းလို့ရပါတယ်၊ဒီအစီအရင်ကို၊
ဘုရားစင်ပေါ်တွင်ဖြစ်စေ(သို့မဟုတ်)ဘုရားစင်ရှေ့တွင်ခုံအလွတ်တစ်လုံးနဲ့ဖြစ်စေ၊ပြုလုပ်စီရင်နိုင်ပါတယ်၊ခြေရင်းပိုင်းတွေ၊နိမ့်ကျတဲ့နေရာတွေမှာတော့မလုပ်
မိပါစေနဲ့၊အစီအရင်ပြုလုပ်နေစဉ်(3)ရက်အတွင်းမှာ/အမဲသား၊ဝက်သား၊လုံးဝစားလို့မရပါဘူး၊(3)ရက်ပြည့်လို့အစီအရင်ပြီးဆုံးသွားတဲ့အခါ၊ဆန်ကိုမြတ်စွာ
ဘုရားရှင်အားကပ်လျှုဖို့အတွက်၊ဆွမ်းထမင်းချက်ပါ၊ကြက်ဥကိုလည်းပြုတ်ပြီး၊ဆီ၊ဆား၊အချိုမှုန့်စမ်းပါ၊ပြီးရင်ထမင်းနဲ့ကြက်ဥကိုမြတ်စွာဘုရားအား၊ဆွမ်းတော်
ကပ်နေကျအတိုင်းကပ်လျှပူဇော်ပါ၊အကြွေးကြေဖို့အတွက်ထပ်မံဆုတောင်းပါ!!ဒီနေရာမှာပြောချင်တာလေးတစ်ခုရှိပါတယ်၊အဲ့တာကတော့၊ဆန်ကိုလက်1
ဆုပ်/ဆုပ်ယူတဲ့အခါ၊ကျစ်ကျစ်လစ်လစ်ကြီးဆုပ်မယူပါနဲ့၊ခပ်ဖွဖွအနေအထားနဲ့များများလေးပါလာအောင်ဆုပ်ယူပါ၊ဒါမှ၊ဆွမ်းထမင်းချက်တဲ့အခါ၊အဆင်ပြေ
မှာပါ!!စာအရေးအသားမှားခဲ့ရင်နားလည်သည်းခံခွင့်လွှတ်ပေးကြပါ!!နားမလည်တာရှိရင်Cmမှာဝင်ရောက်မေးမြန်းနိုင်ပါတယ်!!ကလေးအမည်ပေး၊တစ်နှစ်
စာကံဇာတာစစ်၊(အခြားသော၊အချစ်ရေး၊အိမ်ထောင်ရေး၊စီးပွားရေး၊ကျန်းမာရေးများကို၊သစ်ရွက်အတိတ်ကောက်ဗေဒင်ဖြင့်အသေးစိတ်ဟောကြားပေးပါ
တယ်)ယတြာ၊အစီအရင်၊ဓာတ်ရိုက်ဓာတ်ဆင်တွေလည်းပေးပါတယ်၊မေးမြန်းလိုပါကMessengerတွင်ဖြစ်စေ၊Viber-Ph-09777822438ကိုဖြစ်စေ၊စာနဲ့
ဆက်သွယ်မေးမြန်းနိုင်ပါတယ်(အခမဲ့မဟောပါ၊ဉာဏ်ပူဇော်ခဖြင့်သာဟောပါတယ်)!မိတ်ဆွေများအားလုံးစိတ်ချမ်းသာ၊ကိုယ်ကျန်းမာနဲ့၊လိုရာဆန္ဒတစ်လုံး
တစ်ဝပြည့်ဝခါ၊ကပ်ကြီးသုံးပါးကျော်လွှားနိုင်ကြပါစေဗျာ!အားလုံးပဲအဆင်ပြေကြပါစေ
Crd
zawgyi
အရင်ဆုံးကြွေပန်းကန်1ချပ်ထဲကို၊မိမိလက်နဲ့ဆန်လက်1ဆုပ်ထည့်ပါ၊ပြီးရင်ကြက်ဥအစိမ်းတစ်လုံးရဲ့အလယ်မှာဆော့ပင်အပြာရောင်နဲ့(အရဟံ)လို့ရေးပါ၊ပြီး
Crd