အေထြအေထြဗဟုသုတ

ခုေ ခတ် မြန်မာ မိန်းကလေး အ များစု ဘာကြောင့် ဘဝပျက်သွား ခဲ့ရ သလဲ ဆို တာ သိေ စ ချင် လို့ ပါ အားလုံး သိေ အာင် လည်း မျှေ ၀ေ ပးပါ












“မအားလို့ပါကွာ….”



“ဘာမှ မဖြစ်ပါဘူး ကွာ….”














Unicode

အ စဆုံးဖတ်ပြီး နှမချင်း ကိုယ်ချင်းစာတယ်ဆိုရင် မျှဝေပေးပါ

“ဟင့်အင်း မောင်” မလိုက်လျော ပါရစေနဲ့ ”မောင်” ချစ်ကလည်းကွာ….”မောင်က ချစ်ကို တကယ်ချစ်တာပါ ကွာ..”“ဟင့်အင်း မောင်” ကျမတို့ မိန်းမသား ဘဝမှာ အရေးကြီးဆုံးဖြစ်တဲ့ အပျိုစင် ဘဝလေးကိုတော့ လက်မထပ်ရသေးပဲ မပေးဆပ်ပရစေနဲ့လား “မောင်”..တသက်လုံး တန်ဖိုးထားတဲ့ အပျိုစင် ဘဝလေးကိုတော့ မလိုချ င်ပါနဲ့အုံး နော်..”မောင်”

”တောက်စ်..” မင်း ငါ့ကို ချစ်တယ်ဆိုတာ ဒါလားကွာ ချစ်သူတွေ ဖြစ်ပြီး မင်း ငါ့ အပေါ် ဒီလောက်တောင် မလိုက်လျော ပေးနိုင်ဘူးလားမင်း ငါ့ အပေါ် တကယ်ချစ်တာရော ဟုတ်ရဲ့လားTalky တွေကို ကြည့်ထားနော် ရှုပ်နေတယ်/“မောင် ရယ်” ဘယ်လိုပြောလိုက်တာလည်း မောင့်ကို မချစ်ပဲ နေပါ့မလား မောင့်ကို အရမ်းချစ်တာပေါ့စိတ်မဆိုးပါနဲ့ မောင်ရယ် မောင်စိတ်ဆိုးရင် ကျမ မနေတတ်လို့ပါ….

ကျမ ”မောင့်” ကို တကယ်ချစ်တယ် ဆိုတာကို မောင် ယုံကြည်အောင် ဘယ်လို သက်သေ ပြရမှလည်း ပြော” ငါ စိတ်ဆိုးတာ မမြင်စေချင်ရင်”ငါတောင်းဆိုတာ လေးကို လိုက်လျောပေးလေ အများကြီး တောင်းဆိုနေတာလည်း မဟုတ်ဘူး”ဒီ တစ်ခါ ထဲ့ပါပဲကွာ”“ချစ်” မောင့်အပေါ် ဘယ်လောက်တိ ချစ်လဲ ဆိုတာကို “ချစ်” အပျိုစင် ဘဝနဲ့ မောင့်အပေါ် သက်သေ ပြလေ

“ဟူး………..မောင်ရယ်”ချစ်ကလည်းကွာ သက်ပြင်းတွေ ချမနေပါနဲ့

“ဘာဖြစ်ဖြစ် မောင်တာဝန် ယူတယ်ကွာ နော်”…

မောင့် ဆန္ဒ ကို လိုက်လျော ပေးလိုက်လို့ မောင့်အလိုကို လိုက်ပေးလိုက်ရလို့

“ချစ် ဘယ်တော့မှ နောင်တ မရစေရဘူး နော်””ကတိကွာ…ကတိ ” အင်းပါ မောင်ရယ်….

ချစ် တစ်ခုခု ဖြစ်ရင် မောင်တာဝန် ယူရမယ်နော်ချစ်ကို ပစ်မသွားရဘူး နော်မယူရသေးခင်မှာ အခု လို လိုက်လျောပြီး ချစ်ရဲ့ အပျိုစင် ဘဝကို မောင့်လက်ထဲ ထိုးအပ်လိုက်တယ် ဆိုတာ ကလည်း”မောင့်ကို ချစ်လွန်းလို့ မောင့်ကို ယုံကြည်လွန်းလို့ပါ”“စိတ်ချပါကွာ..” လုပ်ပြီးရင် တာဝန်ယူရဲတဲ့ စိတ် မောင့်ဆီမှာ အပြည့်ရှိပါတယ်[အဲ့ဒီ အချိန်မှာ ယောကျာ်း ပီသချက်ကတော့]ဗန္ဓုလ နဲ့ အလောင်းဘုရားတောင် လက်မိုက် ချသွားနိုင်တယ်လိုချင်တာ ရသွားတာကို….။

“……… လ အနည်းငယ် ခန့်ကြာသော်”

မောင် ဘာလို့ ချစ်ဆီကို အရင်လို ဖုန်းမဆက်တော့ တာလ ည်း

“မအားလို့ပါကွာ….”

မောင် ဘာလို့ ချစ်က တွေရအောင်ပြောရင် ရှောင်ဖယ်နေရတာလည်း“အလုပ်တွေ များနေလို့ ပါကွာ….”

ဒါဆို ဘာလို့ အရင်ကနဲ့ မတူတော့ပဲ မောင် အေးတီ အေးစပ် ပုံစံနဲ့ ကျမကို ဆက်ဆံနေ တာလည်း

“ဘာမှ မဖြစ်ပါဘူး ကွာ….”

မောင်ပြောတော့ ကျမကို လပ်ထပ်မယ်ဆိုအခု လက်ထပ်မယ်ဆိုတဲ့ စကားကို ယောင်ပြီးတော့တောင် မောင့်ပါးစပ်က မထွက်တော့ပါလားဒီလို အခြေနေမှာ ဘယ်လိုလုပ်ပြီး လက်ထပ်ကြမှာလည်း”မင်းတို့ မိန်းမတွေက အတူတူ နေရဖို့လောက်ပဲ သိတာ”ယူပြီးရင် နွားလို ရှာကျွေးရမှာက ငါတို့ ယောကျာ်းေ တွ ကွ….

[လိုချင်တာကို တောင်းနေတုန်းက ဒီလေသံ ဒီအခွက် မဟုတ်ပါဘူး]

“တောက်စ်”…မင်း အခု ဘာဖြစ်ချင်နေတာလည်း ….

“လမ်းခွဲ ချင်နေတာလား ပြတ်ချင်နေတာလား..”

” အော်…မောင်ရယ် ခုကျတော့ ဒီစကားမျိုး ပြောထွက်ပြီပေါ့..”

“အင်းပါ”…မောင်အဆင်ပြေချိန် လက်ထပ်ပါ

[စိတ်ထဲ့ကနေ ဒီမသာ ငါကို လက်ထပ်ပါစေ လို့ပဲ ဆုတောင်းနေယုံကလွဲပြီး ကျန်တာဘာမှ မတတ်နိုင်ပါဘူး]

ကိုယ့် ခန္ဓာ ကို ပေးမှ ကိုယ့်ကို ချစ်မယ် ဆိုတဲ့ ယောကျာ်း မျိုးနဲ့ ဝေးဝေးရှောင်ပါ…ဆစ်တို့ရော့ Sex ရော့ Love ဆိုပြီးတော့လည်း ကိုယ့်အပျိုစင်ဘဝကို ကိုယ်ကိုတိုင်လည်း ဘယ်သောခါမှ ပြန်မသတ် မိပါစေနဲ့ ကိုယ်ဟာ မိန်းမသား ဖြစ်တဲ့အတွက်ကိုယ့်ရဲ့အပျိုစင်ဘဝကို လက်မထပ်ရသေးပဲ့ ကိုယ့်ရှေ့မှာ ဒူးထောက်ပြီး ခစားတဲ့ ယောကျာ်းဖြစ်နေရင်တောင်မှ မထိုးကျွေးမိပါစေနဲ့

ခန္ဓာ ကိုယ်ရမှ ချစ်မယ်ဆိုတဲ့ ယောကျာ်းမျိုးနဲ့ တွေ့တဲ့အခါချစ်သူဘဝ မရောက်ခင် ရည်းစား ဘဝမှာတင် လှည့်ပြန်ခဲ့ကြပါလိုချင်တာ မရလို့ တကယ်မချစ်လို့လား…?မင်းက ငါ့ကို မယုံကြည်လို့လား….?ဆိုတဲ့ Talky တွေနဲ့ ချုပ်တာကို ခံရတဲ့ အခါ စီးထားတဲ့ ဖိနပ်နဲ့ မျက်ခွက် ကို ဆယ်ချက်လောက် ရဲရဲကြီး ရိုက်ပြပြီး နောက်ဆန်မတင်ပဲ့ လှည့်ပြန်လာခဲ့ လိုက်စမ်းပါ…။

အဲ့လိုကောင်းမျိုးတွေက ဘယ်တော့မှ အတည် မယူဘူးအေပျာ်ပဲ ထားတတ်တာ

မြဲမြဲမှတ်ထား မသေ မချင်း မှတ်ထားကိုယ့်ကို တကယ်ချစ်တဲ့ ယောကျာ်းက သူ့ကြောင့် ဘယ်သောခါမှ ကိုယ့်တန်ဖိုးကို လျော့ကျအောင် မလုပ်ဘူးကိုယ့်ကို တကယ်ချစ်တဲ့ ယောကျာ်းက သူ့လက်ထဲ့မှာ ရှိတဲ့ မိန်းကလေး တစ်ယောက် တန်ဖိုးကို အမြဲ မြင့်တင်ပေးတယ်

ဒီစာဟာ မိန်းမဖက်က လိုက်ရေးခြင်း မဟုတ်ပါယာကျာ်း အားလုံးကို စော်ကားရခြင်းလည်း မဟုတ်ပါဘူးလက်ရှိ ဖြစ်ပျက်နေသော့ ခေတ်ကို ထင်ဟတ်စေရန် အတွက်သာ ရေးသားထားပါသည်…။

အားလုးံကို ကျေးဇူးတင်ပါသည်။