အေထြအေထြဗဟုသုတ

သက္ႀကီး႐ြယ္အိုေတြကို တရားေတြပဲ အတင္းနာခိုင္းတာထက္ ေပ်ာ္႐ႊင္ေအာင္ ထားႏိုင္မယ့္ နည္းလမ္း

စိတ္ေပ်ာ္ေနတဲ့ လူေတြဟာ အသက္ရွည္ၾကပါတယ္။လူႀကီးေတြေတာ္ေတာ္မ်ားမ်ားကိုၾကည့္ေတာ့ စိတ္မေပ်ာ္ေတာ့တဲ့ျပသနာက အဓိက ျဖစ္ေနပါတယ္။

အတူေနမိသားစုဝင္ေတြကလည္း ေစတနာနဲ႔ အေဖ တရားနာပါလား။

အေမ ဘုရားအာ႐ုံျပဳပါလား နဲ႔ တရားေခြတစ္ခ်ိန္လုံး ဖြင့္ေပးတာမ်ိဳးလုပ္တတ္ၾကပါတယ္။ေစတနာနဲ႔ ေကာင္းတာေလး လုပ္ေပးတဲ့အတြက္ မေကာင္းဘူး လို႔ေျပာခ်င္တာမဟုတ္ပါ.

ဒါေပမဲ့ သူတို႔ဘက္ကစဥ္းစားၾကည့္ေတာ့ ဘာလဲ..ငါေသဖို႔နီးေနလို႔ တရားပဲနားေထာင္ေတာ့ ဆိုတဲ့ အဓိပၸာယ္လား။

ငါတကယ္ကို ေသေတာ့မွာလား..ဆိုတဲ့ ဆိုက္ကိုဝင္လာရင္ စိတ္ဓါတ္က်ၿပီး ျမန္ျမန္ ကြယ္လြန္သြားတာမ်ိဳးေတာင္ျဖစ္ႏိုင္ပါတယ္။

ဒါေၾကာင့္ ကာယကံရွင္က မေတာင္းဆိုဘဲနဲ႔ အသားကုန္ တရားေခြဖြင့္ေပးတာမ်ိဳးကို မလုပ္ၾကေစခ်င္ပါ

လူေတြဟာ တစ္ေယာက္နဲ႔ တစ္ေယာက္မတူၾကပါ။တခ်ိဳ႕ေတြ ငယ္ငယ္ကတည္းက တရားလုပ္ရတာဝါသနာပါတယ္။

တခ်ိဳ႕ေတြ ဝါသနာမပါခဲ့ပါ တရားဝါသနာမပါတဲ့သူကို အသက္ ၈၀ ေက်ာ္မွ တရားေတြခ်ည္း စြတ္နားေထာင္ခိုင္းလို႔ သူ႔စိတ္မေအးခ်မ္းပါ။

စိတ္ကြက္မိရင္ သူ႔အတြက္ အကုသိုလ္ ေတာင္ျဖစ္ေစတာပါ။

ဒီအခ်ိန္မွာ သူတို႔ေတြဟာ သူတို႔ရဲ႕..မိသားစုအတြင္း .. အေရးပါမႈကို ဆုံးရႉံးလိုက္ရၿပီလို႔ ခံစားေနရတဲ့အတြက္ အဓိက

သူတို႔ကို စိတ္ျပန္တက္လာေအာင္လုပ္ေပးဖို႔က …အေဖ အေမ သည္..အိမ္မွာ အေရးပါေနေသးသူ ျဖစ္တဲ့အေၾကာင္းျပေပးဖို႔ပါ။

ကြၽန္မ အစ္မတစ္ေယာက္ကေတာ့ အိမ္မွာ အသက္ ၈၀ ေက်ာ္ အေမနဲ႔ေနရပါတယ္။အိမ္မွာ ခ်မ္းခ်မ္းသာသာ ျပည့္ျပည့္စုံစုံ ေနရတာပါ။

အဲလိုေနရတဲ့ အေမေတာင္ တစ္ခါတစ္ေလ က် အထီးက်န္သလိုခံစားရတာပါပဲတဲ့။

အဲေတာ့ အစ္မက အေမေရွ႕မွာ သူ႔ရဲ႕ တစ္ဦးတည္းေသာေမာင္ေလးနဲ႔ တမင္သက္သက္ကို ရန္ျဖစ္ ျပလိုက္တယ္တဲ့

ႏွစ္ေယာက္စလုံး ဇါတ္တိုက္ၿပီး မမက ဘယ္လို ေမာင္ေမာင္က ဘယ္လိုနဲ႔ စကားထမ်ားၾကေတာ့ အေမကလည္း ျပဴးျပဴးျပာျပာျဖစ္ၿပီး

ဟဲ့..နင္တို႔ေမာင္ႏွမႏွစ္ေယာက္ ေတာ္ေတာ္ မိုက္႐ိုင္းၾကတာပဲေနာ္..ငါအေမေရွ႕ေတာင္ ဒီလိုျဖစ္ေနၾကရသလားဟယ္..ဆိုေတာ့မွ..ေမာင္ႏွမႏွစ္ေယာက္ အေမနားေျပးကပ္ၿပီး

..ဒါေၾကာင့္ ေမေမ ရွိေနမွျဖစ္မွာ ေမေမ့သား ေမေမေျပာမွရမွာ ေမေမ့သမီးက ေမေမ့စကားမွ နားေထာင္တာ ေမေမေျပာဦး.. လုပ္လိုက္ေတာ့

အေမစိတ္မွာ ငယ္ငယ္တုန္းက ဒီသားနဲ႔သမီးပုလုေကြး ၂ ေယာက္ကို ထိန္းေက်ာင္း ဆုံးမခဲ့ရတဲ့ ငယ္ဘဝေလးကိုျပန္ေရာက္သြားၿပီး ႏုပ်ိဳသြားရေတာ့တာေပါ့။

စိတ္ကလဲ ဘယ္လိုျဖစ္သြားမလဲ.. ဒီသား သမီး အတြက္ေတာ့ငါဟာ မရွိမျဖစ္အေရးပါတဲ့ သူပါလား ..ျဖစ္ၿပီေပါ့ ဒါေတြဟာ တကယ္ေတာ့ အသက္အ႐ြယ္ႀကီးသူမ်ားအတြက္ အားေဆး အသက္ရွည္ေဆးေတြပဲျဖစ္ပါတယ္

ကြၽန္မအဖိုး အသက္၈၀ေက်ာ္က အခုဆိုမ်က္စိမျမင္ရေတာ့ပါသူ႔ဘဝမွာ သူအႀကိဳက္ဆုံးအလုပ္က စာဖတ္တဲ့အလုပ္.. အဖြားလည္းဆုံးတယ္။

စာအုပ္ကေလး အေဖၚျပဳၿပီး ေနခဲ့ေသးတယ္ နည္းနည္းၾကာေတာ့ မ်က္စိပါမျမင္ရေတာ့ဘူးဆိုေတာ့ သူ႔စိတ္ဓါတ္ဘယ္ေလာက္ေအာက္ကို ေရာက္သြားၿပီလဲ စဥ္းစားသာၾကည့္ေတာ့..

ဒါေတာင္ အတူေနတဲ့ သမီးက အရမ္းအျပဳအစုေကာင္းလို႔ပါအရင္က အဖိုးဆီသြားရင္ ကြၽန္မက သူ႔ေဘးထိုင္ရင္း အဖိုး တရားမွတ္ေနာ္ …ဆိုတာမ်ိဳးေတြလုပ္ေတာ့

အင္း..မွတ္ပါတယ္ဆိုၿပီး ဘာမွမေျပာေတာ့.. ကိုယ္လဲ ဆက္ေျပာစရာ မရွိေတာ့.. ခုန ေျပာျပခဲ့တဲ့ အမနဲ႔စ ကားေျပာျဖစ္ၿပီးတဲ့ ေနာက္ပိုင္း အဖိုးဆီသြားရင္

သူ႔ကို သူႀကိဳက္တဲ့ စာအုပ္ေတြအေၾကာင္း ေျပာျပတယ္။

ၿပီးေတာ့ brain stroming လုပ္ ေပးတယ္ လြတ္လပ္ေရးရေတာ့ အဖိုး အသက္ဘယ္ေလာက္ရွိၿပီလဲ အဖြားငယ္ငယ္က ဘယ္လိုပုံစံလည္း စစ္ေျပးတုန္းက

အေၾကာင္းေျပာဦး ဆိုတာမ်ိဳးေတြေမးေတာ့ အသံေတြထြက္လာတယ္ အဖိုးစကားေတြေျပာလာၿပီ လူႀကီးေတြမွာ အေရးအႀကီးဆုံးကစိတ္ပဲ။

လူႀကီးသဘာဝ ႏွလုံးအားနည္းလာတာ အထိုင္အထေတြေႏွးလာတာ အာ႐ုံေၾကာေတြ အားနည္းလာတာမ်ိဳးေတြေတာ့ ရွိမွာပဲ ႀကီးႀကီးမားမား ေရာဂါအေဆာက္အအုံေတြမရွိရင္ ကိုယ့္မိဘ ကိုယ့္ဘိုးဘြားေတြကို

အိမ္မွာ စိတ္ေပ်ာ္ေအာင္သာထား အသက္ရွည္မွာပဲ..ကိုယ့္ကို တစ္သက္လုံး ျပဳစုေကြၽးေမြးလာတဲ့သူေတြကို တစ္လွည့္ျပန္ၿပီး ျပဳစု လုပ္ေကြၽးရတာ မဟာကုသိုလ္ အခြင့္ထူးပဲ

တခ်ိဳ႕ သူေတြ မိဘက ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ဆုံးပါးေတာ့ ကိုယ္ဘယ္ေလာက္ အဆင္ေျပေျပ အဲဒီကုသိုလ္မ်ိဳး မရႏိုင္ၾကေတာ့ဘူး

တကယ္ေတာ့ သူသူကိုယ္ကိုယ္.. အသက္ႀကီးလာတာဟာ ဂုဏ္ယူစရာတစ္ခုပါ။

ကိုယ္ေရာက္ေနတဲ့အသက္ဟာ ကိုယ့္အတြက္အေကာင္းဆုံးအသက္လို႔ မွတ္ယူၿပီးေနထိုင္ပါ။

ဘာျဖစ္လို႔လဲ ဆိုရင္ တခ်ိဳ႕ေတြ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေသသြားၾကရတာမို႔ပါ….

မြန္ေဟာ္စီ ေအာက္တိုဘာ ၂၀၁၇

Unicode,

သက်ကြီးရွယ်အိုတွေကို တရားတွေပဲ အတင်းနာခိုင်းတာထက် ပျော်ရွှင်အောင် ထားနိုင်မယ့် နည်းလမ်း

စိတ်ပျော်နေတဲ့ လူတွေဟာ အသက်ရှည်ကြပါတယ်။လူကြီးတွေတော်တော်များများကိုကြည့်တော့ စိတ်မပျော်တော့တဲ့ပြသနာက အဓိက ဖြစ်နေပါတယ်။

အတူနေမိသားစုဝင်တွေကလည်း စေတနာနဲ့ အဖေ တရားနာပါလား။

အမေ ဘုရားအာရုံပြုပါလား နဲ့ တရားခွေတစ်ချိန်လုံး ဖွင့်ပေးတာမျိုးလုပ်တတ်ကြပါတယ်။စေတနာနဲ့ ကောင်းတာလေး လုပ်ပေးတဲ့အတွက် မကောင်းဘူး လို့ပြောချင်တာမဟုတ်ပါ.

ဒါပေမဲ့ သူတို့ဘက်ကစဉ်းစားကြည့်တော့ ဘာလဲ..ငါသေဖို့နီးနေလို့ တရားပဲနားထောင်တော့ ဆိုတဲ့ အဓိပ္ပာယ်လား။

ငါတကယ်ကို သေတော့မှာလား..ဆိုတဲ့ ဆိုက်ကိုဝင်လာရင် စိတ်ဓါတ်ကျပြီး မြန်မြန် ကွယ်လွန်သွားတာမျိုးတောင်ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကာယကံရှင်က မတောင်းဆိုဘဲနဲ့ အသားကုန် တရားခွေဖွင့်ပေးတာမျိုးကို မလုပ်ကြစေချင်ပါ

လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက်မတူကြပါ။တချို့တွေ ငယ်ငယ်ကတည်းက တရားလုပ်ရတာဝါသနာပါတယ်။

တချို့တွေ ဝါသနာမပါခဲ့ပါ တရားဝါသနာမပါတဲ့သူကို အသက် ၈၀ ကျော်မှ တရားတွေချည်း စွတ်နားထောင်ခိုင်းလို့ သူ့စိတ်မအေးချမ်းပါ။

စိတ်ကွက်မိရင် သူ့အတွက် အကုသိုလ် တောင်ဖြစ်စေတာပါ။

ဒီအချိန်မှာ သူတို့တွေဟာ သူတို့ရဲ့..မိသားစုအတွင်း .. အရေးပါမှုကို ဆုံးရှူံးလိုက်ရပြီလို့ ခံစားနေရတဲ့အတွက် အဓိက

သူတို့ကို စိတ်ပြန်တက်လာအောင်လုပ်ပေးဖို့က …အဖေ အမေ သည်..အိမ်မှာ အရေးပါနေသေးသူ ဖြစ်တဲ့အကြောင်းပြပေးဖို့ပါ။

ကျွန်မ အစ်မတစ်ယောက်ကတော့ အိမ်မှာ အသက် ၈၀ ကျော် အမေနဲ့နေရပါတယ်။အိမ်မှာ ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံ နေရတာပါ။

အဲလိုနေရတဲ့ အမေတောင် တစ်ခါတစ်လေ ကျ အထီးကျန်သလိုခံစားရတာပါပဲတဲ့။

အဲတော့ အစ်မက အမေရှေ့မှာ သူ့ရဲ့ တစ်ဦးတည်းသောမောင်လေးနဲ့ တမင်သက်သက်ကို ရန်ဖြစ် ပြလိုက်တယ်တဲ့

နှစ်ယောက်စလုံး ဇါတ်တိုက်ပြီး မမက ဘယ်လို မောင်မောင်က ဘယ်လိုနဲ့ စကားထများကြတော့ အမေကလည်း ပြူးပြူးပြာပြာဖြစ်ပြီး

ဟဲ့..နင်တို့မောင်နှမနှစ်ယောက် တော်တော် မိုက်ရိုင်းကြတာပဲနော်..ငါအမေရှေ့တောင် ဒီလိုဖြစ်နေကြရသလားဟယ်..ဆိုတော့မှ..မောင်နှမနှစ်ယောက် အမေနားပြေးကပ်ပြီး

..ဒါကြောင့် မေမေ ရှိနေမှဖြစ်မှာ မေမေ့သား မေမေပြောမှရမှာ မေမေ့သမီးက မေမေ့စကားမှ နားထောင်တာ မေမေပြောဦး.. လုပ်လိုက်တော့

အမေစိတ်မှာ ငယ်ငယ်တုန်းက ဒီသားနဲ့သမီးပုလုကွေး ၂ ယောက်ကို ထိန်းကျောင်း ဆုံးမခဲ့ရတဲ့ ငယ်ဘဝလေးကိုပြန်ရောက်သွားပြီး နုပျိုသွားရတော့တာပေါ့။

စိတ်ကလဲ ဘယ်လိုဖြစ်သွားမလဲ.. ဒီသား သမီး အတွက်တော့ငါဟာ မရှိမဖြစ်အရေးပါတဲ့ သူပါလား ..ဖြစ်ပြီပေါ့ ဒါတွေဟာ တကယ်တော့ အသက်အရွယ်ကြီးသူများအတွက် အားဆေး အသက်ရှည်ဆေးတွေပဲဖြစ်ပါတယ်

ကျွန်မအဖိုး အသက်၈ဝကျော်က အခုဆိုမျက်စိမမြင်ရတော့ပါသူ့ဘဝမှာ သူအကြိုက်ဆုံးအလုပ်က စာဖတ်တဲ့အလုပ်.. အဖွားလည်းဆုံးတယ်။

စာအုပ်ကလေး အဖေါ်ပြုပြီး နေခဲ့သေးတယ် နည်းနည်းကြာတော့ မျက်စိပါမမြင်ရတော့ဘူးဆိုတော့ သူ့စိတ်ဓါတ်ဘယ်လောက်အောက်ကို ရောက်သွားပြီလဲ စဉ်းစားသာကြည့်တော့..

ဒါတောင် အတူနေတဲ့ သမီးက အရမ်းအပြုအစုကောင်းလို့ပါအရင်က အဖိုးဆီသွားရင် ကျွန်မက သူ့ဘေးထိုင်ရင်း အဖိုး တရားမှတ်နော် …ဆိုတာမျိုးတွေလုပ်တော့

အင်း..မှတ်ပါတယ်ဆိုပြီး ဘာမှမပြောတော့.. ကိုယ်လဲ ဆက်ပြောစရာ မရှိတော့.. ခုန ပြောပြခဲ့တဲ့ အမနဲ့စ ကားပြောဖြစ်ပြီးတဲ့ နောက်ပိုင်း အဖိုးဆီသွားရင်

သူ့ကို သူကြိုက်တဲ့ စာအုပ်တွေအကြောင်း ပြောပြတယ်။

ပြီးတော့ brain stroming လုပ် ပေးတယ် လွတ်လပ်ရေးရတော့ အဖိုး အသက်ဘယ်လောက်ရှိပြီလဲ အဖွားငယ်ငယ်က ဘယ်လိုပုံစံလည်း စစ်ပြေးတုန်းက

အကြောင်းပြောဦး ဆိုတာမျိုးတွေမေးတော့ အသံတွေထွက်လာတယ် အဖိုးစကားတွေပြောလာပြီ လူကြီးတွေမှာ အရေးအကြီးဆုံးကစိတ်ပဲ။

လူကြီးသဘာဝ နှလုံးအားနည်းလာတာ အထိုင်အထတွေနှေးလာတာ အာရုံကြောတွေ အားနည်းလာတာမျိုးတွေတော့ ရှိမှာပဲ ကြီးကြီးမားမား ရောဂါအဆောက်အအုံတွေမရှိရင် ကိုယ့်မိဘ ကိုယ့်ဘိုးဘွားတွေကို

အိမ်မှာ စိတ်ပျော်အောင်သာထား အသက်ရှည်မှာပဲ..ကိုယ့်ကို တစ်သက်လုံး ပြုစုကျွေးမွေးလာတဲ့သူတွေကို တစ်လှည့်ပြန်ပြီး ပြုစု လုပ်ကျွေးရတာ မဟာကုသိုလ် အခွင့်ထူးပဲ

တချို့ သူတွေ မိဘက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးတော့ ကိုယ်ဘယ်လောက် အဆင်ပြေပြေ အဲဒီကုသိုလ်မျိုး မရနိုင်ကြတော့ဘူး

တကယ်တော့ သူသူကိုယ်ကိုယ်.. အသက်ကြီးလာတာဟာ ဂုဏ်ယူစရာတစ်ခုပါ။

ကိုယ်ရောက်နေတဲ့အသက်ဟာ ကိုယ့်အတွက်အကောင်းဆုံးအသက်လို့ မှတ်ယူပြီးနေထိုင်ပါ။

ဘာဖြစ်လို့လဲ ဆိုရင် တချို့တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားကြရတာမို့ပါ….

မွန်ဟော်စီ အောက်တိုဘာ ၂၀၁၇