အေထြအေထြဗဟုသုတ


(A)




(B)





(C)




(D)




credit to Shwemom

Unicode,

ဘယ်လိုပွေ့ဖက်နည်းကို သင်အကြိုက်ဆုံးလဲ ထိုရွေးချယ်မှုကတစ်ဆင့် သင့်ရဲ့ အကြောင်းအချို့ကို သိခွင့်ရမှာပါ။

(A)

 

သင်ဟာ အမှတ်စဉ် (A) က ပွေ့ဖက်နည်းမျိုးကို အနှစ်သက်ဆုံးဆိုရင် relationship တစ်ခုထဲကို လွယ်လွယ်နဲ့ တိုးမဝင်တတ်သူဖြစ်ပါတယ်။

တစ်ဘက်လူနဲ့ ခင်မင်မှုကို အရင်တည်ဆောက်ပြီးမှ ခံစားချက်တွေကို နည်းနည်းစီ ထုတ်ပြတတ်သူပါ။

တစ်ဘက်က စပြီး ထုတ်မပြောမချင်း သင့်ဘက်ကလည်း ခံစားချက်တွေကို သိမ်းဆည်းထားတတ်တဲ့ သူမျိုး ဖြစ်ပါတယ်။

(B)

အမှတ်စဉ် (B) က ပွေ့ဖက်နည်းကတော့ အရမ်းကို ရိုမန်တစ်ဆန်တဲ့ နည်းမှန်း သိပြီးဖြစ်မှာပါ။

အဲဒီ့လို ပွေ့ဖက်ခြင်းကို နှစ်သက်တဲ့ သင်ဟာ မြင်မြင်ချင်း ချစ်သွားတာတွေ၊ အချစ်မှာ ကျဆုံးတာတွေ ဖြစ်လွယ်သူတစ်ယောက်ဖြစ်ပါတယ်။

Relationship တစ်ခုမှာ သင်ဟာ နီးစပ်မှုကို မြန်မြန်လိုလားသူတစ်ဦးဖြစ်ပြီး တစ်ဘက်ရဲ့ နွေးထွေးမှုကို မက်မောတတ်သူဖြစ်ပါတယ်။

ဒါကြောင့် သင့်ကို အကြံပေးချင်တာကတော့ လူတွေကို သေချာလေ့လာပြီးမှ ဘဝထဲအဝင်ခံဖို့ ဖြစ်ပါတယ်။

(C)

အမှတ်စဉ် (C) က နည်းအတိုင်း အနောက်ကနေ သိုင်းဖက်တာကို နှစ်သက်တဲ့သူတွေဟာ သူတစ်ပါးအပေါ်မှာ ယုံကြည်မှုကြီးမားတတ်ကြပါတယ်။

တစ်ဖက်သားအပေါ် ပေးတဲ့ ယုံကြည်မှုက နက်ရှိုင်းလွန်းတတ်တဲ့အတွက် သင့်ဆီက ယုံကြည်မှုကို လွယ်လွယ်နဲ့ ရဖို့လည်း ခက်ခဲတတ်ပါတယ်။

အချစ်ရေးမှာတော့ ဒီအချက်ကြောင့် ချစ်သူရတာ နောက်ကျတတ်ပါတယ်။ လူတွေကို သဘောကျပေမယ့် သင့်စိတ်နှလုံးကို လွယ်လွယ်မပေးတတ်တဲ့အတွက် လူကောင်းအချို့ကို လက်လွှတ်ရတတ်ပါတယ်။

(D)

အမှတ်စဉ် (D) က ပွေ့ဖက်နည်းကတော့ အမျိုးအစားအားလုံးထဲမှာ အနွေးထွေး အနီးစပ်ဆုံးပါပဲ။

ဒီပွေ့ဖက်နည်းကို သင်အနှစ်သက်ဆုံးဆိုရင်တော့ သင်ဟာ အချစ်ရေးမှာ အရမ်းကို အသေးစိတ် ချစ်တတ်တဲ့သူတစ်ဦးဖြစ်ပါတယ်။

ဖြစ်ချင်တာအားလုံးကိုလည်း ခေါင်းထဲမှာ ကြိုတွေးထားတတ်ပြီး သင်နဲ့ တစ်သားတည်း ခံစားချက်တူညီတဲ့ ချစ်သူကို တွေ့သွားတာနဲ့ တွေးထားတာတွေကို တန်းစီလုပ်တတ်သူပါ။

credit to Shwemom