(၁) အရမ်း ချစ်တတ်တယ်”
(၂) သဝန်အရမ်း တိုတယ်”
(၃) အရမ်း သစ္စာရှိတယ်”
(၄) စိတ်အရမ်းမြန်တယ်”
(၅) ဝမ်းနည်းလွယ်တယ်”
Em Em
Unicode,
ကိုယ်မှန်လို့ကတော့ ခေါင်းငုံ့မခံတတ်တဲ့ B သွေးပိုင်ရှင်တို့ရဲ့ အချစ်ရေး
B သွေးလေးတွေဟာ လွတ်လပ်တယ်၊ ပေါ့ပါးတယ် နောက်ပြီး ချုပ်နှောင် ခံရတာကို မကြိုက်ဘူး၊ မဟုတ်မခံတတ်တဲ့ အကျင့်ရှိပါတယ်။
သွက်လက်ပြီး ပွင့်လင်းတဲ့ B သွေးလေးတွေဟာ အချစ်ရေးမှာ အနည်းငယ် ကံခေတတ်ကြပါသတဲ့။ B သွေးလေးတွေရဲ့ အချစ်ရေးကို ဖတ်ကြည့်လိုက်ပါဦးနော် ….။
(၁) အရမ်း ချစ်တတ်တယ်”
မဟုတ်မခံတတ်တဲ့ B သွေးလေးတွေရဲ့ လူတွေမသိတဲ့ အချစ်ရေး
B သွေးလေးတွေရဲ့ချစ်သူဖြစ်ခွင့် ရတဲ့သူတွေဟာ အရမ်းကို ကံကောင်းပါတယ်။ အကြောင်းကတော့ သူတို့လေးတွေဟာ အရမ်းချစ်တတ်တဲ့ သူတွေဖြစ်နေလို့ပါ။ ချစ်သူကို တခြားသူတွေ အားကျသွားလောက်တဲ့ အထိကို ချစ်နိုင်၊ ဂရုစိုက်နိုင်တဲ့ သူတွေပဲ ဖြစ်ပါတယ် …။
(၂) သဝန်အရမ်း တိုတယ်”
B သွေးလေးတွေဟာ သဝန် အရမ်းတိုတတ် ပါတယ်။ ဒါပေမယ့်လည်း မာနက ကြီးသေးတာမို့ ချစ်သူကို သဝန်တိုတဲ့အကြောင်း ဘယ်တော့မှ ထုတ်ပြောမှာ မဟုတ်ပါဘူး။
ဒါပေမယ့်လည်း သူတို့လောက် သဝန်တိုတတ်တာ သူတို့ပဲ ရှိတဲ့အတွက် သူတို့ရဲ့ ချစ်သူအနေနဲ့ တခြားမိန်းကလေးတွေအပေါ် မျက်လုံး အကြည့်တွေကအစ အရမ်းကို သတိထားဖို့ လိုပါတယ် …။
(၃) အရမ်း သစ္စာရှိတယ်”
B သွေးလေးတွေဟာ အရမ်း သစ္စာရှိပါတယ်။ လူတစ်ယောက်ကို ချစ်ပြီဆိုရင် ဘယ်လို အားနည်းချက်မျိုးပဲ ရှိရှိ၊ ဘယ်လောက်ပဲ ဒဏ်ရာတွေ ပေးပေး ဘယ်တော့မှ လွယ်လွယ် လက်လွှတ်မယ့်သူတွေ မဟုတ်ပါဘူး။
ဒါပေမယ့် တစ်ဖက်လူက မတွဲချင်တော့ဘူး ဆိုရင်တော့ ရင်အကွဲခံပြီး ကိုယ့်ဖက်က အရင်ဦးအောင် လမ်းခွဲလိုက်မယ့် မာနခဲတွေဖြစ်ပါတယ် …။
(၄) စိတ်အရမ်းမြန်တယ်”
မဟုတ်မခံတတ်တဲ့ B သွေးလေးတွေရဲ့ လူတွေမသိတဲ့ အချစ်ရေး
B သွေးလေးတွေက စိတ်မြန်လက်မြန် ရှိတဲ့သူတွေပါ။ စိတ်ထားကောင်းပေမယ့် ဒေါသကြီးပြီး စိတ်မြန်လွန်းတာကြောင့် ချစ်သူကို စိတ်ပင်ပန်းစေ ပါတယ်။
ဒါကြောင့် တစ်ခါတလေ စကားတစ်ခွန်းကို မပြောခင်၊ တစ်ခုခုကို မလုပ်ခင်မှာ စိတ်အရင် အေးအေးထားပြီး လုပ်ဆောင်တာ အကောင်းဆုံးဖြစ်မှာပါ …။
(၅) ဝမ်းနည်းလွယ်တယ်”
B သွေးလေးတွေဟာ အရမ်း ဝမ်းနည်းလွယ်ပါတယ်။ ဒေါသအလျောက် စိတ်မြန်လက်မြန် လုပ်လိုက်မိတဲ့ အရာတွေကို စိတ်ပြေသွားတဲ့အခါ ပြန်ပြန်တွေးပြီး ချစ်သူကို သနားနေတတ်သူတွေပါ။
ဝမ်းနည်းလွယ်၊ ငိုလွယ်တဲ့ သူလေးတွေဖြစ်လို့ အမြဲလိုလို ချော့နေရတဲ့ သူလေးတွေပဲ ဖြစ်ပါတယ်နော် …။
Em Em