အပ်ိဳႀကီး၊ လူပ်ိဳႀကီးဆိုတာ လြယ္လြယ္ေလး ျဖစ္သြားၾကတာေတာ့ မဟုတ္ပါဘူး။ သူတို႔ေတြမွာ တျခားသူေတြထက္ ထူးျခားေနတတ္တဲ့ အရာေတြ ရွိေနတတ္ပါတယ္။
ဒီအခ်က္ေတြကပဲ သူတို႔ကို လူပ်ိဳႀကီး၊ အပ်ိဳႀကီးေတြ ျဖစ္သြားေစတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ လူပ်ိဳႀကီး၊ အပ်ိဳႀကီး ျဖစ္လာမယ့္ သူေတြမွာ ဒီလို အခ်က္ေတြ ေတြ႕ရမွာ ျဖစ္ပါတယ္ေနာ္။
၁။ ဇီဇာေၾကာင္တယ္
ဒါကေတာ့ အဓိက အခ်က္ ျဖစ္ပါတယ္။ ဇီဇာေၾကာင္တတ္တဲ့ အက်င့္ကေတာ့ တနည္းနည္းနဲ႔ ရွိေနတတ္ပါတယ္။
သန႔္ရွင္းမႈ အပိုင္းမွာ ဇီဇာေၾကာင္တာ၊ လူေတြနဲ႔ ဆုံရင္ ဇီဇာေၾကာင္တာ၊ အစားအေသာက္နဲ႔ ပတ္သတ္ရင္ ဇီဇာေၾကာင္တာ စသျဖင့္ တစ္ခုခုမွာ ပုံမွန္ထက္ လြန္လြန္ကဲကဲ ဇီဇာေၾကာင္လြန္းတာက လူပ်ိဳႀကီး၊ အပ်ိဳႀကီးေတြမွာ ရွိေနတတ္တဲ့ အခ်က္လည္း ျဖစ္ေနပါတယ္။
၂။ တျခားသူနဲ႔ ယွဥ္တြဲ မေနတတ္ဘူး
လူပ်ိဳႀကီး၊ အပ်ိဳႀကီးေတြက အိမ္မွာ တျခားသူေတြနဲ႔ ယွဥ္တြဲေနတဲ့အခါ အခက္အခဲေတြ ရွိေနတတ္ပါတယ္။ တဗ်စ္ေတာက္ေတာက္ လိုက္အျပစ္ျမင္မိတာမ်ိဳး၊ တျခားသူေတြနဲ႔ ေပ်ာ္ၿပီး မေနႏိုင္တာမ်ိဳး၊ ဆူညံသံေတြကို လုံးဝ သည္းမခံႏိုင္တာ စတဲ့ အက်င့္ေတြကလည္း တစ္ကိုယ္တည္းေနရသူေတြမွာ ရွိေနတတ္ပါတယ္။
၃။ ကိုယ္ပိုင္ စည္းမ်ဥ္းေတြ ရွိေနတယ္
တစ္ခ်ိဳ႕သူေတြက ဘဝကို ကိုယ္ပိုင္စည္းမ်ဥ္းနဲ႔ ရပ္တည္ၾကတာ ျဖစ္ပါတယ္။ မနက္ခင္းမွာ ဘာလုပ္မယ္၊ ညဘက္မွာ ဘာလုပ္မယ္၊ ထမင္းစားရင္ ေရေႏြးေသာက္မယ္ စတဲ့ စည္းမ်ဥ္းေတြကို ေသခ်ာလိုက္နာၿပီး တျခားသူေတြကိုပါ လိုက္နာဖို႔ ဖိအားေပး တိုက္တြန္းတတ္ၾကပါတယ္။ဒါေၾကာင့္လည္း လူပ်ိဳႀကီး၊ အပ်ိဳႀကီး ျဖစ္သြားတတ္တာ ျဖစ္ပါတယ္။
၄။ ခ်စ္သူ မထားတတ္ၾကဘူး
လူပ်ိဳႀကီး၊ အပ်ိဳႀကီးေတြကို ခ်စ္မယ့္သူ မရွိဘူးလို႔ ထင္ေလ့ ရွိၾကေပမယ့္ တစ္ခ်ိဳ႕သူေတြကေတာ့ မခ်စ္လို႔ မဟုတ္ဘဲ ဆက္ဆံေရးတစ္ခုကို ေကာင္းေကာင္း မတည္ေဆာက္တတ္လို႔ ျဖစ္ပါတယ္။
ခ်စ္သူထားတိုင္း ကိုယ့္အလိုအတိုင္းပဲ ျပဳမူတတ္တာ၊ ကိုယ့္ဆႏၵကို ခ်ိဳးႏွိမ္ၿပီး တဖက္လူဆႏၵအတိုင္း လိုက္လုပ္ေပးေနတာ စတဲ့ ပုံစံေတြနဲ႔ အခ်စ္ေရးက ၾကာရွည္ မရွိတာကလည္း လူပ်ိဳႀကီး၊ အပ်ိဳႀကီး ဘဝကို ျဖတ္သန္းရေစတာ ျဖစ္ပါတယ္။
၅။ တစ္ေယာက္တည္းလည္း ေနတတ္တယ္
လူပ်ိဳႀကီး၊ အပ်ိဳႀကီးေတြရဲ႕ ထူးျခားခ်က္တစ္ခုက တစ္ေယာက္တည္း ေနတတ္တာပါပဲ။ တစ္ေယာက္တည္း သြားလာ၊ လႈပ္ရွားရတာကို လုံးဝ စိတ္မလႈပ္ရွားဘဲ ျပဳမူတတ္ၾကသူေတြ ျဖစ္ပါတယ္။ ဒီအခ်က္ေၾကာင့္လည္း လူပ်ိဳႀကီး၊ အပ်ိဳႀကီးေတြအျဖစ္ ရွိေနၾကတာလည္း ျဖစ္ပါတယ္။
Kham
Credit
Unicode,
“လူပျိုကြီး၊ အပျိုကြီး ကျိန်းသေ ဖြစ်လာမယ့်သူတွေမှာသာ မြင်တွေ့ရမယ့် စရိုက်လက္ခဏာများ”
အပျိုကြီး၊ လူပျိုကြီးဆိုတာ လွယ်လွယ်လေး ဖြစ်သွားကြတာတော့ မဟုတ်ပါဘူး။ သူတို့တွေမှာ တခြားသူတွေထက် ထူးခြားနေတတ်တဲ့ အရာတွေ ရှိနေတတ်ပါတယ်။
ဒီအချက်တွေကပဲ သူတို့ကို လူပျိုကြီး၊ အပျိုကြီးတွေ ဖြစ်သွားစေတာ ဖြစ်ပါတယ်။ ဒါကြောင့် လူပျိုကြီး၊ အပျိုကြီး ဖြစ်လာမယ့် သူတွေမှာ ဒီလို အချက်တွေ တွေ့ရမှာ ဖြစ်ပါတယ်နော်။
၁။ ဇီဇာကြောင်တယ်
ဒါကတော့ အဓိက အချက် ဖြစ်ပါတယ်။ ဇီဇာကြောင်တတ်တဲ့ အကျင့်ကတော့ တနည်းနည်းနဲ့ ရှိနေတတ်ပါတယ်။
သန့်ရှင်းမှု အပိုင်းမှာ ဇီဇာကြောင်တာ၊ လူတွေနဲ့ ဆုံရင် ဇီဇာကြောင်တာ၊ အစားအသောက်နဲ့ ပတ်သတ်ရင် ဇီဇာကြောင်တာ စသဖြင့် တစ်ခုခုမှာ ပုံမှန်ထက် လွန်လွန်ကဲကဲ ဇီဇာကြောင်လွန်းတာက လူပျိုကြီး၊ အပျိုကြီးတွေမှာ ရှိနေတတ်တဲ့ အချက်လည်း ဖြစ်နေပါတယ်။
၂။ တခြားသူနဲ့ ယှဉ်တွဲ မနေတတ်ဘူး
လူပျိုကြီး၊ အပျိုကြီးတွေက အိမ်မှာ တခြားသူတွေနဲ့ ယှဉ်တွဲနေတဲ့အခါ အခက်အခဲတွေ ရှိနေတတ်ပါတယ်။ တဗျစ်တောက်တောက် လိုက်အပြစ်မြင်မိတာမျိုး၊ တခြားသူတွေနဲ့ ပျော်ပြီး မနေနိုင်တာမျိုး၊ ဆူညံသံတွေကို လုံးဝ သည်းမခံနိုင်တာ စတဲ့ အကျင့်တွေကလည်း တစ်ကိုယ်တည်းနေရသူတွေမှာ ရှိနေတတ်ပါတယ်။
၃။ ကိုယ်ပိုင် စည်းမျဉ်းတွေ ရှိနေတယ်
တစ်ချို့သူတွေက ဘဝကို ကိုယ်ပိုင်စည်းမျဉ်းနဲ့ ရပ်တည်ကြတာ ဖြစ်ပါတယ်။ မနက်ခင်းမှာ ဘာလုပ်မယ်၊ ညဘက်မှာ ဘာလုပ်မယ်၊ ထမင်းစားရင် ရေနွေးသောက်မယ် စတဲ့ စည်းမျဉ်းတွေကို သေချာလိုက်နာပြီး တခြားသူတွေကိုပါ လိုက်နာဖို့ ဖိအားပေး တိုက်တွန်းတတ်ကြပါတယ်။ဒါကြောင့်လည်း လူပျိုကြီး၊ အပျိုကြီး ဖြစ်သွားတတ်တာ ဖြစ်ပါတယ်။
၄။ ချစ်သူ မထားတတ်ကြဘူး
လူပျိုကြီး၊ အပျိုကြီးတွေကို ချစ်မယ့်သူ မရှိဘူးလို့ ထင်လေ့ ရှိကြပေမယ့် တစ်ချို့သူတွေကတော့ မချစ်လို့ မဟုတ်ဘဲ ဆက်ဆံရေးတစ်ခုကို ကောင်းကောင်း မတည်ဆောက်တတ်လို့ ဖြစ်ပါတယ်။
ချစ်သူထားတိုင်း ကိုယ့်အလိုအတိုင်းပဲ ပြုမူတတ်တာ၊ ကိုယ့်ဆန္ဒကို ချိုးနှိမ်ပြီး တဖက်လူဆန္ဒအတိုင်း လိုက်လုပ်ပေးနေတာ စတဲ့ ပုံစံတွေနဲ့ အချစ်ရေးက ကြာရှည် မရှိတာကလည်း လူပျိုကြီး၊ အပျိုကြီး ဘဝကို ဖြတ်သန်းရစေတာ ဖြစ်ပါတယ်။
၅။ တစ်ယောက်တည်းလည်း နေတတ်တယ်
လူပျိုကြီး၊ အပျိုကြီးတွေရဲ့ ထူးခြားချက်တစ်ခုက တစ်ယောက်တည်း နေတတ်တာပါပဲ။ တစ်ယောက်တည်း သွားလာ၊ လှုပ်ရှားရတာကို လုံးဝ စိတ်မလှုပ်ရှားဘဲ ပြုမူတတ်ကြသူတွေ ဖြစ်ပါတယ်။ ဒီအချက်ကြောင့်လည်း လူပျိုကြီး၊ အပျိုကြီးတွေအဖြစ် ရှိနေကြတာလည်း ဖြစ်ပါတယ်။
Kham
Credit