ညေတြေရာက္လာတဲ့အခါ ပထမဆံုးေမွ်ာ္ျဖစ္တာက သူဖုန္းမ်ားေခၚလာမလားဆိုတဲ့အေတြးနဲ႕ ညေတြမအိပ္ပဲ ေမွ်ာ္ျဖစ္တယ္ေလ .. သူ Good Night ေျပာျပီးအိပ္တဲ့ ညေတြမွာမွ အိပ္မက္လွလွမက္တယ္ဆိုတဲ့့ ကုိယ့္အစြဲကလဲ ေဖ်ာက္ရခက္ေနေတာ့ ညေတြတုိင္း ေမွ်ာ္ျဖစ္တယ္ …
သူဖုန္းေခၚလာရင္ အသံမၾကားမွာစိုးလုိ ့အျမဲSilent လုပ္ထားတဲ့ဖုန္းေလးေတာင္ အသံခ်ဲ႕ထားေသးတယ္ ဘယ္ေလာက္ေတာင္ရူးလုိက္သလဲ သူေခၚမလာရင္ ကုိယ္ေခၚလုိက္္ေပါ့ တဲ့ ကြ်န္မ မာနေတြထားျပီး မေခၚျဖစ္တာ မဟုတ္ခဲ့ပါဘူး
ကိုယ္ကေမွ်ာ္ေနေပမယ့္ သူက ေမွ်ာ္မေနတဲ့အခါ ကုိယ္ေခၚတဲ့ဖုန္းဟာသူ့အတြက္ အေနွာင့္အယွက္ေတြျဖစ္ရင္း ျပႆနာေတြတက္မွာစိုးလုိ့သာ ကိုယ္ရဲ႕ အလြတ္ရေနတဲ့နံပါတ္ေလးကို မနွိပ္ျဖစ္ေအာင္ ထိန္းထားရံုပါ … ဒီည ျပႆနာေတြတက္ျပီး တကယ္ေ၀းသြားေတာ့မွာလားဆိုျပီး မေတြးခ်င္ေတာ့ရံုပါ …
သူသတိရင္ ဖုန္းဆက္လာမွာဆိုတဲ့အေတြးနဲ႕ ေမွ်ာ္ျဖစ္ပါေသးတယ္ တစ္ရက္လံုး အလုပ္ေတြမအားခဲ့ဘူးဆိုရင္ေတာင္ ဒီအခ်ိန္ေတာ့ သူအားေလာက္ပါျပီဆုိတဲ့အေတြးနဲ႕ ကြ်န္မ ေမွ်ာ္ျဖစ္ပါေသးတယ္ … ဒီတစ္ညေတာ့ သူ့အသံေလးၾကားျပီးအိပ္ခ်င္တဲ့ ကုိယ့္အိပ္မက္ေလးေတြဟာ ညေတြဆက္ေနေပမယ့္ မျပည့္ေသးတာပဲ ခက္တယ္
တစ္ေယာက္နဲ႕တစ္ေယာက္ Good Night မေျပာပဲ အိပ္ေပ်ာ္ၾကျပီဆိုရင္ တစ္ေယာက္နဲ႕တစ္ေယာက္တကယ္ေ၀းသြားၾကျပီတဲ့ အဲ့ဒီအေတြးေတြေၾကာင့္ပဲ ကြ်န္မတို့ မေ၀းေသးဘူးဆုိတဲ့ အားေလးေမြးဖို့ သူဆက္လာမယ့္ဖုန္းကို ေမွ်ာ္ေနျဖစ္တာပါ ….
ဒီတစ္ညေတာ့ အရင္ေန့က ညေတြကို ဖုန္းေလးကိုင္ျပီး မေပ်ာ္ပဲ အိပ္ရတဲ့ညေလးတစ္ည မျဖစ္ေစခ်င္ေတာ့ဘူး ကြ်န္မ အိပ္ေရးပ်က္တာေတြမ်ားျပီေလ ျပီးေတာ့ ငိုရတာလဲ မ်ားျပီ ….
မိန္းမသားတို့အတြက္
သွွ်င္ယြန္း
Unicode,
သူသတိရင် ဖုန်းဆက်လာမှာဆိုတဲ့အတွေးနဲ့ မျှော်ဖြစ်ပါသေးတယ်
ညတွေရောက်လာတဲ့အခါ ပထမဆုံးမျှော်ဖြစ်တာက သူဖုန်းများခေါ်လာမလားဆိုတဲ့အတွေးနဲ့ ညတွေမအိပ်ပဲ မျှော်ဖြစ်တယ်လေ .. သူ Good Night ပြောပြီးအိပ်တဲ့ ညတွေမှာမှ အိပ်မက်လှလှမက်တယ်ဆိုတဲ့ ကိုယ့်အစွဲကလဲ ဖျောက်ရခက်နေတော့ ညတွေတိုင်း မျှော်ဖြစ်တယ် …
သူဖုန်းခေါ်လာရင် အသံမကြားမှာစိုးလို့အမြဲSilent လုပ်ထားတဲ့ဖုန်းလေးတောင် အသံချဲ့ထားသေးတယ် ဘယ်လောက်တောင်ရူးလိုက်သလဲ သူခေါ်မလာရင် ကိုယ်ခေါ်လိုက်ပေါ့ တဲ့ ကျွန်မ မာနတွေထားပြီး မခေါ်ဖြစ်တာ မဟုတ်ခဲ့ပါဘူး
ကိုယ်ကမျှော်နေပေမယ့် သူက မျှော်မနေတဲ့အခါ ကိုယ်ခေါ်တဲ့ဖုန်းဟာသူ့အတွက် အနှောင့်အယှက်တွေဖြစ်ရင်း ပြဿနာတွေတက်မှာစိုးလို့သာ ကိုယ်ရဲ့ အလွတ်ရနေတဲ့နံပါတ်လေးကို မနှိပ်ဖြစ်အောင် ထိန်းထားရုံပါ … ဒီည ပြဿနာတွေတက်ပြီး တကယ်ဝေးသွားတော့မှာလားဆိုပြီး မတွေးချင်တော့ရုံပါ …
သူသတိရင် ဖုန်းဆက်လာမှာဆိုတဲ့အတွေးနဲ့ မျှော်ဖြစ်ပါသေးတယ် တစ်ရက်လုံး အလုပ်တွေမအားခဲ့ဘူးဆိုရင်တောင် ဒီအချိန်တော့ သူအားလောက်ပါပြီဆိုတဲ့အတွေးနဲ့ ကျွန်မ မျှော်ဖြစ်ပါသေးတယ် … ဒီတစ်ညတော့ သူ့အသံလေးကြားပြီးအိပ်ချင်တဲ့ ကိုယ့်အိပ်မက်လေးတွေဟာ ညတွေဆက်နေပေမယ့် မပြည့်သေးတာပဲ ခက်တယ်
တစ်ယောက်နဲ့တစ်ယောက် Good Night မပြောပဲ အိပ်ပျော်ကြပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက်တကယ်ဝေးသွားကြပြီတဲ့ အဲ့ဒီအတွေးတွေကြောင့်ပဲ ကျွန်မတို့မဝေးသေးဘူးဆိုတဲ့ အားလေးမွေးဖို့ သူဆက်လာမယ့်ဖုန်းကို မျှော်နေဖြစ်တာပါ ….
ဒီတစ်ညတော့ အရင်နေ့က ညတွေကို ဖုန်းလေးကိုင်ပြီး မပျော်ပဲ အိပ်ရတဲ့ညလေးတစ်ည မဖြစ်စေချင်တော့ဘူး ကျွန်မ အိပ်ရေးပျက်တာတွေများပြီလေ ပြီးတော့ ငိုရတာလဲ များပြီ ….
မိန်းမသားတို့အတွက်
သျှင်ယွန်း