အထွေအထွေဗဟုသုတ

သင်ရွေးချယ်မယ့်ကတ်က သင့်အနာဂတ်ကို အရိပ်အမြွက်ဖော်ပြပေးနိုင်ပါတယ်…

1.

သင်က ပထမဆုံး ကတ်ကို ရွေးချယ်ခဲ့တယ်ဆိုရင် သိပ်မကြာခင် ဘ၀ထဲမှာ အလားလာကောင်းတဲ့ သက်ရောက်မှုတွေကို တွေ့ကြုံရဖို့ ရှိနေတယ်။ ဒီအပြင် ပတ်ဝန်ကျင်းကနေ ယုံကြည်မှုခွန်အားတွေ ပြည့်ဝလာဖို့ရှိတယ်။ အရာအားလုံးကို သင့်ရဲ့ ပလန်အအတိုင်းပဲ လုပ်ဆောင်ရဖို့ရှိနေပါတယ်။ တခြား တစ်ဖက်မှာတော့ အချိန်အကြာကြီး စီစဉ်လာခဲ့တဲ့ အရာကို နောက်ဆုံးမှာ အကောင်အထည်ဖော်နိုင်တော့မှာဖြစ်ပြီး သင့်ရဲ့ စိတ်ဆန္ဒတွေလည်း အမှန်တကယ်ဖြစ်လာပါတော့မယ်။ သင့်အတွက် လုပ်ဖို့လိုအပ်တာကတော့ ခေါင်းမော့လျက် ဘာမဟုတ်တာလေးတွေ ဘ၀မှ အာရုံပျက်မခံဖို့ပဲဖြစ်ပါတယ်။

2.

နံပါတ် ၂ ကတ်ကိုရွေးချယ်ခဲ့ရင်တော့ ရှေ့မှာ သင့်အနေနဲ့ နည်းနည်းလေး ရုန်းကန်ရဖို့ရှိနေတယ်၊ ဘ၀မှာ သင့်အတွက် အထောက်အကူရဖို့ တစ်စုံတစ်ယောက်အပေါ် မှီတည်နေခြင်းမရှိဖို့နဲ့ ကိုယ့်ရဲ့ လမ်းစဉ်အတိုင်းပဲ အရာအားလုံးကို လုပ်ဆောင်ပါ။ ဒီလိုနေရင်းနဲ့မှ သင့်ကို နောက်ကွယ်ကနေ တိုက်ခိုက်နိုင်တဲ့သူတွေရှိနေတာကိုလည်း နာလည်သဘောပေါက်လာမယ်။ သင့်အတွက် အလိုအပ်ဆုံးက လူတွေကို ယုံကြည်နေတာတွေကို ရပ်တန့်လိုက်သင့်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်ကိုးစားဖို့ပါပဲ။ ဖိအားတွေ အောက်မှာတောင် သင်ဘယ်လောက် ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်လဲဆိုတာကို အံအားသင့်ဖွယ်ကြုံတွေ့ရပါလိမ့်မယ်။

3.

နံပါတ် ၃ ကတ်ကို ရွေးချယ်ခဲ့ရင် သင်ဟာ ဘ၀မှာ ကြီးကြီးမားမား တစ်စုံတစ်ရာကို ရရှိဖို့အတွက် ရုန်းကန်ရဖို့ရှိနေတယ်။ လာမယ့်နေ့ရက်တွေမှာ အရာရာဟာ အသားတကျဖြစ်နေတာကို စတင်ကြုံတွေ့ရမယ်၊ သင့်ရဲ့ အိပ်မက်တွေဟာလည်း လမ်းပေါက်လာမယ်။ သင့်အနေနဲ့ အဆိပ်သင့်နေတဲ့ ပတ်သက်ဆက်နွှယ်မှုကနေ ရုန်းထွက်နေရပြီး ဒီအချိန်ကလည်း တကယ်ကို ကွက်တိကျနေတယ်။ သင့်ရဲ့ ကြိုးစားအားထုတ်မှုတွေကလည်း မကြာခင်မှာ အသိအမှတ်ပြုခံရဖို့ရှိတယ်။

4.
နံပါတ် ၄ ကတ်ကိုရွေးချယ်ခဲ့ရင်တော့ သင့်ရဲ့ အိပ်မက်တွေ အကုန်လုံးမကြာခင်မှာ လက်တွေ့ဖြစ်လာတော့မှာကို တွေ့မြင်လာရမယ်။ ဒါပေမယ့် ကိုယ့်ကို ယုံကြည်မှုတွေ လွန်ကဲနေတာကို ရှောင်ဖို့လိုအပ်၊ ဒီလိုမှ မဟုတ်ရင် သင့်အနေနဲ့ ပုံဖော်တဲ့အခါ ခက်ခဲနေလိမ့်မယ်။ ကိုယ့်ကိုကိုယ်လည်း ဒုက္ခတွင်းထဲတွန်းပို့သလို ဖြစ်လိမ့်မယ်။ သင့်ရဲ့ အောင်မြင်မှုတွေထဲမှာ အဓိကနေရာက ပါဝင်ခဲ့သူတွေကိုလည်း ချီးမြှောက်ဖို့၊ အသိအမှတ်ပြုဖို့ လိုအပ်တယ်။ သင့်အတွက်လိုအပ်တာကတော့ သင့် လုပ်သမျှတိုင်းမှာ အကောင်းဆုံးလုပ်ဖို့ပဲဖြစ်ပါတယ်။