အေထြအေထြဗဟုသုတ

ဘုရားပန္းအိုးထိုးထဲ့အခါ လွလွေလး စီ​ၿပီး ၾကာရွည္ခံေအာင္ ပန္းအိုးထိုးနည္း…/

ငယ်ငယ်က မေမေက ဘုရားပန်းအိုးထိုးခိုင်းရင် ပန်းတွေကို ကိုယ်က လှလှလေး စီ​ပြီး ထိုးထားလိုက်၊ သူတို့က လည်သွားလိုက်နဲ့ စိတ်ထဲ ကသိကအောင့် ဖြစ်ခဲ့ဖူးတယ်။

ကိုယ်ထိုးထားတဲ့ ပန်းအိုးလေး လှနေရင် ပန်းလေးတွေကို ကြည့်ပြီး ကြည်နူးမိ ပီတိဖြစ်မိကြတယ် မဟုတ်လား။

အခုနောက်ပိုင်း ပန်းအိုးထိုးတိုင်း လွယ်ကူ မြန်ဆန်ပြီး လှတယ်လို့ ထင်မိလို့ ကျွန်မ ထိုးနေကျ ပုံစံလေး ဝေမျှ ပေးလိုက်ပါတယ်။(ပညာရှင်တော့ မဟုတ်ပါဘူးရှင်)။

သကြားအပြင် ရှာလကာရည်၊ soda၊ a s p i r i n ဆေးပြား၊ ချွတ်ဆေးမှုန့်၊ အကြွေစေ့၊ hair spray၊ v o d k a တို့ကိုလည်း ထည့်နိုင်ပါတယ်။

ပန်းအိုးမထိုးခင် ၄ နာရီခန့် ရေခဲသတ္တာထဲ ပန်းတွေကို ထည့်ထားပါက ပိုခံပါတယ်။ အိမ်က ရေခဲသေတ္တာက မဆန့်လို့ပါ။ ကြေးပန်းအိုး၊ ငွေပန်းအိုး၊စတီးပန်းအိုး စသည်ဖြင့် သတ္တုဖြင့်လုပ်ထားသော အိုးတွေက ဖန်ပန်းအိုး၊ မြေပန်းအိုးများထက် ပန်းတွေကို ပိုပြီး တာရှည်ခံစေပါတယ်။

ဒီအချက်တွေက ပန်းကြာကြာခံအောင်လို့ အခြေခံ လိုက်နာရမယ့် အချက်တွေပါ။

ပန်းတွေကို ဝယ်လာတဲ့အခါ ဇောက်ထိုး ကိုင်ပေးပါ။

နေရောင်ကို များများရလေ ပန်းက ညှိုးလွယ်လေမို့ပါ။

ပန်းတွေကို ဆေးကြောသန့်စင်တဲ့အခါ ​​ဇောက်ထိုးကိုင်ပြီး ရေလောင်းပါ။ အပွင့်များပေါ်မှ ရေများ ကုန်အောင် ခါချပေးပါ။ ပွင့်ဖတ်တွေပေါ်မှာ ရေတွေ တင်နေရင် ရေရဲ့အလေးချိန်ကြောင့် ပန်းကြာကြာမခံပါဘူးရှင်။

ပန်းထိုးထဲက ရေနဲ့ထိမယ့် နေရာက အရွက်တွေကို ကုန်အောင် ခြွေပေးပါ။

ရိုးတံကို ဖြတ်တဲ့အခါ အဆစ်နားကပ်မဖြတ်ပါနဲ့။

အဆစ်အောက် တစ်လက်မခန့်ကနေ ၄၅ ဒီဂရီ စောင်းပြီး ဖြတ်ပါရှင်။ ဒါမှ ရေစုပ်ယူအားကောင်းပြီး ပန်းကြာကြာခံမှာပါ။

ပန်းအိုးရေကို ခဏခဏ ပြန်လဲပေးပါ။ ၁ ပတ် ၁ခါ ပန်းကို ၁ ဆစ် တိုအောင် ဖြတ်ပါ။

ပုံလေးတွေ အဆုံးထိ ကြည့်ပြီး ကိုယ်နဲ့ ပန်းအိုးထိုးတဲ့နည်း တူမတူ ပြောခဲ့ပေးနော်။

Sandi Maung

Zawgyi

ငယ္ငယ္က ေမေမက ဘုရားပန္းအိုးထိုးခိုင္းရင္ ပန္းေတြကို ကိုယ္က လွလွေလး စီ​ၿပီး ထိုးထားလိုက္၊ သူတို႔က လည္သြားလိုက္နဲ႔ စိတ္ထဲ ကသိကေအာင့္ ျဖစ္ခဲ့ဖူးတယ္။

ကိုယ္ထိုးထားတဲ့ ပန္းအိုးေလး လွေနရင္ ပန္းေလးေတြကို ၾကည့္ၿပီး ၾကည္ႏူးမိ ပီတိျဖစ္မိၾကတယ္ မဟုတ္လား။

အခုေနာက္ပိုင္း ပန္းအိုးထိုးတိုင္း လြယ္ကူ ျမန္ဆန္ၿပီး လွတယ္လို႔ ထင္မိလို႔ ကြၽန္မ ထိုးေနက် ပုံစံေလး ေဝမွ် ေပးလိုက္ပါတယ္။(ပညာရွင္ေတာ့ မဟုတ္ပါဘူးရွင္)။

သၾကားအျပင္ ရွာလကာရည္၊ soda၊ a s p i r i n ေဆးျပား၊ ခြၽတ္ေဆးမႈန္႔၊ အေႂကြေစ့၊ hair spray၊ v o d k a တို႔ကိုလည္း ထည့္ႏိုင္ပါတယ္။

ပန္းအိုးမထိုးခင္ ၄ နာရီခန္႔ ေရခဲသတၱာထဲ ပန္းေတြကို ထည့္ထားပါက ပိုခံပါတယ္။ အိမ္က ေရခဲေသတၱာက မဆန္႔လို႔ပါ။ ေၾကးပန္းအိုး၊ ေငြပန္းအိုး၊စတီးပန္းအိုး စသည္ျဖင့္ သတၱဳျဖင့္လုပ္ထားေသာ အိုးေတြက ဖန္ပန္းအိုး၊ ေျမပန္းအိုးမ်ားထက္ ပန္းေတြကို ပိုၿပီး တာရွည္ခံေစပါတယ္။

ဒီအခ်က္ေတြက ပန္းၾကာၾကာခံေအာင္လို႔ အေျခခံ လိုက္နာရမယ့္ အခ်က္ေတြပါ။

ပန္းေတြကို ဝယ္လာတဲ့အခါ ေဇာက္ထိုး ကိုင္ေပးပါ။

ေနေရာင္ကို မ်ားမ်ားရေလ ပန္းက ညႇိဳးလြယ္ေလမို႔ပါ။

ပန္းေတြကို ေဆးေၾကာသန္႔စင္တဲ့အခါ ​​ေဇာက္ထိုးကိုင္ၿပီး ေရေလာင္းပါ။ အပြင့္မ်ားေပၚမွ ေရမ်ား ကုန္ေအာင္ ခါခ်ေပးပါ။ ပြင့္ဖတ္ေတြေပၚမွာ ေရေတြ တင္ေနရင္ ေရရဲ႕အေလးခ်ိန္ေၾကာင့္ ပန္းၾကာၾကာမခံပါဘူးရွင္။

ပန္းထိုးထဲက ေရနဲ႔ထိမယ့္ ေနရာက အ႐ြက္ေတြကို ကုန္ေအာင္ ေႁခြေပးပါ။

႐ိုးတံကို ျဖတ္တဲ့အခါ အဆစ္နားကပ္မျဖတ္ပါနဲ႔။

အဆစ္ေအာက္ တစ္လက္မခန္႔ကေန ၄၅ ဒီဂရီ ေစာင္းၿပီး ျဖတ္ပါရွင္။ ဒါမွ ေရစုပ္ယူအားေကာင္းၿပီး ပန္းၾကာၾကာခံမွာပါ။

ပန္းအိုးေရကို ခဏခဏ ျပန္လဲေပးပါ။ ၁ ပတ္ ၁ခါ ပန္းကို ၁ ဆစ္ တိုေအာင္ ျဖတ္ပါ။

ပုံေလးေတြ အဆုံးထိ ၾကည့္ၿပီး ကိုယ္နဲ႔ ပန္းအိုးထိုးတဲ့နည္း တူမတူ ေျပာခဲ့ေပးေနာ္။

Sandi Maung