ပူညံံပူညံလုပ်တတ်တဲ့ ဇနီးကို တန်ဖိုးထားပါ သူတို့ကမိခင်စိတ်ထားပြီး အမုန်းခံချစ်နေရလို့
နှမျော တတ်တဲ့ ဇနီးကို တန်ဖိုးထားပါ သူကသင့်ရဲ့ နောင်ရေးအတွက်တွေးပြီး ထိန်းသိမ်း ပေးနေရလို့ ဟင်းချက်ညံံ့တဲ့ ဇနီးကို တန်ဖိုး ထားပါ အရသာရော့ပေမဲ့ အပြင်စာတွေထက်တော့ သင့်ကျမ်းမာရေး စိတ်ချရလို့
ရုပ်မလှတဲ့ ဇနီးကို တန်ဖိုးထားပါ လမ်းပေါ်က မိန်းမတွေလို မလန်းပေမဲ့ သင့်ဘဝရဲ့ နေဝင်ချိန်တွေ မဂွမ်းဖို့တော့ စိတ်အေးရလို့
တကယ်တော့ မိန်းမတွေ ပူညံပူညံ လုပ်တယ်ဆိုတာကိုယ့်လင်သားကို အကောင်းဆုံးတွေပဲဖြစ်စေချင်လို့ နေရာတကာလိုက်ပြောရင် အချစ်တွေရော့မယ် ဆိုတာ သိရက်နဲ့အမုန်းခံပြောနေရတာ မေတ္တာစိတ်ကြောင့်ပါ
လင်သားထက် ကိုယ့်ကိုကိုယ်ပဲ ပိုချစ်တဲ့မိန်းမမျိုးကတော့ အမုန်းမခံဘူး။
အရက်သောက်ရုံမကလို့ အစိပ်ပဲ သောက်သောက် ကိုယ့်အရေးလား မှောင်ခိုပဲ လုပ်လုပ် ထောင်ပဲကျကျ သူ့တို့အတွက် အဓိကကျတာ ကိုယ်လှဖို့နဲ့ ကိုယ်လန်းဖို့ ကိုယ်သုံးရဖို့ ကိုယ်ပိုပြီး အချစ်ခံ ရဖို့ပဲ
ပြောကြသေးတယ် မိန်းမဆီရောက်သွားတဲ့ ပိုက်ဆံ ပြန်ရဖို့ ခက်လို့ လျှိုထားမှ ဖွက်ထားမှအကုန်မအပ်မှတဲ့ နောင်ရေးနဲ့ကျမ်းမာရေးအကြောင်းတခုခုပေါ်လာတဲ့အခါ နှမျောတတ်ပြီး စည်းစနစ်ရှိတဲ့မိန်းမတယောက်ရဲ့ တန်ဖိုးကိုသိရပါလိမ့်မယ်။
အိမ်ကမိန်းမချက်တဲ့ဟင်းကို ညီးငွေ့လို့အပြင်မှာပဲစားချင်တဲ့သူတွေရှိတယ်။
ဟင်းချက်တယ်ဆိုတာအိမ်ရှင်မတယောက်အတွက် အပျော်ရွှင်ဆုံး အလုပ်လို့တောင်ပြောလို့ ရပါတယ်။ကိုယ်ကြိုက်တဲ့လက်ရာကိုပြောပြပြီး ပြင်ခိုင်းလို့ရတာပဲ
ဇနီးမယားကတော့ အပြင်ဆိုင်က သူတွေလို ဆီများများ အချိုမူန့် ပေါပေါမထည့်ဘူး မှိုတက်နေလားမသိတဲ့ ငရုပ်မူန့်တွေမဖြစ်အောင်ရယ် သန့်ရှင်းစွာနဲ့ လိုတိုး ပိုလျှော့သတိနဲ့ထားပြီး ချက်ပြုတ်ရလို့ဆိုင်ကဟင်းတွေ လောက်ခံတွင်းမတွေ့ရင်တောင် ကျမ်းမာဖို့တော့ စိတ်အေးရတယ်။
အပြင်က စော်လေးတွေ ချောလိုက်တာကွာအိမ်ကဟာမကြီးတော့ ပြန်တောင်အမ်းလိုက်ချင် သေးတယ်လို့ မိန်းမကွယ်ရာမှာ အပုတ်ချစကား လုပ်ပြောနေတဲ့ယောကျာ်းတွေရှိတယ်။
ဇရာတွေဖက် လင်ပူသားပူနဲ့အိမ်အလုပ်တွေ လုံးချာလိုက်ပြီး အလှပြင်ချိန်တောင်မရှိ တော့တဲ့ ကိုယ့်ရဲ့ ဇနီးမယားကို စကားအဖြစ်နဲ့တောင် လှောင်ပြောင်မပြောသင့်ပါဘူး။
မိန်းမကောင်းတွေမို့ လင်ယူသားမွေး ဘဝတခုလုံးကို ပုံအပ်ပြီး ရုပ်ပျက်တဲ့ အထိပေးဆပ်နေတာပေါ့
အပျိုကြီးတွေကလွဲရင် တချို့သော မိန်းမတွေကတော့ လင်တွေသားတွေအတွက် သူတို့ဘဝကိုယ် ဘယ်တော့မှ မပေးဆပ်ဘူး။ လန်းနေအောင် အလှတွေပြင် ပျော်ပျော်နေ ပျော်ပျော်စား ယောကျာ်းတွေကိုအသုံးချပြီး လှလှလေးပဲနေသွား ကြမှာ။
ဒါကြောင့်မို့ိ အစစ်ကိုမြင် အချစ်ကိုပြင်နိုင်ပါစေ
မကြီးဌေး(အင်းမ)
Zawgyi
ပူညံံပူညံလုပ္တတ္တဲ့ ဇနီးကို တန္ဖိုးထားပါ သူတို႔ကမိခင္စိတ္ထားၿပီး အမုန္းခံခ်စ္ေနရလို႔
ႏွေမ်ာ တတ္တဲ့ ဇနီးကို တန္ဖိုးထားပါ သူကသင့္ရဲ႕ ေနာင္ေရးအတြက္ေတြးၿပီး ထိန္းသိမ္း ေပးေနရလို႔ ဟင္းခ်က္ညံံ့တဲ့ ဇနီးကို တန္ဖိုး ထားပါ အရသာေရာ့ေပမဲ့ အျပင္စာေတြထက္ေတာ့ သင့္က်မ္းမာေရး စိတ္ခ်ရလို႔
႐ုပ္မလွတဲ့ ဇနီးကို တန္ဖိုးထားပါ လမ္းေပၚက မိန္းမေတြလို မလန္းေပမဲ့ သင့္ဘဝရဲ႕ ေနဝင္ခ်ိန္ေတြ မဂြမ္းဖို႔ေတာ့ စိတ္ေအးရလို႔
တကယ္ေတာ့ မိန္းမေတြ ပူညံပူညံ လုပ္တယ္ဆိုတာကိုယ့္လင္သားကို အေကာင္းဆုံးေတြပဲျဖစ္ေစခ်င္လို႔ ေနရာတကာလိုက္ေျပာရင္ အခ်စ္ေတြေရာ့မယ္ ဆိုတာ သိရက္နဲ႔အမုန္းခံေျပာေနရတာ ေမတၱာစိတ္ေၾကာင့္ပါ
လင္သားထက္ ကိုယ့္ကိုကိုယ္ပဲ ပိုခ်စ္တဲ့မိန္းမမ်ိဳးကေတာ့ အမုန္းမခံဘူး။
အရက္ေသာက္႐ုံမကလို႔ အစိပ္ပဲ ေသာက္ေသာက္ ကိုယ့္အေရးလား ေမွာင္ခိုပဲ လုပ္လုပ္ ေထာင္ပဲက်က် သူ႔တို႔အတြက္ အဓိကက်တာ ကိုယ္လွဖို႔နဲ႔ ကိုယ္လန္းဖို႔ ကိုယ္သုံးရဖို႔ ကိုယ္ပိုၿပီး အခ်စ္ခံ ရဖို႔ပဲ
ေျပာၾကေသးတယ္ မိန္းမဆီေရာက္သြားတဲ့ ပိုက္ဆံ ျပန္ရဖို႔ ခက္လို႔ လွ်ိဳထားမွ ဖြက္ထားမွအကုန္မအပ္မွတဲ့ ေနာင္ေရးနဲ႔က်မ္းမာေရးအေၾကာင္းတခုခုေပၚလာတဲ့အခါ ႏွေမ်ာတတ္ၿပီး စည္းစနစ္ရွိတဲ့မိန္းမတေယာက္ရဲ႕ တန္ဖိုးကိုသိရပါလိမ့္မယ္။
အိမ္ကမိန္းမခ်က္တဲ့ဟင္းကို ညီးေငြ႕လို႔အျပင္မွာပဲစားခ်င္တဲ့သူေတြရွိတယ္။
ဟင္းခ်က္တယ္ဆိုတာအိမ္ရွင္မတေယာက္အတြက္ အေပ်ာ္႐ႊင္ဆုံး အလုပ္လို႔ေတာင္ေျပာလို႔ ရပါတယ္။ကိုယ္ႀကိဳက္တဲ့လက္ရာကိုေျပာျပၿပီး ျပင္ခိုင္းလို႔ရတာပဲ
ဇနီးမယားကေတာ့ အျပင္ဆိုင္က သူေတြလို ဆီမ်ားမ်ား အခ်ိဳမူန႔္ ေပါေပါမထည့္ဘူး မႈိတက္ေနလားမသိတဲ့ င႐ုပ္မူန႔္ေတြမျဖစ္ေအာင္ရယ္ သန႔္ရွင္းစြာနဲ႔ လိုတိုး ပိုေလွ်ာ့သတိနဲ႔ထားၿပီး ခ်က္ျပဳတ္ရလို႔ဆိုင္ကဟင္းေတြ ေလာက္ခံတြင္းမေတြ႕ရင္ေတာင္ က်မ္းမာဖို႔ေတာ့ စိတ္ေအးရတယ္။
အျပင္က ေစာ္ေလးေတြ ေခ်ာလိုက္တာကြာအိမ္ကဟာမႀကီးေတာ့ ျပန္ေတာင္အမ္းလိုက္ခ်င္ ေသးတယ္လို႔ မိန္းမကြယ္ရာမွာ အပုတ္ခ်စကား လုပ္ေျပာေနတဲ့ေယာက်ာ္းေတြရွိတယ္။
ဇရာေတြဖက္ လင္ပူသားပူနဲ႔အိမ္အလုပ္ေတြ လုံးခ်ာလိုက္ၿပီး အလွျပင္ခ်ိန္ေတာင္မရွိ ေတာ့တဲ့ ကိုယ့္ရဲ႕ ဇနီးမယားကို စကားအျဖစ္နဲ႔ေတာင္ ေလွာင္ေျပာင္မေျပာသင့္ပါဘူး။
မိန္းမေကာင္းေတြမို႔ လင္ယူသားေမြး ဘဝတခုလုံးကို ပုံအပ္ၿပီး ႐ုပ္ပ်က္တဲ့ အထိေပးဆပ္ေနတာေပါ့
အပ်ိဳႀကီးေတြကလြဲရင္ တခ်ိဳ႕ေသာ မိန္းမေတြကေတာ့ လင္ေတြသားေတြအတြက္ သူတို႔ဘဝကိုယ္ ဘယ္ေတာ့မွ မေပးဆပ္ဘူး။ လန္းေနေအာင္ အလွေတြျပင္ ေပ်ာ္ေပ်ာ္ေန ေပ်ာ္ေပ်ာ္စား ေယာက်ာ္းေတြကိုအသုံးခ်ၿပီး လွလွေလးပဲေနသြား ၾကမွာ။
ဒါေၾကာင့္မို႔ိ အစစ္ကိုျမင္ အခ်စ္ကိုျပင္ႏိုင္ပါေစ
မႀကီးေဌး(အင္းမ)