အေထြအေထြဗဟုသုတ
သူတစ်ပါးအိမ်ထောင်ကို ဖြိုခွဲတဲ့သူတွေ ခံစားရမယ့် အရာ(၅)မျိုး
သူတစ်ပါးအိမ်ထောင်ကို ဖြိုခွဲတဲ့သူတွေ ခံစားရမယ့် အရာ(၅)မျိုး
လောကမှာ…ကြောက်စရာအကောင်းဆုံးနဲ့အယုတ်ညံ့ဆုံးလုပ်ရပ်တွေထဲမှာသူတစ်ပါးအိမ်ထောင်ကို ဖြိုခွဲတာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။
ဒီလိုလူတွေကယာယီတော့ ပျော်ရွှင်ရမယ်။
ဒါပေမဲ့…ဘယ်တော့မှ ငြိမ်းချမ်းမှု ပျော်ရွှင်မှုကို ရရှိမှာ မဟုတ်ပါဘူး။
သူတစ်ပါးမိသားစုကို ဖြိုခွဲတဲ့သူတွေ၊ဖောက်ပြန်တဲ့သူတွေ ခံစားရမယ့်အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ပူလောင်ခြင်း။
တစ်ခါတစ်လေအလိုလိုနေရင်း ဒေါသတွေထွက်ရှူးရှူးရှားရှားတွေဖြစ်ပြီးဘာတွေကိုဒေါသထွက်လို့ ထွက်မှန်းမသိအောင်ကို ပူလောင်ပြီး အရူးတစ်ယောက်လို ဖြစ်နေမှာပါ။
ဒါ့အပြင် ဘယ်တော့ဝဋ်ပြန်လည်မလဲ၊ဘယ်တော့များတခြားသူနောက် ပြန်ပါသွားမလဲ၊ကိုယ့်ကိုယ် ဘယ်တော့ ထားသွားမလဲဆိုပြီး တစ်ချိန်လုံး စိုးရိမ်သောက ရောက်နေရမှာပါ။
ဒါ့အပြင် ကြာလာတဲ့အခါသူတို့ကြားမှာနည်းနည်းလေး ပြဿနာ ရှိလာတာနဲ့တစ်ယောက်နဲ့ တစ်ယောက်အပြစ်တင်ပြီး စိတ်ညစ်ပြီးရင်း ညစ်လာရမှာပါ။
၃။ဝဋ်လည်ခြင်း။
ဒါကြောင့် ဒီလိုလူတွေဟာသူတစ်ပါးကို မျက်ရည်ကျအောင်ရင်ကွဲအောင်နာကျင်အောင်လုပ်ခဲ့သမျှသူတို့ပြန်ခံစားရမှာပါ။
သူတစ်ပါးမျက်ရည်နဲ့တည်ဆောက်ထားတဲ့ သူတို့တွေရဲ့ပတ်သက်မှုဟာဘယ်တော့မှ ပျော်စရာကောင်းလာမှာ မဟုတ်သလိုတစ်ချိန်မှာကျိန်းသေပေါက် ဝဋ်ပြန်လည်လာတဲ့အခါကျရင်သူတို့ကို ကူညီမယ့်သူ၊သနားမယ့်သူတစ်ယောက်မှတောင် ရှိမှာမဟုတ်ပါဘူး။
သူတစ်ပါးအိမ်ထောင်ကို ဖြိုခွဲတဲ့သူ၊ဖောက်ပြန်တဲ့သူတွေဟာဘယ်လောက်ပဲ စည်းစိမ်ဥစ္စာတွေ ရှိရှိဘယ်လောက်ဘဲပညာအရည်အချင်း မြင့်မြင့်ဘယ်သူကမှသူတို့ကို
၅။နောင်တတရား။
အရင်အချိန်တွေအရင်တုန်းက ဖြူစင်ခဲ့တဲ့ အတိတ်တွေကိုဘယ်လောက်ပဲ ပြန်လိုချင်လိုချင်သူတို့ကိုယ်တိုင်ကအမဲစက်ဖြစ်နေတဲ့အတွက်ဘယ်တော့မှပြန်ပြီး မဖြူစင်နိုင်တော့ပါဘူး။
မေတ္တာဖြင့်…
အရှင်ဇဝနဉာဏ
Unicode
သူတစ်ပါးအိိမ်ထောင်ကို ဖြိုခွဲတဲ့သူတွေ ခံစားရမယ့် အရာ(၅)မျိုး
လောကမှာ…ကြောက်စရာအကောင်းဆုံးနဲ့အယုတ်ညံ့ဆုံးလုပ်ရပ်တွေထဲမှာသူတစ်ပါးအိမ်ထောင်ကိို ဖြိုခွဲတာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။
ဒီလိိုလူတွေကယာယီတော့ ပျော်ရွှင်ရမယ်။
ဒါပေမဲ့…ဘယ်တော့မှ ငြိမ်းချမ်းမှု ပျော်ရွှင်မှုကို ရရှိိမှာ မဟုတ်ပါဘူး။
သူတစ်ပါးမိိသားစုကို ဖြိုခွဲတဲ့သူတွေ၊ဖောက်ပြန်တဲ့သူတွေ ခံစားရမယ့်အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
အားလုံးလည်း…သတိထား ဆင်ခြင်နိုင်ကြပါစေ။
၁။ပူလောင်ခြင်း။
သူတစ်ပါးအိမ်ထောင်ကိုဖြိုခွဲတဲ့သူတွေနဲ့ဖောက်ပြန်တဲ့သူတွေအမြဲတမ်းခံစားနေရမယ့် အရာကတော့ပူလောင်ခြင်းပါပဲ။
သူတို့ရင်ထဲမှာ…နောင်တရသလိုလိုကျေနပ်သလိုလိုမှားနေသလိုလိုမှန်နေပြန်သလိုလိုမသေချာမရေရာတဲ့ ခံစားချက်တွေအမျိုးမျိုးဖြစ်နေပြီးဘယ်တော့မှ အေးချမ်းရမှာ မဟုတ်ပါဘူး။
တစ်ခါတစ်လေအလိုလိုနေရင်း ဒေါသတွေထွက်ရှူးရှူးရှားရှားတွေဖြစ်ပြီးဘာတွေကိုဒေါသထွက်လို့ ထွက်မှန်းမသိအောင်ကိို ပူလောင်ပြီး အရူးတစ်ယောက်လို ဖြစ်နေမှာပါ။
၂။စိုးရိမ်ထိတ်လန့်ခြင်း။
ဒီလိုလူမျိုးတွေရဲ့ပတ်သက်မှုဟာမတရားသဖြင့်ရရှိထားတဲ့ပတ်သက်မှုမျိုးဖြစ်တာကြောင့်အမြဲတမ်းပူပင်သောက ရောက်နေရမှာပါ။
ဒါ့အပြင် ဘယ်တော့ဝဋ်ပြန်လည်မလဲ၊ဘယ်တော့များတခြားသူနောက် ပြန်ပါသွားမလဲ၊ကိုယ့်ကိုယ် ဘယ်တော့ ထားသွားမလဲဆိုပြီး တစ်ချိန်လုံး စိုးရိမ််သောက ရောက်နေရမှာပါ။
ဒါ့အပြင် ကြာလာတဲ့အခါသူတို့ကြားမှာနည်းနည်းလေး ပြဿနာ ရှိလာတာနဲ့တစ်ယောက်နဲ့ တစ်ယောက်အပြစ်တင်ပြီး စိိတ်ညစ်ပြီးရင်း ညစ်လာရမှာပါ။
၃။ဝဋ်လည်ခြင်း။
ဝဋ်ဆိုတာက…တကယ်ကိုလည်ပါတယ်။
ခုခေတ်မှာဝဋ်လည်တာ ပိုတောင် မြန်ပါသေးတယ်။
ဒါကြောင့် ဒီလိုလူတွေဟာသူတစ်ပါးကို မျက်ရည်ကျအောင်ရင်ကွဲအောင်နာကျင်အောင်လုုပ်ခဲ့သမျှသူတို့ပြန်ခံစားရမှာပါ။
သူတစ်ပါးမျက်ရည်နဲ့တည်ဆောက်ထားတဲ့ သူတို့တွေရဲ့ပတ်သက်မှုဟာဘယ်တော့မှ ပျော်စရာကောင်းလာမှာ မဟုတ်သလိိုတစ်ချိန်မှာကျိန်းသေပေါက် ဝဋ်ပြန်လည်လာတဲ့အခါကျရင်သူတို့ကို ကူညီမယ့်သူ၊သနားမယ့်သူတစ််ယောက်မှတောင် ရှိမှာမဟုတ်ပါဘူး။
၄။လူတွေရဲ့အထင်အမြင်သေးခြင်းကိုခံရခြင်း။
သူတစ်ပါးအိမ်ထောင်ကို ဖြိုခွဲတဲ့သူ၊ဖောက်ပြန်တဲဲ့သူတွေဟာဘယ်လောက်ပဲ စည်းစိမ်ဥစ္စာတွေ ရှိရှိဘယ်လောက်ဘဲပညာအရည်အချင်း မြင့်မြင့်ဘယ်သူကမှသူတိို့ကို
လေးစားတော့မှာ မဟုတ်သလိုဘယ်သူကမှလည်းသူတို့ကို ယုံကြည်တော့မှာ မဟုတ်ပါဘူး။
သူတို့ရဲ့ စည်းစိမ်ဥစ္စာနာမည်ဂုဏ်ကြောင့်သာအပေါ်ယံ ပေါင်းချင်ပေါင်းမယ်။ဒါပေမဲ့…စိတ်ထဲမှာတော့သူတို့ကိုအထင်အမြင် အရမ်းသေးနေမှာ ဖြစ်ပါတယ်။
ဒုက္ခရောက်တဲ့အချိန်တွေမှာတောင်ကူညီမယ့်သူတစ်ယောက်မှရှိမှာ မဟုတ်ပါဘူး။
၅။နောင်တတရား။
သူတစ်ပါးရဲ့အိမ်ထောင်ကိုဖြိုခွဲတဲ့သူတွေနဲ့ ဖောက်ပြန်တေဲ့သူတွေဟာနောင်တတရားနဲ့အဆုံးသတ်ရလေ့ရှိပါတယ်။
သူတို့တွေဟာသားသမီးတွေရဲ့ နာကျည်းခြင်းကိုခံရတဲ့အခါအရာအားလုံးကို နောင်တရပြီးစစ်မှန်တဲ့ မေတ္တာတရားကို တောင့်တလာတဲ့အခါမှာဘယ်သူမှသူတို့အနားမှာ ရှိတော့မှာ မဟုတ်ပါဘူး။
အရင်အချိန်တွေအရင်တုန်းက ဖြူစင်ခဲ့တဲ့ အတိတ်တွေကိုဘယ်လောက်ပဲ ပြန်လိုချင်လိုချင်သူတိို့ကိုယ်တိုင်ကအမဲစက်ဖြစ်နေတဲ့အတွက််ဘယ်တော့မှပြန်ပြီး မဖြူစင်နိုင်တော့ပါဘူး။
မေတ္တာဖြင့်…
အရှင်ဇဝနဉာဏ